Sitt Naing(Psy)

Description
ထူးခြားသတင်းဖြစ်စဥ်များဖော်ပြမည်။
တပ်မတော်သတင်းစဥ်များဖော်ပြမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 6 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 10 months ago

2 years ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်တောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန်လ ၁၇ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအ မတ်ကြီး H.E.Mr. Abhay Thakur အား ယနေ့ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုး မြှင့်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် ဖွံ့ဖြိုးတိုး တက်ရေး ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး စသည်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။

ယင်းနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြကြောင်း၊ တွေ့ဆုံပွဲသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ် ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး ဒုတိယအကြီးအကဲ Mr. Ashish sharma၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

2 years ago
Sitt Naing(Psy)
2 years ago
Sitt Naing(Psy)
2 years ago
Sitt Naing(Psy)
2 years ago

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

ခေတ်အဆက်ဆက်တွင် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့သည့်အတွက် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇွန်လ (၁၀) ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ အစည်းဝေးခမ်းမတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌက ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှုရှိရန်လိုအပ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွ င်း တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားရန်လည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ပြင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေးနှင့် ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး ရာဇဝတ်မှုများလည်း ဖြစ်ပေါ်နေဆဲဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်ကင်းစင်အောင် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအစိုးရတို့ ပူးပေါင်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက ရန်ကုန်တိုင်းအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ‌ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု ၊ လမ်းပန်းဆက်သွယ်‌မှုများ တိုးတက်ကောင်းမွန်းစေရေးအပါအဝင် တိုင်းအတွင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အလားတူ ကောင်စီတွဲဖက်အတွင်းရေးမှူးက ရန်ကုန်တိုင်းအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု ၊ ရွှေဈေး ၊ နိုင်ငံခြားငွေဈေး တည်ငြိမ်စေရန် ကြပ်မတ်ဆောင်ရွက်နေမှု ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်သူများ မရှိအောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သ က်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ နစက ဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူး ၊ ကောင်စီဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

2 years ago

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမား အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ရေး၊ မြန်မာနိုင်ငံရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

2 years ago
Sitt Naing(Psy)
2 years ago
Sitt Naing(Psy)
2 years ago
Sitt Naing(Psy)
2 years, 1 month ago
Sitt Naing(Psy)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 6 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 10 months ago