အခွင့်လမ်း by MYEO

Description
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year, 7 months ago

1 year, 7 months ago

Happy Valentine's Day ပါ MYEOers လေးတို့ရေ 🩷
ချစ်ရခင်ရတဲ့သူတွေနဲ့ဖြတ်သန်းနိုင်တဲ့ V-day လေးဖြစ်ကြပါစေနော်
ဒီကနေပဲ အားလုံးကို Chocolate ပေးလိုက်ပါတယ်နော် 🍫🍫

1 year, 7 months ago

လက်ရှိမှာ စာသင်နေတယ်၊ Community အတွက် Sharing လုပ်နေတယ်ဆို ဒီ Post ကို ဖတ်ကြည့်စေချင်ပါတယ်။👇

ဆရာ/ဆရာမတွေအနေနဲ့ Media & Information Literacy (MIL) ကို သိထားဖို့က အရမ်းအရေးကြီးပါတယ်။

ဒါမှသာ
🟢ကျောင်းသားတွေကို အတုအယောင်သတင်းတွေကနေ ကာကွယ်ပေးနိုင်မယ်၊
🟢ဒစ်ဂျစ်တယ်စွမ်းရည်တွေ ဖွံ့ဖြိုးအောင် ကူညီပေးနိုင်မယ်၊
🟢ပညာရေးမှာ နည်းပညာကို ထိရောက်စွာ အသုံးချနိုင်မယ်။

Media & Information Literacy ကို မသိရင်
🔴ဆရာ/ဆရာမတွေက ကျောင်းသားတွေကို အတုအယောင်သတင်းတွေကနေ ကာကွယ်ဖို့ သင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားတွေက မှားယွင်းတဲ့သတင်းတွေကို ယုံကြည်မိနိုင်ပါတယ်။
🔴MIL ကို မသိရင် ကျောင်းသားတွေကို ဒစ်ဂျစ်တယ်ခေတ်မှာ လိုအပ်တဲ့ သတင်းအချက်အလက်စီမံခန့်ခွဲနိုင်စွမ်းနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ဖွံ့ဖြိုးအောင် သင်ပေးနိုင်မှာ မဟုတ်ပါဘူး။
🔴ဒစ်ဂျစ်တယ်နည်းပညာတွေကို ပညာရေးမှာ ထိရောက်စွာ အသုံးချနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ကြားရေးက ခေတ်နဲ့မလိုက်တော့ဘဲ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။
🔴MIL ကို မသိရင် ဆရာ/ဆရာမတွေက လူမှုအသိုင်းအဝိုင်းကို သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။
🔴ကျောင်းသားတွေကိုလည်း အနာဂတ်မှာ လိုအပ်မယ့် ဒစ်ဂျစ်တယ်စွမ်းရည်တွေ၊ သတင်းအချက်အလက်စီမံခန့်ခွဲနိုင်စွမ်းတွေ ဖွံ့ဖြိုးအောင် သင်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်
✅Media Information literacy
✅Digital information literacy
✅Impact of Misinformation, Disinformation and Malinformation
✅Impact of Bias
✅Data privacy and Password Security Risks
စတာတွေကို (၄)ရက်တာ (အခမဲ့) သင်ပေးသွားမယ့်

“Think Before You Share: Media and Information Literacy for the Classroom”
ဆိုတဲ့ Free Training လေးကို စာရင်းပေးထားလိုက်ပါ။

🗓Date & Time🕰
17 th Feb orientation( 6:00PM -8:00PM)
19th Feb Day 1 ( 6:00PM -8:00PM)
20th Feb Day 2 ( 6:00PM -8:00PM)
21st Feb Day 3 ( 6:00PM -8:00PM)

ဒီ Training က လူငယ်တိုင်း တက်သင့်သလို တခြားသူတွေကို ပြန်သင်ပေးနေရတဲ့ ဆရာ/ဆရာမတွေ၊ ကိုယ့်လူမှုပတ်ဝန်းကျင်ကို ပြန် Share ချင်တဲ့ Community Youth Leader တွေအနေနဲ့လည်း မဖြစ်မနေ Join သင့်ပါတယ်။

Training ကို Join ပြီးသွားရင်
✅မီဒီယာတွေမှာ တွေ့ရသော မှားယွင်းသတင်းများ၊ လှည့်ဖြားသတင်းများနှင့် ဘက်လိုက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို သတိပြုမိသွားမယ်။
✅စာသင်ခန်းအတွင်းမှာ အဲ့လိုသတင်းအမှားတွေကြောင့် ဖြစ်လာမယ့်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာများ သင်ပေးနိုင်သွားမယ်။

✅ကျင့်ဝတ်နှင့်ညီသော၊ မတူကွဲပြားသည့် အမြင်များကို ထင်ဟပ်စေသော မီဒီယာပါဝင်မှုများကို ဖန်တီးပြီး မျှဝေနိုင်သွားမယ်။
✅မှားယွင်းသတင်းနှင့် လှည့်ဖြားသတင်းများ၏ သက်ရောက်မှုကို နားလည်ပြီး ၎င်းတို့ကို မည်သို့ သိရှိနိုင်မည်၊ တိုက်ဖျက်နိုင်မည်ဆိုသည်ကို ကျောင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် မိမိပတ်ဝန်းကျင်ရှိ သူများကို ပညာပေးနိုင်သွားမယ်။
✅ဒီဂျစ်တယ် မီဒီယာရဲ့ လွှမ်းမိုးမှုကို နားလည်သွားပြီး မီဒီယာပေါ်က အချက်အလက်တွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်သွားမယ်။
✅စကားဝှက်လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို နားလည်ပြီး ခိုင်မာသော စကားဝှက်များ ဖန်တီးနိုင်သွားမယ်။
✅ဒီဂျစ်တယ်ခြေရာကို စီမံခန့်ခွဲပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်ခိုးယူခံရခြင်း သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများကဲ့သို့သော အန္တရာယ်များကို ကာကွယ်နိုင်သွားမယ်။
✅လူမှုမီဒီယာပေါ်တွင် ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုနိုင်ပြီး အခြားသူများနှင့် လေးစားမှုရှိသော ဆက်ဆံရေးကို တည်ဆောက်မြှင့်တင်နိုင်သွားမယ်။
✅အွန်လိုင်းအငြင်းပွားမှုများနှင့် မှားယွင်းသတင်းများ ပျံ့နှံ့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို နားလည်သွားမယ်။

🏆အဲ့ဒီ အသိပညာတွေကို (အခမဲ့) လေ့လာနိုင်မယ့်အပြင် သေချာလေ့လာလို့ Myanmar Teacher Platform မှာ Certificate ရရှိတဲ့သူတွေကိုလည်း ဖုန်းဘေလ်ပြန်ပေးသွားမှာမို့လို့ ငွေမကုန်တဲ့အပြင် ပညာရော၊ ငွေပါ ပြန်ရနိုင်မယ့် အခွင့်အရေးပါ။🏆

အဲ့ဒီတော့ လက်မလွှတ်ဘဲ မြန်မြန်သာ နေရာယူဖို့ အောက်က Link မှာ Telegram Link ကို ရအောင်ယူထားတော့နော်။👇
https://m.me/myeo.hub?ref=thinkbefore_youshare

(တကယ်လို့ Link ကနေ Join လို့ အဆင်မပြေဘူးဆို MYEO Messenger မှာ thinkbefore_youshare လို့ စာပို့လိုက်ပါ)

Telegram Group ထဲရောက်မှ အဆင်ပြေမှာမို့လို့ Telegram Link ရတာနဲ့ Join ထားလိုက်တော့နော်။

ပြီးရင် ပြန်ကြည့်ပေးလို့ရအောင် Comment မှာ Ready လို့ မန့်ခဲ့ပေးပါဦး။

#MediaInformationLiteracy
#MyanmarTeacherPlatform
#MYEO

1 year, 7 months ago

MYEOer တို့အနေနဲ့ Digital skills နဲ့ပတ်သတ်ပြီး ဘာသင်တန်း တွေတက်ချင်သေးလဲ ။

1 year, 10 months ago
Hello MYEOers လေးတို့အတွက် အလုပ်သင်အခွင့်အရေးလေးတစ်ခုပါ ဒါကတော့ ASEAN …

Hello MYEOers လေးတို့အတွက် အလုပ်သင်အခွင့်အရေးလေးတစ်ခုပါ ဒါကတော့ ASEAN Foundation မှာ internship ဆင်းခွင့်ရမယ့်အခွင့်အရေးဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ CV မှာထည့်လို့အကောင်းဆုံး experience တစ်ခုဖြစ်မှာမလို့ လျှောက်ဖို့တိုက်တွန်းပါရစေ။ တကယ့်ကိုကောင်းလွန်းတဲ့ အတွေ့အကြုံအခွင့်အလမ်းတစ်ခုဖြစ်ပါတယ်နော်။
https://mymyeo.com/blog/2024/12/05/asean-foundation-internship-programme/

1 year, 10 months ago
အခွင့်လမ်း by MYEO
1 year, 10 months ago

MYEOers လေးတို့ရေ Sweet December ပါနော် ❄️☃️
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလေးကို ရောက်လာပြီဆို‌တော့ နောက်နှစ်အတွက် အားအင်အပြည့်နဲ့ကြိုးစားပြီး တစ်နှစ်တာအတွင်းမှာ ကိုယ်ရဲ့ ကြုံတွေ့ခဲ့ရတာတွေကို ပြန်လည်သုံးသပ်ကြရင်း ပိုကောင်းတဲ့နှစ်သစ်တစ်ခုကို အတူတူ သွားကြပါမယ်နော် အားလုံးပဲ အစစအရာရာအဆင်ပြေတဲ့ sweet december လေးဖြစ်ကြပါစေ ?
MYEO က လူငယ်တွေနဲ့အမြဲအတူရှိနေမှာပါ ?

1 year, 10 months ago
ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုတဲ့ MYEOers လေးတို့အတွက် ဒီပြိုင်ပွဲလေးမှာဝင်ပြိုင်ကြည့်ဖို့ အခွင့်အရေးကောင်းလေးပါ။ …

ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ဆိုတဲ့ MYEOers လေးတို့အတွက် ဒီပြိုင်ပွဲလေးမှာဝင်ပြိုင်ကြည့်ဖို့ အခွင့်အရေးကောင်းလေးပါ။ Theme လေးကတော့ "The Future of Farming: Pathways to Carbon-Neutral Agriculture’’ ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှက နိုင်ငံသားတိုင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်လေးတွေကို သေချာဖတ်ပြီးဝင်ပြိုင်ကြည့်ကြနော်
https://mymyeo.com/blog/2024/11/27/18th-searca-photo-contest-2024/

1 year, 10 months ago
Soft Skills တွေအကြောင်း နားထောင်ရဖို့ Talk Show …

Soft Skills တွေအကြောင်း နားထောင်ရဖို့ Talk Show Zoom link လေးအားလုံးဆီကို ပေးပို့လိုက်ပါတယ်နော်

MYEO is inviting you to a scheduled Zoom meeting.
Join Zoom Meeting
https://us02web.zoom.us/j/88158427774?pwd=EIrTjVrYPry0V0cGdbyoxKUUnKnEj2.1
Meeting ID: 881 5842 7774
Passcode: 077229

???? - ??.??.????
???? - ?:?? ?? - ?:?? ?? (???)

ဒီတစ်ခေါက်ဖိတ်ခေါ်ထားတဲ့သူကတော့ NDEN Debate Society ရဲ့ Debate Trainer တစ်ယောက်ဖြစ်တဲ့ Ma Ja Seng Lu (Mary) ဖြစ်ပြီး Students Learning Resources Center, SLRC ရဲ့ Teacher တစ်ယောက်လည်းဖြစ်ပါတယ်။

? ပညာရေး
? လူမှု‌ဆက်ဆံရေး နဲ့
? လုပ်ငန်းခွင်တွေအပြင်
? Relationship တွေအတွက်ပါ Soft Skill က ဘယ်လိုအရေးပါလဲဆိုတာကို ဒီ Talk Show မှာပြောသွားမှာပါ။

အားလုံးနဲ့ စနေနေ့ညလေးမှာ ဆုံချင်ပါတယ်နော် See you..

1 year, 10 months ago
MYEO ရဲ့ Canva Workshop မှာဆိုရင် အခြေခံကစသင်ပြီးတော့ …

MYEO ရဲ့ Canva Workshop မှာဆိုရင် အခြေခံကစသင်ပြီးတော့ သင်တန်းသားတွေကလည်း review ကောင်းတွေအများကြီးပေးထားတာကြောင့် စိတ်ချလက်ချနဲ့ လာပြီးတက်ရောက်လို့ ရပါတယ်နော် Fees ကလည်း 15,000 ကျပ်သာကျသင့်မှာဖြစ်ပါတယ်။
Workshop ကို Join မယ်ဆိုရင်တော့
အောက်က Link မှာ စာရင်းပေးလိုက်ရုံပါပဲ။?
https://m.me/myeo.hub?ref=visual_creation_with_canva

တကယ်လို့ Link က အဆင်မပြေတာ၊ စာမကျလာတာမျိုးတွေ ဖြစ်ခဲ့ရင် visual creation with canva ဆိုတဲ့စာလေးပို့ပြီး စာရင်းဆက်ပေးနိုင်ပါတယ်။

?Canva Essentials: Hands-On Design Workshop?
?November 30, 2024 (စနေနေ့)
?10:00 am - 12:00 pm (Morning Session)
2:00 pm - 4:00 pm (Evening Session)

1 year, 10 months ago
Hungary Government ကပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီးတော့ မြန်မာနိုင်ငံကကျောင်းသားတွေလည်းလျှောက်ထားလို့ရပါပြီ။ ပညာသင်ဆုတွေ …

Hungary Government ကပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီးတော့ မြန်မာနိုင်ငံကကျောင်းသားတွေလည်းလျှောက်ထားလို့ရပါပြီ။ ပညာသင်ဆုတွေ အများကြီးပေးမှာဖြစ်တော့ ကိုယ်နဲ့ကိုက်ညီတဲ့ ပရိုဂရမ်ဆိုရင် လျှောက်ကြည့်ကြဖို့ တိုက်တွန်းပါရစေနော်။ Scholarship အကြောင်းတွေကို ဖတ်တဲ့အခါ ကိုယ်တိုင် website တွေထဲကစာတွေကို သေချာဖတ်ကြည့်ပြီး ကိုယ်နဲ့ကိုက်ညီမှုရှိမရှိကို လေ့လာဖို့ အကြံပေးပါရစေနော်။
https://mymyeo.com/blog/2024/11/25/hungary-government-scholarship/

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year, 7 months ago