Unlock a World of Free Content: Books, Music, Videos & More Await!

RFA Burmese

Description
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

1 month, 3 weeks ago

အာရှတစ်လွှား သတင်းများ
~~~
■ RFA ဝိုင်းတော်သားစောဖိုးခွား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စီစဉ်တင်ဆက်တဲ့ အာရှတစ်လွှား သတင်းများ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။

1 month, 3 weeks ago

ပစ်ခတ်မှုကြောင့် မီး‌လောင်ပျက်စီးတဲ့နေအိမ် ၄၅၀ ဝန်းကျင်အထိ ရှိတယ်လို့ ကော့ကရိတ်မြိုခံတွေပြော
~~~
■ ကရင်ပြည်နယ်အတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်တွေက အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာအပြင် လုယက်မီးရှို့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း မခင်ခင်အိက တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…

1 month, 3 weeks ago

စစ်အာဏာရှင်အမြစ်ပြတ်တော့မယ့် အရိပ်အယောင်တွေမြင်နေရပြီလို့ဆို
~~~
■ လက်ရှိနွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တော့မယ့် အရိပ် အယောင်တွေမြင်နေရပြီလို့ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြောကြ ပါတယ်။ ကိုနေမျိုးထွန်းက ဆက်လက်တင်ပြပေးပါမယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…

3 months, 3 weeks ago

RFA Burmese Website တွင် ဖတ်ရှုရန် ....
~~~
■ ပဲခူးတိုင်း၊ တောင်ငူနဲ့ သံတောင်ဒေသကရွာတွေမှာ ‌ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်သူ့စစ်ထဲဝင်ရမဲ့သူတွေကို မဲနှိုက်ရွေးချယ် စုဆောင်းနေတာလို့ ဆိုပါတယ်။

မဲပေါက်သူတွေထဲက ပြည်သူ့စစ်ထဲ မဝင်လိုသူတွေထံကနေ တစ်ဦးကို ကျပ်ငါးသိန်းကနေ ကျပ်ရှစ်သိန်းထိတောင်းနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ရွာချင်းစီကိုစစ်တပ်ကအရပ်ဝတ်တွေရောယူနီဖောင်းဝတ်ရောရောက်လာကြပြီးအစည်းအဝေးခေါကြတယ်လို့သိရတယ်။ သဲဖြူကုန်းမှာလည်း အသက် ၅၃ အိမ်ထောင်သည်ဦးလေးကြီးလည်း မကျန်းမာလို့ဆိုပြီး သားတစ်ယောက်အစားထည့်ရမှာ သားတွေမရှိဘူးဆိုလို့ ၈ သိန်းပေးရတာတဲ့ “

ပြည်သူ့စစ်ထဲဝင်ရောက်ဖို့စုဆောင်းမှာကိုကြောက်ရွံ့လို့ ဒေသခံအမျိုးသားတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦးကတော့ ဒေသခံတွေ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင် သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း တတ်စွမ်းသမျှပါဝင်ကြဖို့လည်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပါတယ်။

တောင်ငူ မြတ်စောညီနောင်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ဒိုသောင်းကျေးရွာအုပ်စု၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ရှမ်းဝါးတီး၊ ကျေးလှတော၊ သဲဖြူကုန်းကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး ပြည်သူ့စစ်ထဲဝင်ဖို့ လာရောက်စာရင်းကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တောင်ငူနဲ့ သံတောင်ဒေသတင်မကဘဲ ကရင်ပြည်နယ် ပိန်းဇလုပ်မြို့နယ်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ် ခလရ -၂၆၄ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူ့စစ်ထဲဝင်ရောက်ဖို့ ဒေသခံတွေကို အဓမ္မလူစုဆောင်းတာတွေလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ နောက်ထပ်ပဲခူးတိုင်းက ကျေးရွာငါးဆယ်ကျော်မှာလည်း စစ်ကောင်စီက ပြည်သူ့စစ်ထဲဝင်ဖို့ လူစုဆောင်းနေတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
______

Radio Free Asia

တောင်ငူနဲ့ သံတောင်ဒေသက ရွာတွေမှာ စစ်ကောင်စီ တပ်သားစုဆောင်းနေ

ပဲခူးတိုင်း၊ တောင်ငူနဲ့ သံတောင်ဒေသကရွာတွေမှာ ‌ဒေသခံပြည်သူတွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

[RFA Burmese Website တွင် ဖတ်ရှုရန် ....](https://www.rfa.org/burmese/news/bago-taungoo-militia-residents-01162024120229.html)
3 months, 3 weeks ago

မြန်မာ့နိုင်ငံရေးအပေါ် တရုတ်လွမ်းမိုးထားတယ်လို့ NUG ပြော
~~~
■ လက်ရှိမြန်မာပြည်တွင်းဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေအပေါ်မှာ တရုတ်အစိုးရက လွမ်းမိုးထားတာတွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် တရုတ်နဲ့ဆက်ဆံတဲ့နေရာမှာ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးနေပြီး၊ ပြည်သူလူထုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဖက်မဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဒီကနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတယ်၊ တရုတ်နိုင်ငံနဲ့ စစ်မှန်တဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တည်ဆောက်ပြီး အိမ်နီးချင်းကောင်းဖြစ်အောင် အမြဲကြိုးပမ်းမယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားလုပ်ငန်းတွေကို ကာကွယ်ပေးမယ်စတဲ့ အချက်ဆယ်ချက်ပါတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ‌NUG အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီနိုင်ငံခြားရေးမူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်နေကြချိန်မှာ သမ္မတ ဒူဝါလရှီးလက ရှင်းလင်းပြောဆိုလာတာလည်းဖြစ်ပါတယ်။

NUG အစိုးရဟာ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲလည်း လုပ်မှာမဟုတ်သလို၊ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘူးလို့ သူကပြောပါတယ်။

မြန်မာပြည်တွင်းတော်လှန်ရေးဟာ ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းတွေကြားမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

NUG ဘက်က တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒသဘောထားတွေ ထုတ်ပြန်ချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း တရုတ်ရဲ့ တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတယ်လို့ ဇန်နဝါရီလ ၁၆ ရက် ဒီကနေ့ထပ်မံထုတ်ပြန်ထားပါတယ်။

‌NUG ရော စစ်ကောင်စီဘက်က အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံရဲ့ အပြည့်အဝထောက်ခံမှုရဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ရူ့မြင်ကြပါတယ်။
___________
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ (File Photo: NUG)RFA Burmese Website တွင် ဖတ်ရှုရန် .....

Radio Free Asia

မြန်မာ့နိုင်ငံရေးအပေါ် တရုတ်လွမ်းမိုးထားတယ်လို့ NUG ပြော

NUG အစိုးရဟာ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲလည်း လုပ်မှာမဟုတ်သလို၊ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးအပေါ် တရုတ်လွမ်းမိုးထားတယ်လို့ NUG ပြော
3 months, 3 weeks ago

ကျောက်တော် ခမရ ၅၃၉ တပ်ရင်းကို AA သိမ်းပိုက်
~~~
■ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ရွာအနီးက ခမရ ၅၃၉ တပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ ဒီကနေ့မှာ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မနေ့ညပိုင်းမှာ စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေရော၊ မိသားစုဝင်တွေပါ လက်နက်ချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကတည်းက အပြင်းအထန် တိုက်ပွဲဖြစ်တာ။ လေယာဉ်တွေနဲ့ လည်းလာပစ်တယ်။ AA ကလည်း ဒရုန်းတွေနဲ့ ဗုံးတွေချတယ်။ မနက်ကလည်းတိုက်ပွဲဖြစ်သေးတယ်။ ပြီးမှ မခံနိုင်တော့လို့ လက်နက်ချ အညံ့ခံတာလို့သိရတယ်။ စစ်သားတွေရော၊ မိသားစုဝင်တွေလည်း ပါတာမြင်လိုက်တယ်”

လက်နက်ချတဲ့အထဲမှာ စစ်ကောင်စီတပ်သားနဲ့ မိသားစု စုစုပေါင်းသုံးရာလောက်ရှိပြီး သူတို့တွေကို AA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းဆိုပါတယ်။

ခမရ ၅၃၉ တပ်ရင်းကို သိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာမရှိပါဘူး။

ဒီနေ့ အသိမ်းခံရတဲ့ ခမရ ၅၃၉ တပ်ရင်းအနီးက အမြောက်တပ် အမတ ၃၇၇ တပ်ရင်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ RFA Burmese Website တွင် ဖတ်ရှုရန် .....

Radio Free Asia

ကျောက်တော် ခမရ ၅၃၉ တပ်ရင်းကို AA သိမ်းပိုက်

လက်နက်ချတဲ့အထဲမှာ စစ်ကောင်စီတပ်သားနဲ့ မိသားစု စုစုပေါင်းသုံးရာလောက်ရှိပြီး သူတို့တွေကို AA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံကပြောပါတယ်။

ကျောက်တော် ခမရ ၅၃၉ တပ်ရင်းကို AA သိမ်းပိုက်
4 months ago

ခါမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၁၇ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်
~~~
■ စစ်ကိုင်းတိုင်း တမူးမြို့နယ် ခါမ်းပါတ်မြို့ ကနန်ရွာမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ကိုးဦးအပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ဒီကိစ္စမှာ ကျူးလွန်သူ၊ အမိန့်ပေးသူအပါအဝင် တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အရပ်သားတွေကို စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို ပြည်တွင်းပြည်ပမှာ အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကပြောပါတယ်။

"သူတို့ချသွားတဲ့ဗုံးဟာ အရပ်သားအိမ်ပေါ်ကိုကျတယ်၊ စာသင်ကျောင်းကိုထိတယ်၊ ဘုရာကျောင်းကို ထိခိုက်တယ်၊ အစုလိုက်အပြုံလိုက်သေတယ်၊ သေတဲ့လူ ၁၇ ယောက်အနည်းဆုံးရှိတယ်၊ လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်တာပေါ့နော်၊ ဒီတစ်ခုထဲမဟုတ်ပါဘူး၊ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့အပြင် ပြည်တွင်းဥပဒေတွေကိုလည်း ကျူးလွန်နေတယ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အရေးယူဆောင်ရွက်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို အခုချိန်မှာ ပြည်တွင်းမှာလည်း
အရေးယူနိုင်ဖို့ ပိုပြီးနီးလာနေပါပြီ"

ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက ကနန်ရွာမှာ ဘုရားဝတ်ပြုနေတဲ့ အရပ်သားတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ စတာတွေကို လေးစားလိုက်နာမှုမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ကျူးလွန်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်း တရားစွဲဆိုအရေးယူနိုင်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်မှုကြောင့် ကလေး ၆၀၀ ကျော် (၆၂၇ ဦး)၊ အမျိုးသမီး တစ်ထောင်ကျော် (၁၀၁၇ ဦး) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေ အကြိမ် ခြောက်ရာနီးပါး တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၀၀ နီးပါး၊ ဘာသာရေးအဆောက်အအုံ ၇၆ ခုနဲ့ စာသင်ကျောင်း ၅၂ ခု ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

NUG ကြေညာချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ခါမ်းပါတ်မြို့ကို သိမ်းယူခဲ့တာပါ။ စစ်ကောင်စီတပ်က ခါမ်းပါတ်မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
_________

RFA Burmese Website တွင် ဖတ်ရှုရန် ....

Radio Free Asia

ခါမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၁၇ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်

ကနန်ရွာမှာ အရပ်သားတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

**ခါမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၁၇ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်**
4 months ago

မြောက်ဦးမြို့မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်
~~~
■ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်မှာ ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာကနေ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားတချို့ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြောက်ဦးမြို့အခြေစိုက်တပ်ရင်း ခမရ ၅၄၀ နဲ့ AA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးတယ်လို့ သတင်းတွေထွက်နေပေမယ့် အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ...

Radio Free Asia

မြောက်ဦးမြို့မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

**မြောက်ဦးမြို့မှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်**
4 months ago

မြန်မာ့အရေး အထူးအလေးထား ဆက်လက်ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှားပြော
~~~
■ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကို အထူးအလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ဇန်နဝါရီ ၈ ရက်နေ့က ထုတ်ပြန်ရာမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကိုအဆုံးသတ်ဖို့အတွက် အာဆီယံက ချမှတ်ထားတဲ့ မူ ငါးရပ် ကို အကောင်အထည်ဖော်ဖို့ဟာ အဓိက အရေးအကြီးတဲ့ အချက်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

အာဆီယံကချမှတ်ထားတဲ့ အချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေး တိုးတက်လာအောင် တွန်းအားပေးဖို့ သံတမန်လမ်းကြောင်းကနေ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအများအပြားနဲ့ ထိတွေ့ဆက်ဆံမှုပေါင်း ၂၆၅ ခု လုပ်ခဲ့တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပြဿနာတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အဲဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားတာကို မပြောင်းလဲကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောတာလို့ အင်ဒိုနီးရှားအခြေစိုက် သတင်းဌာတချို့က ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံကို လှေစီးရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိလာတာတွေဟာ နိုင်ငံဖြတ်ကျော် လူမှောင်ခိုဂိုဏ်းတွေ ပါဝင်ပတ်သက်နေတာတွေ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန် ....

Radio Free Asia

မြန်မာ့အရေး အထူးအလေးထား ဆက်လက်ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှားပြော

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကို အထူးအလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

**မြန်မာ့အရေး အထူးအလေးထား ဆက်လက်ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှားပြော**
4 months, 1 week ago

စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူကလေး ၅၆၀ ကျော်ရှိလာ
~~~
■ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ကလေးပေါင်း ၅၆၀ ကျော်ရှိနေပါပြီ။ ဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကလေးငယ်သေဆုံးမှုတွေ နေ့စဥ်တိုးလာနေသလို အသက်မသေဘဲ ကျန်ရစ်တဲ့ကလေးငယ်တွေဟာလည်း အသက်အန္တရာယ်၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရှင်သန်နေရပါတယ်။ မခက်မာ တင်ပြထားပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ....

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago