Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Tatmadaw Daily Activity

Description
တပ်မတော်သတင်းတွေ ဖတ်ကြမယ်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

2 weeks, 2 days ago
၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ …

၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည့် ပြောကြားချက်များမှ ကောက်နုတ်ချက်

2 weeks, 2 days ago
မြစ်ကြီးနားမြို့ ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မြစ်ကြီးနားမြို့ ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး ကုသရေးအဖွဲ့က အဆိုပါမြို့ရှိ အဘယရာမပရိယတ္တိစာသင်တိုက်၌ သံဃာတော် ၃၇ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၃ ပါးတို့အား ခွဲစိတ်ကုသမှုရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြော အားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဘယရာမပရိယတ္တိ စာသင်တိုက်ဆရာတော် အမှူးပြုသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့်
နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

2 weeks, 2 days ago

တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ် မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမျှော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန် ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်း ထဲရောက်အောင်တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည်ကိုမျှော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့တုန့်ပြန် ပြသဖို့လိုပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကားမှ ကောက်နုတ်ချက်ဖြစ်ပါသည်။

3 weeks, 2 days ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များမှ ကောက်နုတ်ချက်

ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ကြကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံ၊ နေပြည်တော်သည် ဗဟိုချက်ဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားကြီးပရိဝုဏ်နှင့် ဆက်စပ်လျက်ရှိသည့်နေရာများတွင်လည်း ဘာသာရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်တစ်ခု တည်ဆောက်ရန် လျာထားကြောင်း၊ အလားတူ ထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ် တည်ဆောက်ရန် လျာထားကြောင်း၊ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများရှိကြကြောင်း၊ အလားတူ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာနေရာဖြစ်သည့် နီပေါ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သဖြင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ နိုင်ငံကိုယ်စားပြုသည့်ကျောင်းများ လာရောက်တည်ဆောက်လိုပါက တည်ဆောက်နိုင်ရေး နေရာလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာများအတွက် လည်း သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ တည်ဆောက်လိုပါကလည်း ခွင့်ပြုပေးရန် နေရာများ သတ်မှတ်ထားပြီးဖြစ်ကြောင်း။

3 weeks, 3 days ago

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကားမှ ကောက်နုတ်ချက်

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူအားလုံးလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွား ဘဝတိုးတက် ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်း များကို အသုံးပြုပြီး ဆောင်ရွက်သွားမှာ ဖြစ်သလို နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေဖို့လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

3 weeks, 3 days ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြား

ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာ ပြုလုပ်မိတဲ့ မကောင်းတဲ့ အတွေး၊ အပြုအမူနဲ့ လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင်ကြတဲ့ကာလ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့ နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ကြောင်း စသည်ဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

1 month ago
စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး …

စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား ================================ မြန်မာစကားပုံတွင် “ရေအသက် တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်” ဟူ၍ ရှိကြောင်း၊ အလားတူ…

1 month ago

စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပြောကြား
================================
မြန်မာစကားပုံတွင် “ရေအသက် တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်” ဟူ၍
ရှိကြောင်း၊ အလားတူ စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။
စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများကို မိမိတို့မြင်တွေ့နေကြရပြီး
၎င်းတို့၏ လူနေမှုပုံစံ ပြောင်းလဲတိုးတက်လာစေရေးနှင့် အနာဂတ်တွင်အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး မိမိတို့အနေဖြင့်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင်လည်း ခေတ္တခဏသာ ဆောင်ရွက်ခြင်းထက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

1 month ago
Tatmadaw Daily Activity
1 month, 1 week ago
Tatmadaw Daily Activity
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago