North Okkalapa Information

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 9 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 10 months, 2 weeks ago

1 year, 2 months ago

မြောက်ဥက္ကလာပ ရွှေပေါက္ကံ ရဲစခန်းထဲက ရဲများ ကင်းလှည့်ဖို့ထွက်လာစဉ် ချိန်ကိုက် မိုင်း ၂လုံးနဲ့ဖောက် ခွဲတိုက် ခိုက်၊ ရဲ နှစ်ဦး ထိမှန်

ဧပြီ ၂၄၊ ၂၀၂၄။
North Okkalapa Information 

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ရဲစခန်းကို အားပြင်းတဲ့ မိုင်းနဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂) ရဲ့ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ဧပြီလ ၂၄ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က ရွှေပေါက္ကံ ရဲစခန်းအတွင်းမှ ရဲများ လှည့်ကင်းပတ်ဖို့ ထွက်ခွာလာချိန် အားပြင်းတဲ့ ချိန်ကိုက် မိုင်း ၂လုံးနဲ့ ဖောက် ခွဲ တိုက် ခိုက်ခဲ့လို့ ရဲ နှစ်ဦး ထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။

" ကင်းလှည့်ဖို့ထွက်လာတဲ့ ရခ(ရဲ) တွေကို ချိန်ကိုက် မိုင်းနဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တာပါ၊ ရခ ၂ကောင် ထိပြီး ရဲဘော်တွေဘေးကင်းပါပြီ " လို့ အထက်ပါ တာဝန်ရှိသူက North Okkalapa Information ကို ပြောပါတယ်။

ရဲစခန်းတိုက် ခိုက်ခံရပြီး မိနစ်ပိုင်းအကြာ ရွှေပေါက္ကံ တံတားကို အကြမ်း ဖက် စစ်ကောင်စီတပ်က စစ်ကား ၂စီးနဲ့ ပိတ်ဆို့ စစ်ဆေးခဲ့တယ်လို့ ရွှေပေါက္ကံ ဒေသခံ တစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂) သည် မြောက်ဥက္ကလာပမြို့နယ်အတွင်းက အကြမ်း ဖက် စစ်ကောင်စီ ထောက်တိုက်များကို ဆက်တိုက် တိုက် ခိုက်မှုများပြုလုပ်နေတာလဲ ဖြစ်ပါတယ်။

1 year, 2 months ago

နှစ်စဉ် မြောက်ဥက္ကလာပ အဝိုင်းမှာဆောက်လုပ်တဲ့ မြို့နယ် ဗဟို သင်္ကြန်မဏ္ဌပ် ယခု နှစ်သင်္ကြန် ရဲစခန်းဘေး‌ ရောက်သွား၊ လုံခြုံရေး အထူး(အထူး) တင်းကျပ်မယ်လို့ဆို

ဧပြီ ၁၂၊ ၂၀၂၄။
North Okkalapa Information

အကြမ်း ဖက် စစ်ကောင်စီ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး‌ ယမန်နှစ် ၂၀၂၃ခုနှစ် အထိ နှစ်စဉ် နှစ်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဗဟို မဏ္ဌပ်ကို မြောက်ဥက္ကလာပ အဝိုင်းပန်းခြံရှေ့မှာ ဆောက်လုပ်နေကြဖြစ်သော်လည်း ယခု ၂၀၂၄ခုနှစ် သင်္ကြန်မှာတော့ အကြမ်း ဖက် စစ်ကောင်စီက ရဲစခန်း အနီး ဘေးကပ်ရပ်မှာ ဆောက်လုပ်ထားတာတွေ့ရပါတယ်။

လုံခြုံရေးကိုဦးစားပေး ဆောက်လုပ်ထားတာဖြစ်ပြီး ယမန်နှစ်ကထက် လုံခြုံရေးကို အထူးတင်းကျပ်သွားမယ်လို့လည်း အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်များထံကတစ်ဆင့်သိရပါတယ်။

ခေမာသီလမ်းမ မြရတနာ အမှတ် (၉) ရဲစခန်းအနီးမှာ ဆောက်လုပ်ထားတဲ့ အဆိုပါ မဏ္ဌပ်မှာ အကြမ်း ဖက် စစ်တပ်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ အပြင် မြို့နယ် ထွေ/အုပ် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ကြက်ခြေနီနဲ့ အရန် မီးသတ်များ စတဲ့ အဖွဲ့အစည်း ပေါင်းစုံက သက်ဆိုင်ရာ ယူနီဖောင်း ၊ တာဝန်ကျ လက်ပတ်တို့ကို ဝတ်ဆင်ကာ စုစုပေါင်း လူအင်အား ရာဂဏန်းနီးပါးနဲ့ သင်္ကြန်ကာလ တစ်လျှောက် လုံခြုံရေး ယူသွားမှာလို့ North Okkalapa Information က စုံစမ်းသိရှိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူစည်ကားမှုလျော့သွားတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို လူစည်ကားအောင် အကြမ်း ဖက် စစ်ကောင်စီက ပြင်ဆင်နေတာပါ။

ဧပြီလ ၁၃ ရက်နေ့ကစလို့ သင်္ကြန်ကျတော့မှာဖြစ်တာကြောင့် ရန်ကုန်မြို့က နေရာတချို့မှာ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကြီးကြပ်မှုနဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေပါတယ်။

ရန်ကုန်တိုင်းထဲမှာ ခရိုင်နဲ့ မြို့နယ်အဆင့် ဗဟိုရေကစားမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် နှစ်ရာနီးပါးနဲ့ လမ်းလျှောက်သင်္ကြန်နှစ်ခုပါဝင်မှာ ဖြစ်ပါတယ်။

1 year, 2 months ago

မြောက်ဥက္ကလာပ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဗုံး ကွဲ

ဧပြီ ၁၁၊ ၂၀၂၄။
North Okkalapa Information 

မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၁၁ရက် မနက်ပိုင်းက ဗုံး ပေါက် ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၀နာရီ ကျော်က မေဓါဝီလမ်းမပေါ် ကရဝိတ်လမ်းမကြီးထိပ်မှာရှိတဲ့ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်ပွားခဲ့တာပါ။

" (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီမနက် ဗုံး ပေါက်ပါတယ်၊ အသံ အတော်ကျယ်တယ်၊ ခဏကြာတော့ စစ်သားနဲ့ရဲတွေရောက်လာပြီး လမ်းပိတ် စစ်ပါတယ်၊ နေ့လည်မှ လမ်းပြန်ဖွင့်ပေးပါတယ် " လို့ (စ)ရပ်ကွက်နေသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ပေါက် ကွဲမှုဖြစ်စဉ်ကြောင့် လူ ထိ ခိုက်မှုမရှိပဲအုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံအတွင်းပိုင်းနဲ့ ပြတင်းပေါက် မှန်တချို့ ထိ ခိုက်ပျက်ဆီးခဲ့ပြီး ရုံးအနီးရပ်ထားတဲ့ ကားတစ်စီးလည်း မှန် ကွဲ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်း ဖက် စစ်ကောင်စီတပ်က စစ်ကား ၂စီးအပြင် ရဲ တွေပါရောက်ရှိလာကာ လမ်း ပိတ်ဆို့ စစ်ဆေးခဲ့ပြီး နေ့လည် ၁နာရီကျော်မှ လမ်းပြန်ဖွင့်ပေးခဲ့တယ်လို့ ရပ်ကွက်နေသူ‌တွေထံကနေသိရှိရပါတယ်။

1 year, 2 months ago

မြောက်ဥက္ကလာပကို အကြမ်း ဖက် စစ်ကောင်စီ ရန်ကုန်တိုင်း မြို့တော်ဝန် ရောက်ရှိလာလို့ လုံခြုံရေးတင်းကြပ်ထားချိန်
(ဋ)ရပ်ကွက် အုပ်ကြီးရုံး မိုင်း ခွဲ ခံရ

ဧပြီ ၅၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အားပြင်းတဲ့ မိုင်း ၂လုံး နဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ တာဝန်ရှိသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၂နာရီကျော်က စစ်မှုထမ်း ဥပဒေအတွက် အများဆုံး အလုပ်လုပ်ပေးနေတဲ့ (ဋ)ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို အားပြင်းတဲ့ မိုင်း ၂လုံး နဲ့ ဖောက် ခွဲ တိုက် ခိုက် ခဲ့တာလို့ ဆိုပါတယ်။

အဖွဲ့သားများအားလုံး ဘေးကင်းကြောင်းနဲ့ စစ်မှုထမ်း ဥပဒေလည်ပတ်အောင် အလုပ်လုပ်ပေးနေတဲ့ ရုံးတွေကိုလည်း ဆက်လက် တိုက် ခိုက် သွားမယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ထုတ်ပြန်ထားပါတယ်။

ပေါက် ကွဲ မှု ဖြစ်ပွားပြီးနောက် အကြမ်း ဖက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ စစ်ဆေးခဲ့ကာ ယခု ညပိုင်းအချိန်ထိ အကြမ်း ဖက် စစ်ကောင်စီ စစ်ကားတွေ ရုံးအနီးမှာရှိနေပြီး လမ်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်ကို အကြမ်း ဖက် စစ်ကောင်စီ ရန်ကုန်တိုင်း မြို့တော်ဝန် လာရောက်လို့ လုံခြုံရေး တင်းကြပ်ထားချိန်မှာ (ဋ)ရပ်ကွက် အုပ်ကြီးရုံး တိုက် ခိုက် ခံလိုက်ရတာလဲဖြစ်ပါတယ်။

1 year, 3 months ago

မြောက်ဥက္ကလာပ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်ဖို့ ဆန္ဒရှိလာတယ်လို့ဆို

မတ် ၂၈၊ ၂၀၂၄။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် နုတ်ထွက်ဖို့ ဆန္ဒရှိနေကြတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ ဒေသခံပြည်သူတွေထံက စုံစမ်းသိရှိရပါတယ်။

" အခုက အုပ်ကြီးတွေ ရာမှူး ဆယ်မှူး တွေရဲ့ နာမည်စာရင်းတွေနဲ့ လာတာ၊ စစ်မှုထမ်းဥပ‌ဒေ ကြောင့်ပဲ အုပ်ချုပ်ရေးရုံးတွေကို ဖုန်း ဆက်ပြီး သတိပေးတာတွေရှိလာတယ်၊ တချို့လဲ ဆက်မလုပ်တော့ပဲ ထွက်မယ့်သူတွေရှိသလို ဒီတိုင်း ပေပြီး အခြေအနေစောင့်ကြည့်နေတာတွေလဲရှိတယ်၊ စုပြုံပြီးထွက်ကြဖို့များတယ်၊ အရင်ကလို အ သ တ် ခံရမှာကို သူတို့တွေ သိကြတယ်၊ သိသိနဲ့ကို လုပ်နေကြတာ၊ ဒါပေမယ့် ဒီဥပဒေထုတ်ပြီးမှ အရင်ကထက်တော့ သူတို့ တော်တော်လေး ဆိုးရိမ်လာကြတယ် " လို့ အုပ်ချုပ်ရေးသတင်းရင်းမြစ်တစ်ခုက North Okkalapa Information ကို ပြောလာပါတယ်။

North Okkalapa Information တွင် မိမိ၏ နာမည်ပါလာမည်ဆိုး၍သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားခြင်းကြောင့် လည်းကောင်း၊ မကြာသေးခင်ရက်ပိုင်းက (င)ရပ်ကွက် ရုံးစာရေး ပစ် ခတ် ခံထားရတဲ့ ဖြစ်စဉ် ရှိနေခြင်းကြောင့်လည်းကောင်း၊ အုပ်ချူပ်ရေးမှူးရုံးများတွင် သတိပေးစာများကပ်ခံထားရခြင်းကြောင့်လည်းကောင်း နှုတ်ထွက်ချင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

" အုပ်ကြီးကတော့ သူနှုတ်ထွက်ဖို့ပြောတာ ဟို
(စကစ)က လက်မခံဘူးလို့သိရတယ်၊ သူ(အုပ်ကြီး) လဲ သူ့ကိုသူပြောတယ်၊ ငါ့ကို ဘယ်အချိန်လာ သ တ် ကြမလဲ မသိဘူးတဲ့၊ လုပ်ချင်တုန်းကကြ ရပိုင်ခွင့်တွေ မတ်ပြီးတော့ ဘယ်သူကမှ သူ့ကိုတင်မြှောက်ထားတာမဟုတ်ဘူး၊ အခုမှ ကြောက်နေတာ၊ ဟား ဟား ဟား၊ ဘာဆက်လုပ်မလဲတော့ မသိဘူး " လို့ ( - )ရပ်ကွက်က အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

အကြမ်း ဖက် စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးအဖွဲ့များကို အဓိကပစ် မှတ်ထား တိုက် ခိုက်မှု‌တွေယခင်အချိန်များကလို ဆက်တိုက် ပြန်လည်ဖြစ်ပေါ် လာမှာကို အလွန်အမင်း ဆိုးရိမ်မှုများရှိနေတယ်လို့ သိရပါတယ်။

" အရင်က အာကျယ်အာကျယ်လုပ်နေသူတွေ အခု ငြိမ်ကျသွားတယ်၊ သိပ် အသံမထွက်ရဲကြတော့ဘူး၊ ဟိုနေ့(မတ်လ ၂၃ရက်) က ပစ် ခံရပြီး သူနဲ့ အတူ နာမည်ထွက်နေတဲ့ ရပ်ကွက်ထဲက လေး ငါး ယောက်လဲ ငြိမ်နေတယ် " လို့ (င) ရပ်ကွက်နေသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ကျောက်ရေတွင်းရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက် နဲ့ (ဌ)ရပ်ကွက်တွေရဲ့ အုပ်ချုပ်ရေးမှူးရုံးတွေမှာ အုပ်ချုပ်ရေးမှူးတွေကို အမြန်ဆုံး နှုတ်ထွက်ကြဖို့ သတိပေးစာတွေလာကပ်တာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှိခဲ့တယ်လို့ သိရပါတယ်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 6 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 9 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 10 months, 2 weeks ago