ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် Monywa

Description
Battalion 6 Division 1
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

2 years, 1 month ago

နာကျည်း‌ေကြာင်း စကားတွေပြောနေမယ့် အစား အလုပ်တွေနဲ့ သက်သေပြကြ
လုပ်စရာရှိတာလုပ်ကြကွာ
ပါဝင်စရာရှိတာပါဝင်ကြ
လက်နက်စွဲကိုင်စရာရှိရင် စွဲကိုင်လိုက်ကြ
ပူပေါင်းလာမယ်ဆိုရင် အဖွဲ့စည်းတိုင်းကတော့ ကြိုဆိုနေပါတယ်။

2 years, 1 month ago

ပုလဲမြီု့မှစခများစာသင်ကြောင်းမြောက်ဘက်စတင်ထွက်နေသည်သတင်းရ
ပုလဲမြီု့မှထွက်လာသောစခများအလယ်ဘုံရွာတောင်ပိုင်းစတင်ဝင်နေသည်သတင်းရ

2 years, 1 month ago

ပုလဲမို့နယ် ဇီးဖြူကုန်းကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်း၊ ပုလဲမြို့ရှိ စစ်ကောင်စီခံတပ်တချို့အား ချင်းကပ်တိုက်ခိုက်မှု။

ဇန်နဝါရီ ၃၁ရက်နေ့ နေ့လည် ၂:၂၀မိနစ် တွင် ပုလဲမို့နယ် ဇီးဖြူကုန်းကျေးရွာသို့ ချဥ်းကပ်ဝင်ရောက်စဥ် ကံကြီးကုန်းကျေးရွာအရောက်တွင် တံတားဦးလေတပ်မှ A5 Boomer ဖြင့် ၂ကြိမ်၊ ည ၇:၄၅ မိနစ်တွင် MIG 29 Fighter ဖြင့်တကြိမ် ဗုံးကျဲတိုက်ခိုက်မှုခံရပြီး ဆေးမှူးရဲမေ တစ်ဦးကျဆုံးပြီး ဆေးတပ်သားရဲမေ ၁ဦး တိုက်ခိုက်ရေးရဲဘော် ခြောက်ဦးနှင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
ပျက်စီးဆုံးရှုံးမှုမှာ ပြည်သူ့နေအိမ် ၂လုံး၊ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတစ်ဆောင် ပျက်စီးမှုရှိခဲ့သည်။

ဖေဖဝါရီ ၁ ရက်နေ့ ၆:၄၅မိနစ်တွင် ဇီးဖြူကုန်းကျေးရွာနှင့် ပုလဲမြို့ရှိ စစ်ကောင်စီဘန်ကာများအား ချဥ်းနင်းဝင်ရောက်တိုက်ခိုက်ရာ ခန့်မှန်း ၁၀ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိမှုရှိခဲ့သည်။
နံနက် ၈:၄၆မိနစ်တွင် တံတားဦးလေတပ်မှ Jet Fighter တစီး၊
၈:၅၄မိနစ်တွင် Jet Fighter တစီး၊
၈:၅၇မိနစ်တွင် YAK Jet Fighter တစီး၊
၃:၄၈မိနစ်တွင် မကွေးလေတပ်မှ MIG 29 တစီး စုစုပေါင်း လေးကြိမ်ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် ရဲဘော်၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၅ဦးခန့်ထိခိုက်ကာ ပြည်သူ့နေအိမ် ၅ လုံး ပျက်စီးခဲ့ရသည်။

2 years, 1 month ago

အာဏာသိမ်းခံခဲ့ရတဲ့နေ့မှာဘဲ စစ်ခွေးစခန်းတွေ ပြန်သိမ်းနေပြီ

2 years, 1 month ago

စခန်းသိမ်း သတင်းကောင်းများ ရှိနေပါသဖြင့် စောင့်မျှော်ပေးကြပါ ခင်ဗျာ

2 years, 1 month ago

"အိုးစားဖက်" Project ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တာတွေ၊ ဝယ်ယူဖြည့်တင်းမှာတွေကတော့

•၄၀ သီး အလုံး ၂၀၀
•R7 အဖူး ၅၀
•ပါရီကျည် ၅၀၀၀၀
•ဒရုန်းတပ်ရင်း - အသေးတစ်စီး၊ အကြီးတစ်စီး
•စစ်ဆင်ရေးသုံးယာဥ် - ၄ စီး
•စစ်ဆင်ရေးအသုံးစရိတ်
တို့ ဖြစ်ပါတယ်။

မြေပြင် BNRA ရဲဘော်များနဲ့ တသားတည်းရှိတဲ့ ထောက်ပို့ကဏ္ဍ မှ "အိုးစားဖက်" များ ထောက်ပို့လှူဒါန်းသည့် ငွေကြေးများသည် ခဲယမ်းများ အမှန်တကယ်ဖြစ်ရပါစေမည်။

မြေပြင်မှာ အသက်တွေ၊ ဘဝတွေ၊ ပျော်ရွှင်မှုတွေကို စတေးထားတဲ့ ရဲဘော်တွေမို့ "အိုးစားဖက်" တို့ ထောက်ပို့မှုတိုင်းသည် တော်လှန်ရေးအတွက်သာ ဖြစ်စေပါမည်။

"အိုးစားဖက်" တို့ ထောက်ပို့မှုဟာ
RPG 7 အသီး
၄၀ မမ အသီး"

တို့ ဖြစ်ပါလိမ့်မည်။

"အိုးစားဖက်" Project Team

2 years, 1 month ago

ယင်းမာပင် ⚠️

ချင်းတွင်းတံတားကိုဖြတ်၍ စစ်ခွေးကားကြီး ၄ စီး အနောက်ဘက်ကမ်းသို့ ကူးသွား။

Jan 30,  11:18 AM

2 years, 1 month ago

30.1.2024######

မုံရွာ ရွှေတောင်ဉီး အကျိုးအကန်းကုန်းမှ ခွေးများနှင့် ယင်းမာပင် ဘန့်ကွေး ပျူရွာမှ စခ များ
ယင်းမာပင် (နဘူးတော) ရွာအား မီးရှို့ဖျက်စီးနေ။
အိမ်ခြေမည်မျှ မီးထဲ ပါသွားသည်ကို သတင်းအတိအကျ မရရှိသေး ။

2 years, 1 month ago

" အိုးစားဖက် "

အဓိပ္ပါယ်ရှိလှတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။

ညီအကိုမောင်နှမများအား မျှဝေပါရစေခင်ဗျာ။

စစ်မှာတစ်မူ ကဗျာတွင် "အိုးစားဖက်" ဟူသောစကားပါရှိသည်။ အိုးစား ဟူသောစကားကို အခြေပြုကာ ရှေးအခါက စစ်တပ်ဖွဲ့ပုံကို ပြောပြပါမည်။

၅ ယောက် = ၁ အိုးစား
၂ အိုးစား = ၁ ကြပ်
၅ ကြပ် = ၁ သွေးသောက်
၂ သွေးသောက် = ၁ တပ်မှူး

စသဖြင့် ရှေးခေတ် ဗမာ့တပ်မတော်၏ ဖွဲ့စည်းပုံ ရှိခဲ့ပါသည်။

သာမာန် အရပ်သား ဘဝမှ တိုင်းပြည်အတွက် လိုအပ်၍ စစ်မှူထမ်းရသည့်အခါ အခြေခံ ဖွဲ့စည်းပုံ ၁ အိုးစားပြည့်ရန် ၅ ယောက်စုဖွဲ့ရပါသည်။ မွေးချင်း မောင်နှမ ညီရင်း အကိုမဟုတ်သော်ငြား ၁ အိုးစား ၅ ယောက်တို့သည် သွေးသောက်ပမာ လက်တွဲကာဖြင့် အမိန့်ကို ဦးလည်မသုန် နာခံစွာ တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်း အစဥ်အဆက်ပင် ဖြစ်ပါသည်။

တိုက်ဖော်တိုက်ဖက်၊ ရဲဖော်ရဲဖက်၊ စားဖော်စားဖက်၊ လက်တွဲညီညီ အိုးစားဖက် တို့၏ စိတ်ဓာတ်သည် စစ်ချီစစ်တက် ရန်ဖက်ကိုသုတ်သင်ရန်အတွက် မြန်မာ့သမိုင်းတွင် အကောင်းဆုံးသော ရဲမက်တို့ ဖြစ်ခဲ့ပါသည်။

ယနေ့ခေတ် မျက်မှောက် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော BNRA ( ဗမာ့အမျိုးသား တော်လှန်ရေး တပ်မတော် ) သည် ဗိုလ်နဂါး ဦးဆောင်၍ အညာဒေသရှိ တော်လှန်လိုစိတ်ရှိသော ရဲဘော်ရဲဘက်များစုစည်း၍ စနစ်တကျ ဖွဲ့စည်းတည်ထောင်ပြီး နွေဦးတော်လှန်ရေးတွင် တိုင်းရင်းသား ညီအကိုများနည်းတူ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ် ပေါ်ပေါက်ရေးတို့အတွက် တိုက်ပွဲဝင်ရာတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြပါသည်။

တို၊က်ပွဲ၏ အသက်သွေးကြော တစ်ခုဖြစ်သော ထောက်ပို့ရေးကဏ္ဍတွင် စားဝတ်နေရေး၊ ဆေးဝါး၊ ရိက္ခာ၊ လက်နက်၊ နည်းပညာ ဟူသော အခန်းခွဲများစွာရှိပါသည်။

ထောက်ပို့ကဏ္ဍတွင် ပါဝင်သော ညီအကိုမောင်နှမများသည်လည်း ကျနော်တို့ မြေပြင်ရဲဘော်များ၏
"အိုးစားဖက်" များပင် ဖြစ်ကြပါသည်။

ထို့ကြောင့် BNRA ၏ " အိုးစားဖက် " Project Target ဖြစ်သော သိန်းတစ်သောင်းကျပ် အတွက် ပြည်တွင်းမှသာမက ကမ္ဘာ့နိုင်ငံအသီးသီးရောက်ရှိနေကြသော ထောက်ပို့ပြည်သူများအား

"အိုးစားဖက်" အဖြစ်

ပါဝင်ပေးကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

"အိုးစားဖက်" Project Team

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago