Chaung U People's Defence Force (CHUPDF)

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

11 months, 3 weeks ago

ပြန်လည် အသုံးပြုနိုင်ပါပြီ

12 months ago

အသိပေးချက်ထုတ်ပြန်ခြင်း
၂၀၂၅ ဖေဖော်ဝါရီ ၂၀

ချောင်းဦးမြို့ပေါ်တွင် စစ်ကြောင်းထိုးနိုင်​ခြေရှိသော ရန်သူ့လှုပ်ရှားမှု့များရှိနေကာ ဓါးစာခံဖမ်းဆီးနိုင်​ခြေရှိပါသဖြင့် ချောင်းဦးမြို့ပေါ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်စခန်းများအနီး လုံးဝ မသွားကြရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
      ထို့အပြင် လက်နက်ကြီး၊  လေကြောင်း  နှင့် စစ်ကြောင်းထိုးခြင်း အစရှိသော ရန်သူ့လှုပ်ရှားမှု့အခြေအနေကို အမြဲနားစွင့်ကာ ရှောင်ရှားကြရန် အသိပေးနှိုးဆော်အပ်သည်။ ရန်သူ့လှုပ်ရှားမှု့ သတင်းများကို ချောင်းဦး ပကဖ သတင်းနှင့် ဆက်သွယ်ရေး (ရန်ရှင်း) ၏ ရေဒီယိုအသံလိုင်းမှသော်လည်းကောင်း ၊ ကျေးရွာ ပကဖ ရဲဘော်များထံများသော်လည်းကောင်း အချိန်နှင့် တပြေးညီ သိရှိနိုင်ပါသည်။

1 year ago

အသိပေးကြေငြာခြင်း
၂၀၂၅ ဖေဖော်ဝါရီလ ၄ ရက်
ချောင်းဦးမြို့ပေါ်နှင့် မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ စခန်းအချို့ တွင် အင်အားပြောင်းလဲခြင်း၊ အင်အားဖြည့်တင်းထားခြင်းများ ပြုလုပ်ထားကြောင်း သတင်းရရှိထားပါသည်။ ထို့အပြင် ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီ အထိုင်စခန်းအချို့၏ တပ်တည်၊ တပ်လှုပ်ရှားမှု့များပြောင်းလဲမှု့ရှိနေသည်ကို သိရပါသည်။ သို့ဖြစ်ပါ၍ မုံရွာ-မန္တလေးလမ်းမကြီးပေါ်နှင့် လမ်းဘေးဝဲယာ ကျေးရွာများတွင် ပေါ်တာဆွဲခြင်း ၊ ဓါးစာခံဖမ်းခြင်းများ ပြုလုပ်နိုင်ခြေရှိကြောင်း သတိထားဆင်ခြင်နိုင်ရန် အသိပေးအပ်ပါသည်။

ချောင်းဦးမြိုနယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF

1 year, 1 month ago

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း
၂၀၂၄ ဒီဇင်ဘာ၂၅
ကျွန်ုပ်တို့ ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF သည် ပြည်သူနှင့် မိမိရဲဘော်ထိခိုက်မှု့ကို အတတ်နိုင်ဆုံးနည်းအောင် ချိန်ဆ၍ စစ်ရေးဖော်ဆောင်လေ့ရှိပါသည်။

၁။ ၂၀၂၄ခု ဒီဇင်ဘာ၂၄ရက် ညနေ ၆နာရီ ၄၈မိနစ် အချိန်က ချောင်းဦးမြို့ပေါ်ရဲစခန်းမှ မြို့တွင်းကင်းပတ်ထွက်လာသော စကစ ၁စိပ် (၁၀ယောက်) ကို ချောင်းဦးမြို့တွင်း တနေရာ၌ ည ၈နာရီ ၅၀ ချိန်တွင် မိုင်းဆွဲတိုက်ခိုက်ပါသည်။
၎င်းတိုက်ခိုက်မှု့ကြောင့် ကင်းပတ် ခွေး ၈ကောင်ခန့် ထိခိုက်မှု့ပြင်းထန်ခဲ့ပြီး အများစု​သေဆုံးနိုင်ပါသည်။

၂။ ၂၀၂၄ခု ဒီဇင်ဘာ ၂၅ရက် ယနေ့မနက် ၉နာရီ ၅၈မိနစ်တွင် မုံရွာ-မန္တလေး လမ်းမကြီး မုံရွေးတိုးဂိတ် အနီး ကင်းပုန်းဝပ် စကစ ၂ကောင်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ကောင်သေဆုံး ခဲ့ပါသည်။

အထက်ပါ စစ်ရေးဖော်ဆောင်မှု့ ၂ခုလုံး မှတ်တမ်း ဗွီဒီယိုရရှိပါသည်။ မှတ်တမ်းနှင့် နောက်ဆက်တွဲ သတင်းကို ဆက်လက်ထုတ်ပြန်ပေးပါမည်။

1 year, 2 months ago

တိုက်ပွဲသတင်း
၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၃

၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၉ရက် နေ့ မနက်ပိုင်းက မုံရွာမြို့ စီးပွားရေးတက္ကသိုလ် ကျောင်းဝင်းအတွင်းမှ အင်အား ၁၀၀ကျော်ခန့်ရှိသော စစ်ကြောင်းသည် သံပြားကာကား ၄စီး၊ faw ကား ၁စီး တို့ဖြင့် ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်သို့ စစ်ကြောင်းထိုးရောက်ရှိခဲ့သည်။
၎င်းစစ်​ကြောင်းသည် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူအိမ်များ မီးရှို့ခြင်းနှင့် ပြည်သူများကို ဓါးစာခံဖမ်းခြင်းများပြုလုပ်ခဲ့သည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၁ရက် နေ့လည်ပိုင်းနှင်​့ ညနေပိုင်းအချိန်တွင် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ မှ ၎င်းစစ်ကြောင်းကို Drone အသုံးပြူ၍ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါသည်။
ထိုတိုက်ခိုက်မှု့ကြောင့် စကစ ၃ဦး သေဆုံးကာ ၊ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှု့ကို special force 11 အဖွဲ့က scout drone ဖြင့် ကင်းထောက်ကူညီပေး၍ ဒိတ်ဒိတ်ကြဲ အဖွဲ့ နှင့်မုံရွာမြို့နယ်အတွင်း ပကဖ ရဲဘော်များက ချောင်းဦး မြို့နယ် ပကဖ ရဲဘော်များနှင့်အတူ ကာကင်းတာဝန်ယူပေးခဲ့သည်။

၎င်းစစ်ကြောင်းသည် နိိုဝင်ဘာ ၂၃ ယနေ့ညနေ ပိုင်းတွင် မုံရွာ စီးပွားရေး တက္ကသိုလ်အတွင်း ပြန်လည်ဝင်ရောက်သွားသည်။

1 year, 2 months ago

တိုက်ပွဲသတင်း

၂၀၂၄ နိုဝင်ဘာလ ၂၁ရက် မနက် ၈နာရီ ၁၀မိနစ်ခန့်က ချောင်းဦးမြို့ထဲမှ မန္တလေးဘက်သို့ မိုင်းရှင်းရန်ထွက်လာသော အင်အား ၁၀ကောင်ခန့်ပါ Canda ၁စီးကို
မုံရွာ မန္တလမ်းပိုင်းတနေရာတွင် ကားပေါ်မှ ဆင်းသည်နှင့် တပြိုက်နက် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၄ မှ ၂လုံးပဒေသာမိုင်းပွိုင့် ဖြင့်တိုက်ခိုက်ခဲ့ပါသည်။
၎င်းတိုက်ခိုက်မှု့ကြောင့် မနက် ၈:၃၀ ချိန်တွင် ခွေးမသာ ၄ကောင်ကို Express ဖြူနီကြားဖြင့် နတ်ရေကန်ဘက်သယ်သွားတယ်လို့ သိရပါသည်။

1 year, 5 months ago
Chaung U People's Defence Force (CHUPDF)
1 year, 5 months ago
Chaung U People's Defence Force (CHUPDF)
1 year, 5 months ago
Chaung U People's Defence Force (CHUPDF)
1 year, 8 months ago

Emergency Warning ⚠️⚠️⚠️
၂၀၂၄ခုနှစ် ဇွန်လ ၅ရက်
​ ချောင်းဦးမြို့နယ််အတွင်းရှိ မိဘပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများ သတိထားဆင်ခြင်နိုင်ရန် အသိပေးအပ်ပါသည်။ ချောင်းဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ချောင်းဦးမြို့ပေါ်တွင် စစ်အင်အားပြင်ဆင်ထားသည်ဟု သတင်းရရှိထားပါသည်။ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းအများစုတွင် ဓါးစာခံပြည်သူများ ခေါ်လေ့ရှိပါသည်။ ယခုစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းများကဲ့သို့ ပြည်သူများကို ဖမ်းဆီးဓါးစာခံ ခေါ်မည်ဟု သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ ချောင်းဦးမြို့ပေါ်နှင့် ၊ မြို့နယ်အတွင်း စစ်ကောင်စီစိုးမိုးနယ်မြေအချို့ကို အသွားအလာ ဆင်ခြင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ ဓါးစာခံပြည်သူများပါလာလျှင် ကျွန်ုပ်တို့အနေဖြင့် ထိန်းချုပ်ရန် အခက်အခဲရှိပါ၍ အသွားအလာ ဆင်ခြင်ခြင်းဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းအပ်ပါသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago