Myanmar E-book Library PDF📚📓📗📖📰💻📱⌚️🖥📡

Description
Free Myanmar e-book library pdf download & sharing channel
We recommend to visit

Last updated 1 year, 7 months ago

Admin ဆီသို့ဆက်သွယ်ရန်?

@Contact_Summer_Bot

Last updated 1 year, 9 months ago

TV လိုင်းများမှ ဇာတ်ကားများကိုတင်ဆက်ပေးသွားပါမယ်

Last updated 3 years, 2 months ago

1 year, 8 months ago

◼️ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့
သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့
မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့
ကန်အလယ်က အဆောက်အဦးပေါ်မှာ
သူ့ရဲ့မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ်။

လူတွေက သူမွေးထားတဲ့ မိချောင်းတွေကို အဆောက်အဦးပေါ်ကနေ တအံ့တဩ
အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့။

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကြေ ငြာ လိုက်ပါတယ်။

" မိတ်ဆွေများခင်ဗျား
ယခုရောက်ရှိနေတဲ့နေရာကနေ ကန်ထဲကို
ခုန္ခ်ပီး ကန်ဘောင်ပေါ်ကို ရောက်အောင်
သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း
ပေးမှာဖြစ်ပြီး
ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ
မိချောင်းအကိုက်ခံရလို့
အသက် ဆုံးရှူံးသွားမယ်ဆိုရင်တော့..
ကျန်ရစ်တဲ့မိသားစုကို ထောက်ပံ့ကြေး
အဖြစ် ဒေါ်လာ တစ်သန်း..
ပေးအပ်မှာဖြစ်ပါတယ်
စိတ်ဝင်စားသူများ အစီအစဉ်မှာ
ပါဝင် စွန့်စားနိုင်ကြပါတယ်ခင်ဗျား "

သူဌေးရဲ့စကားအဆုံးမှာပဲ..
လူတယောက်ဟာ ရေထဲကို ဝုန်းကနဲ
ခုန္ခ်ပီး ကန်ဘောင်ကို ရောက်ဖို့
အသည်းအသန် ကူးခတ်နေပါတယ်

ကံအားလျော်စွာပဲ အဲဒီလူဟာ..
ကန်ဘောင်ပေါ်ကို ရောက်အောင်လို့
တက်ရောက်သွားနိုင်ခဲ့ပါတယ်

အခမ်းအနား တက်ရောက်လာသူတွေက
သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့ သတ္တိကို..
ချီးကျူး ဂုဏ်ပြုဩဘာ ပေးနေကြသလို
သူဌေးကလဲ သူ့ကတိအတိုင်း..
ဒေါ်လာနှစ်သန်းတန် ချက်လက် မှတ်
ရေးပြီး ဂုဏ်ပြုလိုက်ပါတယ်

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက်
လက် မှတ်ကို ကတုန်ကယင် ကိုင်ထားပီး
ပရိတ်သတ်ဖက်ကိုကြည့်ကာ..
အသံတုန်ကြီးနဲ့ မေးလိုက်ပါတယ်။

" ကျွန်တော့်ကို အနောက်ကတွန်းချလိုက်တာ
ဘယ်သူလဲ "

အဲဒီအခါ သူ့လက်ထဲက ချက်လက် မှတ်ကို
လာယူပြီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်း အမျိုးသမီးတယောက်က ပြောလိုက်ပါတယ်

" ရှင့်ကိုတွန်းချလိုက်တာ ကျွန်မပါ "

အဲဒီ အမျိုးသမီးဟာ..
အဲဒီလူရဲ့ မိန်းမပဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့
ပရိတ်သတ်
တွေကတော့...

အောင်မြင်တဲ့ ယောင်္ကျားတယောက်ရဲ့..
နောက်ကွယ်မှာ တွန်းအားပေးနိုင်တဲ့မိန်းမ
တယောက် ရှိနေဖို့ လိုတယ်ဆိုတာကို..
အကြွင်းမဲ့ လက်ခံသွားပါတော့တယ်ဗျာ။

#Crd

1 year, 8 months ago
We recommend to visit

Last updated 1 year, 7 months ago

Admin ဆီသို့ဆက်သွယ်ရန်?

@Contact_Summer_Bot

Last updated 1 year, 9 months ago

TV လိုင်းများမှ ဇာတ်ကားများကိုတင်ဆက်ပေးသွားပါမယ်

Last updated 3 years, 2 months ago