Mm Sub Desc

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 3 days, 8 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 month ago

3 days, 13 hours ago

13 Hours: The Secret Soldiers of Benghazi (2016)
Imdb rating 7.1/10

၂၀၁၆ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Transformers ကား​တွေရဲ့ ဒါရိုက်တာ​ Michael Bay ရိုက်​ကူး​ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။
အမျိုး​အစား​က action / war ဖြစ်​ပြီး ၂၀၁၂ ခုနှစ်​ လစ်​ဗျား​မှာ ဖြစ်​ပွားခဲ့တဲ့ တကယ့်​ဖြစ်ရပ်​မှန်​ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကား​လည်း​ဖြစ်​ပါတယ်။
Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။
John Krasinski က အဓိက​ဇာတ်​ကောင်​ Jack Silver အဖြစ်​သရုပ်ဆောင်​ထား​ပါတယ်။

ဇာတ်လမ်း​အကျဥ်းကတော့ ၂၀၁၂ ခုနှစ်​မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်​ဗျား​နိုင်ငံ​ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့​အန္တရာယ်​အရှိဆုံး နေရာ​တွေထဲကတစ်ခုဖြစ်လာပါတယ်။
ဘင်ဂါဇီမြို့မှာ တရား​ဝင်​မဟုတ်​တဲ့ အမေရိကန်​သံတမန်​ရုံး​တစ်ခု​ရှိပြီး အဲဒီ​သံတမန်ရုံး​နဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာ​မှာ Annex လို့ခေါ်​တဲ့ စီအိုင်အေလျှို့ဝှက်စခန်းရှိပါတယ်။
Jack Silver​ ဟာ နေဗီဆီးလ်​တပ်ဖွဲ့​ဝင်​ဟောင်းဖြစ်ပြီး စီအိုင်အေဝန်ထမ်း​တွေရဲ့ လုံခြုံရေး​အတွက်​
ပုဂ္ဂလိက​ လက်​နက်​ကိုင်​ ကန်​ထရိုက်တာအဖြစ် တာဝန်​ထမ်းဆောင်​ပေး​ဖို့​ လစ်ဗျား​ကို ရောက်​ရှိလာပါတယ်။
အဲဒီ​အချိန်​မှာပဲ အမေရိကန်သံအမတ် လစ်ဗျား​ကို ရောက်ရှိလာပြီး ဘင်​ဂါ​ဇီ​မြို့​က သံတမန်​ရုံး​မှာ တည်း​ခိုနေပါတယ်။
9-11 နှစ်ပတ်လည်နေ့ဆိုပြီး စက်​တင်​ဘာ ၁၁ ရက်နေ့​ညမှာပဲ လစ်ဗျား​စစ်သွေးကြွများက သံတမန်​ရုံး​နဲ့ စီအိုင်အေစခန်းကို အင်​အား​အများ​အပြား​နဲ့ တိုက်​ခိုက်​သိမ်း​ပိုက်​ဖို့​ကြိုးစားရာကနေ
Jack Silver​တို့​ရဲ့ ၆ ယောက်ပဲ အဓိကပါရှိတဲ့ လုံခြုံရေး​အဖွဲ့​အနေနဲ့​ အင်အားလုံးဝမမျှတဲ့ကြားက ၁၃ နာရီ​ကြာ ခုခံ​မှုကြီးအတွက် ပြင်ဆင်​ရပါ​တော့တယ်။

Michael Bay​ ရဲ့ထုံးစံအတိုင်း non-stop အက်​ရှင်​ဖြစ်တဲ့အပြင် battle sequences တွေကလည်း လှပသပ်ရပ်တာမို့ စစ်ကားကောင်းကြည့်လိုသူများ
၂ နာရီခွဲကျော်ကြာမြင့်အောင် စိတ်ကြိုက်ထိုင်ကြည့်ရမယ့် ရုပ်ရှင်ကားကြီး​ဖြစ်​ပါတယ်။

3 days, 14 hours ago

Svaha the Sixth Finger(2019)

ဒီရုပ်ရှင်ကတော့ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ
-လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ပတ်သတ်လာခဲ့တယ်။လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကိုအယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီးအမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။

4 days, 8 hours ago

The Karate Kid (2010)

2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smith
တို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်…Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့

Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့
ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်..

ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်..
ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင်
ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ် စကားလုံးဖြစ်ပါတယ်..
ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာ အရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်

1 week, 3 days ago

Hostage: Missing Celebrity (2021)

VIP ရုပ်ရှင်ပွဲဦးထွက်တစ်ခုအပြီးမှာ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားကြီး ဟွမ်ဂျောင်မင်းက လူရမ်းကားတစ်သိုက်ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်

သူလွတ်မြောက်ဖို့ လမ်းစရှာနေစဉ်မှာပဲ သူ့ရဲ့ ပြန်ပေးသမားတွေက အတော်များတဲ့ ပြန်‌ပေးငွေပမာဏကို ၂၄ နာရီအတွင်းပေးရမယ်ဆိုပြီး တောင်းလိုက်တယ်

ပထမအစမှာတော့ နောက်ပြောင်ပြီးရိုက်ကူးရေးလုပ်နေတယ်ထင်ခဲ့ပေမယ့် တကယ်ကြုံလိုက်ရတဲ့အဖြစ်အပျက်က သူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲကထက် ပိုရက်စက် ပိုပြင်းထန်တဲ့ အခြေအနေမျိုးကိုကြုံတွေ့လိုက်ရတဲ့အခါ

ပြည်သူ့အချစ်တော်မင်းသားကြီး ဟွမ်ဂျောင်မင်းတစ်ယောက် ဒီရာဇဝတ်‌ကောင်တွေရဲ့လက်ထဲက‌နေ လွတ်မြောက်ဖို ဘယ်လိုကြံစည်ကြိုးစားမလဲဆိုတာကိုတော့

ဒီဇာတ်ကားကြီးဟာ အခု Korean Box Office မှာ Sinkhole ကိုကျော်ပီး No.1 နေရာတောင်ရောက်နေတာဆိုတော့

1 week, 4 days ago

ANNA (2019)

မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့….အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။

1 week, 4 days ago

Thadam (2019)

IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်
မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး
တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် ‘ယိုဂီဘာဘူ’ လည်း ပါဝင်ထားပါတယ်

အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး
ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန် ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို
လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက် မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့် အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ်

သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ …

1 week, 4 days ago

Sniper: Assassin’s End (2020)

ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် နိုင်ငံမှာအခြားနိုင်ငံက ဝန်ကြီးတစ်ယောက်စနိုက်ပါနဲ့ အပစ်ခံလိုက်ရပါတယ်

အဲဒီ ပစ်တဲ့သူဘယ်သူလဲဆိုတာ သဲလွန်စတွေအရ စုံစမ်းတော့ ဘက်ကက်ဆိုတဲ့ လက်ဖြောင့်တပ်သားတပ်ကြပ်ကြီး တစ်ယောက် ဖြစ်နေတာကိုတွေ့ရတာပါပဲ

ဒါပေမယ့် ဘက်ကက်က ချောက်တွန်းခံရတာဖြစ်ပြီး သူ့ကို ဖမ်းထားတုန်းမှာပဲ နှုတ်ပိတ်ဖို့ကြိုးစားလာပါတယ်

ဒီတော့ သူ့အဖေရယ်၊ ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်ရယ်အကူအညီနဲ့ တရားခံအစစ်ကိုလိုက်ရှာပြီး အမှန်ကိုပေါ်လာအောင် ကြိုးစားရပါတော့တယ်

1 week, 4 days ago

Mutant (2024)

ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။

ဇာတ်လမ်းအညွှန်းလေးကတော့
လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက်
တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး
ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။

မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို
မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို
ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။

အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း
ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့
လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။

လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ?
အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။

1 week, 5 days ago

578: Magnum (2022)

2022 ခုနှစ်ထွက် ဗီယက်နမ် အက်ရှင်ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ဟုန်က ထရပ်ကားမောင်းတဲ့သူဖြစ်ပြီးတော့ အန်ဆိုတဲ့ သိပ်ချစ်ရတဲ့သမီးလေးတစ်ယောက်ရှိပါတယ်

ဟုန်က အန့်ကို သွားလေရာခေါ်သွားလေ့ရှိပေမယ့် အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီး ကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်

တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျားရောဂါခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်

အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင် အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်

အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်း ဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ

1 week, 6 days ago

Twenty Hacker (2021)

ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့်ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ်

ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်

ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့
“ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်က အရည်အချင်းပြည့်ဝလာတဲ့ ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက် သူတို့အချင်းချင်းပူးပေါင်းပြီး ဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 3 days, 8 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 month ago