ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 10 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 year, 1 month ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 1 year, 2 months ago
Twenty [2015]
ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ်
ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂၀ အရွယ်မှာ သူငယ်ချင်းသုံးယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာချီဟို(Kim Woo Bin)၊အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)၊ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)
ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ္ကားလုံး အခွီတွေချည်းပဲနော်
စကားအပြောအဆိုတွေနဲ့ တချို့အခန်းတွေက ++ လေးတွေပါပေမယ့်မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ်
ကြည့်ပြီးနောင်တမရစေရပါဘူးကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်..
သိချင်ရင် ဒေါင်းကြည့်ကြနော်ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို့ အာမခံပါတယ်
Warriors of the Dawn (2017)
၁၅၉၂ ခုနှစ် ဂျိုဆွန်း ပြည်မှာ တော ဟာ အငှားစစ်သား ကြေးစားအဖြစ် အသက်မွေးပါတယ် သူ့တာဝန်ကတော့ ဂျပန်တွေ ကျူးကျော်လာချိန်မှာ တောင်ပိုင်းဒေသကို အထောက်အပံပေးဖို့ဖြစ်ပါတယ် အဲ့ဒီအချိိန်မှာပဲ ဂျိုဆွန်း ဘုရင်ကတော့့ တရုတ်ကိုသွားရောက်ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ် ကျန်ရှိနေတဲ့ တိုင်းပြည်ကာကွယ်ဖို့ အမိန့်တွေနဲ့ စစ်တပ်ကိုတော့ ၁၈နှစ်သား မင်းသား ဂွမ်ဟဲက ဆက်လက်တာဝန်ယူခဲ့ပါတယ် ဒီလိုနဲ့ မင်းသား ဂွမ်ဟဲ တစ်ယောက်တော ရဲ့ အကူအညီနဲ့ ဘယ်လိုတွေ များ ဆက်လက် ဦးဆောင်မလဲ ဆိုတာကိုတော့ ဆက်လက် ကြည့်ရှု့ပေးကြပါ။
အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ်
ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
အိန္ဒိယမှာ K.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေ
အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီ
ဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့
ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေ
တော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းက
လက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေ
စရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက်
သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီး
ဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို တင်ဆက်မှုကောင်းကောင်းနဲ့ တင်ပြထားတဲ့အပြင် ဇာတ်လမ်းကလည်း အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ အိန္ဒိယရှုပ်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
Ghost Doctor (2022)
‘Ghost Doctor’ ဇာတ်ကားမှာ နာမည်ကြီး မင်းသားချောတွေဖြစ်ကြတဲ့ Rain, Kim Bum တို့ကို အတူတွဲမြင်ရမှာဖြစ်ပြီး အဓိကမင်းသမီးချောအဖြစ် U-IE (UEE)
နဲ့ A Pink အဖွဲ့ဝင် Son Na-Eun က
ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
‘Ghost Doctor’ ဇာတ်ကားဟာ တကယ့်ကို ကွဲပြားခြားနားတဲ့ နောက်ခံအသိုင်းအဝိုင်း၊ မတူညီတဲ့ ကျွမ်းကျင်မှုများနဲ့ စရိုက်လက္ခဏာတွေရှိကြတဲ့ ဆရာဝန်နှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဆေးဘက်ဆိုင်ရာ ဒရာမာကားအမျိုးအစားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
××××××××××××
နှစ်နှစ်ကြာပြီးနောက်မှာ ပထမဆုံးပြန်လည်ရိုက်ကူးမယ့် ဒီဇာတ်ကားမှာ Rain က တစ်ကိုယ်ကောင်းဆန်ပြီး မာနာကြီးတဲ့ ပါရမီရှင် ဆရာဝန် Cha Young Min အဖြစ် ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
တစ်နေ့မှာ သူဟာမထင်မှတ်ထားတဲ့ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်မိသွားပြီး မမျှော်လင့်တဲ့ကိစ္စရပ်ကြောင့် သူ့ရဲ့ဝိဥာည်ဟာ တစ်ခြားဆရာဝန်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။
Cha Young Min ဝင်ရောက်သွားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဆီမှာ မတူညီတဲ့အရည်အချင်းတွေ ရှိနေတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
U-IE(Uee) သည် “Jang Se-Jin” အမည်ဖြင့် သရုပ်ဆောင်ထားပြီး Cha Young-min(Rain) ၏ချစ်သူဟောင်းဖြစ်ကာ Cha Young-min နှင့် ရောယှက်နေသော အချစ်ဇာတ်လမ်းကို ပြန်လည် ကုစားဖို့ နိုင်ငံရပ်ခြားမှပြန်လာသော အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ကိုမာအနေထားသို့ရောက်ရှိနေသော Cha Young-Min အား တတ်နိုင်သည့်နည်းဖြင့် ကုသပေးဖို့ အားခဲကာ Cha Young-min အနားပြန်ရောက်လာသော ချစ်သူဟောင်း ဦးနှောက်အထူးကု တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်
ထားပါသည်။
0.0MHz
သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကကို စုံးစမ်းလေ့လာနေတဲ့ 0.0MHzဆိုတဲ့အဖွဲ့လေးတစ်ဖွဲ့ရှိတယ်
ဒီအဖွဲ့ဟာ သရဲခြောက်တာကြမ်းတယ်လို့ နာမည်ကြီးနေတဲ့အိမ်တစ်အိမ်ကို သွားပြီး လက်တွေ့ကျကျစူးစမ်းကြရင်း သူတို့မယုံကြည်တဲ့အရာတွေ တကယ်ဖြစ်လာပြီး ကြောက်စရာကောင်းတဲ့ ခြောက်လှန့်မှုတွေနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်လိုဖြစ်ပျက်မလဲ
ပြီးတော့အဲ့ဒီအဖွဲ့ထဲမှာ မျိုးရိုးစဥ်ဆက် ပရလောကသားတွေကို မြင်နိုင်ကြားနိုင်တဲ့ ကောင်မလေးတစ်ယောက်ပါဆိုတော့ သူတို့တွေဘာတွေဆက်ဖြစ်ကြမလဲ
ဘယ်လိုရုန်းထွက်ကြမလဲ
Gangster High (2006)
ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ 2006 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Gangster High ဆိုတဲ့ ကျောင်းသားအက်ရှင်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung-Hoက ဆန်းဟိုအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကျောင်းသားဖိုက်တာဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသား Lee Tae-Sungက ဂျယ်ဂူအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ..
ဆန်းဟိုတို့ သူငယ်ချင်းတစ်စုဟာ ကျောင်းမှာ“တိုက်ဂါး”ဆိုတဲ့ နာမည်နဲ့ ဘောလုံးအသင်း ဖွဲ့ထားပါတယ်။
ကျောင်းမှာအငယ်တွေကို အနိုင်ကျင့်တဲ့ စီနီယာကျောင်းသားတွေပါ တိုက်ဂါးအဖွဲ့ဝင် ဖြစ်လာတဲ့နောက်ပိုင်းမှာတော့
အခြားကျောင်းသားတွေရဲ့အမြင် စတင်ပြောင်းလဲလာခဲ့ပါတယ် ..
ဒီလိုနဲ့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က အခြားကျောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ ရည်းစားဟောင်းကို စပြီးမေတ္တာသက်ဝင်မိရာက တိုက်ဂါးအဖွဲ့ဟာ ဂိုဏ်းစတားတိုက်ပွဲကြားထဲကို ရောက်ရှိသွားခဲ့ပါတော့တယ်။
အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်သိုက် ဘယ်လိုဒုက္ခတွေရောက်ပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းကြမလဲဆိုတာ
Legend of the Fist: The Return of Chen Zhen (2010)
ကွန်ဖူးမင်းသားကြီး Donnie Yen အဓိကပါဝင်ထားပြီး မင်းသမီးကတော့ Shu Qi ပါ။ ဒီဇာတ်ကြောင်းကို ရှေးကလဲ ဘရုစ်စလီတို့ ဂျက်လီတို့ ရိုက်ကူးခဲ့ဖူးပါတယ်…။ တိုင်းတပါးရဲ့ နယ်ချဲ့ခြင်းကိုခံနေရတဲ့ တစ်ချိန်ကတရုတ်ပြည်မှာ Chen Zhen ဆိုတဲ့ မျိုးချစ်စိတ်ပြင်းထန်တဲ့ သူရဲကောင်းတစ်ဦးပေါ်ထွက်ခဲ့ပါတယ်။သူဟာ ကိုယ်တတ်နိုင်တဲ့နည်းပေါင်းစုံကနေ ကိုယ့်လူမျိုးတွေရဲ့ အကျိုးအတွက် တိုင်းတစ်ပါးနယ်ချဲ့တွေကို ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့တဲ့လူတစ်ယောက်ပါ။ စိတ်ဝင်စားစရာ စစ်ပွဲနောက်ခံဇာတ်ကြောင်းဖြစ်သလို အချစ် အလွမ်း အကြမ်း အရမ်း..ရသစုံတဲ့ဇာတ်ကားပါ။
Gonjiam Haunted Asylum (2018)
ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာရုံတင်ပြသခဲ့တဲ့ကိုရီးယာ Horror ရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်
၁၉၇၉ ခုနှစ်မှာ ဂွန်းဂျီယန် စိတ်ကျန်းမာရေးဆေးရုံရဲ ့လူနာပေါင်း၄၂ ယောက်ဟာ မိမိကိုကိုယ်အဆုံးစီရင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲဆေးရုံရဲ ့အမှုဆောင်ဒါရိိုက်တာဟာလည်း ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ အဆိုပါဆေးရုံကို ပိတ်သိမ်းခဲ့ပါတယ်
ဒီဖြစ်ရပ်တွေအပြီးမှာတော့ အနီးအနားပတ်ဝန်းကျင်ကလူတွေမှတစ်ဆင့်အဲ့ဒီဆေးရုံမှာ သရဲတစ္ဆေတွေမြင်တွေ ့ရတယ်ဆိုတဲ့ ကောလဟလ ထွက်ပေါ်လာပါတယ်
ကြောက်မက်ဖွယ်ရာနေရာများကို စွန် ့စားသွားလာပြီး မှတ်တမ်းရုပ်ရှင်များရိုက်ကူးတင်ဆက်ပေးတဲ့ အဖွဲ ့အစည်းတစ်ခုဖြစ်တဲ့Horror Times ဆိုတဲ့ အဖွဲ ့မှ လူငယ်တစ်စုဟာ ကမ္ဘာပေါ်ကကြောက်စရာအကောင်းဆုံးနေရာတွေမှာ နံပါတ်ခုနစ်နေရာမှာရှိနေပြီးကိုရီးယားနိုင်ငံရဲ ့ကြောက်စရာအကောင်းဆုံးနေရာတွေထဲမှာတော့နံပါတ်သုံးနေရာမှာတည်ရှိနေတဲ့ အဆိုပါ ဂွန်းဂျီယန် စိတ်ကျန်းမာရေးဆေးရုံကို
စွန် ့စားခန်းတစ်ရပ်ထွက်ပြီး သူတို ့ရဲ ့စွန် ့စားခန်းကို အွန်လိုင်းမှာပါတိုက်ရိုက်လွှင့်တင်ဖို ့ဆုံးဖြတ်ခဲ့ကြပါတယ်
သူတို ့နဲ ့အတူ စွန် ့စားခန်းမှာလိုက်ပါဖို ့အတွက် အခြားလူသစ်တွေကိုလည်း
ဖိတ်ခေါ်ခဲ့ကြပါတယ်
သူတို ့ရဲ ့စွန် ့စားခန်းခရီးစဉ်မှာ ဘယ်လိုအတားအဆီးတွေရှိနေမလဲ
အဲ့ဒီဆေးရုံဟာ ကောလဟလတွေအတိုင်း တကယ်ပဲသရဲခြောက်နေတာလား
ဒါမှမဟုတ် စွန် ့စားခန်းတွေကို အွန်လိုင်းမှာ တိုက်ရိုက်တင်ဆက်နေသူတွေကပဲအခကြေးငွေရဖို ့သက်သက်နဲ ့ ကောလဟလတွေ ပျံ ့နှံ ့အောင်တမင်လုပ်နေတာလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်စောင့်ကြည့်ကြပါစို့
Arang (2006)
IMDb rating 6 ရရှိထားပြီး Graceful Friend ထဲက မင်းသမီး Song Yoon-Aနဲ့ မင်းသား Lee Dong Wook တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ် ။
စုံထောက် မင်ဟာ ဒေါသကြီးတဲ့ စုံထောက်မလေး တစ်ယောက်ပါ အသက်ငယ်ပေမယ့် အရည်ချင်းပြည့်ဝတဲ့ စုံထောက်ဖြစ်ပါတယ်
စုံထောက် လီဟျွန်ဂီကလည်း ဆေးသိပ္ပံဌာနကနေ အမှုစုံစမ်းရေးဘက်ကို ပြောင်းလာတဲ့သူပါတစ်နေ့မှာ ထူးဆန်းတဲ့ လူသတ်မှုတွေဖြစ်ခဲ့ပါတယ်
လူသတ်လက်နက်လည်းမတွေ့ရဘူး
တရားခံလည်းရှာမရပဲ
ဝိညာဥ်တစ်ကောင်က သတ်သလိုမျိုး
ဘာသဲလွန်စမှ မရတဲ့လူသတ်မှုတွေကြောင့် အားလုံးခေါင်းခဲနေရပါတယ်
အဲ့အမှုကို စုံထောက် လီနဲ့ စုံထောက်မင်တို့ တူတူဘယ်လိုစုံစမ်းမလဲဆိုတာ
ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်…။
13 Hours: The Secret Soldiers of Benghazi (2016)
Imdb rating 7.1/10
၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transformers ကားတွေရဲ့ ဒါရိုက်တာ Michael Bay ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
အမျိုးအစားက action / war ဖြစ်ပြီး ၂၀၁၂ ခုနှစ် လစ်ဗျားမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။
John Krasinski က အဓိကဇာတ်ကောင် Jack Silver အဖြစ်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၂ ခုနှစ်မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး နေရာတွေထဲကတစ်ခုဖြစ်လာပါတယ်။
ဘင်ဂါဇီမြို့မှာ တရားဝင်မဟုတ်တဲ့ အမေရိကန်သံတမန်ရုံးတစ်ခုရှိပြီး အဲဒီသံတမန်ရုံးနဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာမှာ Annex လို့ခေါ်တဲ့ စီအိုင်အေလျှို့ဝှက်စခန်းရှိပါတယ်။
Jack Silver ဟာ နေဗီဆီးလ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး စီအိုင်အေဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်
ပုဂ္ဂလိက လက်နက်ကိုင် ကန်ထရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ လစ်ဗျားကို ရောက်ရှိလာပါတယ်။
အဲဒီအချိန်မှာပဲ အမေရိကန်သံအမတ် လစ်ဗျားကို ရောက်ရှိလာပြီး ဘင်ဂါဇီမြို့က သံတမန်ရုံးမှာ တည်းခိုနေပါတယ်။
9-11 နှစ်ပတ်လည်နေ့ဆိုပြီး စက်တင်ဘာ ၁၁ ရက်နေ့ညမှာပဲ လစ်ဗျားစစ်သွေးကြွများက သံတမန်ရုံးနဲ့ စီအိုင်အေစခန်းကို အင်အားအများအပြားနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားရာကနေ
Jack Silverတို့ရဲ့ ၆ ယောက်ပဲ အဓိကပါရှိတဲ့ လုံခြုံရေးအဖွဲ့အနေနဲ့ အင်အားလုံးဝမမျှတဲ့ကြားက ၁၃ နာရီကြာ ခုခံမှုကြီးအတွက် ပြင်ဆင်ရပါတော့တယ်။
Michael Bay ရဲ့ထုံးစံအတိုင်း non-stop အက်ရှင်ဖြစ်တဲ့အပြင် battle sequences တွေကလည်း လှပသပ်ရပ်တာမို့ စစ်ကားကောင်းကြည့်လိုသူများ
၂ နာရီခွဲကျော်ကြာမြင့်အောင် စိတ်ကြိုက်ထိုင်ကြည့်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 10 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 year, 1 month ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 1 year, 2 months ago