ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
(ဇန်နဝါရီ-၅၊ ၂၀၂၅) ယနေ့ ရခိုင်ပြည်နယ် တောင်ဘက်အဆုံး ကျောက်ချွန်နှင့် ဧရာဝတီတိုင်း မကျီးစင်ဘက် တွင် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်စခန်းများကို AA က ချေမှုန်းလိုက်ကြောင်းမှာ မြေုပြင်သတင်း အ တည်ပြု ချက် မရှိပါ
..
ဂွမြိုံမှ ပင်လယ်ကမ်းခြေအတိုင်း တောင်ဘက်တွင် ရွှေယချိုင်- ဒဲ့ချောင်းရွာတို့ တည်ရှိပြီး ကျောက်ချွန်မှာ ရခိုင် ပြည်နယ် အဆုံးဖြစ်။ ထိုမှ တောင်ဘက်တွင် ပေါက်လှကြီး မကျီးစင် ရွာများတည်ရှိပြီး ဧရာဝတီတိုင်း ပုသိမ် မြို့ နယ်အတွင်း ကျရောက်။
..
ကျောက်ချွန်ဘက်တွင် ပစ်ခတ်မှု ရှိပြီး လုံခြုံရေးများ ပုံမှန်ဖြစ်ကြောင်း၊ မကျီးစင် အနီးတွင် ရခိုင်ပြည်နယ် ဘက်မှဟု ယူဆရသူ ၂၀၀ ခန့်ရောက်ရှိနေ၍ စိစစ်လျှက် ရှိကြောင်း
..
မကျီးစင်ရွာနှင့် အနီးဆုံးဖြစ်သည့် ချောင်းသာ-ငွေဆောင်ဘက်တွင် ပုံမှန်အတိုင်း ရှိနေပြီး ဧည့်သည်များ ဝင်/ထွက် မပြတ်- အပြည့်ဖြစ်နေ
..
ရခိုင် မာန်အောင်မှဟု ဆိုသည့် လူ ၂၀၀ ခန့်ပါ သင်္ဘောတစ်စီးအား ဟိုင်းကြီးအနီး ထိန်းသိမ်းထား
..
ဇန်နဝါရီ ၃-ရက်စွဲဖြင့် ဧရာဝတီတိုင်းအနောက်ဘက်ဆုံး ငါးသိုင်းချောင်းမြို့နယ် ဗေဒါစစ်ဆေးရေးဂိတ်အား AA တို့ သိမ်းပိုက်ကြောင်း သတင်းမှာ မှန်ကန်ခြင်း မရှိပါ
..
ယခင်ရက် ဂွနှင့် ငါးသိုင်းချောင်းအကြား ရခိုင်ပြည်နယ်ဘက် ဘောဓိတွင် ပစ်ခတ်မှုအနည်းငယ်ရှိခဲ့၊ ယမန်နေ့ ညနေအထိ ဗေဒါစစ်ဆေးရေးဂိတ်မှာ ပုံမှန်ရှိနေခဲ့။ ဂွဘက်သို့ ပုသိမ်နှင့် ရေကြည်-ကျုံပျော်ဘက်မှ တပ်မတော် ယာဉ်များမှတပါး အသွားအလာ မရှိသလောက်ဖြစ်နေပါတယ်။
..
ဗေဒါစစ်ဆေးရေးဂိတ်နဲ့ အနီးဆုံးဖြစ်တဲ့ သီတာကုန်းပြင်- မြောက်စမ်းကျေးရွာများမှာ ပုံမှန်အတိုင်း ရှိနေကြောင်း သိရှိရပါတယ်။
..
#HtayOung, #OungMarine #Gwa #Bawdi #Ngathiangchaung #Rakhine_State #Ayarwady_Region #fyp #Viewer
==
အဲ့ဒီမြို့တွေမှာ ဘာစနစ်နဲ့ အုပ်ချုပ်လည်ပတ်နေသလဲဆိုတော့ အမိန့်ပေး အာဏာတည်တဲ့ နည်းလမ်းသာ လျှင်ဖြစ်နေတယ်။ မပေး မနေရ အခွန်ပေးရတယ်။ စစ်မှုထမ်းရတယ်။ အတိုချုပ်ပြောရရင် စစ်တပ်အုပ်ချုပ် မှုအောက်က လွတ်မြောက်ပြီး ဒေသန္တရစစ်ဘုရင်များ အုပ်ချုပ်တဲ့ လက်အောက်ရောက်ရှိသွားတယ်။
..
သူတို့အချင်းချင်းလည်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြတယ်။ ဒီလိုပုံနဲ့ စစ်တပ်လုံး၀ ကျဆုံးသွားရင်တောင် ဖက်ဒရယ်နိုင်ငံ ဘယ်လို ထူထောင်မယ်ဆိုတာ အရိပ်အယောင်တောင် မတွေ့ရပါ။ ဒါပေမယ့်လည်း ဗမာ PDFs လေးတွေက EAOs များအတွက် ကူညီတိုက်ခိုက်ပေးနေဆဲဖြစ်တယ်။ ဘာ့ကြောင့်ဆိုတာ သူတို့သာလျှင် သိ မယ်။
..
တိုတိုပြောရရင် ပထမ-ဒုတိယ-တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သူ အနော်ရထာ-ဘုရင့် နောင်-အလောင်းဘုရားတို့ဟာ အညာသားများဖြစ်ကြပြီး မျက်မှောက်ခေတ် ပြည်ထောင်စု မြန်မာနိုင်ငံကို ဖျက်ဆီးနေသူများကလည်း အညာသားအများဆုံး ဗမာ PDFs လေးများ ဖြစ်နေပါတယ်။
..
#HtayOung, #OungMarine #People’s_Defence_Force_Myanmar #Myanmar_Army
===
(ဇန်နဝါရီ-၃၊ ၂၀၂၅) ယမန်နေ့ အွန်လိုင်းပေါ်တွင် ပျံ့လွင့်လျှက် ရှိတဲ့ ပဲခူးတိုင်း အနောက်ခြမ်း တောင်ကုတ်-ပန်းတောင်း ရိုးမလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကို AA က ဝင်ရောက်တိုက်ခိုက်လျှက်ရှိပြီး ထိတွေ့မှု ပြင်း ထန်ကြောင်း သတင်းမှာ အပြည့်အစုံ မှန်ကန်ခြင်း မရှိပါ။
..
လွန်ခဲ့တဲ့ ၄-ရက်ခန့်က တောင်ပုံကြီးအကျော် သပြေတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယခု တည်ငြိမ် လျှက်ရှိပြီး ဆုတ်ခွာသွားတဲ့ AA တို့ကို တပ်မတော်က လိုက်လံရှင်းလင်းနေပုံရကြောင်း သိရှိရပါတယ်။
..
ပုသိမ်-မုံရွာလမ်းပေါ်ရှိ ပဲခူးတိုင်း အနောက်ဖက်ဆုံး ဥသျှစ်ပင်မြို့ဟာ ရခိုင်ပြည်နယ်-ဓရာဝတီတိုင်းနဲ့ မကွေး တိုင်းဆုံရာမှာ တည်ရှိပါတယ်။
..
လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တည်းက AA နဲ့ ချင်းသူပုန်များဟာ၊ ပြည် ပေါက်ခေါင်းဝန်းကျင် ဗမာလူငယ်များ ကို စစ်စည်းရုံးခြင်း စစ်သင်တန်းပေးခြင်းဖြင့် အမာခံမွေးမြူခဲ့၊ အဲ့ဒီဘက်ကနေပြီး ရခိုင်ဘက်ကို ထောက်ပို့လုပ် နေခဲ့တဲ့ သတင်းများကို အကြိမ်ကြိမ်ကြားခဲ့ရပါတယ်။
..
ငွေပေးခြင်းဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး စားနပ်ရိက္ခာ-ဆေးဝါး-စက်သုံးဆီများအထိ သယ် ယူနိုင်ခဲ့ပြီး နယ်မြေခံ PDF များနဲ့ ပူးပေါင်း သစ်ခိုးထုတ်ခြင်းဖြင့် ဝင်ငွေရရှိပါတယ်။
.
လက်ရှိ တပ်မတော်ရဲ့ ဆက်တိုက်အရေးနိမ့်မှုများကို ဆန်းစစ်ရရင် “ငွေကျည်ဆန်” နဲ့ အပစ်ခံရခြင်းဟာ ပထ မဆုံး အချက်ဖြစ်ပါလိမ့်မယ်။ ဆန့်ကျင်ဘက် အင်အားစုများဟာ အဲ့ဒီအားနည်းချက်ကို ကောင်းကောင်းသိ ကောင်းကောင်း အသုံးချနေဆဲလို့ ယုံကြည်ရပါတယ်
..
ဒုတိယအချက်က ဗမာလူငယ် PDFs လေးများဖြစ်ပါတယ်။
..
၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၁-ရက်နေ့နောက်ပိုင်း တပ်မတော်ကို ဆန့်ကျင်ဖို့ ရန်ကုန်-မန္တလေးနဲ့ မြန်မာပြည် တိုင်းဒေသများမှ ဗမာ လူငယ်အမြောက်အများဟာ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင် EAOs များထံ အသီးသီး ခိုလှုံုပြီး စစ်ပညာသင်ယူကြပါတယ်။
..
လူမျိုးစုကို အခြေခံပြီး တည်ဆောက်ရတဲ့အတွက် အင်အားချိနဲ့ပြီး နှစ် ၇၀-ကျော်ကြာ တိုက်ကွက်မဖော်နိုင်ခဲ့တဲ့ EAOs တို့အတွက် နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်းညချင်း အင်အားကြီးထွားသွားပါတယ်။
..
အဲ့ဒီ ဗမာ PDFs အချို့ဟာ ၎င်းတို့ရောက်ရှိရာ EAOs များရဲ့ ဘာစစ်ကြောင်း ညာစစ်ကြောင်း အမည်နဲ့ လက် အောက်ခံ တပ်များ ဖြစ်သွားကြပါတယ်။ အချို့လည်း အဲ့ဒီ EAOs စစ်သားများ ခေါင်းဆောင်တဲ့ အဖွဲငယ်များ အဖြစ် မိမိတို့ ဇာတိမြေထံ ပြန်လာကြပြီး လူသစ်စုဆောင်းခြင်း နယ်မြေစိုးမိုးခြင်းများ ပြုလုပ်လာကြပါတယ်။
..
တစ်ပြည်လုံးမှာ PDFs အဖွဲ့ပေါင်း ၃၀၀ ခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းရပြီး ၂၀၂၄-ခုနှစ် ဖေဖော်ဝါရီလမှာ စုစု ပေါင်း အင်အား ၁-သိန်းခန့်ရှိလိမ့်မယ်လို့ သိရှိရပါတယ်။
..
အမျိုးသား ညီညွတ်ရေး အစိုးရ NUG လို နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းရဲ့ လက်အောက်ခံ PDFs အဖွဲ့များ ရှိ သလို မိမိတို့ စိုးမိုးရာ နယ်မြေအတွင်း အခွန်ရငွေများနဲ့ ရပ်တည်တယ်လို့လည်း ပြောကြတဲ့ အဖွဲ့များလည်း ရှိပါတယ်။ အချို့လည်း ဘယ်သူ ဘယ်ဝါကို ကိုယ်စားပြုခြင်း မသဲကွဲပဲ ဒေသန္တရ စစ်ဘုရင်ငယ်များ အသီးသီး ဦးစီးတဲ့ လက်နက်ကိုင်အုပ်စုများ ဖြစ်ပါတယ်။
..
အမှန်တော့ လုံခြုံရေးတပ်များ သွားလာမှုကို မိုင်းဆွဲ ချောင်းမြောင်းပစ်ခတ်ခြင်းဖြင့် တားဆီးပြီး သစ်ခိုးထုတ် ခြင်း-ရွှေ-ရေနံ နဲ့ သတ္ထု-ကျောက်မျက်တူးဖော်ခြင်းဖြင့် ငွေကြေးအမြောက်အများ ရရှိနေကြရာမှာတော့ အား လုံး တူညီကြပါတယ်။ တစ်ဖက်မှာလည်း EAOs များရဲ့ ငွေလုံးငွေရင်း ရှာဖွေရာ ဘိန်းစိုက်ပျိုးခြင်း စိတ်ကြွဆေး ကုန်ကူးခြင်းတို့မှာ ပါဝင်ပတ်သက်မိလျှက်သားဖြစ်သွားပါတယ်။ သူတို့ကို အရောင်တင် ဝါဒဖြန့် ချီပေးနေ သူတွေက နစက အာဏာရယူချိန် မြေအောက် ငုပ်လျှိုးသွားတဲ့ သတင်း မီဒီယာသမားများ ဖြစ်ပြီး Hybrid_War ခေါ် မတူညီတဲ့ နည်းလမ်းမျိုးစုံ ပေါင်းစပ်ပြီး တပ်မတော်ကို တိုက်ခိုက်နေပါတယ်။
..
EAOs များအတွက် အသက်စွန့်ကူညီစစ်တိုက်ပေးရင်း PDFs အထိနာဆုံးဟာ ရှမ်းမြောက် 1027 စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိ တစ်နိုင်ငံလုံးမှာ PDFs ဗမာလူငယ် ၅၀၀၀ မှ ၇၀၀၀ ခန့်ကျဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၁-ရက်နေ့မှစတင်တဲ့ လက်နက်ကိုင် ပဋိပက္ခ ၁၄၂၈-ရက်မြောက်နေ့မှာ
-မြောက်ပိုင်း မဟာမိတ် ၃-ဖွဲ့ ဖြစ်တဲ့ MNDAA က ၉-မြို့၊ TNLA က ၁၂-မြို့၊ AA က ၁၈-မြို့ စုစုပေါင်း ၃၉-မြို့ကို သိမ်းယူထားတယ်။
ဒေသအလိုက်ကြည့်ရင် ကချင်ပြည်နယ်မှာ ၁၆-မြို့၊ ကယား- ၇ မြို့၊ ကရင် ၅-မြို၊ ချင်း ၁၇-မြို့၊ ရခိုင် ၁၈-မြို့၊ ရှမ်း ၂၄-မြို့၊ စစ်ကိုင်း- ၄-မြို့၊ မန္တလေးတိုင်း ၅-မြို့ စုစုပေါင်း ၉၆-မြို့ကို လက်နက်ကိုင်အဖွဲ့အသီးသီးက ထိန်းချုပ်ထားတယ်။ ဒါပေမယ့် လွတ်မြောက်သွားပြီဆိုတဲ့ အဲ့ဒီမြို့ရွာတွေမှာ ဗမာ လူမျိုးများပိုင် နေအိမ်တွေကို သူတို့ မျက်စိရှေ့မှာပဲ EAOs တွေက ချိတ်ပိတ် သိမ်းယူနေတယ်။ နေထိုင်ခွင့် စီးပွားရေး လုပ်ကိုင်ခွင့် ကန့် သတ်နေတယ်။
..
Jan -3
ငါန်းဇွန်မြို့နယ်အတွင်း ခိုအောင်းနေသည့် PDF များကို ရှင်းလင်းချိန် တိုက်ပွဲဖြစ်ပွားရာမှာ ဖောက်ခွဲရေးပစ္စည်းများအပြင် PDF ၃ ဦးကိုပါ အသေဖမ်းမိ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင်ကျောင်းများရှိ PDF များကို ရှင်းလင်းချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ PDF ၃ ဦးအား အသေဖမ်းမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF များသည် ငါန်းဇွန် မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ကုလားကျေးရွာအတွင်း၌ ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း ပြည်သူ့သတင်းပေးပို့မှုအရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါ ကျေးရွာအတွင်းသို့ ရုတ်ချည်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF များနှင့် ရင်ဆိုင်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးPDF ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုအောင်းနေထိုင်လျက်ရှိသည့် နေအိမ်နှင့်စာသင်ကျောင်းအတွင်းမှ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ ၎င်းတို့အသုံးပြုလျက်ရှိသည့် ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့် လုပ်ရပ်များလုပ်ဆောင်မည့် အကြမ်းဖက်သမားများနှင့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ခြင်းဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
◾ Website တွင် ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=87041
#ငါန်းဇွန် #PDF #NUG #မန္တလေး #MyanmarTransparency
*3⃣*,Jan.
မွန်ပြည်နယ်
ကျိုက်ထိုမြို့နယ်
အင်္ဂပူနဲ့သိမ်ဇရပ်ကြားရှိ
KNU တပ်မဟာ ၁ မှ
စီးပွားရေးလုပ်ငန်းရှင်များအား
လက်နက်ဝယ်ယူရန်အတွက် ဆတ်ကြေးတောင်းခံကောက်နေကြောင်းသတင်းသိရှိရပါသည်။
တာဝန်ရှိတပ်နယ်မှူးများ လခရကင်းနှင့်ဂိတ်စခန်းများ သတိရှိစွာ
သတင်းလက်ဦးမူရယူကာ
ပြင်ဆင်သင့်ကြောင်းပါ
မပေါ့ဆကြပါနှင့်......။**
မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံး ပြု၍ လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်မည်
လတ်တလောဖြစ်ပွားလျက်ရှိသည့် မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိ-မ်လည်မှုများဖြစ်ပေါ်နေသဖြင့် လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
မသမာသူများသည် မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိ-မ်းခြောက်ခြင်းတို့ဖြင့် လိ-မ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ မိုဘိုင်းငွေကြေးသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူစုဆောင်းခြင်း၊ OT-P နံပတ်များ၊ လုံခြုံရေးနံပါတ်(Passwo-rd)များအား နည်းလမ်းအမျိုးမျိုးဖြင့်ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင် လုပ်ငန်းများ၊ ၎င်းတို့နှင့်ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများ၏ စနစ်အားနည်းပညာဖြင့်ဖောက်ထွင်းယူခြင်းများပြုလုပ်ပြီး မိုဘိုင်းငွေကြေးသုံးစွဲသူ များ၏ မိုဘိုင်းငွေကြေးများကိုဖောက်ထွင်းရယူ ၍ လိ-မ်လည်မှုများပြုလုပ်လာကြသည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။
ထို့ကြောင့် ဗဟိုဘဏ်၏ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီမှစောင့်ကြည့်ထိန်းကျောင်းခြင်းများပြုလုပ်လျက်ရှိကာ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများအား အသုံးပြု၍လိ-မ်လည်မှုဖြစ်ပွားပါက လိ-မ်လည်ခံရသူများတိုင်ကြားနိုင်ရေး စံလုပ်ငန်းစဉ်(SOP)ကိုလည်း ထုတ်ပြန်ပေးထားသည်ဟု အသိပေးခဲ့သည်။
ထို့ပြင် မိုဘိုင်းငွေကြေးသုံးစွဲသူ၏ မှားယွင်းမှုနှင့်ဆောင်ရွက်ချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OT-P နံပါတ်များ၊ လုံခြုံရေးနံပါတ်(Passwor-d) များနှင့် ကိုယ်ရေးအချက်အလက်များအား အခြားနည်းလမ်းဖြင့်ရရှိဖြစ်ပွားသည့် လိ-မ်လည်မှုဖြစ်စဉ်များကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်ပါက သုံးစွဲသူများဆုံးရှုံးမှုမရှိစေရန် တာဝန်ရှိသူများက ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့အတူ လိ-မ်လည်မှုဆောင်ရွက်နေသည့် လူပု ဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ပူးပေါင်းစိစစ်ဖော် ထုတ်၍ ရည်ရွယ်ချက်ရှိရှိဖြင့်ဆောင်ရွက်လျက်ရှိသော လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက်အရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟုလည်း အသိပေးခဲ့သည်။
ထို့ကြောင့် မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် ဗဟိုဘဏ်ကခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးလုပ်ငန်းများကိုသာ အသုံးပြုကြရန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိမှတ်ပြုမှတ်ပုံတင်ထားသည့် SIM Card များကိုသာ အသုံးပြုကြရန်၊ မိမိ၏ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားရန် ဗဟိုဘဏ်ကအသိပေးခဲ့သည်။
ထို့အတူ အများပြည်သူကြည့်ရှုနိုင်သည့်နေရာများတွင်ဖော်ပြခြင်းမပြုရန်၊ မိမိ၏ OT-P Code နှင့်လုံခြုံရေးနံပတ်(Passwo-rd)များအား အခြားသူများသို့ မျှဝေခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ မသမာသူများမှ မိမိ၏ကိုယ်ရေးအချက်အလက်များအား ရယူရန်ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း ၊ လင့်(Link)များပေးပို့ခြင်း၊ Mobile Application များအား Download ဆွဲယူခြင်း၊ ဝင်ရောက်ခြင်း၊ Access ပေးခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ လိ-မ်လည်မှုဖြစ်ပွားပါက သက်ဆိုင်ရာဘဏ်(သို့) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ၏ (Call Centre)သို့ အမြန်ဆုံးဆက်သွယ်ဆောင် ရွက်ရန်လည်း ဗဟိုဘဏ်ကသတိပေးခဲ့သည်။
စမ်းချောင်းတွင်အသုံးပြုနေသည့်မီးစက်ပေါက်ကွဲ===
၊ဇန်နဝါရီ၁၊၂၀၂၅
စမ်းချောင်းမြို့နယ်၊ကျွန်းတောအလယ်ရပ်ကွက်၊ဖျာပုံလမ်း၊ပန်းလှိုင်ဆေးခန်းရှေ့တွင်ဒီဇင်ဘာလ၃၀ရက်နံနက်၉း၁၅နာရီအချိန်ကမီးစက်နှစ်လုံးမောင်းနှင်ထားစဥ်ပေါက်ကွဲမှုဖြစ်ပြီးဘက်ထရီနှစ်လုံးပျက်စီးခဲ့သည်။
ပေါက်ကွဲမှုကြောင့်လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိပဲအနီးတွင်ရပ်ထားသောကားနှစ်စီးအနည်းငယ်ထိခိုက်ခဲ့ကြောင်းသိရသည်။
နပခ/အမ်း
🔜 **တပ်မတော်မှ ပြန်လည် ထိုးစစ်ဆင်လျက်ရှိရာ ရလာဒ်ကောင်းများ ရရှိနေကြောင်းနှင့် မကြာမီ AA ဘက်မှ အော်သံများ ကြားရဖွယ်ရှိကြောင်း သိရှိရပါသည်။ကျုပ်ပြောရင် ယုံသာယုံလိုက်။
မောင်ချိန်ခွင်**
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago