The official Telegram on Telegram. Much recursion. Very Telegram. Wow.
Last updated 1 year ago
🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️
Bots: https://t.me/iPapkornBots/2
Last updated 1 year, 1 month ago
Breaking News | Observing world events unfold in the grand theater of our time.
Last updated 11 months, 3 weeks ago
အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍
တိုက်တွန်းနှိုးဆော်ချက်
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်
၁။အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရသူ (ပြည်သူ့စစ်မှုထမ်း-ပစ)များမှာ ယခုရက်ပိုင်းတွင် ရှေ့တန်းစစ်မျက်နှာများ၌ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိသည်။
၂။နိုင်ငံရေးအမြင်ရှိသောလူငယ်များကမူ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုများထံ ကြိုတင်ဆက်သွယ်၍ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်း၊ အလင်းဝင်ခြင်း၊ အကြမ်းဖက်စစ်တပ်မှ ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြသည်။
၃။လက်ရှိစစ်ဆင်ရေးအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ခုခံ တွန်းလှန်စစ်အတွင်း ၎င်းတို့၏ အင်အားအဆမတန် ပြုန်းတီးလျက်ရှိခြင်း၊ ထောက်/ပို့ဆက်ကြောင်း ပြတ်တောက်နေခြင်းကြောင့် မြေပြင်မှ ထောက်ပို့လုပ်ဆောင်ရန် မတတ်နိုင်တော့ဘဲ လေကြောင်း မှသာ ထောက်ပို့ဆောင်ရွက်နေရခြင်း၊ နိုင်ငံအနှံ့ တပ်ဖြန့်ချထား၍ ပြည်သူ့တော်လှန်ရေးကို ဟန့်တားရန် မဖြစ်နိုင်တော့ခြင်း၊ တန်ပြန်ထိုးစစ် မဆင်နိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ သိမ်းယူ ထားသည့် မည်သည့်မြို့၊ စခန်းတခုကိုမျှ ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ခြင်း၊ ခဲယမ်း၊ မီးကျောက် မလုံမလောက် ဖြစ်နေခြင်း စသောအားနည်းချက်များ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား မြင်တွေ့လာရသည်။
၄။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ လူအင်အားချို့တဲ့သည့် ပြဿနာကို ဖြေရှင်းရန် အဓမ္မ စစ်သားစုဆောင်းသည့်နည်းကို မိုက်မဲစွာ ကျင့်သုံးနေခြင်းဖြစ်သည်။
၅။အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်၊ လူရွယ်များနှင့် ပတ်သက်၍ တိုက်တွန်း နှိုးဆော်လို သည်မှာ-
(က)ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ လူမှုစာမျက်နှာများနှင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့ ကြိုတင်ချိတ်ဆက်ထားရန်၊
(ခ)စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ (PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ) တို့ထံ ဆက်သွယ်၍ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြရန်
(ဂ)ဘက်ပြောင်းခိုလှုံလာသော လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
The official Telegram on Telegram. Much recursion. Very Telegram. Wow.
Last updated 1 year ago
🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️
Bots: https://t.me/iPapkornBots/2
Last updated 1 year, 1 month ago
Breaking News | Observing world events unfold in the grand theater of our time.
Last updated 11 months, 3 weeks ago