Unlock a World of Free Content: Books, Music, Videos & More Await!

TwanTay Royal Defence Force (TRDF)

Description
အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 3 days ago

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 6 days, 2 hours ago

hace 1 día, 3 horas

တော်လှန်ရေးအလားဂျစ်
------------------------

အာဏာရှင်တဲ့
ကာလရှည်ကြာ အိမ်တွင်းအကြမ်းဖက်ခဲ့ရုံမက
ခဏအတွင်းပဲ ခြေလွန်လက်လွန် အဓ္ဓမ ပြုကျင့်
အနီရင့်ရင့် သွေးစက်စက်
ဟဲလဲပက်စက် ဒဏ်ရာရ နိုင်ငံကြီးခမျာ
ကမ္ဘာ့အကြီးဆုံး အနာနဲ့
ကူကယ်ရာ ကုသရာဆေး
ဝေးနေခဲ့လေသလားပေါ့နော်။

စွန့်လွှတ်ပြီး ချစ်ကြ
အနစ်နာခံပြီး ချစ်ကြ
ချစ်ကြပုံ အမျိုးမျိုးနဲ့
ဆေးချိုချို ဆေးခါးခါး
ဆေးများများ ဆေးပေါ့ပေါ့
တော်တည့်ရာ ခန့်မှန်း
ကြမ်းကြမ်း နုနု
ပြုစု၊ ကုသ ပေးခဲ့ကြပါရဲ့

သိအိုရီနဲ့ လက်တွေ့
ကွက်တိကျမယောင်နဲ့ တေ့လွဲ
ကွဲပြားတဲ့ ကုသဆေးတွေ
ဝေဟင်ဆေး vs မြေပြင်ဆေး
တော်လှန်ရေး vs တည်ဆောက်ရေး
လူ့အခွင့်အရေး vs တော်လှန်ပြည်သူလုံခြုံရေး
ဓါတ်ပေး၊ ဓါတ်ယူ မသင့်
တနင့်နင့် ပိုနာ
နိုင်ငံတော်ခမျာလည်း
ဆေးကြောင့် ကြေရ၊ ဘေးကြောင့် ကြွေရ
ကာလကြာ နာတာရှည်၊ ဝေဒနာ ပိုစီး
တော်လှန်ရေးကြီး ကိုယ်တိုင်
ကုဆေး အလားဂျစ်ဖြစ်စပြု
ကုသသူတွေ သိကြပါလေစ။

# ပန်းရိပ်

hace 1 día, 4 horas

ကဗ္ဗည်း
-----------

သူ့မြေတလျှောက် အလည်ရောက်ချိန်
စစ်ကျွန်နံ့ကင်း အောင်လံဝင်းတဲ့
လွတ်လပ်လေကို ရှူရသည် ။

သူ့ဒေသတွင်း ခြေကိုနင်းသော်
ပေးဆပ်စွန့်ခြင်း သွေးခင်းလမ်းနှင့်
ရဲရင့်‌မြေတို့ မြင်ရသည် ။

သူတို့ဌာနေ ရွာဦးမြေမှာ
ရဲရဲနီဆွေး အုတ်ဂူလေးကို
ကြယ်ဖြူခြယ်တပ် ကဗ္ဗည်းချပ်နှင့်
ဦးညွှတ်ကြတာ ငါတွေ့သည် ။

မေးမြန်းကြည့်သော် ဤမြေပေါ်ဝယ်
တော်လှန်စစ်ပွဲ ဝင်ကာနွှဲလျက်
အမိမြေထက် ပြည်သူ့ဘက်မှာ
ရပ်တည်ပြတ်သား သက်စွန့်သွားသည့်
ပြည်သူ့ကြားက ရဲဘော်အမည် ။

~ တေး

အရာတော်ပို့စ် | ကဗျာက‌ဏ္ဍ

hace 1 día, 5 horas

ဂီဒွန် အပါအဝင် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ စခန်း
​လေး ခုကို KIA ထိုးစစ်ဆင်

︎ဂီဒွန်စခန်းကို သိမ်းပိုက်ခံရပြီး ၇ နှစ်​ကျော်အကြာတွင် KIA ကပြန်လည်ထိုးစစ်ဆင်

ဟန်နွေ၊​ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဂီဒွန် စစ်ကောင်စီ စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များက ယနေ့ (​မေ ၄) ညနေပိုင်း၌ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့နှင့် KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ဂီဒွန်၊ ဆမား၊ ကဂမ် ၊အန်ခွမ် စစ်​ကောင်စီတပ်စခန်း ၄ခုကို KIAက ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

“ လိုင်ဇာနဲ့တော့ ဝေးတယ်။ ဝိုင်းမော်မြို့နယ်ထဲပဲ။ မနေ့ကတော့နည်းနည်း ထိတွေ့မှု ဖြစ်တယ်။ ဒီနေ့ကတော့ ထိုး
စစ်အနေနဲ့ စနေပြီ” ဟု  စစ်ရေးသတင်းရင်းမြစ်က ပြော
သည်။

စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများ ရှိနေသည်ဟုလည်း ၎င်းက ဆက်​ပြောသည်။

အခြားကချင်စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
ကဂမ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို မေလ ၃ရက်
နံက်မှစ၍ KIAနှင့် KPDFပူးပေါင်းတပ်က  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ပြောသည်။ မေလ ၄ရက်နေ့ ညနေ ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ  ဗုံးကြဲတိုက်ခိုက်ပြီး စခန်းမကျရေးခုခံနေကြောင်း ၎င်းကဆက်ပြောသည်။

"ကဂမ်ကို တိုက်နေပြီး ဂီဒွန်ကိုလည်း ပိတ်ထားတယ်။ သူတို့ လက်နက်ချချင်ချ။ မချလို့‌ပြေးမယ်ဆို တရုတ်ထဲပဲပြေးရမှာ" ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ကဂမ် နှင့် ဂီဒွန်သည့် တရုတ်နယ်စပ်အနီး မလှမ်းမကမ်း
၌တည်ရှိသည်ဟုသိရသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း ဆမား၊ ကဂမ်၊ ဂီဒွန် စစ်ကောင်စီတပ်စခန်း နေရာများ၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ယနေ့ညနေပိုင်း၌ ကချင်ဘာသာဖြင့် သတင်းဖော်ပြသည်။

“ညနေ ၄နာရီခန့်မှာ ကေအိုင်အေစုပေါင်းတပ်တွေ ထိုးစစ်ဆင်တဲ့အပေါ် ဗမာစစ်တပ်ကလည်း ဂျက်လေယာဉ် ၂စင်းနဲ့ ဗုံးလာကျဲဒါတွေရှိတယ်။ ဆမား၊ ကဂမ်၊ဂီဒွန် တောင်တွေမှာတပ်စွဲထားတဲ့ ဗမာစစ်တပ်တွေ ‌နဲ့ ကေအိုင်ကေစုပေါင်းတပ်တွေနဲ့ မေလ၃ရက်နေ့ကနေ တိုက်ပွဲစဖြစ်ကြတယ်” ဟု ကချင်သတင်းရင်းမြစ် တစ်ဦးက KIA သတင်းပြန်ကြား
ရေး၏ ကချင်ဘာသာ သတင်းဖော်ပြချက်ကို ဘာသာပြန် ပြောပြပေးသည်။

ယခုတိုက်ခိုက်နေသည့် စခန်းများအနက် ဂီဒွန် တပ်စခန်းသည် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက KIA လက်လွှတ်ခဲ့ရသည့် တပ်စခန်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စစ်တပ်က လေ
ကြောင်း၊ လက်နက်ကြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ​လေးလ ​ကျော်အကြာတွင် စစ်တပ်ကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။  ထိုစဥ်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော်က ဂီဒွန် တပ်စခန်း နှင့်ပတ်သက်ပြီးလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ရာ ကချင်အမျိုးသားများ၏ ယုံကြည်မှုနှင့် ဂီဒွန်စခန်းကို လဲလှယ်လိုက်ရသည့်အတွက် ဝမ်းမနည်းကြရန် ဖော်ပြကာ ခုခံတိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များ၊ ရဲ
ဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိကို လေးစား အသိအမှတ်
ပြုကြောင်း ​ရေးသားခဲ့သည်။

ဂီဒွန်တပ်စခန်း ကိုဆုံးရှုံးခဲ့ရပြီး​နောက် ၇နှစ်ကျော် အကြာတွင် KIAက ပြန်လည် ထိုးစစ်ဆင်ခြင်းလည်းဖြစ်သည်။ 

"နန်ဆန်ယန်နဲ့ မြစ်ကြီးနားကြားက မလိယန်တို့ ကန်ဒေါင်ယန်တို့ရဲ့ အရှေ့ဖက်တောင်ကြောမှာ ကာဂန်ဘွမ်တို့ ဆမားတို့ ရှိတယ်။ အဲဒီတောင်ကြောမှာ အဲဒီနံမည်တွေထက် ဂီဒွန်ကို လူသိများတယ်။ ဂီဒွန်မှာ ၂၀၁၆ ခုနှစ်လောက်က လနဲ့ချီတိုက်ခဲ့ကြဘူးတယ်။ ၈ နှစ်အကြာ ၂၀၂၄ ခုနှစ်အရောက်မှာ ကာဂန်ဘွမ်၊ ဆမား၊ ဂီဒွန်ဖက်ကို တကျော့ပြန် အလှည့်ကျပြီလို့ ကြားရပါတယ်"ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သူ၏ လူမှုကွန်ရက်၌ ယနေ့ ရေးတင်ထားသည်။

hace 1 semana, 4 días
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

hace 1 semana, 4 días

ပြည်တော်ဝင်
__

မြန်မာပြည် သည်ကာလ
ညီပါမှ ကောင်းမှာ
ချီပါကြ ပြောင်းလာစေရန်
ဟောင်းတာတွေ ဖယ်ထား
ဟောင်းစွဲတို့ ခေါင်းထဲခွာပါ
ပြောင်းလဲပါ ဝိုင်းကြစို့လား။

လမ်းဖောက်တုန်း မင်းပါဝင်
မင်းငါပင် အင်အား
မင်းကြာလျှင် ငြင်မသွားနဲ့
ပြင်ထားကွဲ့ စိတ်ကို
ခရီးတာ မဆုံးသေးခင်ပ
အရှုံးပေး ကြောက်ဖို့မလို။

ရဲရင့်မှ ပွဲတင့်ကြိုမည်
ဇွဲဆင့်လို ပန်းတိုင်နီးပြီမို့
လှမ်းကိုင်ပြီး ပျော်ရမှာပင်
လှော်ကြပါဝင်။

ရွှေပြည်သစ် ညီမျှော်မြင်ပါ
ပြည်တော်ဝင် နီးပြီပါ့လေး။ ။

# အောင်မြင်နွေဦး

hace 1 semana, 4 días

ခေတ်ကြီးကောင်းသွားရင် -

ခပ်တင်းတင်း
ဖက်ထားရမယ့် လူတွေရှိတယ်...

ပြီးတော့

ခပ်ကင်းကင်း
မေ့သွားရမယ့် သူတွေလည်းရှိတယ် ...။

✍🏼လူခေး

hace 1 semana, 4 días
ရွှေပေါက္ကံရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲနှစ်ဦးဒဏ်ရာရဟုဆို

ရွှေပေါက္ကံရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ရဲနှစ်ဦးဒဏ်ရာရဟုဆို

ဧပြီလ ၂၄ ရက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံ မြို့သစ်ရဲစခန်းအား ပြည်သူများ၏တိုင်ကြားချက်အရ ပြင်းအားမြင့်မိုင်း ၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (၂)မှ တာဝန်ရှိသူကပြောသည်။

"စခန်းကနေ ကင်းလှည့်ဖို့ထွက်လာတဲ့ အဖွဲ့ထွက်လာမှ ခွဲဝာာ ။ နှစ်ယောက်ထိတယ်လို့ မြေပြင်သတင်းအရသိရပါတယ်"ဟု ၎င်းကပြောသည်။

ဧပြီ ၂၄ ရက် ည ၆နာရီ ၄၅ မိနစ်တွင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီးအဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

"ပြည်သူတွေတိုင်လို့ပါ။ညနေဆိုတံတားထိပ်မှာဆိုင်ကယ်ဖမ်းတာငွေညှစ်တာတွေရှိတယ်"ဟု ယင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ရသည့် အကြောင်းကို ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (၂)သည် ၎င်းတို့မြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။

#PS
#HlaingInfo

hace 1 semana, 4 días

တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ ကရင် ပြည် နယ်သို့ ရွှေ့ပြောင်းနေပြီး BGF ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ်သက်နေသူများအဖြစ် အမေရိကန် USIP က အစီရင်ခံ ■  ကျားဖြန့်များက အမေရိကန်နိုင်ငံကို…

hace 1 semana, 4 días

တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ ကရင် ပြည် နယ်သို့ ရွှေ့ပြောင်းနေပြီး BGF ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ်သက်နေသူများအဖြစ် အမေရိကန် USIP က အစီရင်ခံ

■  ကျားဖြန့်များက အမေရိကန်နိုင်ငံကို ပစ်မှတ်ထားနေပြီး နိုင်ငံပေါင်းစုံပါဝင်သော နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းရန်၊ ကျူးလွန်သူများကို ဖမ်းဆီးရေး KNU နှင့် ပူးပေါင်းဆောင်ရွက်ရန် အကြံပြု

ရန်ကုန်၊ ဧပြီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က ဧပြီလ ၂၂ ရက်နေ့တွင် အစီရင်ခံဖော်ပြလိုက်သည်။

တရုတ်နိုင်ငံ၏ အရေးယူမှုများကြောင့်  ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများသည် လုပ်ငန်းများကိုပိတ်သိမ်းကာ  ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေကြောင်း၊ အွန်လိုင်းငွေလိမ်လည်ကြသည့် အစုအဖွဲ့တချို့က လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ပြန်လည် စုစည်းတည်ထောင်နေကြပြီး အချို့မှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ရှိ UWSA နှင့် မိုင်းလားအဖွဲ့များ ထိန်းချုပ်ထားသော နေရာများတွင် လုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်ကြကြောင်း၊  သို့သော် အများစုသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည်  ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းကာ စစ်တပ်လက်အောက်ခံ BGF တပ်များက အကာအကွယ်ပေးထားကြောင်း သိရှိရသည်။

ကရင်ပြည်နယ်တွင် ပြောင်းရွှေ့နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများက အမေရိကန်နိုင်ငံကို ပစ်မှတ်ထားလာပြီး အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အိမ်နီး ချင်းနိုင်ငံများနှင့်အတူ နိုင်ငံပေါင်းစုံပါဝင်သော ရာဇဝတ်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန် တိုက်တွန်းရမည်ဖြစ်ကြောင်း USIP က အကြံပြုထားသည်။ 

၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်၊ မိုင်းလားနှင့် ဝ နယ်မြေများရှိ နယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများကို တရုတ်နိုင်ငံက အရေးယူခဲ့ကြောင်း၊  တရုတ်နိုင်ငံ၏ သဘောတူညီချက်ဖြင့် MNDAA နှင့်မဟာမိတ်တပ်များက စစ်တပ်လက်အောက်ခံ ကိုးကန့် BGF ကို မောင်းထုတ်နိုင်ခဲ့ပြီး စစ်တပ်စခန်းရာပေါင်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တရုတ်က  ဖမ်းဆီးထားသည့် ကိုးကန့် BGF ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိများကို  ဖမ်းဆီးအရေးယူရန် တရုတ်အာဏာပိုင်များက မြန်မာစစ်ကောင်စီကို  ဖိအားပေးနေကြောင်း သိရှိရသည်။

ကရင်ပြည်နယ်အတွင်း မြဝတီမြို့အနီးတဝိုက်မှ ငွေလိမ်ဂိုဏ်းနှင့်ပတ်သက်နေသော တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ပြန်လည်လက်ခံရေးအတွက် တရုတ်အာဏာပိုင်များက မြန်မာစစ်ကောင်စီ၊ ထိုင်းအာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင်  ရှမ်းပြည်နယ်မြောက်ပိုင်းကဲ့သို့ ငွေလိမ်ဂိုဏ်းနှင့်ပတ်သက်နေသော ကရင် BGF ခေါင်းဆောင်များ၊ အခြားပြည်သူ့စစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခြင်းမရှိကြောင်း သိရှိရသည်။

လတ်တလော ကရင်ပြည်နယ်တွင် တရုတ်များ ဦးဆောင်သော အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ ကြီးထွားလာနေကြောင်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် BGF ၏ အဓိက ခေါင်းဆောင် ၃  ဦးက အဓိကပါဝင်နေကြောင်း USIP က ဆိုသည်။

KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့်  ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့သည် တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။

ထို့ပြင် နာမည်ဆိုးဖြင့်ကျော်ကြားသော KK Park Project သည် အမေရိကန်လူမျိုးများကို ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားမှုများတွင် ကြီးကြီးမားမားပါဝင်နေကြောင်း၊ BGF ဗိုလ်မှူး တင်ဝင်းသည် Huanya Project တွင် KNLA မှ ရော်ဂျာခင်နှင့်အတူ  ပါဝင်ခဲ့ကြောင်း USIP က ဖော်ပြထားသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများ လည်ပတ်နေသည့်နေရာများတွင် အလွန်အမင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေပြီး ဒုဗိုလ်မှူးကြီး မုတ်သုန်မှာလည်း စောချစ်သူတန်းတူ အဓိက ဦးဆောင်ပါဝင်သူဖြစ်ကြောင်း ဖော်ပြထားသည်။

hace 1 semana, 4 días
TwanTay Royal Defence Force (TRDF)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 3 days ago

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 6 days, 2 hours ago