TwanTay Royal Defence Force (TRDF)

Description
အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 3 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

2 months ago
ဒေါ်နယ်ထရမ့် ဦးဆောင် အနိုင်ရခြင်းဟာ သမိုင်းဝင်ဖြစ်ရပ်ဖြစ်သလို အင်အားကောင်းတဲ့ အစ္စရေးအမေရိက …

ဒေါ်နယ်ထရမ့် ဦးဆောင် အနိုင်ရခြင်းဟာ သမိုင်းဝင်ဖြစ်ရပ်ဖြစ်သလို အင်အားကောင်းတဲ့ အစ္စရေးအမေရိက မဟာမိတ်ကို ပြန်လည် ကတိကဝတ်ပေးစွမ်းတဲ့ ကြီးမားသည့်အောင်မြင်မှုဟု အစ္စရေးဝန်ကြီးချူပ် နေတန်ညာဟု က နှုတ်ခွန်းဆက် စကား ဖော်ပြထားသည်

2 months ago

ကျွန်တော်နိုင်စေချင်သူက ရှုံးဖို့ သေချာသွားပြီ🤭

2 months ago

ခွေးမြီးတို၏ တရုတ်ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကြားကို အဖုအထစ် ပိုဖြစ်လာ မည်ကို စိုးရိမ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

" ဒီလိုမျိုးဖိတ်ကြားမှု၊ ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာပြည်သူလူထုကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူ ဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်တဲ့ စစ်ကောင်စီကိုပဲ မျက်နှာမူတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာကို စိုးရိမ်မှုရှိတယ် " ဟု  ဆိုသည်။

ယမန်နေ့ကပြုလုပ်သော NUG နှင့် မိတ်ဖက် လက်နက်ကိုင် ၃ ဖွဲ့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း (BRI) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တရုတ်-မြန်မာစီးပွားရေး စင်္ကြံ (CMEC)စီမံကိန်းများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း နှောင့်နှေးသွားခဲ့သည်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင်မူ ထိုစီမံကိန်းများ အကောင်အထည်ဖော်ရန် ခက်ခဲသွားသည်။ 

CMEC စီမံကိန်းများသည် တရုတ်၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် နိုင်ငံတကာ ကုန်သွယ်မှု ပင်လယ်ထွက်ပေါက် ရရှိစေမည်ဖြစ်ပြီး ထိုစီမံကိန်းများထဲတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၊ ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက်မည့် ယူနန်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူ မီးရထားလမ်းစီမံကိန်း နှင့် နယ်စပ်စီးပွားရေးဇုန်းစီမံကိန်းများ ပါဝင်နေ သည်။ 

ထိုစီမံကိန်းများ အကောင်အထည်ဖော်ရမည့် လမ်းပိုင်းတစ်လျှောက်နယ်မြေများ နှင့်  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအများစုကို စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးတွင် လက်လွှတ်ထားရပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားလျက်ရှိသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော အယ်လ်ဖာဘိလပ်မြေ စက်ရုံရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စက်ရုံတွင် တပ်စွဲထားသည်။

ထို့ပြင် မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်တွင် အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကိုလည်း NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်များက ဇူလိုင်လကုန်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

2 months, 1 week ago

နပခ

2 months, 1 week ago
2 months, 1 week ago

ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ရေဦးမြို့နယ် နှင့် ခင်ဦးမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး၍ ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကာဘိုးရွာတွင် အထိုင်ချထားသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုင်ပေါင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ကျီစုရွာနှင့် ကျောက်တိုင်ရွာများကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဝင်ရောက် စီးနင်းမှု မပြုလုပ်မီ ဒရုန်းများဖြင့် ရွာထဲကို ကျချ တိုက်ခိုက်ပြီး မြေပြင်မှ ပစ်ခတ် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျီစုရွာ ၊ ကျောက်တိုင်ရွာ ၊ ပင်စိမ်းခင်းရွာ နှင့် မုံလှရွာ တို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံထားရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် လက်ရှိချိန်တွင် ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ရှိ အိုင်ပေါင်းချောင်ရွာ၊ အောင်ချမ်းသာရွာ ၊ ယင်းတိုက်ရွာ ၊ ကျောက်တိုင်ရွာ ၊ ကျီစုရွာ ၊ ပင်စိမ်းခင်းရွာ နှင့် မုံလှရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

"ဒီစစ်ကြောင်းက ဒီနေ့ မနက် ကန့်ဘလူနယ် ထန်းကုန်းဘက်ကနေ ကားကြီး ၄ စီးနဲ့ ကာဘိုးကို ဝင်ရောက်လာတယ်လို့ သိရတယ်။ ကာဘိုးကို ရောက်ပြီး အခုလို စစ်ကြောင်းစထိုးလာတာ တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ လက်နက်ကြီးတွေလည်း ပါလာတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက အစ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ ကျီစုရွာကို ဒရုန်းနဲ့ ဗုံးကျဲပြီး ဝင်ရောက် စီးနင်းတာပဲ မွန်းလွဲပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နောက်ပြီး ခွေးစစ်ကြောင်းက ပင်စိမ်းခင်းရွာကို ဒရုန်းဗုံးကျဲပြီး ထပ်မံဝင်ရောက်စီးနင်းတယ်။ အဲကနေ တစ်ဆင့် ကျောက်တိုင်ရွာကိုလည်း ဒရုန်းနဲ့ ဗုံးကျဲပြီး ပြည်ပိုင်‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျောက်တိုင်ရွာကနေပြီး မုံလှရွာ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းပေါ်ကိုလည်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တယ်။ ဘုရားကျောင်းက ခေါင်းလောင်းစင်လည်း တဝက်ထိထားတယ်လို့ ကနဦးကြားသိရပြီး  ကျောင်းဆောင်လည်း ထိမှန်ပျက်စီးတာတွေရှိတယ်" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ပါဝင်ပြီး လက်ရှိချိန်ထိ ကျောက်တိုင်ရွာထဲ၌ တပ်စွဲထားကြောင်း သိရသည်။

2 months, 2 weeks ago

ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊  ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခြင်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ် အနိုင်ကျင့်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"အဲရုံးတွေမှာ ပြည်သူတွေကို ဖိနှိပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေစဉ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ထိထိရောက်ရောက် ပစ်သွင်း တိုက်ခိုက်နိုင်ခဲ့တယ်။ အုပ်ကြီးနဲ့ နောက်လိုက် နောက်ပါတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပါတယ်။ ပြည်သူတွေကို မျိုးစုံ ဖိနှိပ်အနိုင်ကျင့်နေတဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်တွေကို ထိထိရောက်ရောက် ထပ်မံတိုက်ခိုက်သွားမယ်" ဟု Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

2 months, 2 weeks ago

မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၀ တန်းကျောင်းသူ ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသ ပြည်သူများ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၁၅ နှစ်ဝန်းကျင် အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး တို့ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

“၅ နာရီလောက်က ချတာက ရွာမြောက် ငါးမြှောင်တောင်ကုန်းနားမှာ ၂ လုံးချသွားတာက ထိခိုက်မှု မရှိပါဘူး။ နောက်တစ်စီးကနေ တောင်ကနေ ထိုးချကျဲသွားတဲ့ တစ်စီးက ထိခိုက်တာ။ ရွာပေါ်တန်း ကျ တာ၊ ဗုံးက ဘယ်လိုမှန်းမသိဘူး။ လေပေါ်တင်ကွဲတဲ့ဗုံးတွေ။ စုစုပေါင်း ၆ ယောက်သေတယ်၊ ချချ ခြင်း တစ်ခါတည်းဆုံး တာက ၂ ယောက်၊ အဲဒီ ၂ ယောက်က ၁၀ တန်းကျောင်းသူ တစ်ယောက်ရယ်၊ အသက် ၈၀ အရွယ်တစ်ယောက်ရယ်။ သူတို့ကိုတော့ အခုညပဲ သင်္ဂြုလ် လိုက်ပြီ။၊ ကျန်တဲ့ သေဆုံး သူတွေကတော့ ၂၀ ကျော်၊ ၃၀ ကျော်အရွယ် လူငယ်တွေပဲ” ဟု CDSOM တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံး၊ ဓာတ်မီးတိုင်များလည်း ကျိုးကျပျက်စီးခဲ့သည့် အပြင် နွား ၂ ကောင်၊ သိုး ၈ ကောာင်နှင့် ဝက်တစ်ကောင် လည်း တစ်ခါတည်းသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးရုံ တက်၍ ကုသမှု ခံယူနေရသူ ၆ ဦးမှာ စိုးရိမ်းစရာ မရှိတော့ကြောင်း သိရသည်။

" ပထမဆုံး လေယာဉ်က ငမျှောင်တောင်ရွာအနီး ဘုရာကြီးနားကို ဗုံး ၂ လုံးကျဲချတာ အဲဒီနေရာကတော့ ရွာနဲ့ ဝေး တော့ ပြည်သူထိခိုက်တာ တော့မရှိဘူး။ နောက်ထပ်တစ်စီးက တော့ ကျနော်တို့ ဇရပ်ကုန်းရွာအရှေ့ပိုင်း ဒေါ်သန်းနုအိမ်နဲ့ ဒေါ်ထူးအိမ်ပေါ်ကိုတည့်တည်ချတာ။ ချတဲဗုံးက ဘယ်လိုဗုံးမှန်းတော့မသိဘူး။ လေပေါ်တင်ပေါက်ကွဲပြီး အိမ် ၂ လုံး ပျက်စီးတယ်။ နောက်ပြီးအသက်၈၀ ကျော်အဖွားအိုတစ်ဦးနဲ့ အသက် ၁၅ နှစ် အရွယ်အမျိူသမီးတစ်ဦးကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

2 months, 2 weeks ago

ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်ကလျှပ်စစ်မီးဖြတ်​တောက်လိုက်ပြီး မြေရှားသတ္တုတူးဖော်၏လုပ်ကွက်များလည်းရပ်တန့်သွားကြောင်းစုံစမ်းသိရသည်။

KIA သည် ပန်ဝါမြို့မှ စစ်​တပ်စခန်း၊ပြည်သူ့စစ်စခန်းနှင့် နယ်ခြား​စောင့်တပ်စခန်းများကို အပြီး
သတ်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်အောက်
တိုဘာ ၁၈ရက် ညတွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ပန်ဝါမြိုကိုKIAကအပြီးသတ်သိမ်းပိုက်ပြီး​နောက်နယ်စပ်ဂိတ်ကို တရုတ်က ပိတ်လိုက်သလိုအောက်
တိုဘာလ၁၉ရက်နံနက်မှစ၍  လျှပ်စစ်မီးပါဖြတ်တောက်လိုက်ခြင်းဟု ပန်ဝါမြို့ခံများကပြော
သည်။

"လျှပ်စစ်မီးပါ ဖြတ်လိုက်ပြီ။ မြေရှားတူးတဲ့ဆိုက်တွေလည်း ရပ်ထားတယ်။ အခုလက်ရှိ လျှပ်စစ်မီးအတွက်ကို မီးစက်တွေမောင်းသုံးရတယ်" ဟု မြို့ခံတစ်ဦးကပြောသည်။

KIA ကမသိမ်းပိုက်ခင်စစ်ကောင်စီလက်အောက်
ခံ ကချင်ပြည်နယ် အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိမ်းခေါင်းဆောင်သည့် ကချင်ပြည်နယ်ကြားစောင့်တပ်(BGF) အုပ်ချုပ်ခဲ့သည့် ပန်ဝါမြို့၌ မြေရှားသတ္တုလုပ်ကွက်အများအပြားရှိသည်။

အဆိုပါ လုပ်ကွက်များကို တရုတ်နိုင်ငံသားများနှင့် BGFက စာချုပ်ချုပ်ဆိုပြီးအကျိုးတူ တူးဖော်ခြင်းဟု ဒေသခံများကပြောသည်။

ယခုအခါ ပန်ဝါမြို့ကို KIA က သိမ်းယူပြီးနောက် ဦးဇခုန်တိန့်ယိမ်းလည်း မြို့၌ မရှိတော့သလို BGF တပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြောင်း သိရသည်။ KIAသည် ပန်ဝါမြို့အုပ်ချုပ်ရေးအတွက်ဆောင်ရွက်နေပြီး လတ်တလောဒေသအခြေအနေ
၏လိုအပ်ချက်အရ ဦးဇခုန်တိန့်ယိမ်းနှင့် BGF ပိုင်အိမ်များကို ချိတ်ပိတ်ထားကြောင်း KIA ပြန်ကြား
ရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများအားဖြေကြားထားသည်။

တရုတ်ဘက်မှနယ်စပ်ဂိတ်ပြန်မဖွင့်သေးသလို လျှပ်စစ်မီးလည်း ဖြတ်တောက်ထား၍ ဒေသခံများအတွက် စားသောက်ကုန်ရရှိရေးအပါအဝင် အခက်အခဲများကြီးမားလာနိုင်ကြောင်း မြို့ခံအချို့ကပြောသည်။

"ကျတော်ထင်တယ်။ မကြာခင်ပြန်ဖွင့်မယ်လို့။ အခု‌ မြေရှားဆိုက်တွေမှာ တရုတ်တွေပဲ ယောင်
လည်လည်ဖြစ်နေတယ်။ သူတို့က BGF နဲ့ စာချုပ်ချုပ်ထားတာဆိုတော့ ဒီတခါတော့ သူတို့ခံရတာ။  ဒီလုပ်ငန်းကို သူတို့အကြာကြီးမရပ်ရဲဘူးလို့ကျွန်
တော်ထင်တယ်" ဟု ပန်ဝါဒေသခံတဦးကပြော
သည်။

ထိုအပြင် မြေရှားသတ္တုရရှိရေးသည် တရုတ်အတွက်အလွန်အရေးပါသည်။

ယူနန်ပြည်နယ််နှင့် ဆက်စပ်နေသော ချီဖွေ၊ပန်ဝါဒေသအပါအဝင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်‌ခဲ့​သော ကချင် အထူး​ဒေသ (၁) အတွင်းရှိ ဒေသများသည်  တရုတ်၏ မြေရှားသတ္တုလိုအပ်ချက်ကိုဖြည့်ဆည်းပေးနေပြီး  ဒေသထွက် မြေရှားသတ္တု၏၇၅ ရာခိုင်နှုန်းသည် တရုတ်သို့တင်ပို့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံမှ တရုတ်သို့ အမေရိကန်ဒေါ်
လာ သန်းခြောက်ရာ ကျော်တန်ဖိုးရှိသော မြေရှားသတ္တုတန်ချိန်၂၆,၈၉၂ တင်ပို့ခဲ့ကြောင်း  တရုတ်အစိုးရ၊ အကောက်အခွန်ဌာန (china custom) ၏ ပြီးခဲ့သည့်စက်တင်ဘာလကထုတ်ပြန်ထား
သည်။

ပြီးခဲ့သည့်  ဇွန်လ ၇ရက်က ဦးဇခုန်တိန့်ယိမ်းက စစ်မိန့်ဟုဆိုကာ သူ့လက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများ၊  ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်များအား  သူKIA နှင့်PDF ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ချေ
မှုန်းရန် စစ်မိန့် ပေး‌ခဲ့သည်။ယင်း အမိန့်သည် " မထုတ်ပြန်သင့်သော စစ်မိန့်" ဟု KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စက်တင်ဘာလ
၁၀ ရက်တွင် မှတ်ချက်ပြုပြောကြားပြီးနောက် ဦးဇခုန်တိန့်ယိမ်းထိန်းချုပ်ဒေသများကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းဖြစ်သည်။

KIA က ချီ​ဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်း ၊ ​ဆော့​လော်မြို့ကို ​အောက်တိုဘာ လဆန်းနှင့် ပန်ဝါမြို့ကို ​အောက်တိုဘာ ၁၈ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်လက်​အောက်ခံ ဦးစခုန်တိန့်ယိန်း၏ နယ်ခြား​စောင့်တပ် ၁၀၀၂ ၊ ၁၀၀၃ တပ်ရင်းတို့ကိုသိမ်းပိုက်ထိန်း ချုပ်ထားပြီး  မြန်မာ-တရုတ် နယ်စပ်ဖီ​မော်​ဒေသရှိ အမှတ် (၁၀၀၁ ) နယ်ခြား​စောင်းတပ်ရင်းသာ ကျန်ရှိ​တော့ခြင်းဖြစ်သည်။

2 months, 3 weeks ago

ကန့်ဘလူမြို့နယ်၊ ငါတို့ပျူရွာမှ ပျူကင်းပုန်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါတို့ပျူရွာစခန်းမှ ပျူစောထီးများ ကင်ပုန်းဝပ်နေသည့် အထိုင် စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘူလူမြို့နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ငါတို့ပျူစောထီးကျေးရွာမှ ပျူ စောထီးအင်အား ၃၀ ခန့်ဖြင့် အထိုင်ချကာ ကင်းပုန်းယူထားသည့် စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီးများ နေထိုင်ရာ ဘန်ကာနှင့်စခန်းအတွင်း တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများ အနက် တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း သိရသည်။

“ငါတို့ပျူရွာနဲ့ ညောင်ပင်ယင်းမာကြားမှာက ဆည်ဘောင်ပေါ်က ရေပိုလွှဲမှာ စခန်းအထိုင်ချထားတာ၊ အင်အားကတော့ ၃၀ လောက်ရှိမယ်၊ ကင်းပုန်းပုံစံမျိုးနဲ့ပဲရှိတယ်။ အဲဒီ စခန်းကို ဒရုန်းဗုံးသီး ၃ လုံးကို ပွိုင့် ၂ ပွိုင့်ခွဲချတာ။ သူတို့ဘန်ကာနဲ့ ကတုတ်ကျင်းနေရာကိုကျတာ၊ ၃ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာ ရ တယ်။ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာသင်္ဂြိုလ်တယ်လို့ သတင်းရတယ်။ ကျနော်တို့ ပထမ တစ်ကြိမ်ချ ကတည်းကထွက်ပြေးကြတာတွေနဲ့ကတုတ်ကျင်းထဲဝင်ပုန်းတဲ့သူကပုန်းဖြစ်သွားတာ၊ သူတို့ကလည်း အမိန့်ကြောင့်သာ လာနေကြရတာဆိုတော့ ဒရုန်းချနဲ့တစ်ခါတည်း ပြေးကြတာ” ဟု ကန့်ဘူလူမြို့ နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘူလူမြို့နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ ရဲဘော် များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီးချပြီးနောက် ပျူစောထီးများမှာ စခန်းအတွင်းမှ ထွက်ပြေးသွားကြောင်း၊ သေဆုံးပျူစောထီးအလာင်းများကို နံနက်ပိုင်း မိုးလင်းချိန်ရောက်မှ လာ ရောက်ကောက်ယူသွားကြောင်း သိရသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 3 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago