Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

A-YOUTH WITH MISTAKES

Description
- Peak Student's Life 🏆
- Change Your Brain 🌏
- White Room 💎
- Become a manipulator*stillwriting* 🛠
- Motivation & Self Control ⛳
- Relationship & Emotinal Manipulation 💞
ထို Vip Channel များကို Pinned Message တွင်ဖတ်ပါ။ @Autism_Y
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago

3 weeks ago

Singleဖြစ်ရခြင်းရဲ့ အချက်ကောင်း(7)ချက် 🤯*
*1) ငွေကုန်ကြေးကျ နည်းခြင်း

Relationship တစ်ခု တည်ဆောက်လိုက်ပြီဆိုတာနဲ့ ပထမဆုံး ထွက်တာကတော့ ပိုက်ဆံပါပဲ။ဒါပေမယ့်
Single တွေမှာကျတော့ အဲသလိုမဟုတ်ပါဘူး။ကိုယ့်ရဲ့ တစ်ကိုယ်ရည် သုံးဖို့ အတွက်သာ ကုန်ကျတာဖြစ်လို့  ပိုက်ဆံလည်း ပိုစုမိပါတယ်။

2) ကိုယ့်ကိုယ်ကိုယ် ပိုပြီး အာရုံစိုက်နိုင်ခြင်း

Single တွေအနေနဲ့ တစ်ကိုယ်တည်း သမားဖြစ်တာ မို့ ကိုယ့်ရဲ့ စိတ်၊ကိုယ့်ရဲ့အားလပ်ချိန်တွေကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲလို့ ရပါတယ်။ကိုယ့်ကိုယ်ကို အာရုံစိုက်နိုင်တာ ဖြစ်လို့တိုးတက်မှုနှုန်းလည်း ပိုပြီး လျှင်မြန်ပါတယ်။

3) လူမှုဆက်ဆံရေး ပိုအားကောင်းနိုင်တယ်

Relationship တစ်ခုဟာအချုပ်အနှောင်တွေရှိတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ Single
ဘဝကကျတော့ အချုပ်အနှောင်ကင်းပြီး လွတ်လပ်တာမို့ မိမိတွေ့ဆုံချင်တဲ့ မိတ်ဆွေ၊တက်ချင်တဲ့ ပွဲ၊ သွားချင်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် သွားနိုင်တာဖြစ်လို့ လူမှုဆက်ဆံရေး
ပိုမို အားကောင်းနိုင်ပါတယ်။

4) ချစ်မြတ်နိုးရသူတွေကို အချိန်ပိုပေးဖြစ်မယ်
Single တွေ အနေနဲ့ ကိုယ့်ကိုယ့်ကို အချိန်ပေးဖို့အပြင် တခြားမရှိတာမို့ မိမိ ချစ်မြတ်နိုးရတဲ့မိသားစုဝင်နဲ့ သူငယ်ချင်း တွေကို ပိုဂရုစိုက်
နိုင်တယ်။အချိန်ပိုပေးနိုင်ပါတယ်။

5) RS ရှိသူထက် စိတ်ကျန်းမာရေး ပိုကောင်းမယ်

Relationship တွေ အနေနဲ့ သံသယ များရ၊ စိတ်ဆိုးရစိတ်ကောက်ရ ဒေါသထွက်ရ စိတ်ပင်ပန်းရ နဲ့
Mental Healthကို ထိခိုက်နိုင်ပါတယ်။
ဒါပေမယ့် Single တွေ ကျတော့ အဲသလို မဟုတ်ပါဘူး။
သူတစ်ပါးအတွက် လိုက်ပူပန်နေရတာ မဟုတ်လို့Mental Healthလည်း ကောင်းမွန်စေပါတယ်။

6) လူတိုင်းကို လိုက်ကြိုက်ခွင့် ရှိတယ်🙂‍↕️****

RS တွေက ပိုင်ရှင် ရှိပြီးသားမို့ အချောလေးတွေမြင်တဲ့အခါ လွတ်လွတ်လပ်လပ် ငမ်းလို့ မရပါဘူး။Single တွေကတော့ အဲ့သလို မဟုတ်ဘဲ လာကြောင်သမျှကို ပြန်ကြောင်လို့ ရသလိုကိုယ့်မှာ Crushတွေ ထားပြီး အီစီကလီလည်းသွားလုပ်လို့ ရပါတယ်။

7) ဘဝကို လွတ်လပ်စွာ ပုံဖော်နိုင်တယ်

Single တွေ အနေနဲ့ မိမိရဲ့ ဘဝကို အချုပ်‌အနှောင်ကင်းကင်းနဲ့ ထုဆစ်ပုံဖော်လို့ ရပါတယ်။နောက်ပြီး
အိပ်မက်တွေ ရည်မှန်းချက်တွေကိုလည်း အာရုံစိုက်ပြီးလုပ်နိုင်ပါတယ်။

- ဒီအချက်တွေကြောင့် တစ်သက်လုံး Singleဘဝနဲ့နေထိုင်ပါလို့ မပြောလိုပါဘူး။ဒါပေမယ့် လူ့ဘဝရဲ့ အနှစ်သာရ တော်တော်များများကိုSingleတွေကပဲပိုပြီး ခံစားနိုင်တာမို့ Singleဖြစ်ရတာကို ဂုဏ်ယူ
လိုက်ပါ။

@Autism_Y Paid Channel here
https://t.me/psychologicalCh1/543?single

3 weeks, 2 days ago

ဦး‌နှောက်တုံးအောင်လုပ်နည်း🦠
ဦးနှောက်ပျက်စီးပြီး တုံးအတဲ့သူဖြစ်ချင်ရင်

  1. Phone တစ်နေ့ကုန်သုံးပါ၊
  2. Online ပေါ်က ပွဲတွေ့တိုင်း ဝင်ယောင်ပါ။
  3. တွေ့သမျှ Blame ပါ။ ဆဲပါ။
  4. Porn နေ့တိုင်းကြည့်ပါ။
  5. Junk Food တွေ များများပါ။
  6. အချိုတွေအများကြီးစားပါ။
  7. တက်နိုင်သလောက်ရေ မသောက်ပါနဲ့။
  8. ဘာကိုမှ မလေ့လာပါနဲ့။ ဘဝကိုပျော်ပျော်နေပါ။ ခံစားလို့ကောင်းမယ့်အရာတွေချည်းလုပ်ပါ။
  9. လူမှုရေးပွဲလမ်းသဘင်တွေမသွားပါနဲ့။ ဇွတ် Introvert လုပ်ပါ။
  10. ကိုယ့်ကိုယ်ကို Depression Person လို့ သူများတွေထင်အောင်လုပ်ပါ။

ဒီအချက်တွေကို နေ့တိုင်းလိုက်နာမယ်ဆိုရင်တော့ တစ်ရက်အတွင်းမှာ ဦးနှောက်ထက်မြက်မှုအရည်အသွေးတွေ လျော့ကျပြီး ကြာရင်တုံးအလာမှာပဲဖြစ်ပါတယ်။🙂💩

Writer 👹 The Prime Studyroom(https://t.me/+pxzriodSwFthNTdl)

3 weeks, 3 days ago

နေရာတိုင်းမှာ လေ့လာလို့ရနေတဲ့ ခေတ်ကြီးမာ မင်းက နောက်ကောက်ကျချင်နေပြီလား?
(ဒီစာကိုအချိန်ပေးပြီးဖတ်ကြည့်ကြည့်ပါ။)

- Free Sharing လုပ်ပေးနေတဲ့ Channel တွေကို ကျေးဇူးတင်ပါ။
အရာရာခြိုးခြံခြွေတာ နေရတဲ့ ခေတ်ကြီး ကိုသိသမျှ တတ်သမျှကိုရှိုထားရတဲ့ ခေတ်ကြီး တွေထဲမာ  အခုလို Sharing လုပ်ပေးနေတဲ့ Channel တွေကို ကျေးဇူးတင်ပါ။

- တချို့တွေက လာပြောကြတယ် Manipulation Tricks တွေ များများတင်ပေးပါတဲ့ Manipulative Tricks တစ်ခု တင်ပေးဖို့အတွက် သူ့အနေနဲ့ စမ်းအသုံးချကြည့်ရတာ​တွေ သူနားလည်သလို အားလုံး နားလည်အောင် ပြောပြပေးရတာတွေ အားလုံးဖက်လိုက်တာသာ ခနလေး တင်ပေးတဲ့သူတွေက ခင်ဗျားတို့ အတွက် အဲ့လိုအရာတွေအများကြီး  လေ့လာရတယ်။

📌လက်ရှိမြန်မာနိုင်ံ Manipulationပိုင်းတင်ဆက်ပေးတဲ့ Channelကြီးတွေဖြစ်တဲ့ "THE DIFFERENT NORMIES" "Mind x flame" "Htet Aung Hlaing" တို့တွေရှိနေပြီး Psychology ပိုင်းတွေမာဆိုရင် "The Extraterrestrial,Thomas Hobbes Bab,Mario,NoxSFG,Yellowmask" တို့တွေ တင်ဆက်ပေးနေတာတွေကိုလဲ လေ့လာနိုင်တယ်။နှံ့နှံ့စပ်စပ်လေ့လာရင်  အသုံးချစရာတွေ စိတ်ဝင်စားစရာ Manipulation တို့ Human psychology တွေကိုတွေ့ရှိနိုင်လိမ့်မယ်။ ကျွန်တော်ကိုတောင် လာမေးနေစရာမလိုဘူး ချက်ခြင်းသွားဖတ်/မေးလိုက်လို့ရတယ်။ သိထားတယ်ဆိုရင် အဲ့လိုကိစ္စတွေက ကာကွယ်ဖို့လောက်အတွက်ဆို လုံလောက်တယ်။ အသုံးချမယ်ဆိုရင်တော့ သေသေချာချာကို နားလည်အောင် လေ့လာသင့်တယ်။(ကျွန်တော်တွေ့မြင်နေတဲ့သူတွေကိုသာပြောခြင်းဖြစ်ပါတယ် တခြားသူတွေရှိသေးရင်လဲCommentမှာ ပြောပြပေးနိုင်ပါတယ်။)

ကျွန်တော်လုပ်ဖြစ်တာကတော့

- လူထူထပ်တဲ့နေရာတွေမာထိုင်ပြီး
လူတွေရဲ့ Body language တွေ Human psychology တွေကို လေ့လာတယ်။ ကိုယ့်ကိုယ်ကိုယ်လဲစမ်းစစ်တယ်။
- Kdrama တွေကြည့်တယ်Body Languageတွေ လေ့လာတယ်။ မြန်မာနိုင်ငံသားဆိုတော့ မြန်မာကားတွေလဲ ကြည့်တယ်။ အဲ့ထဲက အကြောင်းအရာတချို့က လက်ရှိဖြစ်ပျတ်နေတာတွေပေါ်မာလဲ မူတည်သေးတယ် သင်ခန်းစာယူနိုင်တယ် ပြန်လည်သင်ယူနိုင်တယ်။

ဆိုတော့ ပြောချင်တာက တစ်လမ်းထဲကို သေသေချာချာ ဖောက်ထားတဲ့ သူက လမ်းပေါင်းစုံဖောက်နေတဲ့ သူထက်စာရင်ပိုသာပါတယ်။ ဒီအကြောင်းကိုသိချင်တယ်ဆိုရင် အရင်ဆုံးဖြတ်ရမယ်။ ဒီလမ်းကို ဘယ်သူက သေသေချာချာ ဖောက်ထားလဲ ဘယ်သူက ပိုသိနိုင်လဲ ပြီးတော့မှ အဲ့လမ်းကို ပိုသိတဲ့သူကို သွားမေးရမယ်။

ကျွန်တော့်Paid တွေထဲက အကြောင်းအရာတွေဆိိုရင် ကျွန်တော်တစ်ခုမှတောင် မတင်ပေးဖူးဘူး လက်ရှိတင်နေတာတွေကလဲ ခင်ဗျားတို့ တစ်နေ့စာ ဝမ်းဝ ရုံလောက်ဘဲ ကျွန်တော့် Paidက အကြောင်းအရာတွေကိုလဲ ဒီထဲမာ တစ်ခါမှ မတင်ပေးဖူးပါဘူး ဘာလို့လဲဆိုတော့ အဆက်ဆက်မရှိရင် စာဖတ်သူအဖို့ တစ်ခုခုလိုအပ်နေသလို ဖြစ်သွားမာဆိုးလို့ပါ။
So Respect The All Admins as I hope they will come in comment and say something for me🫡****

@Autism_Y

3 weeks, 3 days ago

[**Y] knowledge sharing ​ကနေ A YOUTH WITH MISTAKES ဆိုပြီးName Change လိုက်ပါတယ်။
OFFICIALLY Name ဖြစ်ပါတယ်။

ည9:00 ကျရင် လူတွေနားမလည်သေးတဲ့ အကြောင်းရာတစ်ချို့ကို ဝက်ဝက်ကွဲကွဲသိအောင် Post တစ်ခု တင်စရာရှိပါတယ်။ အားလုံး စောင့်ကြည့်ပေးကြဖို့** တောင်းဆိုပါတယ်။

3 weeks, 4 days ago

လူတွေကို ကွဲပြားခြားနားစေတဲ့
'အ' သုံးလုံး

(1) á€Ąá€á€˝á€ąá€¸

လူတွေအားလုံးအစိုးရတဲ့တခုတည်းသောအရာ အတွေးပါ။ ကိုယ်အာရုံစိုက်တွေးခေါ် စဥ်းစားချင်တာကို လွတ်လပ်စွာ တွေးခေါ်နိုင်တယ်။ လူတွေကိုဘာတွေးရမယ်လို့ တိုက်ရိုက်ကန့်သတ်ထားလို့မရဘူး။ လူတိုင်းလူတိုင်းဟာသူတွေးတဲ့အတွေးတွေရဲ့ ရလဒ်တွေဖြစ်တယ်။

(2) အဓိပ္ပါယ်

  အတွေးချင်းတူပေမဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာ တူချင်မှတူလိမ့်မယ်။ အသက်ငယ်တာအတူတူ ငါကအသက်ငယ်လို့ မအောင်မြင်နိုင်ဘူး၊ အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သလိုအသက်ငယ်တော့ခွန်အားပိုရှိတယ်။ ပိုလေ့လာနိုင်တယ်။ ပိုကြိုးစားနိုင်တယ်။ ပိုတက်ကြွတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမတူနိုင်ပါဘူး။

(3) အက်ရှင်(အကောင်အထည်ဖော်မှု/လက်တွေ့လုပ်ဆောင်ချက်)

လူတွေကို ကွဲပြားခြားနားစေတဲ့အရာက အက်ရှင် လုပ်ရပ်ဖြစ်ပါတယ်။ သိပြီးအသုံးမချတာနဲ့ မသိတာနဲ့အတူတူပါပဲ။ ဒါကြောင့်ဘဝမှာ အပြောင်းအလဲလုပ်ချင်ရင် ပြင်းထန်တဲ့လှုပ်ရှားအားထုတ်မှုတွေလိုပါတယ်။ အ သုံးလုံးဟာတဆင့်ပြီးမှတဆင့်လာပါတယ်။ အတွေး၊ အဓိပ္ပာယ်တွေရဲ့နောက်မှာ အက်ရှင်ဖြစ်လာတယ်။
ဥပမာ~
အတွေး - ငါစာဖတ်ရမယ်။
အဓိပ္ပါယ် - အောင်မြင်ချင်ရင် စာမဖတ်လို့မရဘူး။
အက်ရှင် - တကယ်စာဖတ်မယ်။

Paid for - @Autism_Y
https://t.me/psychologicalCh1/542?single

1 month ago

နိုင်ငံခြားသွားဖို့ပြင်ဆင်နေသူများအား✈️**
Passport QR တင်ပေးနေပါတယ်။
ဝန်ဆောင်ခ - 10,000 ကျပ်သာ ကျသင့်မာဖြစ်ပါတယ်(ပထမဆုံး ဆယ်ယောက်သာ) တခြားနေရာတွေမာတော့ဒီစျေးနဲ့ရနိုင်မာမဟုတ်ပါ။

အသေးစိတ် သိချင်ပါက @Thuyeinhtet လိုင်းပေါ်မရှိပါက ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါ။❗️

” 09680502412 ”☎️
100% စိတ်ချရပါတယ်လို့အာမခံပါတယ်။
💌**

1 month ago

G12 Unit - (1) Good Manners မှရရှိခဲ့သော သင်ခန်းစာ(5)ချက်
(1) Mannerဆိုတဲ့ အပြုအမူထဲမာ ကောင်းသော အပြုမူနဲ့ ဆိုးတဲ့အပြုမူဆိုပြီးနှစ်မျိုးရှိပါတယ်။
(2) Manners ထက်ယှဥ်ကျေးမှုကိုသိဖို့လိုတယ်။

ဥပမာ - မြန်မာနိုင်ငံမာ လူကြီးမိဘဆရာတွေ စကားပြောရင် လက်ပိတ်ပြီးနားထောင်တာက မြန်မာနိုင်ငံ မာကတော့ ယှဥ်ကျေးတယ်လေးစားမှုရှိတယ်ဆိုတဲ့ သဘောရှိပေမယ့် တခြားနိုင်ငံတွေမာတော့ လက်ပိတ်တာဟာ တခြားသူပြောတာကို လက်မခံဘူးစိတ်မဝင်စားဘူးဆိုတဲ့ အထင်ရောက်စေတဲ့ အတွက် နိုင်ငံတစ်နိုင်ငံကို မသွားခင် ဘာသာစကားပြီးရင် အဲ့နိုင်ငံရဲ့ ယှဥ်ကျေးမှုကို အရင်လေ့လာသင့်တယ်။

(3) လူသားတိုင်းမာရှိသင့်တဲ့ ယှဥ်ကျေးတဲ့အပြုအမူတွေလဲ သပ်သပ်ရှိတယ်။ ဒါတွေက
1. လူတိုင်းအပေါ် respect ပေးပါ။
2. လူတိုင်းအပေါ် ကူညီမှုပေးပါ။
3. လူတိုင်းအပေါ် ဖော်ဖော်ရွှေရွှေဆက်ဆံပါ။
4. လူတိုင်းအပေါ် အမှားလုပ်မိတိုင်း ချက်ခြင်းတောင်းပန်ပါ။

(4) Manners တို့ Behavior တို့ရဲ့ "Birthplace" လို့ခေါ်တဲ့ စတင်ဖြစ်ပေါ်ရာ နေရာ (5)ခုရှိတယ်။

1. Home

အဘိုး/အဘွား အဖေ/အမေ အကို/အမ မိသားစုတွေရဲ့ အပြုအမူတွေ သူတို့သင်ပေးတဲ့စကားလုံးတွေနဲ့ အရင်စတင်ပါတယ်။တချို့ခလေးတွေမာဆို မွေးရာပါ တတ်ကျွမ်းတာတွေလဲရှိတတ်ပါတယ်။ ဥပမာ လိုချင်တာမရရင် ငိုပြီးတောင်းတာတို့ အဖေအမေတို့မျက်နှာ အရိပ်အကဲ ကြည့်ပြီးလိုချင်တာ ပူဆာတာတို့ပေါ့။

2. School

​ ကျောင်းက ဆရာ/ဆရာမက သူတို့ရဲ့ "Role Models"ဖြစ်ပြီး အတန်းဖော်တွေဆီကနေ ထပ်ပြီးသင်ယူပါတယ် အနီးကပ်ဆုံးထိုင်တဲ့ ကျောင်းသားဆီကနေ ပိုသင်ယူဖြစ်ပါတယ်။

3. Celebrities

မော်ဒယ်တွေရုပ်ရှင်မင်းသားတွေရဲ့ အိုက်တင်တွေ အပြုအမူတွေ လိုက်လုပ်တာမျိုး ကိုရီးယားမင်းသမီးတွေချောလို့ မိန်းခလေးတချို့ဆို Skin care တွေစလုပ်လာတာမျိုး သူတို့ဝတ်တာတွေ သူတို့စားတာတွေပေါ့။

4. Movie

အချစ်ကားကြည့်ရင် ချစ်ချင်လာသလို သရဲကားကြည့်ရင် သူများတွေကို လိုက်ခြောက်ချင်လာတယ်။Kdramaတို့Animeတို့ကြည့်ရင်လဲ သူတို့လုပ်တာတွေ လိုက်လုပ်ချင်လာတာမျိုး ကိုယ်ကြိုက်တဲ့ Character စတိုင်တွေလိုက်ဖမ်းတာမျိုးပေါ့။

5. Books

ကာတွန်း စာအုပ်တွေဖတ်ရင် အဲ့ထဲက Hero ကြီးဖြစ်ချင်တာမျိုး။ ပါဝါရိမ်းဂျားကားကြည့်ပြီး ပါဝါရိမ်းဂျား အိုက်တင်ဖမ်းတာမျိုးတွေပေါ့။ ဝတ္ထုထဲက ဇာတ်ကောင်တွေလို စကားလုံးတွေက ရှေးခေတ်ပုံစံတွေလိုက်ပြောတာမျိုးတွေပေါ့။

(5) လူကြီးမိဘတွေ အနေနဲ့က ကိုယ့်ရဲ့ ခလေးသူငယ်တွေ လိမ်ကျေးလိမ်မာဖို့ဆိုရင် အဲ့ဒီခလေးတွေ လိုက်သင်ယူတတ်တာမျိုးတွေကို ကောင်းတာတွေဘဲ သင်ယူပေးသင့်ပါတယ်။ ဥပမာ ဆုံးမတာတွေ ​ပညာပေးပုံပြင်တွေ ပြောပြတာတွေ ကမ္ဘာကြီးအကြောင်း ရှုခင်းတွေအကြောင်းလိုက်ပြောတာတွေ လုပ်ပေးသင့်ပါတယ်ဗျ

@Autism_Y Paid Channel👇❤️

https://t.me/psychologicalCh1/442

စိတ်ဝင်စားသူများရင် နောက်ထပ် Unit တွေပါဆက်လက်တင်ပေးပါမယ်။

1 month, 1 week ago
*Personal brand တစ်ခုတည်ဆောက်ဖို့ အဓိက လိုအပ်ချက်တွေထဲက သိပ်အသုံးဝင်မဲ့ …

Personal brand တစ်ခုတည်ဆောက်ဖို့ အဓိက လိုအပ်ချက်တွေထဲက သိပ်အသုံးဝင်မဲ့ အချက်တစ်ခုကို မျှဝေပေးချင်ပါတယ်။🫶

စာရွက်တစ်ရွက်နဲ့ဘောပင်တစ်ချောင်းကိုင်ပါ။

ကို့ရဲ့ **အားသာချက် (5)ခုနဲ့

အားနည်းချက် (5)**ခုကို
ချရေးလိုက်ပါ။

အားသာချက်များကိုတော့ ပိုပြီး အားသာအောင် level တင်ပါ။ ဥပမာ- English ကို basicပိုင်တယ်လို့ထင်နေရင် Intermedate အဆင့်ရောက်အောင်ဆက်လက်ကြိုးစားတာမျိုးပေါ့။

အားနည်းချက်တွေကိုလဲ အားသာချက် ဖြစ်အောင် အချိန်ပိုပေးပြီး လုပ်ဆောင်ပေးပါ။ ဥပမာ- ပေါင်းသင်းဆက်ဆံရေးအားနည်းရင် လူအများနဲ့ထိတွေ့ဆက်ဆံ စကားပြောကြည့်တာမျိုးပေါ့။

ရလဒ်များကိုလဲ ပြန်လည် စမ်းစစ်ပါ။ အဆင့်တတ်လာတယ်ဆိုရင် အခုပုံစံအတိုင်း နောက်စာရွက်တစ်ချက်နဲ့ ချရေးပါ။ ငါးချက်ချင်းဆီကိုသာ လုပ်ဆောင်ပါ။ အချက်တွေများသွားရင် ဘယ်ကအရင်စရမလဲ မသိနိုင်ဖြစ်သွားတတ်လို့ပါ။

@Autism_Y Paid Channel👇❤️

https://t.me/psychologicalCh1/442

1 month, 1 week ago

စူးရှထက်မြက်တဲ့သူ ဖြစ်ချင်ရင် အသားအရေ အတွက် Skincare လုပ်သလို ဦးနှောက်အတွက် Braincare လုပ်ဖို့လည်းလိုတယ်။

နေ့စဥ်ရက်ဆက်မပျက်ဘဲ Braincare ကို Skin လိုသေချာလေး Care ပေးမယ်ဆိုရင် စဥ်းစားတွေးခေါ်ပုံနဲ့ အိုင်ဒီယာတွေကောင်းတွေ ကိုယ့်ခေါင်းထဲအမြဲရောက်နေမှာဖြစ်တယ်။

လူတွေက ရုပ်ပိုင်းဆိုင်ရာကြည့်ကောင်းအောင်သာ ဂရုစိုက်ကြပြီး တကယ်တမ်းကိုယ်တစ်သက်လုံး မသေမချင်းသုံးသွားရမယ့် ဦးနှောက်ကိုကျ ဂရုစိုက်ဖို့မေ့နေကြတယ်။

Brain ကိုပုံမှန် care ပေးသင့်တယ်။မဟုတ်ရင် ကြာရင် "ထိုင်း" သွားနိုင်တယ်။

Brain Care ဖို့အတွက်
• မျက်နှာသစ်တဲ့အနေနဲ့ ရေအေးအေးနဲ့ရေချိုး
• Toner သုံးတဲ့အနေနဲ့ Journaling လုပ်
• Moisturizer လိမ်းတဲ့အနေနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်
• Sunscreen လိမ်းတဲ့အနေနဲ့ ဦးနှောက်ကို Boost လုပ်ပေးမယ့် အစားအသောက်တွေစား
• Daycream လိမ်းတဲ့အနေနဲ့ စာတွေဖတ်၊ Knowledge ရှာ
• Nightcream လိမ်းတဲ့အနေနဲ့ Problem Solving တွေလုပ်
• Diet လုပ်တဲ့အနေနဲ့ Pornography တွေ၊ High Dopamine Digital Videogame တွေရှောင်

ဒီလိုနည်းတွေနဲ့ ပိုက်ဆံမကုန်ပဲ Braincare လုပ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့ Idea တွေထဲမှာ ဝက်ခြံနဲ့တူတဲ့ မကောင်းတဲ့အတွေးတွေ၊ တင်းတိပ်နဲ့တူတဲ့ အိုင်ဒီယာမရတာတွေ၊ မှဲ့ခြောက်နဲ့တူတဲ့ ခဏခဏ မေ့တတ်တာတွေ၊ အဆီပြန်တာနဲ့တူတဲ့ Moti မရှိတာတွေ၊ အသားအရေမွဲခြောက်တာနဲ့တူတဲ့ Brain Energy မရှိတာတွေကို ပြန်ပြောင်းလဲလို့ရပါလိမ့်မယ်။ တစ်ဘက်မှာလည်း ဖြူဖြူဝင်းဝင်း အသားအရေ လှလှလေးနဲ့တူတဲ့ စူးရှတဲ့ Idea တွေ၊ အမြဲ Energy ပြည့်နေတာတွေ၊ ပြဿနာတွေကြုံလာတိုင်း ကောင်းကောင်းဖြေရှင်းနိုင်တဲ့ Skill တွေ၊ လွယ်လွယ်နဲ့မမေ့တဲ့ Memory တွေ၊ Positive အတွေးတွေနဲ့ Challenge တွေကို သတ္တိရှိရှိလုပ်ချင်တဲ့စိတ်တွေကို ပြန်ရပါလိမ့်မယ်။

အပြင်ပိုင်းအတွက် Skincare သလို အတွင်းပိုင်းအတွက်လည်း Braincare ပါ။ ဒီ Brain က မ care ရင် အဆင်မပြေပါဘူး။ ကိုယ့်ရဲ့ အတွေးတွေ အိုင်ဒီယာတွေ အမြဲ စူးရှထက်မြက်နေဖို့ Brain ကို ပုံမှန် care ပေးပါ။

- Auroro Prime (23Apr2024- At Y Knowledge Sharing)

Join my channels....

Helping the students with their studies

My Personal Growth Channel

My Personal Blog

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago