A-YOUTH WITH MISTAKES

Description
- Super Human👑
- Peak Student's Life 🏆
- Change Your Brain 🌏
- White Room 💎
- Become a manipulator*stillwriting* 🛠
- Motivation & Self Control ⛳
- Relationship & Emotinal Manipulation 💞
ထို Vip Channel များကို Pinned Message တွင်ဖတ်ပါ။ @Autism_Y
Advertising
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 2 days, 11 hours ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 5 days, 14 hours ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 4 weeks, 1 day ago

2 months, 1 week ago

စာမေးပွဲခန်းထဲမာ နောင်တမရအောင် ဒါတွေလုပ်။
(1) One Subject One Nightလုပ်တာက တချို့တဝက်တော့ကောင်းပေမယ့် ခနတာ ယာယီမှတ်ညဏ်ထဲမာဘဲ သိမ်းထားပါလိမ့်မယ်။

ရည်ရှည်မှတ်ညဏ် (Long-Terms memory)ထဲ ရောက်ဖို့ဆိုရင် All Subject one nightလုပ်ရပါမယ်။
အထင်မလွဲပါနဲ့ ကျွန်တော်ပြောချင်တာက တစ်နေ့သင်ပြီးတာစာ တစ်နေ့ ကျေအောင်ပြန်ဖတ်/မှတ်/ကျက်ခိုင်းတာပါ။ 😺
"အဲ့ဒါကိုမှ မရဘူးပျင်းတယ်ဆိုရင်တော့ စာမေးပွဲခန်းထဲရောက်မှ ထိုင်ပြီးခေါင်းလေ့ကျင့်ခန်းလုပ်နေရုံပေါ့ဗျာ"
(2) ဦးနောက်လုပ်ဆောင်ချက်တွေကမနက်ပိုင်းမာ အရှင်းလင်းဆုံးနဲ့အ​ကောင်းဆုံးဘဲ ဖြစ်ပါတယ်။အိပ်ချိန်ကို တစ်သတ်မတ်ထဲဖြစ်အောင်လုပ်ပြီး 7:00 အနဲဆုံးအိပ်နိုင်အောင်လုပ်ဆောင်ပေးပါ။

ဒီတော့ အိမ်စာတွေ ရေးစရာတွေ ပုံဆွဲစရာတွေကိုညပိုင်းမာလုပ်ပြီး
ကျက်စရာတွေ စဥ်းစားစရာတွေကိုမနက်ပိုင်းမှလုပ်မယ်ဆိုပိုပြီး ထိရောက်နိုင်ပါလိမ့်မယ်။❗️

(3) စာပြန်မလုပ်ဘဲ စာရချင်ရင် စာသင်ချိန်မာ အာရုံစိုက်ပေးလိုက်ပါ။

ကျွန်တော်တို့စာသင်နေချိန် "အိမ်ရောက်မှသေချာပြန်ကြည့်ပြီး လုပ်ပါတော့မယ်ကွာ" ဆိုပြီးလူတိုင်းတွေးဖူးကြမာပါ။

ကဲဒါဆို မင်းမြင်ဖူးတဲ့စာအရမ်းတော်တဲ့ကျောင်းသား တွေကို အရင်လိုက်ကြည့်ကြည့် သူတို့က စာရှင်းချိန် စာသင်နေချိန်မာ မင်းတို့လို့ မုန့်စားပြီး စကားများမနေဘူး စာပေါ် Focusအပြည့်ရှိတယ်။ ပြီးမှ သူတို့ကစာရတယ် ငါကစာမရဘူးဆိုပြီး ညီးမနေပါနဲ့🥹။

"စာတော်ချင်ရင် စာတော်နေတဲ့ကောင်တွေကိုအရင်ပေါင်း သူတို့ပုံစံကိုလိုက်ခိုးချ" ခိုးချဆိုတာက သူတို့ရဲ့ စာကိုအာရုံစိတ်မှု စိတ်တည်ငြိမ်မှုကိုပြောတာနော်။

@Autism_Y

2 months, 1 week ago
2 months, 1 week ago

Yo guys စာမေးပွဲ အခြေနေတွေဘယ်လိုတွေရှိကြတုန်း..?

5 months, 1 week ago

လူတိုင်းမှာသူ့ကို "Motivated" ဖြစ်စေတဲ့အရာတစ်ခုကိုရှိတယ်။

- တချို့တွေက အချစ်ကြောင့် ဘဝရည်မှန်းချက် ရည်ရွယ်ချက်တွေရှိလာကြတယ်။
အချစ်က တော်တော် powerfully ဖြစ်တဲ့ motivatorလို့တောင်သတ်မှတ်လို့ရတယ်။
⛳️***

- တချို့ကကျ အမုန်းကြောင်း motivatedဖြစ်ကြတယ်။ အမုန်းမီးတွေတဟိုးဟိုးတောက်လေလေ ပိုပြီး ကြိုးစားမိလေဘဲ။?

ဒါကြောင့်၊ စိတ်နာနာနဲ့ကြိုးစားဖို့နဲ့ရည်မှန်းချက်နဲ့ ကြိုးစားဖို့ဆိုရင်
သင့်ကိုဘယ်အရာက motivated ဖြစ်စေတာလဲ?
@Autism_Y
?***

Btw, i'm backkk.

5 months, 2 weeks ago

လူချစ်လူခင်ပေါစေမဲ့ အကောင်းဆုံး(၁၀)ချက်

(၁) ပြုံးပါ။
?????.

အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

(၂) နားထောင်ပါ။
??????.

တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

(၃) မနှိုင်းယှဉ်ပါနဲ့။
?? ??? ???????.

သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

(၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။
?? ??? ?????? ????????.

လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

(၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။
?????? ????????.

သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

(၆) ချီးမွမ်းစကားပြောဆိုပါ။
????? ??????.

တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

(၇) သူများမကောင်းကြောင်း မပြောပါနဲ့။
?? ??? ??? ??? ?????? ????? ??????.

သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

(၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။
???????? ???? ??????.

လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

(၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။
????????? ? ???????? ????????.

ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

(၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။
???? ??? ??? ??? ???.

ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။

"[7] Paid Channel promotion"

https://t.me/psychologicalCh1/614

@Autism_Y

5 months, 3 weeks ago

**"အရမ်းကြီး မှတ်ညဏ်ကောင်းဖို့Unlimited Memoryရဖို့ ကြိုးစားမနေကြပါနဲ့အုံး

တော်ကြာ တစုံတစ်ယောက်ကို တသတ်လုံးမမေ့နိုင်ပဲဖြစ်နေအုံးမယ်"**

FromWhiteRoom moti

?

Sweetdream Guys

7 months, 2 weeks ago

Singleဖြစ်ရခြင်းရဲ့ အချက်ကောင်း(7)ချက် ?*
*1) ငွေကုန်ကြေးကျ နည်းခြင်း

Relationship တစ်ခု တည်ဆောက်လိုက်ပြီဆိုတာနဲ့ ပထမဆုံး ထွက်တာကတော့ ပိုက်ဆံပါပဲ။ဒါပေမယ့်
Single တွေမှာကျတော့ အဲသလိုမဟုတ်ပါဘူး။ကိုယ့်ရဲ့ တစ်ကိုယ်ရည် သုံးဖို့ အတွက်သာ ကုန်ကျတာဖြစ်လို့  ပိုက်ဆံလည်း ပိုစုမိပါတယ်။

2) ကိုယ့်ကိုယ်ကိုယ် ပိုပြီး အာရုံစိုက်နိုင်ခြင်း

Single တွေအနေနဲ့ တစ်ကိုယ်တည်း သမားဖြစ်တာ မို့ ကိုယ့်ရဲ့ စိတ်၊ကိုယ့်ရဲ့အားလပ်ချိန်တွေကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲလို့ ရပါတယ်။ကိုယ့်ကိုယ်ကို အာရုံစိုက်နိုင်တာ ဖြစ်လို့တိုးတက်မှုနှုန်းလည်း ပိုပြီး လျှင်မြန်ပါတယ်။

3) လူမှုဆက်ဆံရေး ပိုအားကောင်းနိုင်တယ်

Relationship တစ်ခုဟာအချုပ်အနှောင်တွေရှိတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ Single
ဘဝကကျတော့ အချုပ်အနှောင်ကင်းပြီး လွတ်လပ်တာမို့ မိမိတွေ့ဆုံချင်တဲ့ မိတ်ဆွေ၊တက်ချင်တဲ့ ပွဲ၊ သွားချင်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် သွားနိုင်တာဖြစ်လို့ လူမှုဆက်ဆံရေး
ပိုမို အားကောင်းနိုင်ပါတယ်။

4) ချစ်မြတ်နိုးရသူတွေကို အချိန်ပိုပေးဖြစ်မယ်
Single တွေ အနေနဲ့ ကိုယ့်ကိုယ့်ကို အချိန်ပေးဖို့အပြင် တခြားမရှိတာမို့ မိမိ ချစ်မြတ်နိုးရတဲ့မိသားစုဝင်နဲ့ သူငယ်ချင်း တွေကို ပိုဂရုစိုက်
နိုင်တယ်။အချိန်ပိုပေးနိုင်ပါတယ်။

5) RS ရှိသူထက် စိတ်ကျန်းမာရေး ပိုကောင်းမယ်

Relationship တွေ အနေနဲ့ သံသယ များရ၊ စိတ်ဆိုးရစိတ်ကောက်ရ ဒေါသထွက်ရ စိတ်ပင်ပန်းရ နဲ့
Mental Healthကို ထိခိုက်နိုင်ပါတယ်။
ဒါပေမယ့် Single တွေ ကျတော့ အဲသလို မဟုတ်ပါဘူး။
သူတစ်ပါးအတွက် လိုက်ပူပန်နေရတာ မဟုတ်လို့Mental Healthလည်း ကောင်းမွန်စေပါတယ်။

6) လူတိုင်းကို လိုက်ကြိုက်ခွင့် ရှိတယ်?‍↕️****

RS တွေက ပိုင်ရှင် ရှိပြီးသားမို့ အချောလေးတွေမြင်တဲ့အခါ လွတ်လွတ်လပ်လပ် ငမ်းလို့ မရပါဘူး။Single တွေကတော့ အဲ့သလို မဟုတ်ဘဲ လာကြောင်သမျှကို ပြန်ကြောင်လို့ ရသလိုကိုယ့်မှာ Crushတွေ ထားပြီး အီစီကလီလည်းသွားလုပ်လို့ ရပါတယ်။

7) ဘဝကို လွတ်လပ်စွာ ပုံဖော်နိုင်တယ်

Single တွေ အနေနဲ့ မိမိရဲ့ ဘဝကို အချုပ်‌အနှောင်ကင်းကင်းနဲ့ ထုဆစ်ပုံဖော်လို့ ရပါတယ်။နောက်ပြီး
အိပ်မက်တွေ ရည်မှန်းချက်တွေကိုလည်း အာရုံစိုက်ပြီးလုပ်နိုင်ပါတယ်။

- ဒီအချက်တွေကြောင့် တစ်သက်လုံး Singleဘဝနဲ့နေထိုင်ပါလို့ မပြောလိုပါဘူး။ဒါပေမယ့် လူ့ဘဝရဲ့ အနှစ်သာရ တော်တော်များများကိုSingleတွေကပဲပိုပြီး ခံစားနိုင်တာမို့ Singleဖြစ်ရတာကို ဂုဏ်ယူ
လိုက်ပါ။

@Autism_Y Paid Channel here
https://t.me/psychologicalCh1/543?single

7 months, 2 weeks ago

ဦး‌နှောက်တုံးအောင်လုပ်နည်း?
ဦးနှောက်ပျက်စီးပြီး တုံးအတဲ့သူဖြစ်ချင်ရင်

  1. Phone တစ်နေ့ကုန်သုံးပါ၊
  2. Online ပေါ်က ပွဲတွေ့တိုင်း ဝင်ယောင်ပါ။
  3. တွေ့သမျှ Blame ပါ။ ဆဲပါ။
  4. Porn နေ့တိုင်းကြည့်ပါ။
  5. Junk Food တွေ များများပါ။
  6. အချိုတွေအများကြီးစားပါ။
  7. တက်နိုင်သလောက်ရေ မသောက်ပါနဲ့။
  8. ဘာကိုမှ မလေ့လာပါနဲ့။ ဘဝကိုပျော်ပျော်နေပါ။ ခံစားလို့ကောင်းမယ့်အရာတွေချည်းလုပ်ပါ။
  9. လူမှုရေးပွဲလမ်းသဘင်တွေမသွားပါနဲ့။ ဇွတ် Introvert လုပ်ပါ။
  10. ကိုယ့်ကိုယ်ကို Depression Person လို့ သူများတွေထင်အောင်လုပ်ပါ။

ဒီအချက်တွေကို နေ့တိုင်းလိုက်နာမယ်ဆိုရင်တော့ တစ်ရက်အတွင်းမှာ ဦးနှောက်ထက်မြက်မှုအရည်အသွေးတွေ လျော့ကျပြီး ကြာရင်တုံးအလာမှာပဲဖြစ်ပါတယ်။??

Writer ? The Prime Studyroom(https://t.me/+pxzriodSwFthNTdl)

7 months, 2 weeks ago

နေရာတိုင်းမှာ လေ့လာလို့ရနေတဲ့ ခေတ်ကြီးမာ မင်းက နောက်ကောက်ကျချင်နေပြီလား?
(ဒီစာကိုအချိန်ပေးပြီးဖတ်ကြည့်ကြည့်ပါ။)

- Free Sharing လုပ်ပေးနေတဲ့ Channel တွေကို ကျေးဇူးတင်ပါ။
အရာရာခြိုးခြံခြွေတာ နေရတဲ့ ခေတ်ကြီး ကိုသိသမျှ တတ်သမျှကိုရှိုထားရတဲ့ ခေတ်ကြီး တွေထဲမာ  အခုလို Sharing လုပ်ပေးနေတဲ့ Channel တွေကို ကျေးဇူးတင်ပါ။

- တချို့တွေက လာပြောကြတယ် Manipulation Tricks တွေ များများတင်ပေးပါတဲ့ Manipulative Tricks တစ်ခု တင်ပေးဖို့အတွက် သူ့အနေနဲ့ စမ်းအသုံးချကြည့်ရတာ​တွေ သူနားလည်သလို အားလုံး နားလည်အောင် ပြောပြပေးရတာတွေ အားလုံးဖက်လိုက်တာသာ ခနလေး တင်ပေးတဲ့သူတွေက ခင်ဗျားတို့ အတွက် အဲ့လိုအရာတွေအများကြီး  လေ့လာရတယ်။

?လက်ရှိမြန်မာနိုင်ံ Manipulationပိုင်းတင်ဆက်ပေးတဲ့ Channelကြီးတွေဖြစ်တဲ့ "THE DIFFERENT NORMIES" "Mind x flame" "Htet Aung Hlaing" တို့တွေရှိနေပြီး Psychology ပိုင်းတွေမာဆိုရင် "The Extraterrestrial,Thomas Hobbes Bab,Mario,NoxSFG,Yellowmask" တို့တွေ တင်ဆက်ပေးနေတာတွေကိုလဲ လေ့လာနိုင်တယ်။နှံ့နှံ့စပ်စပ်လေ့လာရင်  အသုံးချစရာတွေ စိတ်ဝင်စားစရာ Manipulation တို့ Human psychology တွေကိုတွေ့ရှိနိုင်လိမ့်မယ်။ ကျွန်တော်ကိုတောင် လာမေးနေစရာမလိုဘူး ချက်ခြင်းသွားဖတ်/မေးလိုက်လို့ရတယ်။ သိထားတယ်ဆိုရင် အဲ့လိုကိစ္စတွေက ကာကွယ်ဖို့လောက်အတွက်ဆို လုံလောက်တယ်။ အသုံးချမယ်ဆိုရင်တော့ သေသေချာချာကို နားလည်အောင် လေ့လာသင့်တယ်။(ကျွန်တော်တွေ့မြင်နေတဲ့သူတွေကိုသာပြောခြင်းဖြစ်ပါတယ် တခြားသူတွေရှိသေးရင်လဲCommentမှာ ပြောပြပေးနိုင်ပါတယ်။)

ကျွန်တော်လုပ်ဖြစ်တာကတော့

- လူထူထပ်တဲ့နေရာတွေမာထိုင်ပြီး
လူတွေရဲ့ Body language တွေ Human psychology တွေကို လေ့လာတယ်။ ကိုယ့်ကိုယ်ကိုယ်လဲစမ်းစစ်တယ်။
- Kdrama တွေကြည့်တယ်Body Languageတွေ လေ့လာတယ်။ မြန်မာနိုင်ငံသားဆိုတော့ မြန်မာကားတွေလဲ ကြည့်တယ်။ အဲ့ထဲက အကြောင်းအရာတချို့က လက်ရှိဖြစ်ပျတ်နေတာတွေပေါ်မာလဲ မူတည်သေးတယ် သင်ခန်းစာယူနိုင်တယ် ပြန်လည်သင်ယူနိုင်တယ်။

ဆိုတော့ ပြောချင်တာက တစ်လမ်းထဲကို သေသေချာချာ ဖောက်ထားတဲ့ သူက လမ်းပေါင်းစုံဖောက်နေတဲ့ သူထက်စာရင်ပိုသာပါတယ်။ ဒီအကြောင်းကိုသိချင်တယ်ဆိုရင် အရင်ဆုံးဖြတ်ရမယ်။ ဒီလမ်းကို ဘယ်သူက သေသေချာချာ ဖောက်ထားလဲ ဘယ်သူက ပိုသိနိုင်လဲ ပြီးတော့မှ အဲ့လမ်းကို ပိုသိတဲ့သူကို သွားမေးရမယ်။

ကျွန်တော့်Paid တွေထဲက အကြောင်းအရာတွေဆိိုရင် ကျွန်တော်တစ်ခုမှတောင် မတင်ပေးဖူးဘူး လက်ရှိတင်နေတာတွေကလဲ ခင်ဗျားတို့ တစ်နေ့စာ ဝမ်းဝ ရုံလောက်ဘဲ ကျွန်တော့် Paidက အကြောင်းအရာတွေကိုလဲ ဒီထဲမာ တစ်ခါမှ မတင်ပေးဖူးပါဘူး ဘာလို့လဲဆိုတော့ အဆက်ဆက်မရှိရင် စာဖတ်သူအဖို့ တစ်ခုခုလိုအပ်နေသလို ဖြစ်သွားမာဆိုးလို့ပါ။
So Respect The All Admins as I hope they will come in comment and say something for me?****

@Autism_Y

7 months, 2 weeks ago

[**Y] knowledge sharing ​ကနေ A YOUTH WITH MISTAKES ဆိုပြီးName Change လိုက်ပါတယ်။
OFFICIALLY Name ဖြစ်ပါတယ်။

ည9:00 ကျရင် လူတွေနားမလည်သေးတဲ့ အကြောင်းရာတစ်ချို့ကို ဝက်ဝက်ကွဲကွဲသိအောင် Post တစ်ခု တင်စရာရှိပါတယ်။ အားလုံး စောင့်ကြည့်ပေးကြဖို့** တောင်းဆိုပါတယ်။

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 2 days, 11 hours ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 5 days, 14 hours ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 4 weeks, 1 day ago