ဗြုတ်စဗျင်းတောင်း သတင်းများ

Description
We recommend to visit

Last updated 1 year, 6 months ago

Tervetuloa päätoimittaja Janus Putkosen viralliselle Telegram-kanavalle. Tänne ilmaantuvat sosiaalisen median postaukset, uutiset, kommentit... keskellä nopeasti leviävää internet-sensuuria. Pysytään yhteyksissä ja vankasti anti-globalismin vastarinnassa!

Last updated 1 year, 6 months ago

1 Jahr, 6 Monate her

ပဲခူးတိုင်း အရှေ့ခြမ်း
ညောင်လေးပင် ခရိုင်

ကျောက်တံခါးမြို့နယ်
ဒိုက်ဦး မြို့နယ်
ညောင်လေးပင်မြို့နယ်
ပဲနွယ်ကုန်း မြို့နယ်

သံဃာစီးကားများ
ပရဟိတကားများ ကိုလည်း
သတိထားသင့်ကြောင်း။

သံဃာများနှင့်ပရဟိတသမားများကို
စော်ကားခြင်းမဟုတ်ပါ
သံဃာနှင့်ပရဟိတ အမည်သုံးပြီး
ခုတုံးလုပ်နေကြသည်ဟုသတင်းရ။

1 Jahr, 6 Monate her

ငါန်းဇွန်သတင်း

2-1-2025

ယနေ့
ငါန်းဇွန်မြို့နယ်၊မင်းနေကုန်းကျေးရှိ
မင်းနေကုန်း ရဲကင်းစခန်းအား အကြမ်းဖက် PDF များဖြစ်သည့် နဘူးအိုင်(မြင်းခြံ)၊နွားထိုးကြီး၊ငါန်းဇွန် PDF များပူးပေါင်း ၍ အင်အား ၂၀၀ခန့်မှ လက်နက် ကြီး၊Drone ၃စီးတို့ဖြင့် ဦးစွာပစ် ခတ် တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

တိုက်ခိုက်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြီးတပ်မတော်လေမှလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်
အကြမ်းဖက် PDF များ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့်တိုက်ပွဲဖြစ်စဥ်တွင် မိမိဘက်မှ စစ်သည် ၁ဦးနှင့်ရဲတပ်သား၏ဇနီး ၁ဦး ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

1 Jahr, 6 Monate her

တာဝန်ရှိသူများသိရှိနိုင်ပါရန်

ဝေါသတင်း

ဝေါမြို့နယ်အစပ် ရွာများတွင်
တရုတ်စကားပြောပြီး
လက်နက်ကိုင်ဆောင်ထားသည့်
လူများ ငါးဆယ်ခန််ရောက်ရှိနေ​ကြောင်း
နယ်မြေအခြေအနေစုံစမ်းနေကြောင်း
MNDAA ကိုးကန့်သူပုန်များဖြစ်နိုင်ကြောင်း
ဒေသခံတစ်ဦးမှ ဖုန်းဆက်သတင်းပို့လာ။

1 Jahr, 6 Monate her

ငါန်းဇွန်သတင်း

ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး
ငါန်းဇွန်မြို့နယ်၊ရေလည်သောင်အရှေ့ရွာ၊ကူးတို့ကုန်း(ကတို့ကုန်း)အရှေ့ဘက် ဇီးတောအတွင်း၌ အကြမ်းဖက် PDF များမှ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နိူင်ရန် အကြမ်းဖက်သင်တန်းများ ပို့ချနေကြောင်း သတင်းအရ တပ်မတော်လေမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကုလကျေးရွာအတွင်း ခိုအောင်းနေထိုင်နေသော အကြမ်းဖက် PDF များရှိရာသို့လည်း ဝေဟင်မှ စက်သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရ။

1 Jahr, 6 Monate her
ဗြုတ်စဗျင်းတောင်း သတင်းများ
1 Jahr, 6 Monate her
ဗြုတ်စဗျင်းတောင်း သတင်းများ
1 Jahr, 6 Monate her

ဒီနေ့ နွားထိုးကြီး PDF တွေ
အမြန်လမ်းပေါ်တက်ပြီး
ခရီးသွားပြည်သူတွေကို
စစ်ဆေးနေတဲ့ ရုပ်သံ။

1 Jahr, 6 Monate her
ကျွန်တော် သတိပေးခဲ့ပါတယ်

ကျွန်တော် သတိပေးခဲ့ပါတယ်

နွားထိုးကြီးPDF တွေ
ဒီရက်ပိုင်း ရန်ကုန်-မန္တလေး
အမြန်လမ်းပိုင်း (ပြင်စည်) အား
ဝင်ရောက်တိုက်ခိုက်ဖို့
စီစဥ်ပြီးလူစုနေတဲ့ကြောင်းကို

ဒီဇင်ဘာ ၁၅ ရက်နေ့က
ကျွန်တော် သတိပေးခဲ့ပါတယ်။

အားလုံးကြားမှာပါ
ဒီနေ့ ပြင်စည် တဝိုက်
အမြန်လမ်းပေါ်ကို PDF တွေ
ဝင်မွှေတယ်ဆိုတဲ့သတင်း။

1 Jahr, 6 Monate her

အစိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူ စေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တိုကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တိုကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

1 Jahr, 6 Monate her

ပြည်သူပေးပို့သော သတင်း

၁၇ - ၁၂ -၂၀၂၄

ပဲခူးတိုင်း အရှေ့ ခြမ်း
ညောင်လေးပင်ခရိုင်
ကျောက်တံခါးမြို့

၁၆ - ၁၂ -၂၀၂၄ ရက်နေ့ ည တွင်
အကြမ်းဖက် ဒုန်း အဖွဲ့ ၂၀ ယောက်
သမအင်းကုန်းရွာ အုပ်စုထဲသို့
ရောက်ရှိနေပါပြီ

ပဲနွယ်ကုန်း
သူဌေးကုန်း
လမ်းကြောင်းများအား ပိတ်ပြီး
ကျောက်တံခါးမြို့အား ဝင်စီးမည် ဟု သိရပါသည်။

တောင်ခင်အုပ်စု ထဲတွင် အင်အား ၂၀၀

သမအင်းကုန်းရွာ
ခိုလိုရွာ
ဖျံတလင်းရွာ
တလိုင်းခင်ရွာ
ဖွတ်တရွာ
ချောင်းဝ ရွာ
များထဲတွင် အင်အားများ ဖြန့်ထားပါပြီ ။

(သတင်းမှန်သည်/မှားသည်ဆိုတာထက်
မိမိတို့ဖက်မှသတိမပေါ့ဖို့လိုပါသည်)

We recommend to visit

Last updated 1 year, 6 months ago

Tervetuloa päätoimittaja Janus Putkosen viralliselle Telegram-kanavalle. Tänne ilmaantuvat sosiaalisen median postaukset, uutiset, kommentit... keskellä nopeasti leviävää internet-sensuuria. Pysytään yhteyksissä ja vankasti anti-globalismin vastarinnassa!

Last updated 1 year, 6 months ago