ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 Tage, 14 Stunden her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 Monate her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 Monate, 1 Woche her
Facebook Page မှာ Post အသစ်တင်ထားပါတယ်
ဖတ်ပြီးကြပြီလားဗျ 🥰
အသက် 18 ကနေ 24 နှစ် လူငယ်တွေအတွက် အခွင့်အရေးတစ်ခု ??
OR Seeding The Future ASEAN Camp 2024 (Fully-funded)
OR Seeding The Future ကနေ 6 ရက်တာ ပြုလုပ်သွားမယ့် Camp အစီအစဉ်လေးဖြစ်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်နေတဲ့ အသက် 18-24 ကြား University Students တွေအတွက် ဖြစ်ပါတယ်။
November 24 ကနေ 29 အထိ 6 ရက်တာကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြပါတယ်။ Program မှာ အရွေးခံရတဲ့သူတွေအတွက် မြန်မာနိုငံကနေ ထိုင်းကို လာမယ့် လေယာဉ်စရိတ်၊ နေစရိတ်၊ အစားအသောက်နဲ့ အာမခံတွေ အားလုံးအတွက် Full Sponsorship ရရှိမှာဖြစ်ပါတယ်။
ဒီ Program Join ဖို့ ဘာတွေ လုပ်ဖို့လိုလဲ ❓
Step 1: @OR Seeding The Future Page ကို Like လုပ်ထားပါ။
Step 2: နှစ်မိနစ်ထက်မပိုတဲ့ Video တစ်ခု ဖန်တီးပါ။
ကိုယ့်နာမည်၊ နိုင်ငံသား၊ တက်နေတဲ့ တက္ကသိုလ်၊ ဌာန အစရှိတဲ့ အချက်အလက်တွေအပြင် ကိုယ် ထည့်သွင်းပြောကြားချင်တဲ့ အကြောင်းအရာတွေပြောလို့ရပါတယ်။ ဒါ့အပြင် နှစ်မိနှစ်အတွင်းမှာတင် ကိုယ်က ဒီ Camp ကို ဘာကြောင့် Join ချင်ရတာလဲ။ စီးပွားရေး၊ ပတ်ဝန်းကျင်နဲ့ Community ကို ရေရှည်တည်တံ့အောင် Gen Z တွေအနေနဲ့ ဘယ်လို လုပ်ပေးနိုင်မလဲ? အစရှိတဲ့ မေးခွန်းလေးတွေကို ပါအောင် ဖြေသွားရပါမယ်။
Step 3: ကိုယ်ရိုက်ထားတဲ့ Video ကို OR Seeding The Future Facebook Page ကို Mention/ Tag တွဲပြီး Facebook မှာ တင်ပေးရပါမယ်။ အဲ့တစ်ခုကတော့ မဖြစ်မနေလိုပါတယ်။ နောက်ထပ် Youtube/ TikTok တို့မှာ ထပ်တင်ချင်လည်း ရပါတယ်။
Step 4: Application Form ဖြည့်ရပါမယ်။ ထွေထွေထူးထူး အများကြီး ဖြည့်စရာမလိုပါဘူး။ အဓိကကတော့ 2 Minutes Video ဖန်တီးဖို့ပါပဲ။ Application Form ထဲမှာ Advisory’s name, email နဲ့ ဖုန်းနံပါတ်တောင်းပါတယ်။ အဲ့ဒါက ကိုယ် ကျောင်းတက်နေတဲ့ ကာလမှာ ဒီ Program ကို Join ပါမယ်ဆိုတာ အသိပေးထားတဲ့ ကျောင်းက Advisor ရဲ့ အချက်အလက်ဖြည့်ရမှာပါ။ ကျွန်တော် မသေချာလို့ Page မှာ သွားမေးလိုက်တာ “Your university advisor who is going to acknowledge that you'll attend the camp during the school week.” ဒီလို ပြန်ဖြေပါတယ်။
Video ကို Jul 18 ကနေ Sep 15, 2024 အတွင်း Facebook မှာ တင်ထားရပါမယ်။
တစ်လလောက်အောင် အချိန်ရသေးတဲ့အတွက် ပြင်ဆင်ချိန်အများကြီးရှိတာမလို့ လျှောက်သင့်တယ်နော် ?
အရွေးခံရတဲ့သူစာရင်းကို OR Seeding The Future ရဲ့ Facebook Page မှာ Sep 23, 2024 မှာ ကြေညာသွားပေးမှာဖြစ်ပါတယ်။
အရင်နှစ်ရဲ့ အချက်အလက်အရ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံက လူငယ်ပေါင်း အယောက် 50 ကို ခေါ်ယူသွားပြီး တစ်နိုင်ငံစီက 10 ယောက်စီ ရွေးသွားတာတွေ့ရပါတယ်။ ဒီနှစ်လည်း အယောက် 50 ခေါ်မှာဆိုတော့ ကိုယ့်အနေနဲ့ ပါဝင်နိုင်ဖို့ အခွင့်အရေး အများကြီးရှိတယ်လို့ မြင်တယ်။
ဘယ်သူတွေ Join လို့ရမလဲ ❓ Eligible Criteria တွေက ဘာတွေလဲ ❓
? အသက် 18-24 ကြားရှိတဲ့ တက္ကသိုလ်ကျောင်းသားဖြစ်ရမယ်။
? ထိုင်း၊ ဖလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်။
? Nov 29, 2024 ပြန်ဖို့အထိ သက်တမ်း အနည်းဆုံး 6 လကျန်တဲ့ Passport ရှိရမယ်။
Requirement အများကြီးမရှိပါဘူး။
အသေးစိတ်အချက်အလက်တွေကို အောက်က Link တွေက တဆင့် ဝင်ကြည့်နိုင်ပါတယ်။
အခု ကျွန်တော်ရေးထားတဲ့အချက်အလက်တွေကလည်း အောက်က Link တွေက တဆင့်ပဲ ဖတ်ပြီး ပြန်ရေးထားတာမလို့ လျှောက်ဖို့ သေချာပြီဆို သူတို့တင်ထားတဲ့ Information အကုန်လုံးကို သေချာ ဖတ်ဖို့ အကြံပေးချင်ပါတယ်။
Detailed Information: https://shorturl.at/UPW8T
For more information: https://shorturl.at/95woQ
How to upload your video clip: https://shorturl.at/tmtPy
Q&A: https://shorturl.at/ElwEc
Application Form: https://shorturl.at/NruyT
ကျွန်တော်ကိုယ်တိုင်လည်း ဒီ Program အကြောင်းလေး မြင်တော့ စိတ်ဝင်စားသွားတာနဲ့ လိုက်ရှာဖတ်ကြည့်ရင်း ပြန် Sharing လုပ်ပေးတာဖြစ်ပါတယ်။
တခြား သူငယ်ချင်းတွေကိုလည်း ပြန်လည် မျှဝေပေးပါဦးနော်။
တစ်စုံတစ်ရာ အကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်။
နောက်လည်း ကြုံရင်ကြုံသလို အခွင့်အလမ်းတွေအကြောင်းကို မျှဝေသွားပေးပါမယ် ✨
မြန်မာနိုင်ငံက Content Creator တွေအတွက် Community တစ်ခု ?
မြန်မာနိုင်ငံမှာ အခုဆို Content Creator တွေအများကြီးရှိလာသလို Content တွေ ဖန်တီးဖို့ ပြင်ဆင်လာကြတဲ့သူတွေလည်း တွေ့လာကြတယ်။Content Creators မဟုတ်သေးပေမယ့်လည်း ကျွန်တော့်လို့ Content လေးတွေရေးပြီး Sharing လုပ်နေတဲ့သူတွေလည်း အများကြီးရှိလာတယ်။
Content Creator တော့ လုပ်ချင်တယ် ဘယ်ကနေ ဘယ်လို စရမလဲ မသိဘူးဆိုတဲ့သူတွေ၊ Content Creators အနေနဲ့ လုပ်နေပြီး Monetization အတွက် လမ်းကြောင်းရှာဖွေနေတဲ့သူအတွက် ရည်ရွယ်ပြီး ကျွန်တော် ဒီ Group လေးကို ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။
တစ်နေရာထဲမှာ Content Creator တွေက Community တစ်ခု Network တစ်ခုအနေနဲ့ ရှိနေမှာဖြစ်တဲ့အတွက် သိချင်တဲ့ မေးခွန်းတွေ မေးနိုင်မယ်၊ အကြံဉာဏ်တွေ တောင်းခံနိုင်မယ်။ အချင်းချင်း ဖေးမကူညီလို့ရမယ်။ ဒါ့အပြင် အခုလက်ရှိက Influencer Marketing က ခေတ်စားလာတာနဲ့ အညီ လုပ်ငန်းတွေကလည်း Influencer သုံးပြီး ကြော်ငြာတာတွေရှိလာကြတယ်။ Influencer Ads တွေ ဖန်တီးချင်တဲ့ လုပ်ငန်းတွေအတွက်လည်း တနေရာထဲမှာ Content Creator တွေ Vlogger တွေ လာရှာနိုင်မယ်။ ဒါကြောင့် Content Creators တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလန်းတွေပို များလာမယ်။
ကိုယ်က လက်ရှိမှာ ကိုယ်ပိုင် Page နဲ့ Content တွေ Create လုပ်နေတဲ့သူ၊ ဒါမှမဟုတ် Content Creator အနေနဲ့ စတင်ဖို့အတွက် ခြေလှမ်းပြင်နေတဲ့သူ ဖြစ်တယ်ဆိုရင်တော့ ဒီ Group လေးကို လာ Join ထားလို့ရပါတယ်။ ကိုယ့်ရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေထဲမှာလည်း ဒီ Group လေးကို စိတ်ဝင်စားမယ့်သူရှိရင် လာ Join ထားဖို့ လက်တို့ပေးပါဦးနော် ?✨
တရေးအိပ်ခြင်းအနုပညာ ☕️?
~~~~~~~~~~~~~~~~
နေ့လည် နေ့ခင်း တရေးအိပ်ခြင်း (Napping) က ကိုယ့်ရဲ့ Energy Level ကို ပြန်တက်စေတယ်လို့ ယုံကြည်ကြတယ်။ မှန်ပါတယ်။ ဒါပေမယ့် တရေးအိပ်တဲ့ ပုံစံက မှားနေတယ်။
ပင်ပန်းနေပြီ ခဏအိပ်ဦးမယ်ဆိုပြီး အိပ်လိုက်တယ်။ ၂ နာရီ ၃ နာရီလောက် ကြာသွားတယ်။ နိုးလာတော့ Productive ဖြစ်ရမယ့်အစား လူက ကြောင်တောင်တောင်၊ ပြန်ပဲ အိပ်ချင်နေတယ်ဆိုတာမျိုး ကြုံရတယ်။ တစ်ခါတလေ ခေါင်းပါ ကိုက်ပြီး လူက ဘာမှ မလုပ်ချင်မကိုင်ဖြစ်ကုန်တယ်။
ဒါဆို ဘယ်အချိန်မှာ ဘယ်လို တရေးအိပ်ရမလဲ? အချိန် ဘယ်လောက်လောက် အိပ်သင့်လဲ ဆိုတာတွေကို ဒီ Blog ထဲမှာ ပြောသွားပေးမယ်။
Daniel H. Pink ရေးသားထားတဲ့ When ဆိုတဲ့ စာအုပ်ထဲမှာ Nappuccino ဆိုတဲ့ အကြောင်းကို ပြောပြထားတယ်။ Nappuccino ကို Coffee Nap လို့လည်း ပြောကြသလို အစွမ်းထက်တဲ့အတွက် Power Nap လို့လည်း ခေါ်ကြတယ်။
Nappuccino ကို သုတေသနတွေ လုပ်ပြီးတော့မှ Effective ဖြစ်ကြောင်း ယုံကြည်ကြတယ်။
Nappuccino ဆိုတာ အကြမ်းဖျင်းပြောရမယ်ဆို ကော်ဖီသောက်ပြီး ၂၅ မိနစ် အိပ်တာ။
ကော်ဖီဆိုတာ လန်းဆန်းစေဖို့သောက်တာလေ၊ ဘာလို့ ကော်ဖီသောက်ပြီးမှ အိပ်တာလဲ လို့မေးစရာရှိပါတယ်။
ကော်ဖီမှာ လူကို လန်းဆန်းတက်ကြွစေတဲ့ ကဖိန်းဓာတ်ပါတာ အားလုံးသိကြမှာပေါ့။ ကော်ဖီက ပါးစပ်ထဲရောက်၊ အူကလီစာတွေထဲရောက်သွားတာနဲ့ ချက်ချင်း ပါဝါရိမ်းဂျားဖြစ်သွားတာမဟုတ်ပါဘူး ?
ကော်ဖီသောက်လိုက်ပြီးရင် ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ သွေးထဲကိုရောက်ဖို့အတွက် မိနစ် ၂၀-၂၅ မိနစ်လောက်ယူပြီးတော့မှ ကော်ဖီရဲ့ အစွမ်းက ဝင်လာတာဖြစ်ပါတယ်။
ကော်ဖီကို လန်းဆန်းစေတဲ့အရာအဖြစ်ယူဆထားကြသလို တရေးအိပ်တာကိုလည်း အဲ့လိုယူဆကြတယ်မလား။ နှစ်ခုပေါင်းလိုက်တဲ့အခါ ပိုပြီး အစွမ်းထက်သွားစေပါတယ်။ နည်းလမ်းမှန်ဖို့တော့ လိုတာပေါ့။
ဒါဆို Daniel H. Pink ရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်။
? ပထမဆုံးအနေနဲ့ ကိုယ့်အကြောင်းကိုယ် သိဖို့လိုပါတယ်။ အကြမ်းဖျင်းအားဖြင့် မနက်နိုးလာတဲ့အချိန်ကနေ ၇ နာရီအကြာမှာ တရေးအိပ်သင့်တယ်လို့ဆိုတယ်။ အတိအကျသိရဖို့အတွက် ကိုယ်က ဘယ်အချိန်မှာ Energy level ကျတတ်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ။
? ဒုတိယအနေနဲ့ တိတ်ဆိတ်တဲ့ နေရာတစ်ခုရှာပါ။ ဆူညံနေတဲ့နေရာမှာ အိပ်မယ်ဆို ကိုယ့်ရဲ့ Nap က Quality မကောင်းဘူးဖြစ်လိမ့်မယ်။ နောက်တစ်ခု အရေးကြီးတာက ကျွန်တော်တို့ရဲ့ Attention ကိုရဖို့ အမြဲကြိုးစားနေတဲ့ဖုန်းကိုလည်း Notification Off ထားဖို့လိုပါတယ်။
? တတိယအဆင့်ကျမှ Coffee တစ်ခွက်သောက်လိုက်ပါ။
? နောက်အဆင့်အနေနဲ့ 25 Minutes Timer မှတ်ပါ။ တရေးအိပ်တာက ၁၀-၂၀ မိနစ်လောက်ဆို နိုးကြားမျုဖြစ်စေဖို့အတွက် လုံလောက်တဲ့အချိန်ပမာဏတစ်ခုဖြစ်ပါတယ်။ ၂၅ မိနစ်လောက်တရေးအိပ်လိုက်လို့ ပြန်ထလာတာနဲ့ ခုနက Coffee သောက်ထားတဲ့ Caffine ဓာတ်ရဲ့ အကျိုးသက်ရောက်မှုက စဝင်လာပြီမလို့ အဲ့ထက်ကျော်အောင် မအိပ်ပါနဲ့။ Alarm ပေးထားပါ။
ဒါဆို ပြန်နိုးလာတဲ့အခါမှာ Quality Nap တစ်ခုကို ရမှာဖြစ်သလိုမျိုး ကိုယ့်ရဲ့ တနေ့တာ Productivity ရော Creativity တွေရောတက်လာပြီး အလုပ်တွေ ပိုပြီးစေပါလိမ့်မယ်။
? နောက်တစ်ခု သိထားရမှာက ထပ်ခါထပ်ခါ အမြဲတမ်း လုပ်ဖို့ပါပဲ။ တစ်ခါတရံမှာ တရေးအိပ်တတ်တဲ့သူထက် အမြဲတမ်း ပုံမှန် အလေ့အကျင့်တစ်ခုဖြစ်အောင် တရေးအိပ်တဲ့သူက ပိုပြီး ဒီ Effect ကိုရတယ်လို့ ဆိုထားပါတယ်။
ဒီလောက်ဆိုရင် Nappuccino အကြောင်းကောင်းကောင်းသိသွားမယ်လို့ မျှော်လင့်ပါတယ် ✨
နောက်ထပ် Blog တွေမှာ ပြန်ဆုံတွေ့ကြပါမယ်။ See you! ??
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 5 Tage, 14 Stunden her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 Monate her
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 Monate, 1 Woche her