တရားအသိ (မျှဝေသူ - ခက်နှင်းဆု)

Description
ကိုယ်သိတရား မျှဝေပါ။
သူသိတရား ကြားနာပါ။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 months, 1 week ago

တရားနာယူရန် အချိန်အများကြီးမပေးနိုင်သူများအနေနဲ့ တရားတိုလေးများ နာယူနိုင်ရန် Join ထားနိုင်ပါတယ်။

နေ့စဉ်တရားအသိတစ်ခုရယူပါ။
လိုက်နာကျင့်သုံးပါ။

https://t.me/khathninsu1987

3 months, 2 weeks ago

တရားတိုလေးများ နာယူနိုင်ရန်
Join ထားနိုင်ပါတယ်။

https://t.me/khathninsu1987

5 months, 1 week ago

လောက၌ ကြိုတင်၍မသိနိုင်သောအရာ ၅ မျိုးရှိတယ်။ ဘာတွေလဲဆိုရင်…

(၁) ဇီဝိတံ
အသက်ရှင်လျက် ဘယ်လောက်နေရဦးမယ်ဆိုတာ မသိဘူး။ လောကကြီးမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်ရဦးမလဲဆိုတာကို မသိနိုင်ဘူးတဲ့။

(၂) ဗျာဓိ
ဘဝခရီးကို လျှောက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့ သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူးတဲ့။

(၃) ကာလော
ကာလဆိုတာ လူတစ်ယောက်ဟာ ဘဝခရီး အဆုံးသတ်မယ့်အချိန်ဟာ ဘယ်အချိန်လဲ? မနက်လား၊ နေ့လည်လား၊ ညလား ပြောလို့မရဘူးတဲ့။ ပြောလို့မရလို့လည်းပဲ ကိုယ့်ရှေ့မှာ ဘဝနိဂုံးချုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိကြပါတယ်။ အမှတ်တမဲ့နေရင်တော့ မသိဘူးပေါ့။ အမှတ်နဲ့နေမယ်ဆိုရင်တော့ အကုန်သိနေမှာပဲ။ မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။

(၄) ဒေဟနိက္ခေပနံ
ကိုယ့်ရဲ့ရုပ်အလောင်းကို ဘယ်နေရာမှာ သဂြိုလ်မယ်၊ ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။ တချို့ဟာ ကောင်းကင်ယံမှာ အနိစ္စရောက်သွားတာလည်း ရှိတယ်။ တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း အနိစ္စရောက်သွားတာလည်း ရှိတယ်။ အမျိုးမျိုး ရှိကြတယ်လေ။ အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို ဘယ်နေရာမှာ မြှုပ်နှံမယ်၊ ဘယ်နေရာမှာ သဂြိုလ်မလဲ ဆိုတာကိုလည်း မသိနိုင်ပါဘူးတဲ့။

နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင်

(၅) ဂတိ
လူတိုင်းလူတိုင်းဟာ ဘဝလမ်းကြောင်းကြီး ၅ ခုရှိတယ်။ ဂတိငါးပါးလို့ ခေါ်တာပေါ့။ Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။ အဲဒီငါးဌာနက ဘာတွေလဲဆိုလို့ရှိရင်
၁။ နတ်ပြည်
ကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။

နောက်တစ်ခုက
၂။ လူ့ပြည်ပဲ

အကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်တာက
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။

အဲဒီတော့ ပုထုဇဉ်တစ်ယောက်အနေနဲ့ ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့အခါမှာ ဘယ်ဘဝမှာ ပြန်လည်မွေးဖွားမလဲဆိုတာ ပြောလို့မရဘူးတဲ့။ သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့။

သောတာပန်မဖြစ်သေးသမျှ "နိယတဂတိ" ကိုယ်သတ်မှတ်ထားတဲ့ နေရာတစ်ခုကို သွားလို့မရသေးဘူးတဲ့။ ဘုရားအလောင်းကြီးတောင်မှ တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။ ငရဲကျတဲ့အခါ ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာစိတ်နဲ့သေမယ်ဆိုတာကို ပြောလို့မရလို့ပေါ့နော်။

ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင် လူတိုင်းဟာ ဒီအချက်ကို ကြိုတင်မပြောနိုင်ကြပါဘူးတဲ့။ အဲဒီတော့ ဘဝဆည်းဆာရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ အလွန်သနားစရာကောင်းပါတယ်။ သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။

မြတ်စွာဘုရားက ဟောထားတယ်
" န သန် ပုတ်တာ တာဏာယ " တဲ့။

"လောကမှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီဆိုရင် အကာအကွယ်ပေးနိုင်တဲ့ သားသမီးဆိုတာ မရှိဘူးတဲ့။ မိဘတွေအဖို့နော်"

သားသမီးတွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့ မိဘဆိုတာ မရှိဘူးနော်။

ဆွေတွေမျိုးတွေထဲမှာလည်း ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့ ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။

ဒီလိုပြောတာ။

အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(ပါမောက္ခချုပ်ဆရာတော်)???

7 months, 2 weeks ago

တချို့လူတွေက မိဘတွေကို ဘယ်တော့မှ စကားကောင်းကောင်း မပြောတတ် ဒါပေမယ့် အခြားသူနဲ့ကျ
ကိုယ့်ကိုကိုယ်နှိမ့်ချကြတယ်

တစ်ချို့လူတွေက မိဘတွေနဲ့ တွန့်တိုတွန့်တိုတတ်ပေမယ့် သူငယ်ချင်းအ‌ပေါင်းဖော်တွေနဲ့ကျတော့ ယှက်ရောတယ် ဘယ်လောက်ကုန်ကုန်

လူအချို့က မိဘကို ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြတယ် ဒါပေမယ့် တခြားသူတွေနဲ့တော့ အနစ်နာခံနိုင်တယ်။

မိဘတွေကို ချစ်တယ်လို့ ပြောရတာ ရှက်စရာလို့ တချို့က ထင်ကြတယ်။ ဒါပေမယ့် တခြားလူတွေနဲ့တော့ ချိုသာတဲ့စကားတွေ အမျိုးမျိုးပြောလို့နေတယ်

လူအချို့က မိဘများ၏ စိုးရိမ်ပူပန်မှုကို စိတ်အနှောင့်အယှက်အဖြစ် ရှုမြင်ကြတယ် ဒါပေမယ့် ကိုယ်မသိတဲ့လူဆီက စိုးရိမ်ပူပန်မှုကိုပြေးရှာကြတယ်။

တစ်ချို့လူတွေက သူတို့အတွက် အရာရာတိုင်းကို လုပ်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်တယ်လို့ ဘယ်တော့မှ မပြောခဲ့ဘူး ဒါပေမယ့် တခြားလူတွေက နည်းနည်းလေး ကောင်းတာလုပ်‌ပေးရင် ကျေးဇူးအရမ်းတင်ကြတယ်။

တစ်ချို့လူတွေက မိဘတွေ ဘယ်လောက်ဝမ်းနည်းကြေကွဲရတယ်ဆိုတာ ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဒါပေမယ့် တစ်လောကလုံးရဲ့ ခံစားချက်တွေကို အရမ်းဂရုစိုက်နေတယ်

အဲဒါကို မှတ်ထားပါ!! တစ်ကမ္ဘာလုံးက မင်းကို ကျောခိုင်းရင်တောင် နားလည်ဖို့ အဆင်သင့်ဖြစ်မယ့်သူ နှစ်ယောက်ပဲရှိ
တယ် အဲ့ဒါမိဘပဲ ပြီးတော့ မင်းကိုဘယ်သူမှမချစ်‌
တော့တဲ့နေ့မှာမင်းကိုထာ၀ရချစ်‌နေမှာ❤️.....

မင်း ပြုစုစောင့်ရှောက်ဖို့ မိဘမရှိတဲ့အချိန်မှ သို့မဟုတ် မင်းချစ်ဖို့ အမေအ‌ဖေမရှိတဲ့‌နေ့မှ ဒီအ‌ကြောင်းတွေ တွေးတက်ပြီးမဖြစ်ပါစေနဲ့ နောင်တရလိမ့်မယ်

#မိဘအားကိုးရသောသားသမီးများဖြစ်ကြပါစေ?

မိဘကိုချစ်သူတိုင်းဒီစာအားShare မျှဝေပေးပါ❤️

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago