Cobra Column

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

3 years ago

" ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဗျူဟာကြောင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းပစ်ကူ ပါ ယူနေရ "

ယနေ့ (နိုဝင်ဘာ ၁၀) ရက်နေ့၊ မနက် (၁၁) နာရီ ခန့်မှ နေ့လည် (၁) နာရီအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) ၏ ဝေါ်လေဗျူဟာတွင် အခြေပြုသော Mi -35 P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပူးပေါင်းတပ်ဖွဲ့များအား ဘလက်တိုကျေးရွာနှင့် အနီးဝန်းကျင်သို့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုသို့ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေချိန်အတွင်း မင်္ဂလာဒုံလေတပ်စခန်းမှ MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက် လေယာဉ်ဖြင့် လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး ကျေးရွာအနီးဝန်းကျင်ဒေသများသို့ ကင်းထောက် ပျံသန်းခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များအား KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်လျက်ရှိပါသည်။ ယနေ့ နှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များက (၁၂၀) မမ လက်နက်ကြီးများဖြင့် ပူးပေါင်းတပ်ဖွဲ့များအား ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ခြေမှုန်းတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များမှ တစ်လက်မ မျှ နောက်မဆုတ်ပဲ မလျော့သော လုံ့လဖြင့် တိုက်ပွဲဝင်လျက်ရှိပါသည်။ ပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျအား စစ်မြေပြင် အခြေအနေများအရ အတည်မပြုနိုင်သေးပါ။ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

3 years ago
Cobra Column
3 years ago

" တပ်မ (၄၄) ၏ ဗျူဟာ (၄၄၃) အား ကော်ဘရာစစ်ကြောင်း ထိုးဖောက် တိုက်ခိုက်လျက်ရှိနေ "

‌မြဝတီ-ဝေါ်လေ ကားလမ်းမ အနီး၊ ဆုံဆည်းမြိုင်ကျေးရွာမှ တောင်နီ၊ သေ့ဘော့ဘိုး စသည့်ကျေးရွာများအနီးသို့ ကျူးကျော်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ၊ နည်းဗျူဟာ (၄၄၃) ၏ အင်အား (၁၅၀)ခန့်အား နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ (နိုဝင်ဘာလ ၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်။ ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအား အတိအကျ သိရှိနိုင်ရန် စစ်မြေပြင်သတင်း စုံစမ်းဆဲ ဖြစ်ပါသည်။ ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လိုက်သော (၁၂၀) မမ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သေ့ဘော့ဘိုးကျေးရွာအတွင်းရှိ ဌာနေတိုင်းရင်းသားများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါသည်။ မြွေသုံးကောင် ဘုရားကုန်းတွင် အခြေပြုထားသော အကြမ်းဖက်စစ်ကာင်စီက (၁၂၂) မမ (၁၂)လုံးတွဲ အတွဲလိုက်ပစ်ဒုံးဖြင့် ယမန်နေ့ ညဦးပိုင်း (၁၀)နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ယနေ့ တိုက်ပွဲ ဖြစ်စဉ်များအတွင်း ပြည်သူလူထု၏ အစဉ်မပြတ် ပို့သသော ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးကူညီမှုများကြောင့် ပြည်သူ့ရင်သွေး ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

3 years ago

" ကော်ဘရာစစ်ကြောင်းထံသို့ ခမရ (၂) မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တစ်ကွ CDM ဝင်ရောက် "

ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ရင်း (၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်း ထံသို့ ယမန်နေ့ (နိုဝင်ဘာ ၅) ရက်နေ့တွင် တပ်မ (၄၄) လက်အောက်ခံ ခမရ (၂) မှ တပ်ဖွဲ့ဝင် တစ်ဦးသည် MA (3) သေနတ် တစ်လက်၊ ၎င်းကျည်ဘောက် (၄)ခု၊ ၅.၅၆ ကပစ ကျည် (၁၀၀)တောင့် နှင့်အတူ CDM ဝင်ရောက်ခဲ့ပါသည်။ လူခို့ (ညောင်ချောင်း) ဒေသသို့ ကျူးကျော် ရောက်ရှိနေသော ခမရ (၂) မှ တပ်သား ဟိန်းဇော်ဦး ၊ ကိုယ်ပိုင်အမှတ် (တ - ၅၆***၀) သည် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ် ခိုလှုံကာ CDM ဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆုတော်ငွေ ဘတ် (၅၀,၀၀၀) ချီးမြင့်သဖြင့် ကော်ဘရာ စစ်ကြောင်းမှုး ဗိုလ်ဒါဘောမှ ကိုယ်စား ပေးအပ်ခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago