Unlock a World of Free Content: Books, Music, Videos & More Await!

Thazin Oo 🇲🇲

Description
တက်လာတဲ့ အစိုးရတိုင်းကို
ပြည်သူ့အတွက် မေးခွန်းထုတ်နေမယ်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago

3 weeks, 3 days ago

**နိုင်ငံရေးမှာပဲ ဖြစ်ဖြစ် ၊မေတ္တာရေးမှာပဲ ဖြစ်ဖြစ် မျှော်လင့်ချက်မထားခဲ့ဘူး...။

ကိုယ်စွမ်းသလောက် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားမယ်။

ကိုယ်ချစ်ပေးနိုင်သလောက် အစွမ်းကုန် ချစ်ပေးမယ်။

ငါက ဘာလုပ်ပေးနေရလို့ ဘာပြန်ယူမယ် ၊ ဘာပြန်လိုချင်တယ် ဆိုတာမျိုး ကျုပ်မှာမတွေးဖူးဘူး။

လိုချင်မှုတွေ နည်းလာတာနဲ့အမျှ နေရတာ ပိုအေးချမ်းလာသလို...မလိုချင်မှပဲ ပိုရလာတာတွေ ရှိလာတယ်။

ဆိုလိုချင်တာက စေတနာမှန်ရင် အကျိုးပေးမှာ အသေချာပဲ။
ကျုပ်ကိုယ်တွေ့ပါ။

သဇင်ဦး(ရွှေဆည်သူ)**https://t.me/Thazinoo969

3 weeks, 3 days ago
Thazin Oo 🇲🇲
3 weeks, 3 days ago
Thazin Oo 🇲🇲
2 months, 3 weeks ago
**Congratulations ပါ ဦးရန်လေး

Congratulations ပါ ဦးရန်လေး
ရစေချင်တဲ့ သူ ထပ်ရပါပြီ
🤗****

၂၀၂၃ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု-ရန်အောင်(စောင်နီလေးတစ်ထည်)

2 months, 3 weeks ago
**Congratulations ပါ မကြီးစိုး

Congratulations ပါ မကြီးစိုး
ရစေချင်တဲ့ သူ ထပ်ရပါပြီ
🤗****

၂၀၂၃ခုနှစ်အတွက် အကောင်းဆုံး
အမျိုးသမီးဇာတ်ဆောင်ဆု
စိုးမြတ်သူဇာ (ဘယ်တော့မှ အရှုံးမပေးဘူး)

2 months, 3 weeks ago

**အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆု

စောင်နီလေးတစ်ထည်

(ရင်ထဲကပေးတဲ့ အကယ်ဒမီဆုပါ)**

တကယ့်ဆုက "ကံကောင်း" ပါ

4 months, 3 weeks ago

တရား ဓမ္မ တွေ ဝေမျှပေးနေတဲ့ Channel လေးတွေပါ။

https://t.me/Venthuzarta969

https://t.me/YTPDahmmaChannel

Telegram

သူတော်စင်များနားခိုရာ🙏

တရာဓမ္မတွေ မျှဝေမယ် ***🙏******🙏******🙏***

**တရား ဓမ္မ တွေ ဝေမျှပေးနေတဲ့ Channel လေးတွေပါ။**
4 months, 3 weeks ago

***"ကာလံ ဒေသံ"

တပ်ချုပ်က နိုင်ငံရေးနည်းလမ်းဖြင့် ပြသနာကို ဖြေရှင်းကြဖို့ အစည်းဝေးမှာပြောကြားခဲ့တယ်။အဲ့နည်းလမ်းက ဖြစ်စေချင်တာကို ပြောကြားထားခြင်းမျိုးပါပဲ။သေချာတာက မြန်မာ့တပ်မတော်က အင်အားနည်းနေလို့ weakဖြစ်နေလို့ပြောတာမဟုတ်ဘူး။ထန်တလန်လို မြို့ကြီးတွေ ပိုများလာမှာစိုးလို့ပြောကြားခြင်းမျိုး၊ရိုးရှင်းစွာ‌ေတွ့ကြည့်မယ်ဆိုရင် မြို့တွေကနေ စစ်တလင်းဖြစ်သွားရင် ပစ်ကွင်းရှင်းတာပေါ့ဗျာ၊ပစ်ကွင်းရှင်းရင် စစ်တိုက်ရတာ ပိုလွယ်တာပေါ့။ဘာစည်းမျဉ်းကန့်သတ်ချက်မှထားစရာမလိုပဲ စစ်တပ်က တိုက်နေရရင် ပို‌တောင် ပစ်ခတ်လို့ကောင်းသေးတယ်။အဲ့တာကြောင့် လက်နက်ကိုင်တွေကို စားပွဲဝိုင်းပေါ်ခေါ်နေရတာပေါ့ခင်မျာ။ခက်တာက စားပွဲဝိုင်းဝင်ထိုင်လိုက်ရင် တပ်မတော်အောက်ကို အလိုလိုရောက်သွားမယ်လို့ထင်နေကြတဲ့ EAOsတွေရဲ့စိတ်။ကျွန်တော်တို့ငြိမ်းချမ်းတဲ့အရပ်ဒေသတွေကိုကြည့် RCSS/SSA.သူတို့နယ်မြေတွေကို တပ်မတော်က ဝင်စွက်ဖက်နေပါသလား။
ငြိမ်းချမ်းခြင်းရဲ့အနှစ်သာရကိုရော အဲ့ဒေသကလူတွေ မခံစားရဘူးလား။အားလုံးမျက်မြင်ပဲ။တပ်က သူ့အလုပ်သူလုပ်တယ်။တိုင်းရင်းသားလက်နက်ကိုင်ကလည်း သူ့အလုပ်သူလုပ်တယ်။အေးချမ်းတယ်လေ။ဘာပြသနာမှမရှိဘူး။အခုက KNUကပါ စစ်ပွဲတွေထဲပါဝင်လာတယ်။ငြိမ်းချမ်းနေတဲ့ ကရင်ပြည်နယ်ပျက်စီးသွားတယ်။ပါတီစွဲကြောင့် လက်နက်ကိုင်လာတဲ့အနီရောင်‌ကောင်တွေကို coverယူပြီး နောက်ကွယ်ကနေထိန်းချုပ်နေတာ အားလုံးမျက်မြင်ပဲ။Eaos‌ေတွကို မကြိုက်တာ တစ်ခုက သူတို့တွေက မြန်မာနိုင်ငံ အလံရဲ့ တန်ဖိုးကို လျော့တွက်ပုံရတယ်ခင်မျ။MNDAA.TNLA.AA.KNU.KIAအစရှိသဖြင့်ပေါ့။
ခုလက်နက်ကိုင်တွေမှာ အများစုမြင်နေရတာ တကယ်နော်။အဲ့အဓိပ္ပါယ်က ဘာကို ရည်ညွန်းပြီး ဘယ်ရောက်သွားမလဲဆိုတာ နားမလည်ကြတာလားမသိဘူး။မြန်မာနိုင်ငံမှာနေတဲ့ပြည်သူတိုင်းကို လိုက်မေးကြည့်ကြပါ ခင်မျ။   "ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကိုသာလျှင် ဦးထိပ်ထားတဲ့ ဘယ်လက်နက်ကိုင်ကိုမဆို လေးစားအားကျကြတယ်ဆိုတာပါပဲ။ကျနော်ကိုယ်တိုင်လည်း နိုင်ငံတော်အလံတန်ဖိုးကို သိနားလည်ခဲ့တယ်။သို့အတွက်ကြောင့် ရပ်တည်မယ်ဆိုလျှင် ဒီအလံကို ဦးထိပ်ထားတဲ့အဖွဲ့ဘက်ကရပ်တည်ဖို့ဆန္ဒရှိပါတယ်။ဒါ အမှန်တရားပါ။ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးကောင်းစားရေး ကို အကြောင်းပြုပြီး တော်လှန်တယ်။အဲ့တာ နိုင်ငံအတွက်မကောင်းဘူး။နာမည်ကိုက ပြည်ထောင်စု နိုင်ငံတော်ပါ။တစ်နိုင်ငံလုံး ပြည်နယ်အလုံးစုံလုံးအတွက်ခြုံငုံသုံးသပ်ကြည့်ရှုရမှာပါခင်မျ။ထိုအရာသာလျှင် EAOsခေါင်းဆောင်များ မမြင်ကွယ်ပြုနေကြတဲ့အချက်တစ်ခုပါပဲ။တစ်ဘို့တည်းမကြည့်ရှုမြင်ကြဖို့တောင်းဆိုလိုပါတယ်။"  တကယ်မှာ စစ်ပွဲရဲ့အကျိုးဆက်ကို ခံစားရတာ အများသူငှာတိုင်းရင်းသား ပြည်သူတွေပါပဲ။လမ်းတံတာ‌ေတွဖျက်စီး ပျက်စီးတယ်။မီးတိုင်တွေလပျက်စီးတယ်။ရည်ရွယ်ချက်ရှိရှိ ဖျက်စီးကြတာမြင်ရတော့ တော်တော်စိတ်မကောင်းဘူး။လက်နက်ကိုင်တွေက လက်နက်ရှိနေသရွေ့ဘယ်တော့မှထမင်းမငတ်ပါဘူး။ပြည်သူတွေငတ်လို့ သူတို့ထမင်းလိုက်အငတ်ခံမှာမဟုတ်ပါဘူး။အဲ့လိုပြောလို့ သက်စွန့်ဆံဖျား စိတ်ပါလက်ပါဆောင်ရွက်နေကြတဲ့ အောက်လက်ငယ်သားတွေကိုပြောတာမဟုတ်ပေမဲ့ တချို့ခေါင်းဆောင်ပိုင်းမှာ အာဏာတည်မြဲရေးကိုသာ ဦးတည်နေတဲ့သူတွေကိုမြင်မိလို့ပါ။အသုံးချခံမဖြစ်ကြပါစေနဲ့လို့ တိုက်တွန်းပါရစေ။အကုန်လုံးက မြန်မာနိုင်ငံအတွက်လုပ်နေကြတယ်ဆိုရင် စစ်ပွဲ စစ်တလင်းဖန်တီးခြင်းက ကောင်းမွန်သော လုပ်ရပ်တွေမဟုတ်ဘူးဆိုတာပါပဲ။‌ေသွးဆူ သွေးကြွလွယ်တဲ့ လူငယ်လေးတွေကို အားပေးအားမြောက်အစွန်းရောက်အောင် သွေးထိုးမြောက်ပေးတဲ့ အောက်လုံးတွေကြားမှာ ငါတို့လူငယ်တွေ မနစ်မွန်းကြဖို့ တိုက်တွန်းလိုပါတယ်။အရေးကြီးဆုံးအချက်က မည်သည့်တော်လှန်ရေးကို လုပ်ဆောင်နေကြပါစေ တိုင်းတစ်ပါး‌ဩဇာခံသူတွေရဲ့ အောက်ကနေ ရုန်းထွက်ကြဖို့လည်းအရေးကြီးပါတယ်။နောက်မှအဆင်ပြေအောင်ငြိနှိုင်းမယ်ဆိုရင် မပြီးဆုံးနိုင်တဲ့စစ်ပွဲတွေ ဆက်ဖြစ်နေရဦးမယ်ဆိုတာ ဧကန်ပါပဲ။လက်ရှိမှာတောင် ငါ့လူမျိုး ငါ့ဝါဒစွဲနဲ့ သူတို့ဘာသာတော်လှန်နေကြတာကို တရားမျှတမှုလိုချင်တဲ့ ဒို့လူငယ်တွေ မြင်တတ်ကြဖို့ သိပ်အရေးကြီးပါတယ်။
" ငြိမ်းချမ်းပါစေ မြန်မာပြည်"
*

4 months, 3 weeks ago

☯️

မနေ့က အိပ်ယာဝင်ကာနီး
လိုင်းပေါ်မှာ အိန္ဒိယက ဆရာတဦးရဲ့
မြန်မာနိုင်ငံအပေါ် အဟောတခုကို
ဖတ်လိုက်ရတယ်၊

တင်ပေးတဲ့သူကလဲ ရိုးရိုးသားသားပါ
စိုးရိမ်လို့ တင်ပေးလိုက်တာမျိုး၊

☯️

နက္ခတ်တွေကို လွန်ဆန်လို့မရဘူး
ဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်နေတာတွေဟာ
နက္ခတ်ကပြဌာန်းထားတဲ့အတိုင်း
ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်၊

☯️

အိန္ဒိယ ဆရာရဲ့အဟောက
အတော့်ကို ကြောက်စရာ၊ထိတ်လန့်စရာ
စိုးရိမ်စရာ ကောင်းတာတွေ့ရတယ်၊

၅တေး အကယ်အမ ကလဲ
သောင်္ကြာပိုင်နဲ့ ကိတ်ပိုင်မှာ လူးနေလို့
အကယ်အမက မထိရောက်ဖူး၊

☯️

အဆိုးတွေကို ထပ်ပြီး ဖြတ်သန်းရဦးမှာပါ
Dec, Jan, Feb လတွေမှာ Turning points
တချို့ကို တွေ့ရဖို့ရှိတယ်၊

နည်းနည်းလေး အံကြိတ်ပြီး ဖြတ်သန်းကြစို့
သဘာဝတရားအရ
" မှောင်ပြီးရင် လင်းပါတယ်"
" ဆိုးပြီးရင်လဲ ကောင်းပါတယ် "

☯️

အိန္ဒိယ ဆရာဟောသလို
ပြည်တွင်းစစ်ပါ၊ ဒီနေ့ ရင်ဆိုင်နေရတာ
ပြည်ပပါဝင်နေတဲ့ ပြည်တွင်းစစ်
စစ်စစ်ကြီး ဖြစ်ပါတယ်၊

လှိုင်းကြီး၊ ငလျင်ကြီးတာလဲအမှန်ပါ
ဒါပေမဲ့ အဲ့ဒီဆရာ ဟောသလို
ပြိုကွဲမဲ့ အဆင့်မျိုးအထိ မရောက်ပါဘူး
၅ တေးရဲ့ အကယ်အမ ဟာ
22.April. 24 မှာ ၁နွေ နက္ခတ်ပေါ်ကို
ဖြတ်ပါလိမ့်မယ်၊
တဖြည်းဖြည်း လှိုင်းကြီးတွေကနေ
လှိုင်းငယ်လေးတွေအဖြစ်
အသွင်ပြောင်းသွားကြပါလိမ့်မယ်၊
အကောင်းဖက်ကို ရောက်လာပါ့မယ်၊

☯️

တပ်မတော်က တာဝန်ရှိနေသူတွေရော
အကြီးအကဲဟောင်း တချို့ရော
ကြိုးစားနေကြပါတယ်၊

အလွန့်အလွန် ပြတ်သားတဲ့ အမိန့်တွေနဲ့
စတင် လုပ်ဆောင်နေကြပါပြီ၊
" နေ လို မီးလို ကျင့်ကြပါလိမ့်မယ် "

SU-30 တွေ လိုအပ်တဲ့နေရာကို
" ၁၀" မိနစ်၊ " " ၁၅" မိနစ်အတွင်း
ရောက်လာကြပါလိမ့်မယ်၊

☯️

ဒီ Post ဟာ
မရေးချင်ပေမဲ့ ရေးလိုက်ရတဲ့ Post ပါ
ပြည်သူတွေရော
တပ်မတော်သားတွေရောကို
အားပေးတဲ့ Post ပါ၊

တပ်မတော်အနေနဲ့
နိုင်ငံကို အပြိုကွဲ မခံပါဘူး
နက္ခတ်အရလဲ ပြိုကွဲဖို့ မရှိပါဘူး
နည်းနည်းလေးပဲ
အံကြိတ် ဖြတ်သန်းပြီးရင်....
လ အနည်းငယ်အတွင်း
ရောင်ခြည်က စောင့်နေပါပြီ၊

☯️

2025 နောက်ပိုင်း
မြန်မာနိုင်ငံဟာ လမ်းကြောင်းအမှန်ပေါ်
ခိုင်ခိုင်မြဲမြဲ ပြန်ရောက်သွားပြီး
(၁၅) နှစ် တောက်လျှောက်တိုးတက်တဲ့
ASEAN ကပြန် " ဖါး" ရတဲ့
ပုခုံးချင်း ယှဉ်နိုင်တဲ့ နိုင်ငံ
ပြန်ဖြစ်လာပါမယ်၊

☯️

စီးပွားရေးကို လျော့မတွက်ကြပါနဲ့
ဆုတောင်း / ယတြာ တွေနဲ့လဲ
နိုင်ငံမတည်ဆောက်နိုင်ပါ
ပညာကို အခြေခံကြပါ၊

အားလုံး ခဏလေးပဲ
အားတင်းထားပေးကြပါ ။

🙏

5 months ago

မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူ တစ်ဦးရဲ့
စကားသံများ အပိုင်း ၃၂၉

👉 ဦးမိုးဟိန်း ( အယ်ဒီတာချုပ် )
မိုးဟိန်းသူရိယနေဝန်းမီဒီယာ 👈

အသံဖိုင်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago