ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
SOF မှာ ထောက်ပို့ထီ အားပေးနိုင်ပါပြီ
SOF တပ်ဖွဲ့မှ ဒီလ (၁၁) ကြိမ်မြောက်ကနေစပြီး ထောက်ပို့ထီ စတင်ရောင်းချနေပါပြီ။
လက်မှတ် တစောင်ကို မြန်မာကျပ်ငွေ (၂၀၀၀) ပဲရှိပါတယ်။
တော်လှန် မိဘပြည်သူများ ထီကံစမ်းရင်း ထောက်ပို့ကူညီနိုင်ပါပြီ။
ထောက်ပို့ထီ ရငွေများကို တပ်ဖွဲ့စရိတ်နဲ့ ရဲဘော်တွေစရိတ်အတွက်ပဲ အကျိုးရှိရှိ အသုံးပြုသွားမှာပါ။
အသေးစိတ်သိလိုပါက SOF - Page messenger တွေကတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
အောက်ကpage linkတွေကနေတဆင့်
လက်မှတ်တွေလည်း တပါတည်းအားပေးသွားကြပါဦးဗျို့။😍👇👇
အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F
https://www.facebook.com/profile.php?id=61555478890383&mibextid=ZbWKwL
https://www
အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F-Column-1
https://www.facebook.com/profile.php?id=61557324863033&mibextid=ZbWKwL
အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F-Column-2
https://www.facebook.com/profile.php?id=61556994905645&mibextid=ZbWKwL
အဲဒီကတဆင့် လူငယ်တွေရဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးလုပ်ငန်းတွေမှာလည်း ဒေါ်နှင်းဆီ နိုင်ရာက ပါဝင်ခဲ့တယ်။ ဒီနောက် မြို့ပေါ်မှာ အဖမ်းအဆီးတွေစိပ်လာတော့ ရန်ကုန်ကခွာပြီး တောထဲရောက်လာတာ ခုချိန်ထိပဲ။
သူ့သားနှစ်ယောက်ကတော့ SOF တပ်ရင်းမှာ သူ့အရင် ရောက်နှင့်နေပြီ။ အဲဒီအချိန် မြဝတီမြို့နားက လေးကေ့ကော်မှာ တိုက်ပွဲသံတွေ ညံနေခဲ့တာပေါ့။ ညံနေတဲ့အသံတွေကြားကပဲ လေးကေ့ကော်ကိုဖြတ်ပြီး သားတွေရှိရာတပ် ရင်းဆီ အရောက်သွားနိုင်ခဲ့တယ်။
အမှန်ဆို ရန်ကုန်ကခွာတော့ သူ့လက်ထဲ ငွေကြေးပြည့်စုံအောင် ပါမလာခဲ့ပါဘူး။ ဒါကြောင့် တပ်ရင်းရောက်ပြီး အနည်းငယ်တည် ငြိမ်သွားတဲ့အခါ ရန်ကုန်က မကျယ်လှတဲ့မြေနေရာနဲ့အိမ်လေးကို မိတ်ဆွေတချို့ရဲ့အကူ အညီနဲ့ ရောင်းလိုက်တယ်။
တပ်ရင်းက သူကို ထမင်းဝအောင်ကျွေး
နိုင်ပေမယ့် ဒီတော်လှန်ရေးခရီးကို ဆက်လျှောက်နိုင်ဖို့ ငွေကြေးတစုံတရာ လိုအပ်တယ်မဟုတ်လား။ ဒီတော့ သူ အများကြီးစဥ်းစားမနေဘူး။ ရှိတာချရောင်းပြီး လိုအပ်တဲ့နေရာမှာ သုံးတယ်လို့ ဒေါ်နှင်းဆီက ရှင်းပြတယ်။
ခုဆို SOF တပ်ဖွဲ့ဝင် သားနှစ်ယောက်အပါ အဝင် ဒေါ်နှင်းဆီတို့မိသားစုအဖို့ ပြန်စရာအိမ် မရှိတော့ပါဘူး။ ဒါဟာ စစ်အုပ်စုအာဏာ သိမ်းရာက အစပြုတဲ့ နွေဦးတော်လှန်ရေးရဲ့ တိုက်စားမှုတွေထဲက မြူမှုန်လေးမျှပါပဲ။ တတိုင်းပြည်လုံး အမှောင်ကျပြီး ဒုက္ခရောက်နေတာနဲ့စာရင် မပြောပလောက်ဘူးလို့ သူက ဆိုပါတယ်။
ဒါကြောင့် ဒေါ်နှင်းဆီက "ပြန်စရာအိမ်မရှိလို့ ဝမ်း
နည်းမနေဘူး အောင်ပွဲရဖို့ အဓိက"လို့ ပြတ်သားစွာ ပြောပါတယ်။ ။
#crd
#People Spring
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
▪︎ဆောင်းပါး
တော်လှန်ရေး နောက်တန်းမှ အာဂမိခင်
အာရုဏ်ဦး/People's Spring
"ဒေါ်နှင်းဆီတဲ့ . . .နာမည်နဲ့လိုက်အောင် ရဲရင့်ပြတ်သားတဲ့ အာဂမိခင် . . . SOF ရဲဘော် ငါတို့အားလုံးရဲ့ အမေပါပဲ"
ဒီစာစုလေးက ဒေါ်နှင်းဆီရဲ့ရင်ကို နွေးသွားစေတယ်။ မေတ္တာပေးလို့ မေတ္တာပြန်ရတယ်လို့ သူက ယုံကြည်တယ်။
သူ့အဖို့ ပိုပြီးလေးနက်သွားစေတာက အဲဒီစာစုကိုရေးသူဟာ ဒေါ်နှင်းဆီခိုလှုံနေတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF )တပ်ဖွဲ့ရဲ့ တပ်ရင်းမှူးကိုယ်တိုင်ဖြစ်နေတာပါပဲ။
ဒေါ်နှင်းဆီဟာ တော်လှန်ရေးရဲဘော်နှစ်ဦးရဲ့ မိခင်ပါ။ အသက်က ၅၃ နှစ်ရှိပါပြီ။ ရန်ကုန်ဇာတိဖြစ်ပါတယ်။ သားနှစ်ယောက်နဲ့အတူ သူတို့ဇနီးမောင်နှံဟာလည်း SOF တပ်ရင်းမှာ တပ်ဖွဲ့ဝင်ရဲဘော်မိသားစုအနေနဲ့ နေပါတယ်။
သူ့သားတွေက အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်
အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)မှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဒါကြောင့် အဲဒီတပ်ရင်းမှာ ရဲဘော်မိသားစုဝင်အနေနဲ့ သူ နေထိုင်ခွင့်ရတာပါ။
နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးနဲ့အတူ တာဝန်ဆိုတာတွေလည်း တွဲပါလာပါတယ်။ အဲဒါကတော့ ဒေါ်နှင်းဆီအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို နောက်တန်းကနေ ပံ့ပိုးရတဲ့အပိုင်းပါ။ အဓိကကတော့ တပ်ရင်းက ရဲဘော်တွေ၊ သင်တန်းသားတွေရဲ့ စားသောက်ရေးကို စီမံရတာလည်း ဖြစ်ပါတယ်။
ဒေါ်နှင်းဆီဟာ နေ့စဥ်လူ ၃၀၀ စာလောက် ချက်ပြုတ်စီမံရပါတယ်။ မနက်စာ အစာပြေကစလို့ ညစာအထိ တစ်ရက်ကို သုံးနပ်ချက် ပြုတ်ပြင်ဆင်ရတာပါ။ သူဦးဆောင်တဲ့ စားဖိုဆောင်အဖွဲ့မှာ စုစုပေါင်းငါးဦး ရှိပါတယ်။
ပြောမယ်ဆို လူအများစာ ချက်ပြုတ်ပြင်ဆင်ကြရတဲ့ သူတို့ငါးဦးလုံး တစ်ရက်တစ်ရက် နားရတယ်လို့ မရှိပါဘူး။ ရဲဘော်တွေကို မနက်စာ ၆ နာရီအမှီကျွေးနိုင်ဖို့ အာရုဏ်မတက်မှီထဲက အိပ်ယာက ထရပါတယ်။
မနက်စာ ကျွေးမွေးပြီးပြန်တော့ နေ့လယ်စာကို နံနက် ၁၁ နာရီအမှီကျွေး
နိုင်အောင်ပြင် ဆင်ပါတယ်။ ဟော နေ့လယ်စာပြီးပြန်တော့ ညစာကိုလည်း ညနေ ၆ နာရီအမီ ကျွေးမွေးရမှာမို့ ဆက်ပြီးလုံ့လပြုရပြန်ပါတယ်။
ညစာပြီးသွားတော့ သိမ်းဟယ်ဆည်းဟယ်၊ ဆေးဟယ်ကြောဟယ်နဲ့ ည ၈ နာရီ ၉ နာရီဖြစ်သွားပြန်ရော။ဒီကတဆင့်မနက်စာအတွက်ပါ ကြော်လှော် ၊ ချက်ပြုတ်ခါမျိုး တပါတည်းပြင်ဆင်လာခဲ့တာ ခုဆို ၃ နှစ်နည်းပါရှိလာပြီလို့ ဒေါ်နှင်းဆီက ပြောပါတယ်။
"ကိုယ့်သားအရွယ် လူငယ်လေးတွေက တိုက်ပွဲဝင်ဖို့ အားထုတ်နေချိန်မှာ အန်တီထိုင်ကြည့်မနေနိုင်ဘူး။ ငါလည်း နိုင်ရာဝန်ကူထမ်းမယ်ဆိုတဲ့စိတ်နဲ့ သူတို့လေးတွေ စားသောက်ရေးအဆင်ပြေအောင် လုပ်ကိုင်ပေးနေတယ်။ ခေါင်းမူးခေါင်းကိုက်ဖြစ်ရင်တောင်မှ အန်တီကုန်းရုန်းထပြီး ချက်ပြုတ်ပေးဖြစ်တယ်"လို့ သူက ရင်ဖွင့်တယ်။
ဒေါ်နှင်းဆီရဲ့ နေ့စဥ်အလုပ်တာဝန်တွေထဲမှာ ချက်ရေးပြုတ်ရေးတစ်ခုတည်း မဟုတ်သေးပါဘူး။ တပ်ရင်းရိက္ခာအတွက်စိုက်ပျိုးမွေးမြူရေး အလုပ်တွေလည်း သူနိုင်သ လောက် လုပ်ကိုင်ပါသေးတယ်။ သီးပင်စားပင်တွေစိုက်တယ်။ ကြက်၊ ဝက်မွေးတယ်။
ဒါ့အပြင် ရဲဘော်လူငယ်လေးတွေ နေထိုင်မကောင်း
ရင်ဖြစ်ဖြစ်၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ် အဲဒီအခါမျိုးမှလည်း ကိုယ့်သားသမီးရင်းချာလို ပြုစုပေးတတ်ပါသေးတယ်။
ဒီအချက်တွေကိုပဲအထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)
ရဲ့ တပ်ရင်းမှူး ကိုအောင်စံရှားက ခုလို ဖော်ကျူး
ထားပါတယ်။
"မိဝေး ဖဝေးတွေအတွက် . . .ငတ်မွတ်နေတဲ့ မေတ္တာတရားတွေနဲ့ . . .မိခင်တယောက်ရဲ့ နွေးထွေးမှုတွေပေးနေသူ...
ငါတို့ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို အသိ ဆုံး၊ နားအလည်ဆုံး၊ အနွံတာခံဆုံး မိခင်"
တခါသား SOF တပ်ဖွဲ့ဝင် ရဲဘော်ဒေါင်းနဲ့ သူငယ်ချင်းတစု တိုက်ပွဲကျပြီဆိုတဲ့သတင်းဆိုးကိုကြားတော့ ဒေါ်နှင်းဆီ ဖြေဆည်ရာမရခဲ့ဘူး။ မျက်ရည် လည်ရွဲနဲ့ ငိုပွဲဆင်လိုက်ရတာ မေ့မျောသွားတဲ့အထိ။
ဟော...ခုလည်း ဒဏ်ရာမှ ကောင်းကောင်းမကျက်သေးတဲ့ ရဲဘော်လူငယ်လေးတယာက် ရှေ့တန်းစစ်မြေပြင်ကို လိုက်သွားပြန်ပြီ။ ဒေါ်နှင်းဆီအပါအဝင် တပ်ရင်းတာဝန်ရှိသူတွေကိုယ်တိုင် တားမရလို့ လွှတ်ရတဲ့အဖြစ်။
အမှန်ဆို အဲဒီရဲဘော်လေးက တိုက်ပွဲတခုမှ လက်နက်ကြီးစထိပြီး အဆုတ်ထိဖောက်ဝင်ဒဏ်ရာရခဲ့တာ။ ကံသီလို့ အသက်ဘေးကလွတ်ပြီး ပြန်ကျန်းမာလာတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ဦး။ ဒဏ်ရာသက်သာပြီး ပြန်ကျန်းမာလာထဲက ရှေ့တန်းလိုက်မယ်ချည်းဇွတ်ပူဆာနေလို့ တပ်ရင်းတာဝန်ရှိသူတွေက မဖြစ်မနေလွှတ်ခဲ့ရတာ။
ဒီတော့ မိဘသဖွယ်ဖြစ်နေတဲ့ ဒေါ်နှင်းဆီတယောက် တပ်ရင်းမှာကျန်ရစ်ပြီး ဆုတောင်းနေယုံရှိတော့တာပေါ့။ နလန်ထရဲဘော်လေးနဲ့အတူ ရှေ့တန်းရောက်ရဲဘော်တွေ ဘေးကင်းအောင်မြင်ဖို့ သူ နေ့စဥ်ဆုတောင်းတယ်။ မေတ္တာပို့တယ်။ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေတယ်။ ဒါ သူတတ်နိုင်တာ အကုန်ပဲ။
ဟိုစဥ်ခါ အတိုင်းအတာတခုထိ လွတ်လပ်တဲ့ခေတ်အခြေအနေသာဆိုရင် ဒေါ်နှင်းဆီတယောက် ရဲဘော်လေးတွေနဲ့အတူ ရှေ့ဆုံးမှာရှိနေမလား မပြောတတ်။ ခုကလက်နက်ကိုင်တော်လှန်ရေးမို့သာ အသက်အရွယ်ကိုထောက်ပြီး အားမတန်မာန်လျှော့ လုပ်နေရတာ။
နွေဦးတော်လှန်ရေးကြီးရဲ့အစပိုင်း ရန်ကုန်လမ်းမတွေပေါ် လက်သီး လက်မောင်းတန်းခဲ့စဥ် သူဟာ လူငယ်ထုနဲ့အတူ ရှေ့ဆုံးက ရှိနေခဲ့တာပါ။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago