Series Review - BLSFLIX

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 9 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 1 month ago

1 Jahr, 2 Monate her
Love Andante

Love Andante

https://t.me/blsflixchannellink/331

ပရိသတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲလေးဖြစ်တဲ့ Andante of Love နဲ့တင်ဆက်ပေးချင်ပါတယ်။ကျေးလက်ဒေသကိုအခြေခံရိုက်ကူးထားပြီးတော့ ဟာသလေးတွေနှောပြီး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးက တောင်-မြောက်ကိုရီးယားစစ်ပွဲအပြီး နှစ်ပေါင်း ၇၀ အကြာ ဂိုဆောင်းရွာလေးဆိုတဲ့ ငြိမ်းချမ်းရေးရွာလေးကို နောက်ခံထားပြီးရိုက်ကူးထားတာပါ။ငြိမ်းချမ်းရေးရွာလေးမှာ တောင်နဲ့မြောက်ကိုရီးယားပြည်သူတွေ ယှဉ်တွဲနေထိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရတွေက စီစဉ်ကြပါတယ်။အဲဒီအချိန်တောင်ကိုရီးယားဘက်က နာမည်ကြီးစန္ဒရားပညာရှင် Im Joo Hyun ကိုတစ်နှစ်နေထိုင်ဖို့ စေလွှတ်လိုက်ပါတယ်။တစ်ဖက်မြောက်ကိုရီးယားဘက်ကလည်း အဆင့်မြင့်အရာရှိတစ်ဦးရဲ့ သမီးဖြစ်သူဆရာဝန်မလေး Ha Na Kyung ကိုစေလွှတ်လိုက်ပါတယ်။ဒီလိုနဲ့ငြိမ်းချမ်းရေးရွာလေးမှာ ဘယ်လိုမျိုးကြည်နူးဖွယ်အချစ်ဇာတ်လမ်းတွေနဲ့ ရယ်မောစရာအဖြစ်အပျက်လေးတွေဖြစ်ပေါ်လာမလဲဆိုတာကတော့ ပရိသတ်ကြီးကပဲကြည့်ရှုခံစားလိုက်ပါဦးနော်။အပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ်ဗုဒ္ဓဟူး၊ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။

1 Jahr, 2 Monate her
Bad Memory Erasar

Bad Memory Erasar

Join Channel

https://t.me/blsflixchannellink/320

ဒီတစ်ခါ BlSFlixချန်နယ်ကနေ တင်ဆက်ပေးသွားမဲ့ ဇာတ်လမ်းတွဲကောင်းလေးကတော့ Bad Memory Eraserဆိုတဲ့ ကိုရီးယားကားလေးဖြစ်ပါတယ်။

လီဂွန်ဆိုတဲ့ကောင်လေးဟာ အလားအလာရှိတဲ့ တင်းနစ်အားကစားသမားတစ်ယောက်ပါ။ တစ်နေ့မှာ သူဟာဒဏ်ရာရပြီး အားကစားသမားဘဝကနေ အနားယူလိုက်ရတာကြောင့်ညသူဟာစိတ်ဓာတ်ကျပြီး သူ့ဘဝဟာလည်း ပြောင်းလဲသွားပါတယ်​။

တစ်နေ့မှာ သူဟာ မှတ်ဉာဏ်ခဲဖျက်ဆိုတဲ့ ပစ္စည်းလေးရပြီး သူ့ရဲ့မှတ်ဉာဏ်တွေကို ဖျောက်ပစ်လိုက်ပါသတဲ့။ ဒါပေမဲ့ ဒီမှတ်ဉာဏ်ခဲဖျက်လေးဟာ သူထင်ထားသလို ရိုးရှင်းမနေသလို သူ့အချစ်ဦး ဦးနှောက်သုတေသနပညာရှင် ဂျိုယွန်းနဲ့လည်း ဆက်စပ်မှုရှိနေပါသတဲ့။

ဒီတော့ ဒီဆန်းပြားတဲ့ နောက်ကွယ်က အရာတွေကဘာတွေဖြစ်မလဲ။ သူမှတ်ဉာဏ်ဖျောက်ပြီးမှရလာတဲ့ သူ့ကိုယ်သူ ယုံကြည်ချက်တွေကလည်း အစစ်အမှန်ဟုတ်နေရဲ့လား။ နည်းပညာနဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေလွန်ဆွဲလာတဲ့အခါ ဘယ်အရာက ဘယ်လိုတွေသာလွန်ပြီး ကောင်းကျိုးတွေရှိနေမလဲဆိုတာကို မင်းသား မင်းသမီး ချောချောလေးတွေနဲ့ ရိုရိုချိုချိုလေး ကြည့်ရမှာမလို့ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။

1 Jahr, 2 Monate her
Reborn For Love

Reborn For Love

Join Channel

https://t.me/blsflixchannellink/315

ဒီတစ်ခါ BlSflix ချန်နယ်ကနေ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ ကျဲကျဲ Jing Tianနဲ့ ကောကော Zhang Ling Heတို့ရဲ့ Reborn for loveဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

နန်ယန်(Jing tian) ဟာ သူမရဲ့ မိခင်ဖြစ်သူကို ကယ်တင်ဖို့အတွက် မသေမျိုးလောကနဲ့ ပါဝင်ပတ်သတ်မိရာကနေ မသေမျိုးတစ်ယောက်ဖြစ်တဲ့ ကျီယန်( Zhang Ling He)ရဲ့အသက်ကို ကယ်မိလျက်သားဖြစ်သွားပါတယ်။

သူတို့နှစ်ယောက်ဟာ မတည့်အတူနေ ကြောင်နဲ့ကြွက်လည်းဖြစ်နေပြန်ပါရော။ ဒီလိုနဲ့ နန်ယန်နဲ့ဂျီယန် ပေါင်းပြီး နန်ယင်ရဲ့ မိခင်ဖြစ်သူရဲ့ နေမကောင်းဖြစ်မှုကို စုံစမ်းရင်း မသေမျိုးလောကရဲ့ ရှုပ်ထွေးပွေလီတဲ့ အကွက်ချကြံစည်မှုတွေကို တွေ့ရှိလာကြပါတယ်။ ဒီလိုနဲ့ တစ်မှုပြီးတစ်မှု ရင်ဆိုင်ပြီးဖြေရှင်းရင်း သူတို့နှစ်ယောက် ဘယ်လိုတွေနီးစပ်သွားကြမလဲ၊ ဘယ်လိုခမ်းနားတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ကြမလဲ ဆိုတာကို BLSflixချန်နယ်လေးမှာ လက်မလွှတ်တမ်း​စောင့်ကြည့်လိုက်ကြရအောင်နော်။

1 Jahr, 3 Monate her
The Legend Of Heroes(2024)

The Legend Of Heroes(2024)

Join Channel

https://t.me/blsflixchannellink/225

တရုတ်သိုင်းကားလို့ပြောလိုက်တာနဲ့ သိမ်းငှက်သူရဲကောင်း၊မက်မွန်မြေကချစ်တေးတစ်ပုဒ်၊သူရဲကောင်းတို့ ဒဏ္ဏာရီ စတဲ့ဇာတ်လမ်းတွဲတွေဆိုတာ ခွေတွေ ဝယ်ပြီးကြည့်ခဲ့ရတဲ့အထိ ပရိသတ်ကြီးရဲ့ရင်ထဲမှာ အမြဲထင်ကျန်ရစ်ခဲ့တဲ့ ရသစုံဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း နာမည်ကြီးသိုင်းဇာတ်လမ်းတွဲတွေအဖြစ်ထွက်ရှိခဲ့တဲ့ မူရင်းဝတ္ထုကိုပဲ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ The Legend of Heroes (2024) နဲ့တင်ဆက်ပေးလိုက်ပါတယ်။ရှေ့မှာရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲတွေထက် ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အသွင်သစ်အမြင်သစ် သိုင်းကွက်တွေ တိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက်တွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ဒါ့အပြင် ဇာတ်ကောင်အများအပြားပါဝင်ထားသလို ရိုက်ကူးရေးအတွက်လည်း ဒါရိုက်တာငါးဦးရဲ့ပေါင်းစပ်မှုတွေနဲ့ တင်ဆက်ထားတာဖြစ်လို့ တရုတ်သိုင်းကားကြိုက်နှစ်သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။စုစုပေါင်း အပိုင်း ၆၀ ပါဝင်မှာဖြစ်ပြီး တစ်ရက်ကိုနှစ်ပိုင်းနှုန်းနဲ့ နေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ BLSFILX မှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

1 Jahr, 4 Monate her
Dad,I'm Sorry

Dad,I'm Sorry

Join Channel

https://t.me/blsflixchannellink/205

Mai ကားကြည့်ပြီးသွားတော့ အဲဒီ့ထဲမှာ လူတွေ စိတ်ဝင်စားကြတဲ့အထဲမှာ...
ဒါရိုက်တာကလည်း အပါအဝင်ဆိုတော့....
လိုက်ရှာရင်း သူရိုက်ထားတဲ့ ဒီကားလေးကိုသွားတွေ့တယ်...

Mai ကားထဲမှာ မိုင်ရဲ့ခပ်ဆိုးဆိုး အဖေလုပ်ပြီး ဒီကားထဲမှာတော့ Mai ထဲက မင်းသားရဲ့ အဖေအဖြစ် သရုပ်ဆောင်ထားတာ
(အဘိုးကြီး လုပ်ရတာ ကြိုက်ပုံရ)

ဇာတ်လမ်းကတော့ သမီးရည်းစားအကြောင်းတွေမဟုတ်ပဲ

ဆင်းဆင်းရဲရဲနဲ့ ရှာဖွေစားသောက်ရတဲ့ စရိုက်ဆန်ဆန် ရပ်ကွက်ထဲက မိသားစုတစ်ခုအကြောင်းပါ။

မိဘတွေဆိုတာ ဆွေမျိုးကို တအားတွယ်တာကြသလိုမျိုး ဒီဇာတ်ကားထဲမှာလည်း အဘိုးကြီးရှန်းက သူ့မိသားစု ဆွေမျိုးတွေကို တအားသံယောဇဥ်ရှိရှာတာ....

ဒီဇာတ်ကားကို ကြည့်ပြီး သဘောကျမိတဲ့ အကြိုက်ဆုံး စာသားလေးတွေရှိတယ်။

"မင်းက အောင်မြင်လာတာ တစ်နှစ်ပဲ ရှိသေးတယ်။မင်းအဖေရဲ့ အကျင့်တွေက နှစ်ချီပြီး ရှိနေခဲ့တာ ပြောင်းလဲဖို့ဆိုတာ သိပ်မလွယ်ဘူး"

နောက်တစ်ကြောင်းက

"ငါတို့မှာ အချိန်ရှိသေးတယ်။ငါတို့မိဘတွေမှာတော့ မဟုတ်ဘူး" တဲ့

ဒီဇာတ်ကားကို ကြည့်ပြီး ဘာကို တွေးမိသလဲဆိုတော့ ရှိတဲ့အချိန်မှာ တန်ဖိုးထားဆိုတဲ့ စကားကို သွားတွေးမိတာပဲ။

မိုင်ကြည့်ပြီးလို့ မင်းသားကို လွမ်းနေတဲ့သူတွေ ဒီကားကို ထပ်ကြည့်ပြီး ငိုလို့ရပါပြီ ။

1 Jahr, 4 Monate her
မင်မင်တို့ရဲ့ Facebook Page လေး ပျက်သွားလို့ ထပ်ပြီး …

မင်မင်တို့ရဲ့ Facebook Page လေး ပျက်သွားလို့ ထပ်ပြီး Like and Share လေး လုပ်ပေးကြပါဦး ???

https://www.facebook.com/profile.php?id=61560109365872&mibextid=ZbWKwL

1 Jahr, 4 Monate her
Troll Factory (2024)

Troll Factory (2024)

https://t.me/blsflixchannellink/183

ဒီဇာတ်ကားကို 2015 ခုနှစ်တုန်းကထုတ်ဝေခဲ့တဲ့ Chang Kang Myoung ရဲ့ဝတ္ထုပေါ်မှာမူတည်ပြီးရိုက်ကူး‌ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ကော်ပိုရိတ်အကျင့်ပျက်ချစားမှုကိုဖော်ထုတ်လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့အသက်မွေးဝမ်းကျောင်းမှာပျက်စီးမှုကိုရင်ဆိုင်နေရတဲ့ သတင်းထောက်တစ်ယောက်က အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်ပြီးတော့ အွန်လိုင်းခြယ်လှယ်မှုတွေနဲ့ သတင်းအတုအယောင်တွေရဲ့အမှောင်ကမ္ဘာထဲနစ်မြုပ်နေတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

Troll Factory ကတော့ လူ့အဖွဲ့အစည်းထဲမှာ အာဏာ၊ သမာဓိနဲ့ ဒစ်ဂျစ်တယ်ခြယ်လှယ်ခြင်းရဲ့ အကျိုးသက်ရောက်မှုတို့အကြောင်းကို လေ့လာထားပါတယ်။ အစစ်အမှန်နဲ့ အတု‌အယောင်တို့ရဲ့ နယ်နိမိတ်ခြားနားချက်တွေကိုဖော်ပြပြီး အွန်လိုင်းထိန်းချုပ်မှုရဲ့အာနိသင်အကြောင်းကို အတိအကျဖော်ပြပေးနိုင်တဲ့ဇာတ်ကားဖြစ်တယ်ဆိုလည်း မမှားပါဘူး။ နည်းပညာက လူအများသဘောထားကို ဖန်တီးတဲ့နေရာမှာ ပါဝင်တဲ့ အခန်းကဏ္ဍနဲ့ သတင်းအချက်အလက် ထိန်းချုပ်သူတွေရဲ့ ကိုယ်ကျင့်တရား ဝတ္တရားတို့အကြောင်းက ဘယ်လောက်တောင်စဉ်းစားချင်စရာကောင်းလဲဆိုတာကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။

1 Jahr, 4 Monate her
The 8 Show

The 8 Show

Join Channel

https://t.me/+NBCHhYJnmfA3ODNl

https://t.me/blsflixchannellink/179

Korea Channel

https://t.me/blskoreachannel2

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးက The 8 Show ဆိုတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ပုံစံမတူ၊အကျင့်စရိုက်ချင်းမတူကြတဲ့ လူရှစ်ယောက်။တူညီတဲ့အချက်က ပိုက်ဆံလိုအပ်နေတာပါ။ဒီလိုလူရှစ်ယောက်အတွက် အခွင့်အရေးတစ်ခုက စောင့်ကြိုနေတာ Money Game လို့ခေါ်တဲ့ ရသစုံရှိုးတစ်ခုပါ။ဒီရှိုးမှာအနိုင်ရခဲ့ရင်တော့ ဝမ် ၄၄.၈ ဘီလီယံကို ခွဲဝေယူရမှာဖြစ်ပါတယ်။စည်းမျဉ်းကလည်း ရက် ၁၀၀ အထိ အသက်ရှင်နေနိုင်ရင် ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ဒီလိုမျိုးမက်မောဖွယ်ဆုကြေးနဲ့ လွယ်ကူတဲ့စည်းမျဉ်းတွေကြောင့် ပါဝင်ခဲ့တဲ့လူရှစ်ယောက်ဟာ စတူဒီယိုရုံတစ်ခုထဲမှာ ရက်ပေါင်း ၁၀၀ ကြာယှဉ်ပြိုင်ရပါတော့တယ်။ဒါပေမဲ့ ရက် ၁၀၀ အတွင်းအသုံးအဆောင်ပစ္စည်းတွေကို ပုံမှန်ပေါက်ဈေးထက် အဆ ၁၀၀၀ ပိုပေးပြီး ဝယ်ယူသုံးစွဲရပါတယ်။အဲဒီအတွက်လည်း ဆုကြေးငွေထဲက နှုတ်ယူသွားမှာပါ။ဒီမှာတင် စရိုက်မတူညီတဲ့ လူရှစ်ယောက်ကြား စတင်ပေါ်ပေါက်လာတဲ့ ထိတ်လန့်ဖွယ်အခြေအနေတွေကနေ နောက်ဆုံးအချိန်ထိ ဘယ်သူကများ ကျန်ရစ်ခဲ့နိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပါတယ်။

1 Jahr, 5 Monate her
The Idea OF You

The Idea OF You

Join Channel

https://t.me/blsflixchannellink/168

ပရိသတ်ကြီးအတွက် အလောင်ဇာတ်ကားတွေကြည့်မယ့်အစား အချစ်ချိုချိုလေးတွေနဲ့ ကြည်နူးစရာအချိန်လေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ The Idea of You ဇာတ်ကားလေးနဲ့တင်ဆက်ပေးချင်ပါတယ်။Solène Marchand ဆိုတဲ့ တစ်ခုလပ်မိခင်ဟာ အနုပညာပြခန်းပိုင်ရှင်တစ်ယောက်ပါ။အသက် ၄၀ ပြည့်မွေးနေ့ပွဲအတွက် ခင်ပွန်းဟောင်း၊ဆယ်ကျော်သက်သမီးနဲ့အတူတူ ခရီးထွက်ဖို့စီစဉ်ရင်းခင်ပွန်းဟောင်းရဲ့အလုပ်ကိစ္စကြောင့် အလုပ်ကိုလိုက်လာခဲ့ရပါတယ်။ဒီလိုနဲ့ August Moon လို့ခေါ်တဲ့ နာမည်ကြီး အဆိုတော်အဖွဲ့က ရုပ်ချောချော အဆိုတော် Hayes နဲ့အမှတ်မထင်တွေ့ဆုံမိပြီး နှစ်ယောက်သား ဆက်ဆံရေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ Solène Marchand ဟာ သူ့ထက် ၁၆ နှစ်ငယ်တဲ့လူငယ်လေးနဲ့ သတင်းထွက်မှာကိုစိုးရိမ်နေသလို သမီးဖြစ်သူအတွက်လည်း အားနာနေခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်သားလျှို့ဝှက်ဆက်ဆံရေးအဖြစ် ထိန်းသိမ်းရင်းကနေ တစ်နေ့မှာ လူထုကြားထဲပေါ်ပေါက်သွားတဲ့အချိန် ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့ ပရိသတ်ကြီးကနေပဲ ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးပါဦးနော်။

1 Jahr, 5 Monate her
Men In Love

Men In Love

Join channel

https://t.me/blsflixchannellink/161

Men In Love (2024)

အတိတ်ကဖြစ်ရပ်တွေကြောင့်
အချစ်ကိုအပြစ်ဖို့နေမိတဲ့ အယ်ဒီတာချုပ်လေးနဲ့
ထိုအယ်ဒီတာချုပ်ရဲ့သူငယ်ချင်း မဂ္ဂဇင်းတိုက်ပိုင်ရှင်ကိုမှ
ကြိတ်သဘောကျနေတဲ့ ကာယဆရာမလေး...?

အချစ်ဆိုတာ မရှိမဖြစ်တဲ့အရာတစ်ခုဖြစ်ချင်ဖြစ်မယ်
အချစ်တစ်ခုတည်းနဲ့တော့ ဘာမှမဖြစ်မြောက်နိုင်ကြောင်း
နှလုံးသားတွေရင်းပြီး သရုပ်ဖော်ပေးကြမဲ့
မဂ္ဂဇင်းတိုက်ပိုင်ရှင်နဲ့မော်ဒယ်မလေး...?

အလုပ်မှာတစ်ဖက်ကမ်းခတ်ပေမဲ့
အချစ်မှာတော့ လက်ယက်ကူးနေရရှာတဲ့ ရှေ့နေလေးနဲ့၊
မလှုပ်တဲ့မြင်းကြောင့် လှုပ်ပေးရတော့မဲ့ခုံလေး...?

အပြင်ပန်းမှာအားကျရတဲ့ အိမ်ထောင်ရေးပေမဲ့
အခြေမခိုင်သေးတဲ့အချစ်တွေကြောင့်
သာယာမှုပျောက်ဆုံးနေကြရတဲ့ ကော်ဖီဆိုင်ပိုင်ရှင်လင်မယား...?

အိမ်ရှေ့ပေါက်မှာ ချစ်ခြင်းတရားကတံခါးလာခေါက်တဲ့အခါ
ဒီယောက်ျားလေးယောက် အဆင်သင့်ဖြစ်နေပါ့မလား?

ပေါက်စီမြေရဲ့ ငမ်းမဝတဲ့အလှတရားတွေနဲ့အတူ
လှလှပပပေါက်ဖွားလာမဲ့ ချစ်ခြင်းလေးခုကို
ကျွန်တော်တို့ BLSFlix မှာ အတူလိုက်ခံစားကြည့်ကြရအောင်ဗျာ။

Synopsis - M2k

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 9 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 1 month ago