Myanmar Now

Description
Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

1 month, 3 weeks ago
ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီပြင်ဆင်နေ

ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီပြင်ဆင်နေ
---------------------------------------
အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုသည့်စာချုပ်တွင် အလုပ်လုပ်ခွင့် နှစ်နှစ်ပြည့်ချိန် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက နိုင်ငံသို့ပြန်လာ၍ စစ်မှုထမ်းရမည်၊ ထိုအလုပ်သမားများကို စေလွှတ်ခဲ့သည့် အလုပ်သမားအေဂျင်စီက ထိုသူများကို ပြန်ခေါ်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည်ဟု သိရသည်။

ပုံစာ- လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ယင်းထိန်းချုပ်ထားသည့်ဘဏ်များမှတစ်ဆင့်ပြန်လွှဲပေးရန် စစ်ကောင်စီက ဖိအားပေးပြီးနောက် ထိုင်းရောက်မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံဘန်ကောက်မြို့တယ် ဆန့်ကျင်ဆန္ဒပြနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59191/

1 month, 3 weeks ago
နောင်ချိုမြို့လယ်ကိုစစ်တပ်ဗုံးကြဲချ၊ အရပ်သား ၁၁ ဦးထက်မနည်းသေဆုံး

နောင်ချိုမြို့လယ်ကိုစစ်တပ်ဗုံးကြဲချ၊ အရပ်သား ၁၁ ဦးထက်မနည်းသေဆုံး
--------------------------------------
Myanmar Now

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့လယ်ခေါင်ကို စစ်ကောင်စီက ယနေ့ နေ့လည်မြန်မာစံ‌တော်ချိန်၂နာရီခွဲခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ အနည်းဆုံးအရပ်သား ၁၁ ဦးသေဆုံးပြီး နောက်ထပ် ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု TNLA နှင့်ဒေသခံတို့ကဆိုသည်။

စစ်တပ်၏ဗုံးသည် လူစည်ကားပြီး အချက်အချာကျသည့် မြို့လယ်ခေါင်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ပေါ်သို့ကျခဲ့ပြီးသေဆုံးသူအများစုမှာ  ဆိုင်ထိုင်နေကြသည့် ခရီးသည်များနှင့် ကားဆရာများဖြစ်သည်ဟု မြို့ခံများကပြောသည်။ 

ဒဏ်ရာရသူ  ၁၁ ဦးထဲတွင် စိုးရိမ်ရသူများလည်းရှိပြီးသေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်ချေရှိ သည်ဟုလည်းသိရသည်။ 

လန်းဆန်းလက်ဖက်ရည်ဆိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဉီးအချို့ အပါဝင် ခရီးသည်တင် ကားငါးစီးလည်း ထိခိုက်ပျက်စီးခဲ့သည်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည် ခရီးစဉ်အပြီးတွင် စစ်ကောင်စီလေတပ်က တအာင်းတပ် ထိန်းချုပ်ထားသည့် နောင်ချိုမြို့အပါအဝင် ၎င်းတို့ဆုံးရှုံးထားသည့် မြို့များကို  ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။ 

ယမန်နေ့(နိုဝင်ဘာ၁၁)ည၁၁နာရီကျော်ခန့်တွင်လည်း တအောင်းတပ်က ထိန်းချုပ်ထားသည့်  မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လူနေရပ်ကွက်များကို စစ်ကောင်စီလေတပ်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားကိုးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည် တနင်္ဂနွေနေ့ ညနေ ၆နာရီခန့်တွင်လည်း  နောင်ချိုမြို့ရှိ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောာင့် လူနေအိမ် ခုနှစ်လုံးခန့်ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း တအာင်းတပ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ယခုလ ပထမပတ်အတွင်းတွင်လည်း စစ်ကောင်စီက နောင်ချိုမြို့နယ်တွင် လေကြောင်းမှ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ဆမ္မဆယ်ရွာတွင် ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုသိရသည်။ 

နောင်ချိုမြို့နယ်ရှိ တအာင်းတပ်ကသိမ်းပိုက်ထားသည့် ဂန့်ဂေါရွာတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ပြန်လည်သိမ်းယူရန်ကြိုးပမ်းလျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ 

ပုံစာ - စစ်တပ်ကြဲချသည့်ဗုံးကြောင့် ပိက်ဆီးသွားသည့် နောင်ချိုမြို့လယ်မြင်ကွင်း

https://www.facebook.com/share/p/dAPGMpvLN9s8mobW/

2 months ago
ကန့်ကွက်မှုများကြောင့် မြဝတီ-ဘားအံကြား ဝါးတားဂိတ်များ ငွေလျှော့ကောက်

ကန့်ကွက်မှုများကြောင့် မြဝတီ-ဘားအံကြား ဝါးတားဂိတ်များ ငွေလျှော့ကောက်
-------------------------------
ကရင်ပြည်နယ် လမ်းပိုင်းတစ်ခုမှ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ စစ်ဆေးရေးဂိတ် ၅၀ ကျော်က ကောက်ယူသည့်ငွေပမာဏ လျှော့ချပေးလိုက်ကြသည်။ ထိုအဖွဲ့များထဲတွင် စစ်ကောင်စီတပ် မပါဝင်သေးပေ။

စစ်ကောင်စီတပ်၏ ဂိတ်များတွင် အဖမ်းအဆီး၊ တောင်းသည့်ငွေကြေး ပမာဏ ပြောင်းလဲခြင်း မရှိဟု ဒေသခံတို့ကဆိုသည်။

ပုံစာ - ဗိုလ်မှူးကြီးစောချစ်သူနှင့် BGFတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - မာထူရာ)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59025/

2 months ago
နိုင်ငံတကာငွေပေးချေဝန်ဆောင်မှုအချို့ မြန်မာတွင် အသုံးပြုခွင့်ရပ်ဆိုင်း

နိုင်ငံတကာငွေပေးချေဝန်ဆောင်မှုအချို့ မြန်မာတွင် အသုံးပြုခွင့်ရပ်ဆိုင်း
------------------------------
နိုင်ငံခြားငွေ လက်ခံရာတွင် အသုံးများသည့် နိုင်ငံတကာငွေကြေး လုပ်ငန်းနှစ်ခုက မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးသည့် စည်းမျဉ်းများကြောင့် ဝန်ဆောင်မှုရပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီတို့ ဖြစ်သည်ဟု သိရသည်။

ပုံစာ -အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီတို့သည့် မြန်မာနိုင်ငံသားများ အတွက်ဝန်ဆောင်မှုရပ်ဆိုင်းလိုက်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/59022/

2 months, 1 week ago
ဒေါ်လာသန်းချီတန်သည့် မြေရှားသတ္တုတွင်းများကို KIA ထိန်းချုပ်

ဒေါ်လာသန်းချီတန်သည့် မြေရှားသတ္တုတွင်းများကို KIA ထိန်းချုပ်

တရုတ် အကြီးအကျယ် တူးခဲ့သည့် မြေရှားသတ္တုသိုက်များ ကချင်တပ် (KIA) လက်အောက်သို့ ရောက်သွားပြီး နယ်စပ်ပိတ်ထားသည့်အချိန်ဖြစ်သောကြောင့် သတ္တုတူးဖော်မှု ရပ်ထားသည်။ တရုတ် အကြီးအကျယ် တူးခဲ့သည့် မြေရှားသတ္တုသိုက်များ ကချင်တပ် (KIA) လက်အောက်သို့ ရောက်သွားပြီး နယ်စပ်ပိတ်ထားသည့်အချိန်ဖြစ်သောကြောင့် သတ္တုတူးဖော်မှု ရပ်ထားသည်။

ပုံစာ > မြေရှားသတ္တု တူးဖော်သန့်စင်ရာတွင် အသုံးပြုသည့် တွင်းဟောင်းကြီးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ်တစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58901/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

2 months, 1 week ago
တန့်ယန်းမြို့တွင်း ဝတပ်ဖွဲ့၏ အုပ်ချုပ် လှုပ်ရှားမှုကြောင့် ဒေသခံများ ထိတ်လန့်

တန့်ယန်းမြို့တွင်း ဝတပ်ဖွဲ့၏ အုပ်ချုပ် လှုပ်ရှားမှုကြောင့် ဒေသခံများ ထိတ်လန့်

UWSA အုပ်ချုပ်ရေးဖော်ဆောင်နေသည့် တန့်ယန်းတွင် ဒေသလုံခြုံရေး စုဖွဲ့မှု၊ ကျေးလက်ဒေသ ကလေးများကို မြို့ကျောင်းသို့ခေါ်ဆောင်မှု အစီအစဉ်များကြောင့် ဒေသခံတို့ အခက်တွေ့နေသည်။

ပုံစာ > ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က တွေ့ရသော UWSA စစ်သားများ (ဓာတ်ပုံ - AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58898/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

2 months, 1 week ago
ပေါက်မြို့နယ် စစ်ရှောင်အရေးကူညီနေသူ ဘုန်းကြီးကို စစ်တပ် ဖမ်းခေါ်သွား

ပေါက်မြို့နယ် စစ်ရှောင်အရေးကူညီနေသူ ဘုန်းကြီးကို စစ်တပ် ဖမ်းခေါ်သွား

မကွေးတိုင်းအတွင်း စစ်ရှောင်စခန်း တစ်ခုကို စီးနင်းသည့် စစ်တပ်က ဒေသခံ ၂ ဦးကို သတ်ဖြတ်ပြီး ၎င်းတို့ လိုအပ်နေသည့် ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ၂၀ နီးပါးကို ဖမ်းသွားသည်။

ထိုစစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစု တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်အကျအဆုံးရှိသည်ဟု သိရသည်။

ပုံစာ > အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင်း တွေ့ရသည့် ပြည်သူ့စစ်များ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58884/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

2 months, 2 weeks ago
မန္တလေးစျေးကွက်မှ နိုင်ငံခြားပစ္စည်းများကို စစ်ကောင်စီ ဝင်စစ်

မန္တလေးစျေးကွက်မှ နိုင်ငံခြားပစ္စည်းများကို စစ်ကောင်စီ ဝင်စစ်

မန္တလေးဈေးချိုတော် ဆိုင်များ၊ ကုန်သိုလှောင်ရုံများရှိ နိုင်ငံခြားကုန်ပစ္စည်းနှင့် တင်သွင်းမှု ဆိုင်ရာ စာရွက်စာတမ်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ဝင်စစ်သည်ဟု သိရသည်။

ပွဲရုံများ၊ ကုန်စည်ဒိုင်များကလည်း သွင်းကုန်ပစ္စည်း လျှော့ချထားကြသည်။

ပုံစာ > အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေး ဈေးချိုဈေးနှင့် နာရီစဉ်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58669/

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago