𝗖𝐇𝗔𝝢Ꮐ𝝚 ყ𝗼ִ𝞄۫𝗿 ᥣ𝗶𝗳۫𝗲 𓆩𓆪

Description
သင်စိတ်ဓာတ်ကျနေရင်၊သင့်ဘဝပြောင်းလဲချင်ရင်ဒီ channel လေးကိုjoinလိုက်ပါ။

Life style, knowledge, Motivation, study tips, book, LGBT fiction

Channel date -11.1.2024

Bot @Yuki_Yan_by_kim_bot
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

1 year, 7 months ago
**စာဖတ်သူလေးတစ်ယောက် ရှာခိုင်းထားလို့**

စာဖတ်သူလေးတစ်ယောက် ရှာခိုင်းထားလို့

သင်တန်းကြေးအနည်းငယ်နဲ့ Korean Basic Class ရှိပါမယ်နော်။

မင်မင့်အသိထဲကပဲမလို့ ယုံကြည်စိတ်ချလို့ရပါတယ်။ တကယ့်ဆရာ/မ တွေနဲ့ သင်ပေးတာဖြစ်ပါတယ်ခင်ဗျာ။

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက...

https://t.me/infinity_knowledge_hub/5

#Education
#Haruki

1 year, 9 months ago

Black White Library တွင် Free ဖတ်ရှုနိုင်ပြီဖြစ်သော Premium PDF Book များ (Part-3)

၁။ ငြင်းဆိုသူရဲ့မီးခိုးများ

၂။ ကိုယ်တိုင်သိရှိသွားမှု

၃။ ပင်လယ်ပြာနှင့် တံငါအို

၄။ ကျွန်တော်နှင့် ပေါ့ပေါ့ပါးပါးဒုက္ခများ

၅။ လောကဓံကို ဒူးထောက်ဖို့မလိုဘူး

၆။ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ

၇။ ကျွန်မကိုယ်ထဲက မိန်းမ

၈။ စာကျက်ချင်စိတ်

၉။ ဘဝအိုအေစစ်

၁၀။ အစိမ်းရောင်ရက်စွဲများ

၁၁။ Morning Vitamins - 2

၁၂။ ခင်ဗျားကိုကျွန်တော်ချစ်တယ်

၁၃။ အင်တာနက်ပေါ်က အဖိုးတန်စာစုများ

၁၄။ အမြဲတမ်းဖတ်ဖို့

၁၅။ နေထွက်သောည

၁၆။ သစ္စာနီရဲ့ အက်ဆေးပေါင်းချုပ်

၁၇။ သင်ခွင့်လွှတ်တတ်ပြီလား

၁၈။ ဘဝရဲ့စည်းမျဥ်းများ

၁၉။ မေမေ့ပျိုးခင်း - ၄

၂၀။ ငြိမ်သက်ခြင်း

၂၁။ ဖြေသိမ့်ရာ ကုန်စုံဆိုင်

၂၂။ ဂွတ်ဘိုင်

၂၃။ နှုတ်ပြောစကား

၂၄။ ပယ်ရီပယ်ရီ ချစ်ကန်း

၂၅။ ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး

၂၆။ အဓိက,က စိတ်ပါပဲ

၂၇။ ခွင့်လွှတ်ပေးလိုက်ပါ

၂၈။ မပြိုင်ဘဲနိုင်အောင်လုပ်ပါ

၂၉။ Revenge Story

၃၀။ ထူးဆန်းတဲ့ အမေရိကန်လူမျိုး

၃၁။ လက်ဆောင်

၃၂။ မသွားရရင် သေနိုင်တယ်

၃၃။ သိပ်တော်တဲ့ငါ

၃၄။ Never Give Up

၃၅။ ငါကအရှုံးသမားမဟုတ်၊ အပြေးသမားကောင်းတစ်ယောက်

၃၆။ ရှင်းလင်းစွာ စဥ်းစားခြင်းအနုပညာ

၃၇။ ကမ္မ

၃၈။ ကိုယ်ကမှ ကိုယ့်လူပါ

၃၉။ Only one, တစ်ကောင်တည်းပဲ

၄၀။ After 20

၄၁။ နီးနီးဝေးဝေး အတွေးလက်ဆောင်

၄၂။ အမှောင်ကား

၄၃။ တစ်သက်တာအဖော်

၄၄။ ရောင့်ရဲခြင်းအနုပညာ

၄၅။ မိတ်ဆွေ ၄ ဦးနှင့် ဘဝသင်ခန်းစာများ

၄၆။ ပြိုင်ဘက်ကငါ

၄၇။ အပြောင်းအလဲကို စီမံခြင်း

၄၈။ လျှို့ဝှက်ချက်ကို ဖွင့်တဲ့သော့

၄၉။ မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်း

၅၀။ လုပ်ငန်းခွင်စည်းကမ်း

၅၁။ တည့်တည့်တွေး

၅၂။ ဆိုက်ဝါးထည့်ခြင်း အနုပညာ

၅၃။ ပျော်ရွှင်ဖို့လိုအပ်တဲ့ သတ္တိ

၅၄။ ပန်းမဟုတ်သော တစ်ပွင့်အကြောင်း

၅၅။ သူ့ကိုချစ်မိ အပြစ်ရှိ၏

စာအုပ် (သို့) Audio File လှူချင်သူများအတွက် = @Book_Sharer_bot

Owner = @Haruki_helping_007_bot
Admin = @MyaKnowledgeLibrary27102006_bot

#Haruki
#Mya_MT
📖 - @black_white_Library

1 year, 10 months ago
1 year, 10 months ago

သစ်ပင်မတက်နိုင်တဲ့ ငါး?****
----------------------------

SarPhat Link ?

https://www.sarphat.com/articles/22258

ကျွန်တော် ဒီနေ့ပဲစာစုလေးတစ်ခုဖတ်လိုက်ရတယ်။ စာစုလေးက

"အာလုံးဟာ ဉာဏ်ကြီးရှင်တွေပါ။ ဒါပေမယ့် ငါးတစ်ကောင်ကို သစ်ပင်တက်တဲ့အရည်အချင်းနဲ့ နှိုင်းနေရင်တော့ အဲ့ငါးကအသုံးကျမှာမဟုတ်ဘူး" တဲ့။

ချက်ချင်းပဲ ကျွန်တော့်ခေါင်းထဲ အသိတရားတစ်ခုဝင်သွားတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတွေက "မင်းကအသုံးမကျပါဘူး၊ ဒါလေးတောင်မလုပ်နိုင်ဘူးလား၊ အဖြစ်မရှိလိုက်တာ၊ အသုံးဝင်မယ့်အကောင်လည်းမဟုတ်ပါဘူး" လို့ ပြောတာကြားဖူးနိုင်သလို ကိုယ်ကိုယ်တိုင်လည်း အပြောခံရဖူးနိုင်ပါတယ်။

ဟုတ်ကဲ့။ လူတိုင်းက Perfect မဖြစ်လို့ သူလုပ်သမျှအရာတိုင်းက Perfect ဖြစ်နေမှာမဟုတ်ပါဘူး။ အရာရာတိုင်းမှာတော်တဲ့သူဆိုတာလည်းရှားပါတယ်။

လူတစ်ယောက် ငါးဖမ်းတာတော်ပေမယ့် ဖားကောက်တာတို့၊ ငှက်ပစ်တာတို့ သူတော်ချင်မှတော်မှာ။  ဒါကို ကျွန်တော်တို့သိထားရမယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ တစ်ခုလေးမလုပ်လိုက်နိုင်တာနဲ့ ဘာမှအသုံးမကျသူလို့ သတ်မှတ်လိုက်ရော...။

ဒါကဘာနဲ့တူသလဲဆိုတော့ ငါးတစ်ကောင်ကို သစ်ပင်မတက်နိုင်လို့ အသုံးမကျလိုက်တာလို့ ပြောနေတာနဲ့တူတယ်။

လူမှာလည် ကန့်သတ်ချက်ဆိုတာရှိတယ်။ သူဒီနေရာမှာမတော်ပေမယ့် အခြားနေရာမှာ သူတော်နေနိုင်တယ်။

**လောကမှာ

ဘယ်အရာမှမတော်ဘူးဆိုတဲ့သူ မရှိသလို၊

အရာအားလုံးတော်တဲ့သူဆိုတာလည်း မရှိပါဘူး။**

ဒါကြောင့် စာဖတ်သူလေးအနေနဲ့ ကိုယ့်ကို အသုံးမကျတဲ့သူလို့ ဝေဖန်အပြစ်ဆိုလာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ဒါက စာဖတ်သူလေး တကယ်တော်တဲ့နေရာမဟုတ်သေးလို့ပါ။

တော်အောင်ကြိုးစားလို့ရသလို စာဖတ်သူလေးတော်တဲ့နေရာဟာ အခြားနေရာလည်းဖြစ်နေနိုင်ပါတယ်။ ကိုယ်ဘာတော်လဲ သိအောင်လုပ်ပါ။

ရှာဖွေပါ။

ရှင်သန်ပါ။

အစွမ်းကုန်ကြိုးစားပါ။

အက္ခရာ ( 20,10,2024 . 12:57 PM )

Follow in SarPhat

https://www.sarphat.com/articles/22258

#Moti
#Life_Knowledge
#Haruki

1 year, 10 months ago

ငိုခြင်းသည် အရှုံးပေးခြင်းမဟုတ်

ကျွန်တော်တို့ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရဲ့လူအများစုကတော့ မျက်ရည်ကျတာ၊ ငိုတာကို အရှုံးပေးတယ်လို့ သတ်မှတ်ကြတယ်။ လက်မြှောက်သွားတယ်လို့ခံယူကြတယ်။

ပျော့ညံ့တယ်လို့ ယူဆကြပါ တယ်။ ငိုတဲ့သူ၊ မျက်ရည်ကျတဲ့သူက ခံနိုင်ရည်မရှိဘူးပေါ့။ တကယ်ပဲ မျက်ရည်ကျတဲ့သူ၊ ငိုတဲ့သူက ပျော့ညံတာလား။ အရှုံးပေးတာလား။

အဖြေက လုံးဝလုံးဝမဟုတ်ပါဘူး။

ကျွန်တော်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ Tears are powers. တဲ့။ မျက်ရည်ဟာ အားသစ်မွေးဖို့ အားနည်းစိတ်ပျက်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်တာပါ။ ကျရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့ အကောင်းဆုံးလက်နက်ပါ။

ဒဏ်ရာတွေကို ဆေးကြောပေးနိုင်ပါတယ်။ နာကျင်ခြင်းတွေကို မေ့ဖျောက်ပေး နိုင်ပါတယ်။

..........

အဲ့ဒီလိုပါပဲ ကျွန်တော်တို့လူအများစုဟာ အရွယ်ရောက်လာတဲ့အခါ လောကဓံရဲ့ ရိုက်ပုတ်၊ ထိုးနှက်ချက်တွေကို အမျိုးမျိုးရင်ဆိုင်ရတဲ့အခါ မျက်ရည်မကျနဲ့၊ ငါအရှုံးမပေးဘူး။

မျက်ရည်မကျဘူး၊ ငါအားတင်းထားမယ် ဆိုပြီး ကြိတ်မှိတ်ပြီး နာကျင်မှုဆိုတဲ့အရာတွေကိုမျိုချတတ်ကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးရောက်ရင် စာဖတ်သူလေးကိုအကြံတစ်ခုပေးပါရပါစေ။

အဲ့တာကတော့ စိတ်ဒဏ်ရာတွေရတဲ့အခါ လွတ်လွတ်လပ်လပ် တစ်ခါလောက်တော့ ငိုကြွေးကြည့်လိုက်ပါ ဆိုတာပါပဲ။

ကိုယ်ခံစားနေရတဲ့ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်း သောကတွေဟာ မျက်ရည်နဲ့အတူပါသွားပြီး ပေါ့ပါးလွတ်လပ်သွားပါလိမ့်မယ်။

ငိုတဲ့အခါမှာလည်း ခံစားရတာတွေပေါ့သွားတဲ့အထိငိုချပစ်ပါ။ အဲဒီအချိန် ကျလာတဲ့မျက်ရည်တွေကို လက်နဲ့စမ်းကြည့်ပါ။ ပူနေတယ်မဟုတ် လားစာဖတ်သူလေး။ မျက်ရည်ပူတွေပါ။

ဒါကြောင့် ငိုတယ်ဆိုတာ မျက်ရည် ပူတွေနဲ့တူညီတဲ့ ကျွန်တော်တို့ရဲ့ အပူအပင်တွေ၊ စိုးရိမ်ကြောက်ကျမှုတွေကို သွန်ထုတ်လိုက်တာပါပဲ။

နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ ငိုပစ်လိုက်ပါ။ ပေါ့ပါးမှုကို စာဖတ်သူလေးပြန်ခံစားရပါလိမ့်မယ်။ မျက်ရည်ဆိုတာဟာလည်း ငိုဖို့ပါ။

ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ အချိန်ရှိတိုင်း ဖြစ်ပေါ်နေမှာမှမဟုတ်တာပဲ။

ဖြစ်ပေါ်လာတဲ့အခါ ကြိတ်မှိတ်ဒဏ်ရာအဖြစ်မခံဘဲ ငိုချလိုက်ပါ။ အချိန်တန်တဲ့အခါ အားလုံးဟာ ပြီးဆုံးသွားမှာပါပဲ။ ?

-------------

- အဓိက,က စိတ်ပါပဲစာအုပ်မှ

တန်ဖိုး - ၇၀၀၀ ကျပ်

ပထမဆုံးဝယ်ယူတဲ့ အယောက် ၁၀၀ ဟာ စာရေးသူကိုယ်တိုင်လက်မှတ်ထိုးပေးထားသော စာအုပ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အယောက် ၁၀၀ သာ ?

ခုတောင် အုပ်ရေ ၅၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။ လက်မနှေးတော့နဲ့နော် ?

စာအုပ်မှာယူရန်

1 - +959977626244

2 - @Khin_Su_Mon_Thant

3 - @Akayar_2007

#Haruki

1 year, 11 months ago
2 years ago
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot