Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

သရဲကားများ ကြည့်ကြမယ်

Description
ချန်နယ်ထဲ၀င်မရင် အပေါ်ဆုံး ညာဘက်ထောင့်က အစက်သုံးစက်ကို နိပ်ပီး open browser နိပ်လိုက်ရင် ရပါပြီ
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

@vip_admin_3

Last updated 1 Tag, 9 Stunden her

3 days, 17 hours ago
Ju-On: The Grudge (2002)

Ju-On: The Grudge (2002)

ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။
နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကိုကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်

ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/696
https://t.me/cartoonedss/696

📌📌📌📌📌📌📌📌📌📌📌

4 days, 4 hours ago
Easter Bloody Easter (2024)ဇာတ်ကားသစ်

Easter Bloody Easter (2024)ဇာတ်ကားသစ်

ဒါလေးကတော့ Easter theme နဲ့ထွက်ရှိလာတဲ့ horror ကားလေးပါ။ တက္ကဆက်ရဲ့မြိုငယ်လေးမှာ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး ခင်ပွန်းသည်ပါပျောက်ဆုံးသွားတဲ့အခါ ကျန်ရစ်တဲ့ ဇနီးသည် ဂျန်နီဟာခင်ပွန်းကိုစိုးရိမ်တာကြောင့် အကြောင်းရင်းကိုလိုက်တဲ့အခါ... ကြီးမားတဲ့ယုန်ခြေရာနဲ့ မြိုရဲ့ဒဏ္ဍာရီနဲ့ဆက်စပ်နေတဲ့ သမိုင်းကြောင်းကို သိလိုက်ရပါတယ်။
ဆက်လက်ဖြစ်လာဦးမယ့် ဖြစ်ရပ်ဆိုးတွေကို ဂျန်နီနဲ့သူငယ်ချင်းတသိုက် ဘယ်လိုဆက်ပြီးကာကွယ်သွားမလဲဆိုတာတော့... IMDB 5 ရထားပါတယ်။ Deep Horror နှစ်သက်သူများတော့ သဘောတွေ့မယ်မဟုတ်ပါဘူး။ ရှုစားကြပါဦး။

ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/694
https://t.me/cartoonedss/694

📌📌📌📌📌📌📌📌📌📌📌

4 days, 13 hours ago
**The Exorcist (1973)**ခနခနလာလာမေးကြတဲ့ကားလေး ရပါပြီ။နာမည်ကြီးသရဲ ကားကြီးတစ်ခုဖြစ်ပြီး အရမ်းကြောက်စရာကောင်းတာ …

The Exorcist (1973)ခနခနလာလာမေးကြတဲ့ကားလေး ရပါပြီ။နာမည်ကြီးသရဲ ကားကြီးတစ်ခုဖြစ်ပြီး အရမ်းကြောက်စရာကောင်းတာ ကြောင့်တစ်ချိန်က ပြသခွင်ပိတ်ခံထားရတဲ့ကားပါ။

သာမန်သရဲကားတွေထက်ကို ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။ကြည့်ဖူးတဲ့သူတိုင်း The Exorcist လိုကြားလိုက်တာနဲ့ ကြောက်လန့်တဲ့အထိပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်က ရုပ်ရှင်ရိုက်ကူးဖို သူ့သမီးလေးနဲ့အတူ မြိုတစ်မြိုကိုခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

သူမသမီးလေးက အစပိုင်းက လုံးဝပုံမှန်ဖြစ်ပေမယ့် တစ်ဖြေးဖြေး အပြောအဆိုအမူအရာတွေကအစပြောင်းလဲလာ ခဲ့ပါ တယ်။အရင်ကနဲ့လုံးဝမတူတော့ပါဘူး။

ဆရာဝန်တွေနဲ့ပြပေမယ့်အခြေအနေကပိုဆိုးလာပြီး သူမသမီးလေးဟာလည်းတစ်ခြားတစ်ယောက်ပုံစံကိုပြောင်း လဲသွားခဲ့ပါတော့တယ်။

သူမသမီးလေးခန္ဓာကိုယ်ထဲကို ဘယ်လိုအရာကြီးကများဝင်ရောက်ပူးကပ်နေတာလဲ။ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ။ သူမဘာတွေဆက်လုပ်မလဲ။

သူမသမီးလေး ကိုရောဘယ်လိုပြန်ကယ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။

ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/691
https://t.me/cartoonedss/691

📌📌📌📌📌📌📌📌📌📌📌

4 days, 13 hours ago
`The Wretched (2019) ================

`The Wretched (2019) ================
2019 ခုနစ်ထွက် Horror ဇာတ်ကားပါ
ဇာတ်လမ်းအကျဉ်းကတော့ …

မိဘတွေရဲ့ ကွာရှင်းပြတ်စဲမှုကြောင့်စိတ်ရှုပ်နေတဲ့ ဆယ်ကျော်သက် ဘန်ဟာ ဖခင်ဖြစ်သူနဲ့အတူ လာနေပါတယ်။

သူလာနေပြီးမကြာခင် သူတို့ဘေးအိမ်က အမျိုးသမီးရဲ့ မူမမှန်ပုံတွေကို မြင်ရပြီးစုံစမ်းဖော်ထုတ်ဖို့ကြိုးစားရာမှ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။

တခြား ပေါပေါပဲပဲဇာတ်ကားတွေလိုမဟုတ်ပဲ တကယ်ကြည့်လို့ကောင်းပါတယ်။

IMDb Rating 5.8/10 ရရှိထားပါတယ်။`ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/689
https://t.me/cartoonedss/689

📌📌📌📌📌📌📌📌📌📌📌

4 days, 13 hours ago
အွန်လိုင်းဂိမ်းဝါသနာပါတဲ့ လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုဒ်လေးတစ်ခုကိုလမ်းညွှန်ပေးပါရစေရှင့်***🙏***

အွန်လိုင်းဂိမ်းဝါသနာပါတဲ့ လူကြီးမင်းတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုဒ်လေးတစ်ခုကိုလမ်းညွှန်ပေးပါရစေရှင့်🙏

#စလော့ဂိမ်းမန်ဘာသစ်ပရိုမိုးရှင်း

=>5000 သွင်း  15000 အပိုဘောနပ်
=>နေ့စဉ်‌ရှုံးကြေး 10 % ဘောနပ်
=>သူငယ်ချင်းမိတ်ဆတ် 3000  ဖရီးဘောနပ်

Viber - 09758761166
Telegram - @goldeneaglegame

#GoldenEagle မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

5 days, 14 hours ago
The Maid (2020)

The Maid (2020)

ဇာတ်လမ်းအကျဉ်းကတော့ အိမ်စေ မမြဲတဲ့ စံအိမ်ကြီးတစ်လုံးကို

ဂျွိင်းဆိုတဲ့ ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်.
ဒီစံအိမ်ကြီးမှာ အလုပ်လုပ်ချင်ရင် လိုက်နာရမယ့် တစ်ခုတည်းသော

စည်းကမ်းကတော့ “မစပ်စုရဘူး”ဆိုတာပါပဲ.

ဂျွိင်းဟာ စံအိမ်ကြီးကို ရောက်တည်းက စိတ်ထဲ မလုံခဲ့ပါဘူး.

စံအိမ်ပိုင်ရှင်သခင်မရဲ့ သမီးလေးနစ်ဒ်ဟာလဲ သရဲတွေကို

မြင်ရတယ်ဆိုပြီးပြောနေတဲ့ စိတ်ဝေဒနာရှင်မလေးပါ.

ဂျွိင်းဟာ နစ်ဒ်နဲ့ ရင်းနှီးလာတဲ့ အခါမှာတော့ ဒီအိမ်ကြီးမှာ

ဘယ်သူမှ မသိတဲ့မိန်းမတစ်ယောက်ရှိနေတာကို

မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်.

ဂျွိင်းဟာ အိမ်သူအိမ်သားတွေကို မေးကြည့်တော့

သူမြင်ခဲ့တဲ့ မိန်းမဟာ ဒီအိမ်ကနေ ဘယ်သူမှမပြောပဲ

ထွက်သွားခဲ့တာပါဆိုတဲ့ အဖြေကလွဲပြီး

တိတိကျကျမသိခဲ့ရပါဘူး.

ဂျွိင်းဟာ စပ်စုချင်စိတ်ကြောင့် စူးစမ်းရင်း အဲ့ဒီမိန်းမက

ဘယ်သူဆိုတာ သိခဲ့ရပါတယ်.

သူရဲ့သိရခြင်းတွေကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး.

ဂျွိင်း သိခဲ့ရတာက......

ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/686
https://t.me/cartoonedss/686

📌📌📌📌📌📌📌📌📌📌📌

6 days, 12 hours ago
Ice Cream Man (1995)

Ice Cream Man (1995)

ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး  Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။

ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/683
https://t.me/cartoonedss/683

📌📌📌📌📌📌📌📌📌📌📌

6 days, 12 hours ago
Frankenstein’s Army (2013)

Frankenstein’s Army (2013)

2013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein’s Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျ

ဇာတ်လမ်းအညွှန်း

ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ်

ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူး

သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ်

ဇာတ်ကားလင့် ⬇️

https://t.me/cartoonedss/681
https://t.me/cartoonedss/681

📌📌📌📌📌📌📌📌📌📌📌

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

@vip_admin_3

Last updated 1 Tag, 9 Stunden her