Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

သတင်းမှန် ဖိုးစီ

Description
ပြည်သူနဲ့တသားတည်း ရပ်တည်နေတဲ့
ပြည်သူ့ဘက်တော်သား 4C
Advertising
We recommend to visit

РЕКЛАМА: @c_h_u_d_i_k

МАГАЗИН — t.me/yoda_shop_ua
ГУМОР — t.me/humor_by_yoda
ЇЖА — t.me/yoda_food
СПОРТ — t.me/yoda_sports
ТЕХНОЛОГІЇ — t.me/techno_yoda
КІНО — t.me/yoda_cinema

FACEBOOK — facebook.com/zhek.prok
TWITTER — twitter.com/ch_ud_ik

Last updated 1 week, 3 days ago

Last updated 4 days, 13 hours ago

Новини Харкова Status Quo

Наш сайт www.sq.com.ua

Наш Facebook https://www.facebook.com/KharkivNews

Last updated 1 week, 3 days ago

1 week, 4 days ago

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၃ နှစ် ကျော်လွန်တဲ့ ကာလဆီ ရောက်ရှိလာချိန်မှာတော့ အထက်ပါ မေးခွန်းတွေအပြင် အဆုံးသတ် ရလဒ်အတွက် ဖြစ်နိုင်ခြေ အားလုံးကို လေးလေးနက်နက် စဉ်းစားရတော့မယ့် အနေအထားမျိုးကို အမှန်တွေ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

(Council on Foreign Relations ၏ The Bottom is Falling out for Myanmar’s Junta ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)

~ DNA ~#4C_TruthNews

1 week, 4 days ago

အလင်းဝင်လာသူတွေက ပြောပြတဲ့ စကားတွေကို Washington Post က ကိုးကား ဖော်ပြတဲ့ အခါမှာတော့ စစ်တပ်ဟာ အောက်ခြေ တပ်သားတွေကို ရိက္ခာခွဲတမ်း နည်းနည်းသာပေးပြီး အရာရှိတွေကိုတော့ မျက်နှာသာ ပေးတယ်လို့ ပါရှိခဲ့ပါတယ်။ ပြီးတော့ တပ်ထဲမှာ အထူးအရေးကြီးတဲ့ အရင်းအမြစ် ပစ္စည်းတွေ သိုလှောင်ထားမှုကလည်း လျော့ပါး ကျဆင်းလာနေပြီလို့ ဆိုတယ်။ တပ်ထဲကို ဝင်ရောက် အမှုထမ်းကြဖို့ သွေးဆောင် စည်းရုံးတဲ့ ကွန်ရက်တွေကလည်း လုံးဝ အလုပ်မဖြစ်တော့တဲ့ အဆင့်ကို ရောက်နေပါပြီ။ စစ်သားတွေက ကျီးလန့်စာစား ဖြစ်နေကြပြီး စစ်ဗိုလ်ချုပ်တွေကတော့ သူတို့အဖွဲ့အစည်း အခြေအနေ မလှတော့ဘူးဆိုတဲ့ အရှိတရားကို လက်အောက်ခံ အကြပ်စစ်သည်တွေဆီ ရောက်မသွားအောင် လှည့်စား ဖုံးကွယ်ထားဆဲပါပဲ။ တော်လှန်ရေး အဖွဲ့တွေဟာ အကြမ်းဖက်သမားတွေပါလို့ စစ်တပ်က ဘယ်လိုပဲ ဝါဒဖြန့် အပုပ်ချနေပါစေ၊ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းပြီး အလင်းဝင်သွားတာတွေ ဆက်တိုက် တိုးပွားလာတာကို ကြည့်ရင် အဲဒီ သိမ်းသွင်းမှုကပါ အလုပ်မဖြစ်တော့မှန်း မြင်သာစေပါတယ်။

ကိုယ်တိုင်က ယူကရိန်း စစ်ပွဲအတွက် လက်နက် လိုအပ်ချက်တွေ အပူတပြင်း ရှိနေတဲ့ ရုရှားကလွဲရင် ဘယ်နိုင်ငံကများ မြန်မာ စစ်တပ်အတွက် ပြုန်းတီး လက်နက်တွေကို ပေါ်ပေါ်ထင်ထင် ပြန်ဖြည့်ဆည်းပေးရဲသလဲ၊ ဒါမှမဟုတ် သံတမန်ရေးအရ မားမားရပ် ထောက်ခံပေးရဲသလဲ ဆိုတာတွေကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီကြားထဲ ရုရှားက သူတို့ မြန်မာစစ်တပ်ဆီ တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်း တချို့ကိုတောင် ယူကရိန်း စစ်ပွဲအတွက် လိုအပ်လို့ပါဆိုပြီး ပြန်ဝယ်ယူသွားပါသေးတယ်။ အရင်းအမြစ် ရရှိမှုတွေ လျော့သထက် လျော့လာတဲ့အခါ စစ်တပ်ဟာ လက်နက် ပြုန်းတီးမှုကို စဉ်ဆက်မပြတ် ပြန်ဖြည့်တင်းဖို့ ခက်ခဲသွားပါတယ်။ မြောက်ကိုရီးယားကို ချဉ်းကပ်ဖို့ ဆိုပြန်တော့လည်း အဲဒီ အထီးကျန် ကွန်မြူနစ် နိုင်ငံကပါ ရုရှားဆီကိုပဲ ဦးစားပေးပြီး စစ်လက်နက်တွေ တင်ပို့ချင်နေတယ်။

သံတမန်ရေးအရ ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ဟာ အာဏာသိမ်းမှု ဖြစ်ပွားပြီး ကတည်းက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် ကြားဝင် ဖြေရှင်းနိုင်စွမ်း မရှိတာကို တွေ့ရပါမယ်။ အဖွဲ့ဝင် နိုင်ငံတွေကြား စစ်တပ်အပေါ် ရှုမြင်မှုနဲ့ စစ်တပ်ရဲ့ တည်မြဲနိုင်ခြေတွေအပေါ် အမြင်ကွဲပြားမှုတွေလည်း နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ဒါပေမဲ့ စစ်တပ်ကို နွေးထွေးဟန် ပြသခဲ့ဖူးတဲ့ ထိုင်းလိုမျိုး ခြံစည်းရိုး ခွထိုင်နေတဲ့ အာဆီယံ နိုင်ငံတချို့တောင် အခုအခါမှာတော့ စစ်တပ်ရဲ့ ပျက်သုဉ်းသွားနိုင်ခြေ အလားအလာကို ထည့်တွေးနေ၊ ဒါမှမဟုတ် ကြိုတင် မှန်းဆ ပြင်ဆင်နေပါပြီ။ နောက်ပြီး သံခင်းတမန်ခင်းအရ အာဏာသိမ်း မြန်မာစစ်တပ်ကို အကာအကွယ် ပေးလေ့ရှိခဲ့တဲ့ တရုတ်ကလည်း စစ်တပ်ရဲ့ လုပ်သမျှ အဆီအငေါ် မတည့်တာတွေ၊ မြန်မာ့ ပြည်တွင်း ပဋိပက္ခက တရုတ်ဖက်ကိုပါ ကူးစက်လာတာတွေအပေါ် အတော် စိတ်ပျက်လာပုံ ပေါ်ပါတယ်။ အခုဆိုရင် တရုတ်နဲ့ထိုင်း နယ်စပ်က အရေးကြီးတဲ့ ဧရိယာတွေဟာ စစ်တပ်ကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ လက်ထဲကို ကျရောက်နေပါပြီ။

ဒီတော့ အရေးကြီးတဲ့ မေးခွန်းက စစ်တပ်ဟာ ဘယ်လောက်ထိ တောင့်ခံနေဦးမှာလဲ။ ဘယ်လောက်ကြာကြာ သက်ဆိုးရှည်နေဦးမှာလဲ။ ဖြစ်နိုင်ခြေ အမျိုးမျိုးကို မူတည်ပြီး အဆုံးသတ် ရလဒ်ကလည်း ကွဲပြားသွားနိုင်ပါတယ်။

မကြာသေးခင်က စစ်တပ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်း အရာရှိ တချို့ကို ထောင်ချထားရာကနေ နေအိမ် အကျယ်ချုပ်ဆီ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းမျိုးတွေ ထွက်ပေါ်ခဲ့ပါတယ်။ စစ်တပ်ဟာ အလျှော့ပေးရမယ့် အခြေအနေကို ကြိုတွေးပြီး မျက်နှာပူ သက်သာလို သက်သာငြား ဒါမျိုးတွေ လုပ်နေတာလား ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပေမယ့် အဲဒါနဲ့ပဲ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ ရက်စက်မှုတွေကို တာဝန်ယူ၊ တာဝန်ခံစရာ မလိုဘဲ လွှတ်ပေးလိုက်ရမှာလား။ ဒါမှမဟုတ် ပိုပြီး ကောက်ကျစ်စဉ်းလဲတဲ့ လုပ်ရပ်အဖြစ် အရပ်သား အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ရည်ရွယ်ထားလို့လား။

စစ်တပ်ထဲမှာ အလံဖြူထောင်ပြီး လက်နက်ချတဲ့သူတွေ၊ ကိုယ်လွတ်ရုန်း ထွက်ပြေးပြီး တော်လှန်ရေးဖက် အလင်းဝင်သွားသူတွေ များလာတဲ့အခါ စစ်တပ်က နှစ်ခြမ်းကွဲသွားပြီး တချို့သော ထိပ်တန်း စစ်ဗိုလ်ချုပ်တွေက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပုန်ကန် တော်လှန်ကြမလား။ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံကနေ ထွက်ပြေးဖို့ အစီအစဉ် ရေးဆွဲထားကြသလား။ ဒါဆိုရင်ရော ဘယ်ကို ပြေးမှာလဲ။ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ရနိုင်သမျှ သယ်ယူသွားဖို့ စစ်ဗိုလ်ချုပ်တွေက အလေးထား တွေးဆနေကြမှာ သေချာပေမယ့် ဒီကိစ္စကရော ဖြစ်နိုင်ခြေ ရှိရဲ့လား။

တော်လှန်ရေးဖက်က ပိုမိုအားကောင်းတဲ့ စစ်ဆင်ရေးကြီးတွေကို ဆင်နွှဲလာနိုင်ပြီး စစ်သားတွေကလည်း သူတို့ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းကြီးဟာ ရှေ့ဆက်ပြီး တိုက်ပွဲဝင်နိုင်စွမ်း ယုတ်လျော့ ကင်းမဲ့လာနေပြီဆိုတဲ့ အခြေအနေမှန်ကို သိမြင် သဘောပေါက်လာကြမလား။

1 week, 4 days ago

"အာဏာသိမ်းစစ်တပ် အခြေမလှမှုနဲ့ ကြိုတွေးထားသင့်ပြီဖြစ်တဲ့ မြန်မာ့တော်လှန်ရေး အဆုံးသတ် အလားအလာများ"

တပ်ပြေး ဦးရေ တရိပ်ရိပ် တိုးလာတာ၊ တိုက်ပွဲတွေမှာ ဆက်တိုက် အရေးနိမ့်တာတွေ ဆက်တိုက် ကြုံလာနေတဲ့အခါ အာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်ကောင်စီရဲ့ လက်တွေ ဆက်ပြီး မြဲနေနိုင်ပါ့မလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာတာ မဆန်းပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အာဏာသိမ်း စစ်ကောင်စီအတွက် သတင်းဆိုးတွေချည်း ဆက်တိုက် ကြားနေရသလိုပါပဲ။ တိုက်ပွဲတွေ အများအပြားကို ရှုံးနိမ့်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေက မိခင်တပ်ရင်း တပ်မတွေကို စွန့်ခွာ ထွက်ပြေးကြတယ်။ ထိန်းချုပ် နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးခဲ့တယ်။ အဲဒီ အခြေအနေတွေက စစ်တပ်ဟာ အခြေအနေ ဆိုးနေပြီဖြစ်ပြီး လမ်းဆုံလမ်းခွ အခြေအနေ တခုကို ဦးတည်နေတယ်လို့ ညွှန်ပြပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေရော၊ မြန်မာ့အရေးနဲ့ ဆက်စပ်နိုင်တဲ့ ပြင်ပ အစုအဖွဲ့တွေပါ အဆုံးသတ် အလှည့်အပြောင်းတွေအတွက် ကြိုတင်တွေးဆ ပြင်ဆင်ထားသင့်နေပါပြီ။

အဲဒီအခါ စစ်တပ် အုပ်စိုးမှုအလွန် ကာလ ဆိုတာကိုပါ မဖြစ်မနေ ထည့်တွေးသင့်ပါတယ်။ အာဏာသိမ်း စစ်တပ်ကတော့ ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်ရရှိဖို့ သွေးရူးသွေးတမ်း ကြိုးစားနေပြီး ပိုရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကိုပါ ကျူးလွန်လာနိုင်တယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တခုက စစ်တပ်ရဲ့ ထိပ်ပိုင်း အရာရှိတွေဟာ သူတို့ ကြွယ်ဝချမ်းသာထားတဲ့ စည်းစိမ်တွေကို ရသလောက် တနင့်တပိုး ယူဆောင်ပြီး ကြားနိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံကုန်တယ် ဆိုတာမျိုးပါပဲ။

မဟာမိတ် တော်လှန်ရေး အင်အားစုတွေက စစ်တပ်ကို စစ်ရေးအရ ဖိအားပေးနေခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေက အချိန်တိုအတွင်းမှာတင် မြန်မြန်ဆန် ဖြစ်ပေါ်လာနေခဲ့ပါတယ်။ စစ်တပ်ဟာ ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီလိုမျိုး အရေးပါလှတဲ့ မြို့တမြို့ကို လက်လွှတ်ခဲ့ရတယ် (ဆောင်းပါးတွင် ဖော်ပြထားသည့် မူရင်းအတိုင်းသာ) မြဝတီလို မြို့မျိုးကို အပြည့်အဝ မထိန်းချုပ်နိုင်တော့ဘူးဆိုရင် စစ်တပ်အတွက် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက် ဖြစ်လာရုံသာ မကဘဲ တော်လှန်ရေး အဖွဲ့တွေက ထိုင်းဖက်ကနေ လက်နက်၊ လူသူ၊ ထောက်ပံ့ရေး ပစ္စည်းတွေ နယ်စပ်ဖြတ်ကျော် သယ်ယူဖို့ လမ်းပွင့်လာနိုင်တယ်။ ဒါပေမဲ့လည်း စစ်တပ်ရဲ့ အရည်အချင်းအပေါ် အယုံအကြည် လျော့ကျလာတဲ့တိုင် ထိုင်းအစိုးရက ဒီကိစ္စမျိုးကို ခွင့်ပြုလိမ့်မယ် ဆိုတာကတော့ သံသယ ဖြစ်စရာပါပဲ။

နောက်တချက်က တော်လှန်ရေး အင်အားစုတွေဟာ စစ်တပ်က နယ်မြေ အေးချမ်းနိုင်လောက်တယ်လို့ ယူဆထားတဲ့ ဧရိယာတွေမှာပါ ထင်မှတ်မထားတဲ့ ထိုးစစ်တွေ အကောင်အထည် ဖော်နေတာပါပဲ။ ဒါဟာ တော်လှန်ရေးဖက်က စစ်တပ်ကို ဘယ်အချိန်မှာမဆို၊ ဘယ်နေရာမှာမဆို အချိန်မရွေး ထိုးနှက် တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီရော၊ စစ်ဗိုလ်ချုပ်တွေ ခိုင်းသမျှ လုပ်နေရတဲ့ လက်အောက်ခံ စစ်သားတွေဆီပါ ပေးပို့နေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ မကြာသေးခင်က စစ်တပ်ရဲ့ အခိုင်အမာ ဗဟိုဌာနချုပ်လို့ ပြောနိုင်တဲ့ နေပြည်တော်ကို တော်လှန်ရေး တပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုက အရမ်းကြီးမားတာမျိုး မဟုတ်လောက်ပေမယ့် စစ်ဗိုလ်ချုပ်တွေကိုတော့ သွေးပျက် ထိတ်လန့်စေမယ့် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက်မျိုး ဖြစ်စေခဲ့ပါလိမ့်မယ်။ တော်လှန်ရေး အင်အားစုတွေဟာ ဗမာအများစု နေထိုင်ရာ နိုင်ငံအလယ်ပိုင်း ဒေသတွေမှာရော၊ နေပြည်တော်အထိပါ စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်စွမ်း ရှိနေပြီဆိုတဲ့ အရှိတရားမျိုးကို ပေါ်လွင်လာစေတာကြောင့်ပါ။

တချိန်တည်းမှာပဲ စစ်တပ်ဟာ မြန်မာနိုင်ငံ အနောက်ပိုင်းမှာ အင်အားကြီးမားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ အာရက္ခ တပ်တော် (AA) ရဲ့ ပယ်ပယ်နယ်နယ် ထိုးစစ်ဆင်မှုတွေကို အလူးအလဲ ခံနေရပြန်တယ်။ အခုဆိုရင် တိုင်းရင်းသား နယ်မြေတွေမှာ စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာတွေက တစထက်တစ ကျဉ်းမြောင်းလာနေပြီး ပြည်မလို့ ခေါ်ကြတဲ့ ဗမာအများစု နေထိုင်ရာ အလယ်ပိုင်း ဒေသတွေမှာတောင် မြို့ကြီးပြကြီး ဧရိယာတွေလောက်ကလွဲရင် စစ်တပ်ရဲ့ ဩဇာက နေရာစုံ ပျံ့နှံ့နေပါတယ်လို့ ပြောလို့မရတော့ပါဘူး။

နောက်တခုက စစ်တပ်ဟာ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကြားမှာ ထွက်ပြေးတာ၊ တော်လှန်ရေးဖက် အလင်းဝင်သွားတာ၊ အလွယ်တကူ လက်နက်ချကြတာတွေကို ဆက်တိုက် ကြုံနေရပါတယ်။ တော်လှန်ရေးဖက်ကလည်း အရင်ကထက် ရဲတင်းလာပြီး မဟာဗျူဟာအရ အရေးပါတဲ့ နေရာတွေကိုပါ အတိုင်းအတာ ပိုမိုကြီးမားတဲ့ စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်လာတာကို တွေ့မြင်လာရပါတယ်။ စစ်တပ်ရဲ့ ဗိုလ်သင်တန်း နေရာတွေပါ ပစ်မှတ်ထား ခံလာရတယ်။ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေကို တိုက်ခိုက်တာ၊ လုပ်ကြံဖို့ အားထုတ်တာတွေက ပိုပြီး အတွေ့ရ များလာနေတယ်။

2 weeks, 3 days ago

"လမ်းကြုံရင် သုတ်သင်သင့်တဲ့ ထောင်ဝန်ထမ်းများ"

အခုချိန်မှာ တော်လှန်ရေး ရဲဘော်တွေ အနေနဲ့ စစ်ရှုံးကောင်စီရဲ့ ပင်မထောက်တိုင်ဖြစ်တဲ့ စစ်တပ်နဲ့ ရဲတွေကိုလဲ ချေမှုန်းနေရသလို စစ်မှုထမ်း ဥပဒေနဲ့ လူပါးဝနေတဲ့ အုပ်ကြီးတွေကိုလဲ သုတ်သင်နေရတာကြောင့် စစ်မျက်နှာ များစွာ ဖွင့်ထားရချိန်မှာ ကြားချောင်ပြီး လွတ်နေတာက ထောင်ဝန်ထမ်းတွေပါပဲ။

တော်လှန်ပြည်သူတွေကို တစ်ခု အသိပေးထားချင်တာက-

စရိုက်ဆိုး အကျင့်ပျက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့ ရက်စက် ယုတ်မာ နှိပ်စက်နေတဲ့ ထောင်ဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ မိသားစုဝင်တွေရဲ့ အကြောင်းအရာတွေကိုပါ လက်လှမ်းမီသမျှ စုဆောင်းထားစေချင်ပါတယ်။

မကြာမီမှာ ထောင်ဝန်ထမ်း သုတ်သင်ရေး အစီအစဉ် ရှိတာမို့ သန္ဓေယုတ် ထောင်ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို စုစည်း တောင်းယူဖို့ စီစဉ်နေပါတယ်။

အချက်အလက် အဆင်သင့် ရှိနေရင် နီးစပ်ရာ တော်လှန်ရေး အဖွဲ့တွေဆီကိုလဲ အခုကတည်းက ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

#4C_TruthNews

2 weeks, 4 days ago

"စစ်ရှုံးကောင်စီကြောင့် အန္တရာယ် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို  နိုင်ငံရေး ခိုလှုံခွင့်ပြုရန် ထိုင်းအသိပညာရှင်၊ အတတ်ပညာရှင် ၆၉ ဦးက ထိုင်းအစိုးရထံ တင်ပြတောင်းဆို"

ထိုင်းအစိုးရ အနေနဲ့ မြန်မာ အကြမ်းဖက် စစ်တပ်ရဲ့ ဖိစီးနှိပ်စက်မှု၊ ညှဉ်းပန်းမှုနှင့် စစ်မှုထမ်း စေခိုင်းခြင်း အန္တရာယ် ကြုံတွေ့နေရတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေကို ပညာရေး သို့မဟုတ် အလုပ်ဗီဇာ သက်တမ်း ကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်မပို့ပဲ နိုင်ငံရေး ခိုလှုံခွင့် ပေးရန် ထိုင်းအသိပညာရှင်နဲ့ အတတ်ပညာရှင် ၆၉ ဦးက ထိုင်းအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားကြောင်း သိရပါတယ်။

နှစ်သစ်ကူး သင်္ကြန်အပြီး ဧပြီလနှောင်းပိုင်းတွင် စစ်မှုထမ်း ဥပဒေ စတင်မည်ဟု စစ်ကောင်စီ တာဝန်ရှိသူတွေက ကြေညာခဲ့သော်လည်း အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းနဲ့ စစ်မှုထမ်း ဆင့်ခေါ်စာတွေကို ဖေဖော်ဝါရီလမှာ စတင်ခဲ့ကြောင်း၊

စစ်မှုထမ်း ဥပဒေတွင် အကျုံးဝင်တဲ့ မြန်မာနိုင်ငံသား အများအပြားဟာ မြန်မာနိုင်ငံမှ ထွက်ခွာခြင်း သို့မဟုတ် စစ်တပ်က ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ လွတ်မြောက်ဒေသတွေကို ထွက်ပြေးခြင်းများ လုပ်ဆောင်ခဲ့ရပြီး ပညာရေး၊ အလုပ်နှင့် ခရီးသွားဗီဇာများဖြင့် ထိုင်းနိုင်ငံတွင် ခိုလှုံရန် ကြိုးပမ်းကြကြောင်း၊

ထိုင်းတက္ကသိုလ်များရှိ ကျောင်းသား ထောင်ပေါင်းများစွာ အပါအဝင် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ၎င်းတို့ရဲ့ လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်နေကြရပြီး အခြေအနေ ပြောင်းလဲခြင်း မရှိပါက အများစုဟာ မြန်မာနိုင်ငံသို့ မပြန်လိုကြကြောင်း၊ သို့ရာတွင် ၎င်းတို့ရဲ့ ပညာရေး သို့မဟုတ် အလုပ်ဗီဇာများ သက်တမ်းကုန်ဆုံးပါက အထောက်အထားမဲ့ တရားမဝင် ဘ၀သို့ ရောက်ရှိမည့် အခြေအနေရှိနေကြောင်း၊

ထိုင်းအစိုးရ အနေနဲ့ လုံခြုံရေး စိုးရိမ်နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပညာရေး သို့မဟုတ် အလုပ်ဗီဇာ သက်တမ်း ကုန်ဆုံးပါက ပြန်မပို့ပဲ နိုင်ငံရေးခိုလှုံသူတွေအဖြစ် လက်ခံရန် တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိပါတယ်။

ထိုင်းအစိုးရ အနေဖြင့် စစ်မှုထမ်း စေခိုင်းခြင်း ခံရနိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့် ပြုသင့်ကြောင်း၊ ဒါ့အပြင် ဘွဲ့ရယူရန်ရှိနေတဲ့ မြန်မာကျောင်းသားတွေအတွက် ဗီဇာသက်တမ်း တိုးပေးသင့်ပြီး ထိုသို့ လုပ်ဆောင်ပေးခြင်း အကျိုးဆက်အဖြစ် ကျောင်းသားတွေဟာ ထိုင်းနိုင်ငံတွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်မည် ဖြစ်ကြောင်းလည်း ထိုင်းပညာရှင်တွေက အကြံပြုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ခြင်း မရှိတဲ့ မြန်မာကျောင်းသားတွေနဲ့ ဗီဇာ သို့မဟုတ် နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်ဆုံးတဲ့ မြန်မာကျောင်းသားတွေကို အကာအကွယ်ပေးအပ်ရန် ဆုံးဖြတ်ချက်များ ချမှတ် ပြဋ္ဌာန်းသင့်ကြောင်း၊ ထိုင်းအစိုးရ အနေဖြင့် ကျောင်းသားတွေကို ယာယီအားဖြင့် အနည်းဆုံး ၂ နှစ် သို့မဟုတ် ပဋိပက္ခပြီးဆုံးပြီး ဘေးကင်းစွာ ပြန်နိုင်သည်အထိ ၎င်းတို့ရဲ့ ကျွမ်းကျင်မှု သို့မဟုတ် အသိပညာအရ ပညာသင်ကြားရေးနဲ့ အလုပ်လုပ်ကိုင်ရေးကို ခွင့်ပြုသင့်ကြောင်း အကြံပြုချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

#4C_TruthNews

2 weeks, 4 days ago

ဒီကနေ့တော့ မြဝတီမှာ ငှက်ကင်သား စားရတော့မယ်လို့ စိတ်ထဲက အလိုလို ခံစားမိနေတယ်.. တစ်ကောင်လား နှစ်ကောင်လားပဲ..

တော်လှန်ရေး တပ်တွေရဲ့ လက်စာ မိမလား၊ ယိုးဒယားတွေက ဆော်ထည့်လိုက်လေမလား၊ တခုခုတော့ တစ်ခုခုပဲ.. 😈

#4C_TruthNews

2 months, 2 weeks ago
*****‼️***Breaking News - မံစီမြို့နယ်ရှိ စစ်အင်အား ၂၀၀ …

*‼️Breaking News - မံစီမြို့နယ်ရှိ စစ်အင်အား ၂၀၀ ကျော်ရှိသည့် "စီခမ်းကြီး" စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်‼️***

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ "စီခမ်းကြီး" စခန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဒီကနေ့မှာ သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၅ နာရီ အချိန်မှစတင်ကာ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ “စီခမ်းကြီးစခန်း” ကို KIA ၊ PDF ၊ AA မဟာမိတ်တပ်ပေါင်းစုက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက အဆိုပါ စစ်တပ်စခန်း မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများ တောက်လျှောက်သုံးကာ ခုခံကာကွယ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ဒီကနေ့ မနက် ၁၁ နာရီ အချိန်တွင် မဟာမိတ်တပ်တွေက အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စီခမ်းကြီး (Je Hkam) စခန်းမှာ မံဝိန်းကြီး စခန်းမှ ထွက်ပြေးတဲ့ အကြမ်းဖက် စစ်သားတွေအပြင် ၁၂၃ တပ်ရင်း၊ ၁၂၁ တပ်ရင်းတွေမှ စစ်သားတွေပါ စုပေါင်း အခြေပြုထားတဲ့ အင်အား ၂၀၀ ကျော်ရှိ စခန်းကြီးဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အင်အား ရာကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews

2 months, 2 weeks ago
သတင်းမှန် ဖိုးစီ
2 months, 2 weeks ago

*‼️စစ်မှုထမ်း ဥပဒေကို ပြည်သူတွေ ဘယ်လို တုန့်ပြန်ကြမလဲ‼️***

စစ်ကောင်စီရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အရေအတွက်ဟာ အမျိုးသား ၆.၃ သန်း နဲ့ အမျိုးသမီး ၇.၇ သန်း၊ စုစုပေါင်း ၁၄ သန်း ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

ဒီ ၁၄ သန်းထဲက ပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ လက်ထဲကို ကျရောက်သွားနိုင်မယ့် အရေအတွက်ဟာ လတ်တလော အနေအထားအရ ထောင်ဂဏန်းထက် မပိုနိုင်သေးပါဘူး။ သူတို့တွေ အုံနဲ့ကျင်းနဲ့ ဇွတ်ကို ဆွဲခေါ်လာရင်တော့ တမျိုးပေါ့လေ။

၁၄ သန်းထဲက လူ ၁၄၀၀၀ ကို ဆွဲခေါ်သွားတယ်ပဲ ထားဦး၊ ဖြစ်နိုင်ခြေက ၀.၁% ပဲ ရှိတာ။ ဆိုလိုတာက လူ ၁၀၀၀ မှာ တစ်ယောက်ပဲ ရှိတာ။ အဲ့ဒီ လူ ၁၀၀၀ မှာ တစ်ယောက်က ကိုယ်ရော မဖြစ်နိုင်ဘူးလား မေးရင် လူတိုင်း ဖြစ်သွားနိုင်ပါတယ်။

ဆိုတော့ ဒီအန္တရာယ်ကို ဘယ်လို ရှောင်ရှားကြမလဲ၊ ဘယ်လို ကာကွယ်ကြမလဲ?

တကိုယ်ရည် လွတ်မြောက်ဖို့ နိုင်ငံခြားကို ထွက်ပြေးတယ်ပဲ ဆိုဦး၊ သူများနိုင်ငံမှာ အဆင်ပြေပြေနဲ့ နှစ်ဘယ်လောက်ကြာအောင် နေနိုင်မှာလဲ။ တစ်သက်လုံး ပြန်မလာပဲရော နေနိုင်ကြမှာလား။ ကိုယ့်အမြင် ပြောရရင်တော့ ထွက်ပြေးတာဟာ အဖြေမှန် မဟုတ်ဘူး။ ထွက်ပြေးမယ် ဆိုရင်တောင် စစ်အုပ်စုက မင်းတို့ သွားချင်ရာ သွားကြကွာ ဆိုပြီး လွယ်လွယ်လေး လွှတ်ပေးလိုက်မယ် ထင်သလား။

ဟုတ်ပြီ၊ ထွက်ပြေးတာက အဖြေမှန် မဟုတ်ဘူး ဆိုရင် မလွတ်တဲ့အတူတူ ဘယ်လို ခုခံ တွန်းလှန်ကြမလဲ?

ခုခံ တွန်းလှန်တယ် ဆိုတဲ့ အနေအထားမှာ အင်အားစုဖွဲ့ထားပြီး အရံသင့် လက်နက်ကိုင်ထားတဲ့ အကြမ်းဖက် စစ်တပ်ကို အပ်တိုတစ်ချောင်းတောင် မရှိတဲ့ လက်နက်မဲ့ ပြည်သူက တကိုယ်ရည်အားနဲ့ သွားပြီး ရင်ဆိုင်လို့ မရနိုင်ပါဘူး။ စုစည်းညီညွတ်မှုကို ယူပြီး ပြည်သူအများရဲ့ အားနဲ့ ခုခံကြရမှာပါ။

ဆိုလိုတာက လူ ၁၄ သန်းလုံးဟာ ချက်ချင်း လက်နက်တွေ ကိုင်စွဲပြီး ခုခံဖို့ ဆိုတာလဲ မဖြစ်နိုင်ပါဘူး။ အဲ့လောက်လဲ မလိုပါဘူး။

ဒီအရေအတွက်ထဲကမှ လက်နက်ကိုင် တော်လှန်ရေးထဲကို လူကိုယ်တိုင် ပါဝင်ချင်တဲ့ (သတ်မှတ်ချက်နဲ့လဲ ကိုက်ညီမှု ရှိတဲ့) လူငယ်တွေဟာ တော်လှန်ရေး နယ်မြေတွေကို သွားပြီး စစ်ပညာကို လေ့ကျင့်သင်ကြားကြပါလိမ့်မယ်။ ဒါကလဲ လူ ၁၄ သန်းရဲ့ ၁% မပြည့်တဲ့ ပမာဏပဲ ဖြစ်ပါလိမ့်မယ်။

ဆိုတော့ ကျန်တဲ့ ၉၉% သော ပြည်သူတွေဟာ တော်လှန်ရေးကို ဘယ်လို ပါဝင်ကြမလဲ?

တော်လှန်ရေးထဲကို အန္တရာယ်ကင်းကင်းနဲ့ အိုးမကွာ အိမ်မကွာ ဝင်ပါလို့ရတဲ့ နည်းလမ်း ရှိပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တွက်ချက်ထုတ်ပြန်မှုအရ ဆိုရင် တော်လှန်ရေး တပ်သားတစ်ယောက် ရှေ့တန်းမှာ အင်ပြည့်အားပြည့် တိုက်ပွဲဝင်နိုင်ဖို့အတွက် နောက်တန်းကနေ ပံ့ပိုးပေးနေမယ့် ထောက်ပို့တပ်သား ၅ ယောက် လိုပါတယ်။

လူ ၁၄ သန်းရဲ့ ၁၀% ဖြစ်တဲ့ လူ ၁၄ သိန်းကနေ နေ့စဉ် ထောက်ပို့ လုပ်ပေးနေမယ်ဆိုရင် ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ရဲဘော် ၂ သိန်း ၈ သောင်းကို ဖိအားကင်းကင်းနဲ့ တိုက်ပွဲဝင်နိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင် တော်လှန်ရေးထဲကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လို ဝင်ပါလို့ရလဲ မြင်သာလောက်ပြီ ထင်ပါတယ်။

ထပ်ပြီး ပြောပါ့မယ်။

ထွက်ပြေးတာဟာ အဖြမဟုတ်ပါဘူး။ ထွက်ပြေးရတယ် ဆိုကတည်းက အနိုင်ရသွားတာလဲ မဟုတ်ပါဘူး။ ပြေးလို့လွတ်လဲ ယာယီ တခဏတာပဲ ဖြစ်ပါလိမ့်မယ်။ စစ်အာဏာရှင်ကို ဒီမြေပေါ်ကနေ အပြီးပိုင် မတိုက်ထုတ်နိုင်သရွေ့ သင်ရော သင့်မျိုးဆက်ရော ဒီဒဏ်တွေကို ခံစားနေကြရမှာပါ။

အရှုံးပေးပြီး ထွက်ပြေးမလား၊ ပေကပ်ပြီး ခေါင်းငုံ့ခံနေမလား၊ အရှုံးမပေးပဲ ကိုယ်တိုင် ဝင်ပါလို့ရတဲ့ နည်းလမ်းနဲ့ ပြန်လည်ခုခံ တိုက်ထုတ်ကြမလား၊ ကြိုက်တဲ့နည်းကို ရွေးချယ်ပါ။

ငြိမ်ထိုင်နေလို့ အာဏာရှင်ရဲ့ မီးပွားစ ပေါင်ပေါ် လာကျတဲ့နေ့ဟာ သင်ရော သင့်မျိုးဆက်ရော သေချာပေါက် ဘဝသိမ်းပါလိမ့်မယ်။

အဲ့အချိန်ရောက်မှ နောင်တရနေလို့လဲ သင့်အတွက် ဖြေဆေး မရှိတော့ပါဘူး..။

#4C_TruthNews

2 months, 3 weeks ago
**"ပြည်ထောင်စုလှေ"**

"ပြည်ထောင်စုလှေ"
-------------------

ဖေဖော်ဝါရီ (၇/၈) ရက်များတွင် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေယာဉ်၊ စစ်သင်္ဘော (၃) စီးကို မြစ်ထဲတွင် အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်သကဲ့သို့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း မင်းပြားမြို့နယ်အတွင်း နောက်ထပ် စစ်သင်္ဘော (၁) စီးကို ထပ်မံ၍ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သေချာတယ် အဲ့ဒီ စစ်သင်္ဘောမှာလဲ အစုလိုက် အပြုံလိုက် အတုံးအရုံး သေကြဦးမယ့် မင်းအောင်လှိုင်ရဲ့ ကျွန်သဘောက်တွေ အများအပြား ရှိနေဦးမှာပါ။

မင်းအောင်လှိုင် လက်ထက်မှာ စစ်ခွေးတပ်ကလွဲပြီး တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှုကို ဖော်ညွှန်းပြတဲ့ ပြည်ထောင်စုနေ့ အမှတ်တရပေါ့လေ။

သမိုင်းကို ပြန်ကောက်ရရင်-

မြန်မာပြည်ရဲ့ ပထမဆုံး စစ်အာဏာရှင် နေဝင်းရဲ့ မဆလ အစိုးရ လက်ထက်တုန်းက ပြည်ထောင်စုနေ့မှာ အလှပြဖို့အတွက် "ပြည်ထောင်စုလှေ" ဆိုပြီး ကားပေါ်မှာ လှေပုံစံ တည်ဆောက်ကာ ရန်ကုန်မြို့ထဲမှာ လှည့်လည် ပြသခဲ့တယ်လို့ ဖတ်ရဖူးတယ်။

တကယ်တော့ နေဝင်းရဲ့ "ပြည်ထောင်စုလှေ" က အတုကြီးပါ။ မင်းအောင်လှိုင်ရဲ့ လှေကမှ "ပြည်ထောင်စုလှေ" အစစ်။ ဒီနေ့ပဲကြည့်လေ။

အတုအယောင် ပြည်ထောင်စုထားတဲ့ စစ်အာဏာရှင်ခေတ်မှာ မင်းအောင်လှိုင်ရဲ့ "ပြည်ထောင်စု လှေကြီး" နဲ့အတူ အာဏာရှင် လက်ပါးစေ ကျွန်သဘောက် ကောင်တွေဟာ ဆိုရင်ဖြင့်--

အခုဆိုရင် သူ့မယားရဲ့ ရခိုင်မြေမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အပြွတ်လိုက် အခဲလိုက်ကြီးကို သေနေကြပါပြီ..။

#4C_TruthNews

We recommend to visit

РЕКЛАМА: @c_h_u_d_i_k

МАГАЗИН — t.me/yoda_shop_ua
ГУМОР — t.me/humor_by_yoda
ЇЖА — t.me/yoda_food
СПОРТ — t.me/yoda_sports
ТЕХНОЛОГІЇ — t.me/techno_yoda
КІНО — t.me/yoda_cinema

FACEBOOK — facebook.com/zhek.prok
TWITTER — twitter.com/ch_ud_ik

Last updated 1 week, 3 days ago

Last updated 4 days, 13 hours ago

Новини Харкова Status Quo

Наш сайт www.sq.com.ua

Наш Facebook https://www.facebook.com/KharkivNews

Last updated 1 week, 3 days ago