ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 3 weeks ago
မန္တလေးမြို့🚨🚨
December-6
ယနေ့နံနက်ပိုင်းအချိန်က အောင်မြေသာစံမြို့နယ် ၈၃လမ်း၊၂၃လမ်း×၂၄လမ်းကြား ရပ်ကွက်များကို အုပ်ကြီး မွတ်နား ဦးဆောင်ပြီး ဧည့်စစ်အကြောင်းပြကာ လူ (၃)ယောက်အား ဝင်ဆွဲသွားကြောင်း သတင်းရရှိပါသည်။
Source - MR Informer
#MDYRevo
Daily Highlight 3
December 6 (09:30 PM)
- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- နွားထိုးကြီးနယ် ၃ ကြိမ်
- ဝိုင်းမော်နယ် ၁ ကြိမ်
- ဗန်းမော်နယ် ၁ ကြိမ်
- မတ္တရာနယ် ၁ ကြိမ်
- ဂွနယ် ၁ ကြိမ် (Source: WES)
- မံစီနယ် ၁ ကြိမ်
- တောင်ကုတ်နယ် ၁ ကြိမ် (Source: CJ)
- မောင်တောနယ် ၄ ကြိမ် (Source: CJ)
(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)
#Thadinsubue
Crd to original uploader with respect
Daily Highlight 2
December 6 (09:30 PM)
- စလင်းနယ်တွင် စစ်ကြောင်းထိုးနေသော စခများကို တော်လှန်ရေးအဖွဲ့များက ၂ ရက်ဆက်တိုက် မိုင်းဆွဲ၊ ဗုံးသီးချ တိုက်ခိုက်၊ စခ ၁၄ ကောင်ထက်မနည်း သေ၊ အထိနာသွားသော စခများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ဒဏ်ရာရ၊ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးကြောင်းသိရ။
- ယနေ့မွန်းလွဲပိုင်းက တောင်ကုတ်နယ် ကမ်းဒေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကျေးရွာစာသင်ကျောင်း ထိမှန်ပျက်စီး၊ လူသူထိခိုက်မှုအခြေအနေ မသိရသေး။ ထို့ပြင် မတ္တရာနယ် အနောက်ခြမ်းကိုလည်း ယနေ့ နေ့လည်ပိုင်းက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေး။
- ဖယ်ခုံမြို့တွင် စစ်ရှောင်သွားသော ပြည်သူများကို စစ်ခွေးလော်ဘီများက နေရပ်ပြန်နေကြရန်၊ မလာပါက PDF အားပေးဟု သတ်မှတ်ပြီး လက်နက်ကြီးဖြင့် ပစ်မည်ဟု ဖိအားပေးခြိမ်းခြောက်၊ သို့ရာတွင် ယမန်နေ့က ပူချယ်ရွာမှ စစ်ရှောင်အမျိုးသားတစ်ဦး နေအိမ်တွင် ပစ္စည်းပြန်ယူစဥ် စစ်ခွေးများထောင်ထားသော မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စဥ်းစားချင့်ချိန်ပြီး ဆောင်ရွက်ကြစေလိုကြောင်း ဖယ်ခုံ ပလဖ မှ တာဝန်ရှိသူတစ်ဦးပြော။
- ယနေ့မနက်အစောပိုင်းက မြင်းခြံနယ် သစ်ရုံရွာကို စခများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၊ တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ထိခိုက်မှု များပြား၊ တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံး၊ စခများပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ၊ ထို့ပြင် အဆိုပါစစ်ခွေးများက နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သဖြင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရ။
- ၈၈ အရေးအခင်းကာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ယူခဲ့သော သုံးရောင်ခြယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နိုင်ငံရေးအကျဥ်းသားဟောင်း ကိုမြတ်စံ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့နေအိမ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရ။
- ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းနယ် အုန်းတောရွာတွင် တပ်စွဲထားသော စခများ ရွာမြောက်ဘက်သို့ ကင်းလှည့်ထွက်လာစဥ် တော်လှန်ရေးအဖွဲ့များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်၊ စခ တစ်ကောင်သေ၊ အများအပြားဒဏ်ရာရကြောင်း သိရ။
- ယမန်နေ့မနက်ပိုင်းက ရေတာရှည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စခ ၂၅ ကောင်ထက်မနည်း သေပြီး အများအပြားထိခိုက်ဒဏ်ရာရကြောင်း၊ လက်နက်အချို့နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ၅ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း၊ အထိနာသွားသောစစ်တပ်က အင်အားထပ်မံဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုးရန်ကြိုးစားနေသဖြင့် စစ်ရေးတင်းမာနေကြောင်း သိရ။
- ဂွမြို့ပေါ်တွင် လက်နက်ငယ်သံများ စတင်ကြားလာရပြီးနောက် မြို့ပေါ်တွင်ကျန်နေသေးသော ဒေသခံများ နေရပ်စွန့်ခွာစစ်ရှောင်နေ၊ စစ်ရှောင်အရေအတွက် ပိုမိုများပြားလာသဖြင့် ထောက်ပံ့ရေးပစ္စည်းများ ပိုမိုလိုအပ်လာ၊ စစ်တပ်က လေကြောင်းအပြင် ပင်လယ်ပြင်မှပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော်လည်း AA ၏ ထိုးစစ်မှာ ဂွမြို့နှင့် ပို၍ နီးကပ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရ။
- ဒီဇင်ဘာ ၄ ရက်နေ့က ဘူးသီးတောင်နယ် ဒိုင်းနက်လူမျိုးများနေထိုင်ရာ ဆင်ဆွယ်ရရွာကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်ပြီး အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်၊ သုံးဦးကိုဖမ်းဆီးသွားပြီး နေအိမ် ၃လုံးကို မီးရှို့ဖျက်စီး၊ ထို့ပြင် မောင်တောနယ် အောင်ဇေယျရွာမှ ပြည်သူတစ်ဦးကိုလည်း ARSA များက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရ။
- မောင်တော နခခ ၅ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေ၊ စစ်တပ်က ယမန်နေ့ညမှစပြီး လေကြောင်းမှ အကြိမ်ရေများစွာ ဗုံးသီးများစွာ ကြဲချတိုက်ခိုက်၊ ညလုံးပေါက်ပစ်ခတ်မှုများဖြစ်နေပြီး ဒေသခံများက နခခ ၅ ခံစစ်ကျိုးပေါက်သွားပြီး မကြာခင် ကျရှုံးတော့မည်ဟု သုံးသပ်နေကြ။
#Thadinsubue
Crd to original uploader with respect
မန္တလေးမြို့🚨🚨
November-30
-6:45AM
လမ်း၃၀ အရှေ့မြို့ပတ်လမ်းထိပ်၊လမ်း၃၀× ၅၈ထိပ် ၊လမ်း၃၀× ၆၀ထိပ်တွင် အိမ်စီးကားများဖြင့် ရခ၊ဗျိုင်းများ ခွေးကြီးလမ်းကြောင်းအတွက် လခရ ယူပေးနေကြောင်း
Source - MR Informer
#MDYRevo
မန္တလေးမြို့🚨🚨
November-29
ယနေ့ည ၉နာရီဝန်းကျင်ခန့် ၃လမ်း ၇၃× ၇၆ကြားအနောက်ဘက် နွားခြံကုန်း ရပ်ကွက်အတွင်း စစ်မှုထမ်းအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ၅၀၀၀ လိုက်လံကောက်သွားကြောင်း သတင်းရရှိပါသည်။
Source - MR Informer
#MDYRevo
Daily Highlight 3
November 29 (09:30 PM)
- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- ဖာပွန်နယ် ၁ ကြိမ် (Source: WES)
- ကန့်ဘလူနယ် ၁ ကြိမ်
(ရခိုင်၊ ချင်းနှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)
#Thadinsubue
Crd to original uploader with respect
မန္တလေးတိုင်း
မိတ္ထီလာသတင်း🚨🚨
November 23
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရွှေစစ်သည်ကျေးရွာအုပ်စု သို့ စခ တပ် အင်အား ၂၅ ကောင် ဝင်ရောက်တပ်စွဲနေရာယူထား။
အကြောင်းအရင်းမှာ
၁ - မိတ္တီလာလေတပ် ပစ်ခတ်ခံရမှု၊
၂ - ရွာတန်းရှည်အုပ်ကြီး လည်လှီးခံရမှု၊
၃ - မင်းရွာ ချောင်းရိုးအတိုင်း လက်နက်များ မျောပါလာမှု
အထက်ပါအကြောင်းအရင်းများကြောင့် ရွာအား မီးရှို့မည်ဟု ခြိမ်းခြောက်နေပြီး ရွာဦးဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီးမှ ဝင်ရောက်ညှိနှိုင်းမှုကြောင့် မင်းရွာဘုန်းကြီးကျောင်းအတွင်း ရိက္ခာ၊ လက်နက်များ အထိုင်ချတပ်စွဲထားပြီး အုပ်စုအတွင်းရှိ ကျေးရွာများမှ ခွေးစာများအား ချက်ကျွေးရမည်ဟု ထပ်မံခြိမ်းခြောက်နေကြောင်း သတင်းရရှိပါသည်။
Source -ခွါညိုခေါင်းပေါင်း
#MDYRevo
မန္တလေးမြို့🚨🚨
‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။
November 23
ညနေခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။
-12:50PM
၇၃x ၇၄ လမ်း၊ ၃၆x ၃၇x ၃၈ လမ်း ပတ်လည် ဖမ်းနေ
-3:15PM
လမ်း၃၀x လမ်း၇၀ ပတ်လည်ဖမ်းနေ
-3:45PM
၂၆ လမ်း ၊ ၇၇x ၇၈လမ်းကြား ဖမ်းနေ
ရန်မန်းလမ်း x ရတနာပုံကျောင်းလမ်းထိပ် ဖမ်းနေ
-3:50PM
၇၈ ရန်မန်းလမ်း x စစ်ကိုင်းလမ်းခွဲ အဖွဲ့စုံဖြင့် ဖမ်းနေ
-4:00PM
၃၅လမ်း ၇၇x ၇၈ ကြား ဖမ်းနေ
-4:15PM
ပြင်ဦးလွင်အဆင်းလမ်း ၁၆မိုင်ဂိတ် ဆိုင်ကယ် ဖုန်းများ စစ်နေ
၁၉လမ်း x ၆၆ လမ်း ဖမ်းနေ
-4:30PM
၁၉လမ်း x အရှေ့မြို့ပတ်လမ်း မီးပွိုင့် ဖမ်းနေ
လမ်း၃၀ ၇၀x ၇၁x ၇၂x ၇၃ ပတ်လည် ဖမ်းနေဆဲ
၃၂လမ်း x ၇၄ လမ်းဒေါင့် ဖမ်းနေ
Source -MR Informer
#MDYRevo
https://t.me/MDYRevolution1
မန္တလေးမြို့🚨🚨
November 23
11:30AM
စခဆီဘောက်ဆာကား(၅)စီး၊fawကား(၂)စီး ၆၆လမ်းအတိုင်း မန္တလေးတောင်ခြေဘက်သို့ မောင်းသွားကြောင်းသတင်းရရှိပါသည်။
Source -MR Informer
#MDYRevo
မန္တလေးမြို့🚨🚨
November -16
10:50PM
၈၄လမ်း×ကန်တော်ကြီးမီးပွိုင့်အနီးရခ DC (၁)စီး၊ Mark 2 (၁)စီး ဖြင့် မီးထိုးရှာနေပြီး လမ်းသွားပြည်သူများကို စစ်နေကြောင်းသတင်းရရှိပါသည်။
Source - MR Informer
#MDYRevo
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 3 weeks ago