ပြည်သူ့ပန်းတိုင်-People's Goal

Description
PG is committed to fostering inclusivity, reconciliation, and transitional justice in Myanmar.
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

10 months, 1 week ago
ပြည်သူ့ပန်းတိုင်-People's Goal
10 months, 1 week ago

“စကခ (၂၁) ဗန်းမော်၏ ခေါင်းပေါင်း တင်မင်းလတ်နှင့် ထွဋ်ခေါင် သို့ သတင်းစကား”
+++++++++++++++

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များထံတွင် အရှင်မိ/ အသေမိ/ လက်နက်ချ ခဲ့ကြသည့် တိုင်း/ တပ်မ/ စကခမှူးများ၊ ဒု-တိုင်း/ တပ်မ/ စကခမှူးများ၊ ဗျူဟာမှူးများ၊ စစ်ဦးစီး ဗိုလ်မှူးကြီးများ အတော်များများ ရှိခဲ့ကြ၏။

၎င်းတို့ထဲမှ အများစုမှာ ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ကြား စစ်တက္ကသိုလ်၊ စာပေ(၂)၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင်ဘွဲ့လွန် တက်ရောက်ခဲ့ကြသည့် အရာရှိအများစုပါဝင်နေသည်ကို တွေ့ရှိရပါသည်။

(မင်းအောင်လှိုင် ‌စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်၍ အောင်လင်းဒွေး ဗိုလ်လောင်းတပ်ရင်းမှူး တာဝန်ကျခဲ့သည့် ကာလမှာလည်း ၂၀၀၃ -၂၀၀၄ ဝန်းကျင်ဖြစ်၏။)

ပြန်ဆက်ရလျှင် ယခုကာလ စစ်ဆင်ရေးတွင် အဓိက လှုပ်ရှားရသည့် တပ်မ/ စကခ များ၏ အကြီးအမှူး နေရာတွင် တာဝန်ယူထားရသူ အများစုသည် တနည်းတဖုံအားဖြင့် စစ်တက္ကသိုလ်တွင် နှစ်အတန်ကြာ အတူတကွ လက်တွဲ တာဝန် ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြပါသည်။

ဘွဲ့လွန်သင်တန်းနှင့် စစ်တက္ကသိုလ် ဗိုလ်လောင်းနည်းပြဘဝတို့တွင် နှစ်ပေါင်း အတော်ကြာ ရင်းနှီးခွင့်ရခဲ့ကြသူများလည်း ဖြစ်သဖြင့် နာမည်ကြားရုံနှင့်ပင် အချင်းချင်း တန်းသိကြသည့် အနေအထားတစ်ခုပင်။

ကျောင်းဆင်းအပတ်စဉ် အနေဖြင့် စစ်တက္ကသိုလ် အပတ်စဉ် ၄၀/ ၄၁/ ၄၂ ဝန်းကျင်များ ဖြစ်ကြ၏။

ပြန်တွေးကြည့်လျှင် စိတ်မကောင်းစရာတွေ တပုံတပင်။

စစ်တက္ကသိုလ် နည်းပြ အရာရှိငယ်များဘဝတွင် စာဖတ်အားကောင်းပြီး၊ ကိုယ်ပိုင်အတွေးအခေါ်များ အတန်အသင့် ရှင်သန်ခွင့်ရခဲ့ကြသဖြင့် "အဘ" "အမ" ခေတ်တို့၏ သောက်တလွဲ အုပ်ချုပ်စီမံမှုများအကြောင်းကို ကြုံရင်ကြုံသလို ဟာသနှောကာ ရှုတ်ချ ကဲ့ရဲ့ ဝေဖန်ခဲ့ကြဖူး၏။

ကျောင်းအုပ်ကြီး မင်းအောင်လှိုင်၏ အရှက်သိက္ခာမဲ့လွန်းသည့် အထက်ဖားအောက်ဖိ လုပ်ရပ်များအကြောင်းလည်း တီးတိုးဆဲဆို ဝေဖန်ခဲ့ကြဖူးပါ၏။

မင်းအောင်လှိုင် နပခတိုင်းမှူးဖြစ်‌နေချိန်တွင် ၎င်းတို့လင်မယား လုပ်ကြံခံရ၍ ကြူကြူလှ သေပြီဟု ကြားစဉ်ကလည်း အားလုံး ထကမတတ် ဝမ်းသာခဲ့ကြဖူးသူများလည်း ဖြစ်ကြပါသည်။

ယခုအချိန်တွင် ထိုသူတွေအားလုံးထဲမှ အတော်များများသည် စစ်တပ်၏ ရာထူးကြီးပိုင်းများထဲသို့ ရောက်ရှိလာခဲ့ကြပေပြီ။

ယခင်တုန်းက ရင်ဖွင့်ပြောဆိုခဲ့ကြဖူးသည့် တပ်မတော် ပြုပြင်ပြောင်းလဲရေး စိတ်ကူး အိပ်မက်များလည်း အငွေ့ပျံ ပြယ်လွင့် ကုန်ကြပုံရ၏။

လုပ်ပိုင်ခွင့်အာဏာ၏ အရသာကို စွဲလမ်းယစ်မူးရင်း အာဏာယစ်ထုပ်ကြီးဘဝသို့ ရောက်ရှိရင်း ၎င်းဘဝကိုပင် လုံးလုံးဖက်တွယ် သာယာနေကြပေပြီလော မပြောတတ်။

ပြောချင်ပါသေးသည် တင်မင်းလတ်။
ပြောချင်‌ပါသေးသည် ထွဋ်ခေါင်။

စစ်တပ်ဆိုတဲ့ ဝါးလုံးခေါင်းထဲ ကိုယ့်ဘဝအပြင် ကိုယ့်မိသားစုဘဝကိုပါ ဖိသိပ်သွတ်သွင်းရင်း အာဏာရှင် လက်ကိုင်တုတ်ဘဝနဲ့ လောင်ကျွမ်းခံရတော့မယ့်အရေး ငါငေးကြည့်ရုံကလွဲပြီး ဘာများပြောနိုင်မှာတဲ့လဲလေ။

နှစ်အတန်ကြာ အတူနေခဲ့တဲ့ သံယောဇဉ်လေးတစကြောင့် သာ မင်းတို့နှစ်ယောက် ရုန်းထွက်နိုင်ပါစေလို့ ဆုတောင်းရင်း.....။

"ပြည်သူသာအမိ၊ ပြည်သူသာ အဖ"
++++++++

တချိန်တုန်းက သူငယ်ချင်းတစ်ဦး

၂၆ ၁၂. ၂၀၂၄

10 months, 1 week ago
ပြည်သူ့ပန်းတိုင်-People's Goal
10 months, 2 weeks ago
"ICC ဖမ်းဝရမ်းနဲ့အတူ မင်းအောင်လှိုင်ရဲ့ အနာဂတ်" [#ပ](?q=%23%E1%80%95)ြည်သူ့စစ်သားစကားဝိုင်း

"ICC ဖမ်းဝရမ်းနဲ့အတူ မင်းအောင်လှိုင်ရဲ့ အနာဂတ်" #ပြည်သူ့စစ်သားစကားဝိုင်း
https://youtu.be/P2LX9Vq0TgQ

10 months, 2 weeks ago

“ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်ဖြင့် အဓမ္မစုဆောင်းခံရသည့် စစ်ကောင်စီတပ်သား (၄) ဦး KNDF ထံ ဘက်ပြောင်းခိုလှုံ”

စစ်ကောင်စီ၏ အဓမ္မ လူသစ်စုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရတဲ့ တပ်သား (၄) ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ၂၀၂၄၊ ဒီဇင်ဘာလ (၁၈) ရက်နေ့က ထုတ်ပြန်လာပါတယ်။ အဆိုပါတပ်သား (၄) ဦးသည် MA-1 သေနတ် (၃) လက်နှင့်အတူ ဒီဇင်ဘာလ (၁၁) ရက်နေ့က KNDF ထံ ထွက်ပြေး၍ ဘက်ပြောင်းခိုလှုံလာခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံအနှံ့စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်သည် တပ်သားလိုအပ်ချက် ကြီးမားနေတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေခေါင်းစဉ်တပ်ကာ နည်းလမ်းမျိုးစုံနှင့် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ကာ တပ်သားသစ် စုဆောင်းနေပါတယ်။

စစ်ကောင်စီ၏ စစ်မှုထမ်းအမိန့်ကြေငြာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများကို ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခုံလှုံကြရန် တိုက်တွန်းလိုက်ရပါတယ်။

ဓါတ်ပုံ - KNDF
#ပြည်သူ့ပန်းတိုင်
#PeoplesGoal

10 months, 2 weeks ago

ထုံးစံအရ ကျောင်းဆင်းအရာရှိ ဒုတိယဗိုလ်များသည် ခြေလျင်ခြေမြန်တပ်များ ရောက်ရှိ သတင်းမပို့မီ သက်ဆိုင်ရာကွပ်ကဲမှု တိုင်းစစ်ဌာနချုပ်များကို သတင်းပို့ကြရသည်။ သက်ဆိုင်ရာတိုင်းမှူး၏ ညွှန် ကြားချက်နာခံပြီးမှသာ ရှောင်တခင်ခွင့် ၁၀ ရက်ခန့် ခံစားကြရန် မိဘအိမ် ပြန်ကြရသည်။ ပြန်ရောက်ပြီးနောက် သက်ဆိုင်ရာတပ်များကို သတင်းပို့ရသည်။ ယခုအခြေအနေအရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နယ်မြေများ အတွင်းရှိ တပ်များတွင် တာဝန်ကျပါက အရာရှိငယ်များအနေဖြင့် သတင်းပို့စရာတိုင်း စစ်ဌာနချုပ် မရှိတော့ပေ။ ရမခသည်တိုင်း စစ်ဌာနချုပ်နေရာ အသိမ်းပိုက်ခံထားရပြီး နပခသည် နေ့လား ညလား မသိအခြေအနေတွင်ရှိနေသည်။ ရမခ တိုင်းမှူးသစ်မှာ တန့်ယန်းတွင် ကပ်၍ နေထိုင်ကာ စုဖွဲ့ နေရပြီး နပခ တိုင်းမှူးသည်လည်း အမ်းက တိုင်းစစ်ဌာနချုပ်တွင် မနေရဲသဖြင့် စစ်တွေတွင် ရှောင်နေရသည်။

စစ်တက္ကသိုလ် ကျောင်းဆင်း တပ်ချုပ်လက်ထက်တွင် စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိငယ်များ မိမိတာဝန်ကျရာတပ်၏ ကွပ်ကဲမှု တိုင်းစစ်ဌာနချုပ်များကိုသွားခွင့်မရသလို တိုင်းမှူး ဩဝါဒပင် နာခံရန် မဖြစ်နိုင်တော့ပေ။ ယခု ၂၀၂၄ ခုနှစ် ကာလအတွင်း စစ်တက္ကသိုလ် အတွင်း ကျည်ကျခဲ့သလို တိုင်းစစ်ဌာနချုပ်တစ်ခု လက်လွှတ်ခဲ့ရပြီး နောက်တစ်ခု ထပ်မံ လက်လွှတ်ရမည့် အချိန်တွင်း သင်တန်းဆင်းခဲ့ရသည့် ဗိုလ်လောင်းများသည် အရာရှိဘဝအစ အတွေ့ အကြုံကို ဂျူနီယာများကို မည်သို့ ပြန်လည်ဝေမျှမည်တော့ မသိပေ။ ထို့အတူ ကျန်ရစ်သည့် ဂျူနီယာဗိုလ်လောင်း များအတွင်း၌လည်း ဂယက်ထနေကြပြီး စစ်တိုင်း၂ ခုပျောက်ဆုံးချိန်သင်တန်းဆင်းခဲ့သည့် စီနီယာများ အခြေအနေကို စောင့်ကြည့်ရင်း ခေတ်ဆိုးတစ်ခုကို ဖန်တီးခဲ့သည့် စစ်ခေါင်းဆောင်ကို ဝေဖန်ကျိန်ဆဲနေကြဖွယ် ရှိနေလေသည်။

Cloverleaf

10 months, 3 weeks ago

“ယာယီီနေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန်အတွက် ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့မှု”

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်လာသော CDM စစ်သား၊ ရဲ များ၏ လုံခြုံရေးဆိုင်ရာများ အဆင်ပြေစေရန်၊ အထူးသဖြင့် နေထိုင်ခွင့် တင်းကျပ်နေသည့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းရောက်ရှိနေထိုင်စဉ် အခက်အခဲဖြစ်ပါက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါသည်။

CDM စစ်သား၊ ရဲများ အား ထိုင်းနိုင်ငံအတွင်း ယာယီီနေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) လျှောက်ထားမှုအတွက် ကုန်ကျစရိတ် အကူအညီပေးနိုင်ရန် ၂၀၂၄ အောက်တိုဘာလအတွင်းက လျှောက်လွှာများခေါ်ယူခဲ့ပါသည်။ ရန်ပုံငွေအကန့်အသတ်ရှိသည့်အလျောက် လျှောက်ထားလာသူ တစ်ရာကျော်ဦီးရေထဲမှ နွေဦးတော်လှန်ရေး၌ တထောင့်တနေရာမှ ဆက်လက်ပါဝင်လှုပ်ရှားနေသူ၊ မိသားစုဦးရေများပြီး အလုပ်အကိုင်မရှိသေးသူ CDM စစ်သား နှင့် ရဲများကို အတတ်နိုင်ဆုံး စိစစ်ရွေးချယ်ပြီး (၃၈) ဦးကို ပန်းရောင်ကတ် ပြုလုပ်ရန်အတွက် နိုဝင်ဘာအတွင်းက ပထမအကြိမ် ထောက်ပံံ့ပေးခဲ့ပါသည်။

ယခု ထောက်ပံ့မှုတွင် လူသစ် အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန်အတွက် အခြေခံသတ်မှတ်ထားသော ကုန်ကျစရိတ်ကို ပြည်သူ့ပန်းတိုင်မှ ပေးအပ်သွားမည်ဖြစ်ပြီး ချိတ်ဆက်လျှောက်ထားမှုအတွက် မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပန်းရောင်ကတ်လျှောက်ထားမှုတွင် ရွေးချယ်မခံရသူများကိုလည်း လုံခြုံရေးထောက်ပံ့မှု နှင့် အခြေခံရိက္ခာများကို ကူညီပေးခဲ့ပါသည်။

ထိုင်းနိုင်ငံအစိုးရက အလုပ်သမား လူသစ်မှတ်ပုံတင်ခွင့်ကို ၂၀၂၄၊ စက်တင်ဘာ ၂၄ ရက်နေ့က ခွင့်ပြုလိုက်ပြီး ယခု လာမည့် ဒီီဇင်ဘာလ ၁၆ ရက်နေ့တွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်သည့် ပန်းရောင်ကတ် (ဘတ်) လျှောက်ထားရန် နာမည်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal

10 months, 3 weeks ago

“ကြားနေအင်အားစုတို့၏ စွမ်းအား”

တော်လှန်ရေးကာလသည် အချိန်တစ်ခုကြာမြင့်လာသည့်အချိန်တွင် သတိထားရမည့်အချက်တစ်ခု ရှိပါသည်။ တော်လှန်ရေးအစကနဦးတွင် သူ့လူကိုယ့်ဘက်သားလား၊ ကိုယ့်လူသူ့ဘက်သားလားဆိုသည့် မကွဲပြားမှုများရှိနေဆဲ ဖြစ်ပါသည်။ အခုလို ကာလတစ်ခုဖြတ်သန်းပြီးနောက်တွင် အစုအဖွဲ့တို့၏ ရပ်တည်ချက်သည် ဘွင်းဘွင်းကြီး ပေါ်လွင်လာကြပါသည်။ တရားသည့်ဘက် မတရားသည့်ဘက် နှစ်ဘက်စလုံးတို့သည် မိမိတို့အစုအဖွဲ့အတွက် ခိုင်မာစွာ ရပ်တည်၍ ရှေ့ဆက်တိုးကြတော့သည်။ မည်သူသည် မည်သည့်ဘက်တွင် ရှိသည်ကို ထင်ထင်ရှားရှား မြင်တွေ့နေကြရသည်။ ထိုအခြေအနေမျိုးတွင် အောင်မြင်မှုအဆုံးအဖြတ်သည် ကိုယ့်ဘက်သူ့ဘက်၊ သူ့အဖွဲ့ကိုယ့်အဖွဲ့ထဲ ဘယ်မှာမှ မပါသော ကြားနေများအပေါ်တွင် မူတည်နေပါသည်။

ဦးတည်ရာမတူသော ဆန့်ကျင်ဘက်အင်အားစုတို့သည် အချင်းချင်းပေါင်းစုရန် စည်းရုံး၍ မလွယ်ကူကြတော့ပေ။ သူ့ဘက်ကိုယ့်ဘက် ပြတ်ပြတ်သားသား ရပ်တည်ကြပြီးသား ဖြစ်ကြသည်။ ထိုအခါ အလယ်တွင်နေ၍ ဘယ်သူ့ဘက်မှ မပါဘူးဆိုသောသူများ ကြားနေအင်အားစုများသည် ကစားပွဲ၏အဆုံးအဖြတ် ချိန်ခွင်လျှာဖြစ်လာပါသည်။ ကြားနေအင်အားစုများကို ဆွဲဆောင်စည်းရုံးခြင်းဖြင့် ကိုယ့်ဘက်အင်အားစုများကို ပိုမိုသာလွန်အောင် ကြီးထွားလာအောင် ဖန်တီးယူ၍ ရနိုင်ပါသည်။

ကိုယ့်နှင့်ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဘက်ရှိ အင်အားစုများကို ရပ်တည်ချက် ပြောင်းလဲလာအောင် ဆွဲဆောင်စည်းရုံး၍ မရနိုင်စေကာမူ မိမိတို့နှင့် အလှမ်းမကွာလှသော၊ မိမိတို့အား မဆန့်ကျင်သော အင်အားစုများကို မိမိဘက်ပါအောင် ဆွဲဆောင်စည်းရုံးခြင်းသည် အောင်ပွဲဆီသို့ ဦးတည်စေပါသည်။ ဆန့်ကျင်ဘက်အင်အားစုများသည် စည်းရုံး၍မရ၊ တွန်းလှန် တိုက်ထုတ်ယူမှရသည် ဆိုစေကာမူ အလယ်အလတ် သဘောထားရှိသူများအား ချဉ်းကပ်၍ မိမိဘက်သို့ နီးစပ်လာအောင်စည်းရုံးခြင်း၊ အခြားဘက်မှ ဝေးကွာလာအောင် ပြုလုပ်ခြင်းဖြင့် မိမိဘက်အင်အားများတိုးတက်လာသည်နှင့် တချိန်တည်းတွင် ဆန့်ကျင်ဘက်အင်အားစုများ လျော့ပါးသွားစေခြင်းကို ကြားနေအုပ်စု လူအစုအဖွဲ့များကသာ ဖန်တီးပေးနိုင်ပါသည်၊ ဖန်တီးပေးနိုင်သော အင်အားထုကြီး ရှိနေပါသည်။

ကြားနေတို့၏သဘောသည် မည်သည့်ဘက်ကိုမှ စိတ်ချယုံကြည်ထားခြင်း၊ အယူဝါဒရေးရာအရ ပုံသေစွဲကိုင် ကြိုက်နှစ်သက်ခြင်း မရှိတတ်သဖြင့် ၎င်းတို့အတွက် ကြိုက်နှစ်သက်လောက်သော၊ ဆွဲဆောင်နိုင်လောက်သော လုပ်ဆောင်မှုများ၊ လှုပ်ရှားမှုများအား ပြသနိုင်လျှင် ၎င်းတို့၏ရပ်တည်ချက်သည် သူ့အလိုလို ပြောင်းလဲလာတတ်သည့်သဘော ရှိပါသည်။ ထို့ပြင် ကြားနေသမား ကြားနေအစုအဖွဲ့တို့သည် ကျန်အစုအဖွဲ့များထက် လူအင်အားသိသာစွာ ကြီးမားနေတတ်ကြခြင်းဖြစ်ပါသည်။ ထိုအချက်ကို သိရှိသော ခေါင်းဆောင်တို့သည် မိမိအားထောက်ခံသောသူများ ဆက်လက်စည်းရုံးထားနိုင်သလို ကြားနေတို့၏ အားအင်နှင့်လုပ်ဆောင်နိုင်မှုကိုလည်း အထင်မသေးဘဲ မိမိဘက်ပါအောင် ကြိုးစားတတ်ကြပါသည်။

ဤအချက်သည် တော်လှန်ရေးကာလတွင်သာမက ရွေးကောက်ပွဲ နိုင်ငံရေးများတွင်လည်း ကြားနေတို့ကို အဓိကထား၍ စည်းရုံးဆွဲဆောင်ပြီး ရလဒ်အပြောင်းအလဲဖြစ်ခဲ့သည့် သာဓကများလည်း ရှိပါသည်။ အခါအခွင့်သင့်ခိုက်တွင် ထိုအချက်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်လျှင် တော်လှန်ရေးတွင် ကြီးမားသော အလှည့်အပြောင်း အောင်မြင်မှုဆီသို့ ဦးတည်သွားစေနိုင်ပါသည်။

“ကြားနေအင်အားစုတွေကို ကိုယ့်ဘက်ပါအောင်စည်းရုံးနိုင်တဲ့အခါ
ကိုယ့်ဘက်မှာ အင်အားကြီးမားလာသလို
တချိန်တည်းမှာပဲ ဆန့်ကျင်ဘက်မှာ အင်အားဆုတ်ယုတ်သွားစေပါတယ်။”

ဘုန်းရဲနောင်

10 months, 3 weeks ago

“ထိုင်း-မြန်မာ နယ်စပ်ရောက် CDM စစ်သား၊ ရဲ မိသားစုများကို ပြည်သူ့ပန်းတိုင်မှ ရိက္ခာထောက်ပံံ့”

ပြည်သူနှင့် ယုံကြည်ရပ်တည်လျက် ဘဝသစ်ကို တည်ဆောက်နေကြသည့် CDM စစ်သား၊ ရဲများကို ပြည်သူ့ပန်းတိုင်မှ အတတ်နိုင်ဆုံး ကူညီီပေးလျက်ရှိရာ အခြေခံရိက္ခာ အထောက်အပံ့များကိုလည်း ဒေသအသီးသီးမှ CDM စစ်သား၊ ရဲ များထံ လစဉ် အလှည့်ကျ ပေးပို့ကူညီိနေပါသည်။

အခြေခံရိက္ခာ​ထောက်ပံ့မှုအတွက် လျှောက်ထားလာသည့် ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် အတွင်းမှ CDM စစ်၊ ရဲ မိသားစု ၈၈ စု အား ဆန် ၁၅ ကီလို၊ ဆီ ၅ လီတာ နှင့် ငါးသေတ္တာ ၁ ကတ် စီီ ကိုလည်းကောင်း၊ တစ်ဦးတည်းနေထိုင်သူ ၂၃ ဦး အား ဆန် ၁၅ ကီလို နှင့် ငါးသေတ္တာ ၁ ကတ် စီ ကိုလည်းကောင်း ၂၀၂၄၊ နိုဝင်ဘာလအတွင်းက ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ရိက္ခာကုန်ကျစရိတ်တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၁၀၀ ခန့် ကို ကူညီပေးနိုင်ခဲ့ပါသည်။

ရိက္ခာများကို CDM စစ်၊ ရဲ မိသားစုများ ကိုယ်တိုင်လာရောက်ထုတ်ယူခဲ့ကြသလို အဝေးမှ လာရောက်ထုတ်ယူရန် အခက်အခဲ ရှိသူများကိုလည်း သက်ဆိုင်ရာ စုရပ်များသို့ ပို့ဆောင်ပေးခဲ့ပါသည်။

#ပြည်သူ့ပန်းတိုင်
#PeoplesGoal
#ရိက္ခာထောက်ပံ့

11 months ago
ပြည်သူ့ပန်းတိုင်-People's Goal
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago