Unlock a World of Free Content: Books, Music, Videos & More Await!

PDF Insight

Description
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks ago

1 week, 6 days ago

နွေဉီး တော်လှန်ရေးမှာ PDF တွေဟာ ဒုံးကျည် ကို ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုနေကြ ပြီ ဖြစ်ပါတယ်။

ဒရုန်း နဲ့ မတူတာက ဒုံးကျည်ကို ကြားဖြတ် ဟန့်တားဖို့ ခက်ပြီး အလျင်အမြန် ပစ်ခတ် ပြီး ဆုတ်ခွာနိုင်ပါတယ်။ရန်သူ့ လေတပ်စခန်းတွေ၊ လက်နက်စက်ရုံတွေ၊ စစ်တိုင်း ဌာနချုပ်တွေကို ဒုံးကျည်တွေ နဲ့ ပုံမှန် တိုက်ခိုက်နိုင် နေပြီ ဖြစ်ပါတယ်။

မြဝတီမြို့ကို ဦးတည်ချီတက်လာတဲ့ အောင်ဇေယျ စစ်ကြောင်းကို PDF တွေက ဒုံးကျည်တွေ အသုံးပြု ဟန့်တားလျက်ရှိသလို တောင်ငူ လေတပ်၊ တံတားဦး လေတပ် တို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

နာမည် အကြီးဆုံးကတော့ မေမြို့ DSA ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့ မန္တလေးတိုင်း ပကဖ တို့က (၁၀၇) မမ ဒုံးကျည်တွေ နဲ့ ဧပြီလ အတွင်း တိုက်ခိုက်ခဲ့မှုပါ။

PDF တွေရဲ့ ဒုံးကျည် အသုံးပြုနိုင်မှု၊ ထုတ်လုပ်နိုင်မှု အစွမ်းမြင့်တက်လာလေ လေတပ်စခန်း၊ လက်နက်စက်ရုံ နဲ့ စစ်တိုင်း ဌာနချုပ်တွေ ဒုံးကျည် နဲ့ ပစ်ခတ်ခံရမှု ပိုမိုများလေ ဖြစ်လာတော့မှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

2 weeks ago

မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားကြသူများသိဖို့

မြန်မာ့နိုင်ငံရေးကို ဒေသတွင်းမှာစိတ် ဝင်စားမှုပိုများလာတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ချဥ်းကပ်ပုံ ပြောင်းလာတာကစလို့ နောက်ပိုင်းမှာ ဂျပန်၊ တရုတ် စသဖြင့် စိတ်ဝင်စားစရာတွေတွေ့လာရတာပါ။ အမှန်အတိုင်းပြောရရင် အာရှဒေသတွင်းနိုင်ငံအားလုံးလောက်ဟာ စစ်ကောင်စီဘက်မှာ မသိမသာရပ်တည်ခဲ့ကြတာပါပဲ၊ သဘောထားပြောင်းလာကြတယ်ဆိုတာက ပြီးခဲ့တဲ့ တလ နှစ်လ လောက်ကမှစလာတာပါ။

ဒီလိုဖြစ်လာစေဖို့ အကြောင်းရင်းတွေကတော့ ပြည်တွင်းက ရွတ်ရွတ်ချွံချွံခုခံတော်လှန်မှုတွေ အရှိန်ကောင်းလာလို့ပါပဲ။ သတင်းဌာနတခုက ပြုစုထားတဲ့ စာရင်းတခုအရဆိုရင် ၂၀၂၄ ခု ပထမ ၃လအတွင်း တနိုင်ငံလုံး စစ်တပ်စခန်းပေါင်း (၅၂၀၀) ကျော်ရှိတဲ့အထဲက (၂၅၀၀) ကျော်ကို လက်လွှတ်လိုက်တယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ ၁၀၀၀ ကျော်က တိုက်ပွဲဖြစ်ပြီး လက်လွှတ်ခဲ့ရတာဖြစ်တယ် ကျန်စခန်းတွေက သူ့ဖာသူစွန့်လွှတ်သွားတာလို့ဆိုပါတယ်။ ဒီအချက်ကိုကြည့်ရင် စစ်တပ်ဟာ နယ်မြေအများအပြား (အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေ)မှာ မလိုအပ်ပဲ ချဲ့ထွင် တပ်ချထားတယ်ဆိုတာတွေ့ရမှာပါ။ ဒါရဲ့အဓိပ္ပါယ်က စစ်တပ်ဟာ တလျောက်လုံး ကိုယ့်ညီနောင်သားချင်းများအပေါ် သံသယထားတာ၊ မယုံကြည်ဘူးဆိုတာထင်ရှားနေတာပါပဲ။ ဒါကြောင့် အလွန်ရှည်လျားလှတဲ့ ထောက်ပို့လမ်းကြောင်းတွေ ၊ စခန်းစဥ်တွေ တည်ဆောက်ပြီး ဒီစနစ်ကြီးကို ဆက်လက်ကာကွယ်ခဲ့တာဖြစ်တယ်၊ ERO တွေလက်ထဲမှာ ဒီလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်လောက်တဲ့ အင်အားရှိလာပြီဆိုတဲ့ အချိန်မှာ စခန်းတွေတခုပြီး တခု လက်လွှတ်ရတော့တာပါပဲ။

တဘက်ကကြည့်ရင် ဒါဟာ နိုင်ငံရေး အမြင်မှားမှုကလာတဲ့ စစ်ရေးဆောင်ရွက်ချက်လို့ပြောရမှာပါ။ စစ်တပ်ဟာ ဖက်ဒရယ်စနစ်ကို ဘယ်တုန်းကမှ မယုံခဲ့ပါဘူး။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက် လက်ထက်မှာ ဖက်ဒရယ်ကို လက်ခံလာသယောင် လေလွှင့်ပြီး ငြိမ်းချမ်းရေးညီလာခံတွေ တက်ဆွေးနွေးတာတွေလုပ်ခဲ့ပေမယ့် တကယ်ပြောကြတဲ့အခါမှာ သူသွားချင်တဲ့ လမ်းကြောင်းက... https://m.facebook.com/story.php?story_fbid=pfbid0zfUxn4vf8hpNpweRy3JXGMe9bxT7GyCZc9WzF7XoQmTCTZ1SGU5JPUaQB791V9kYl&id=100093147848816&mibextid=CDWPTG

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

Facebook

Log in or sign up to view

See posts, photos and more on Facebook.

2 weeks, 3 days ago

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်၊ အမှတ် (၁) စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းကတော့ အဖဘုရားသခင် ရင်ခွင်တော်မှာ ကောင်းမွန် အေးချမ်းစွာ အနားယူခဲ့ပါပြီ။

အဖွဲ့အစည်းပေါင်းစုံက ဗိုလ်ချုပ်ကြီး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ သလို သူ့တပည့် PDF၊ ပကဖ များကလည်း သူ့ကို လွမ်းဆွတ်သတိရသော အားဖြင့် ဂုဏ်ပြု အခမ်းအနား တွေ ပြုလုပ်ခဲ့ကြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန MOD Page ကနေ ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံတွေအရ PDF တပ်ရင်း တွေနဲ့ ပကဖ တွေဟာ ယူနီဖောင်း စုံစုံညီညီ၊ လက်မောင်းတံဆိပ် အပြည့်အစုံ၊ လက်နက်ငယ် အပြည့်အစုံနဲ့ အတိုင်းအတာတခုထိ စစ်ပုံကျလာတာ တွေ့ရပါတယ်။

PDF စစ်ရုံးချုပ်အနေနဲ့ ၁၄၊ ၁၅၊ ၁၆.၅.၂၀၂၄ ရက်တွေမှာ အလံတဝက်ချ ဝမ်းနည်းကြောင်း ပြသဖို့ ညွှန်ကြားစာထုတ်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဗိုလ်ချုပ်ကြီးနဲ့ပတ်သတ်လို့
"ဝန်ကြီးက မဟာမိတ်ရှာတဲ့အလုပ်၊ ရန်ပုံငွေရှာတဲ့အလုပ်၊ လက်နက်ခဲယမ်းရှာတဲ့အလုပ် ပိုအားစိုက်ဗျာ၊ ကျွန်တော်က စစ်ရေးကို ပိုအားစိုက်မယ်"လို့ သူပြောခဲ့တဲ့စကားကတော့ ခုအချိန် မှတ်မှတ်ရရပါပဲ လို့ ပြောပါတယ်။

PDF Insight အနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်သွားခြင်းဟာ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုများအတွက် အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် မှတ်ယူပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းကို ဂုဏ်ပြု ဦးညွှတ်သော အားဖြင့် ဗိုလ်ချုပ်ကြီးရဲ့ ဓာတ်ပုံတချို့နဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်တဲ့ PDF၊ ပကဖ များ ဓာတ်ပုံများကို ဖော်ပြလိုက်ရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

2 months, 2 weeks ago
"ကချင်မြေမှာ ဖြတ်လေးဖြတ် ဒဏ်ကိုရင်ဆိုင်ရတော့မည့် စစ်ကောင်စီ "

"ကချင်မြေမှာ ဖြတ်လေးဖြတ် ဒဏ်ကိုရင်ဆိုင်ရတော့မည့် စစ်ကောင်စီ "

ဟိုင်ဂင်သဘောတူညီချက်အရ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် ၃ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်ထားသည့်ကာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရှမ်းမြောက်တခွင်တွင် စစ်ဆင်ရေးများစတင်ခဲ့သလို ပြီးခဲ့သည့် မတ်လ (၇)ရက်နေ့တွင်လည်း ( ၀၃၀၇ )စစ်ဆင်ရေးအဖြစ် ကချင်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်မှုများကို ပြုလုပ်ခဲ့ပြီး လိုင်ဇာရှိ KIA ဌာနချုပ်ကို ခြိမ်းခြောက်နေသော စစ်တပ်စခန်းများ၊ကာကင်းစခန်းများအစရှိသည့် စခန်းပေါင်း ၃၀ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

https://www.facebook.com/photo?fbid=293001977148062&set=a.239640149150912

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

2 months, 2 weeks ago
Highlight of the day : ဘွမ်ရေဘွမ့် …

Highlight of the day : ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နှင့် KIA စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ သွားရောက် စစ်ဆေးစဉ်

ဒီ ဘွမ်ရေဘွမ့် (Bumre Bum) စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီး ခံစစ်စခန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တုန်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ များက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

2 months, 2 weeks ago
မင်းအောင်လှိုင် ဖြုတ်ချရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတဆင့်မြှင့်တင်ရေး

မင်းအောင်လှိုင် ဖြုတ်ချရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတဆင့်မြှင့်တင်ရေး

နွေဦးတော်လှန်ရေးကာလအတွင်းမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို ဖြုတ်ချနိုင်လိုက်မှုဟာ စစ်အာဏာရှင် စနစ်ကို အလဲထိုးနိုင်မှု ဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်ကြီးကို တဆင့်မြှင့်တင်ပေးနိုင်လိုက်မှုလဲ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေး အင်အားစု အများစုရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် လစ်ဘရယ်ဒီမိုကရေစီထူထောင်ရေး ဖြစ်ပါတယ်။ လက်တွေ့အားဖြင့် လစ်ဘရယ် ဒီမိုကရေစီ ထူထောင်ရေး လမ်းကြောင်းပေါ်ကို နွေဦးတော်လှန်ရေးက ရောက်ရှိသွားပြီဆိုရင်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ဟာ ရှေ့တဆင့်ကို သိသိသာသာရောက်ရှိသွားမှု ဖြစ်ပါတယ်။

https://www.facebook.com/photo/?fbid=291866163928310&set=a.239640149150912

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

2 months, 3 weeks ago

"တော်လှန်ရေးပြီးသွားရင် မိသားစုတွေအများကြီးကို လိုက်တွေ့ရမယ်။ ဘယ်မိသားစုတွေလဲဆိုတော့….”

ထိုင်းနိုင်ငံအခြေစိုက် Voice TV ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့ တောတွင်းနေရာအထိ လာရောက်ရိုက်ကူးခဲ့တဲ့ Documentary ထဲက အချို့ကို ဖော်ပြလိုက်ပါတယ်။

ဒီ video ထဲမှာဆိုရင် ခေတ်မှီဒရုန်းနည်းပညာအကြောင်းကို ရှင်းပြနေတဲ့ရဲဘော်တွေနဲ့အတူ တော်လှန်ရေးပြီးရင်လုပ်ချင်တဲ့ ဆန္ဒတွေကို ပြောထားကြပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

2 months, 3 weeks ago
2 months, 3 weeks ago
" စစ်ရေးတဆင့်မြှင့်လာတဲ့ မြို့ပြပြောက်ကျား "

" စစ်ရေးတဆင့်မြှင့်လာတဲ့ မြို့ပြပြောက်ကျား "

ဖေဖော်ဝါရီ ၂၉ ရက်နေ့ည သန်းခေါင်အချိန်မှာ ရန်ကုန်မြစ်အတွင်း MEC ထီးတန်းဆိပ်ကမ်းရှိ Jet A1 လေယာဥ်ဆီတင် သင်္ဘောကို ရန်ကုန်တိုင်း ပကဖတပ်ဖွဲ့က တိုက်ခိုက်လိုက်ကြောင်း သိရှိလိုက်ရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာန (MoD) က တရား၀င်သတင်းထုတ်ပြန်ကြေငြာခဲ့သလို အဆိုပါ တိုက်ခိုက်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့ပြပြောက်ကျား အဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာလည်း အဆင့်တစ်ခုကို ရောက်လာပြီဆိုတာကို တွေ့ရပါတယ်။

https://www.facebook.com/100093147848816/posts/pfbid025exfRrJNUgkGGmVtgPqbg4mUJXSb7Wyfnk74Jxm26Evwi95vVVd8SUMZjf9nCHuGl/?

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight

4 months, 2 weeks ago
Highlight of the day : ပလက်ဝဒေသအခြေစိုက် …

Highlight of the day : ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော MLRS အတွဲလိုက်ပစ်ဒုံးလက်နက်အား တွေ့ရစဉ်။

အတွဲလိုက်ပစ် ဒုံးတွေ အပါအဝင် လက်နက်ကြီးတွေ ဘယ်လိုသုံးသုံး စစ်ကောင်စီစခန်းတွေ ကျဆုံးလျက်ရှိတယ်ဆိုတာ ဒီဖြစ်စဥ်က ပြသနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။

#PDFInsight

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks ago