ကဗျာပြတိုက်နဲ့အလွမ်းကမ္ဘာ

Description
အနေဘယ်လောက်ဝေးဝေး
ခင်ဗျားကို သစ္စာရှိရှိနဲ့ ဆက်ချစ်နေမယ်...
🚨ဂိမ်း ကြော်ငြာပိုစ့်များ လုံးဝလုံးဝ လက်မခံပါ🚨
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 11 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 11 months, 2 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 9 months, 3 weeks ago

10 months ago

လွမ်းရေးထပ်
ဝမ်းရေးခက်ခဲတယ်အခါ
သတိရခြင်းတွေကို သတိရခြင်းတွေ
ခဏမေ့ထားလိုက်ရအောင်

# ငြိမ်းဝေ ( အတွေးစာစု)

10 months ago
10 months ago

**အပေါ်ယံသက်သက်ပေါင်းတဲ့
လူတွေအတွက်ကတော့
မင်းကို လာပေါင်းတဲ့အချိန်က
မင်းဆီကအကူအညီလိုချင်လို့ပဲ
သူတို့ရဲ့ VIP ထဲမှာမင်းမပါဘူး။

ဝတ်ကျေတမ်းကျေပြောစကား
ရင်ထဲမပါတဲ့တစ်ခွန်းနှစ်ခွန်းနဲ့
မင်းအကူညီလိုချိန်ကျရင်
အကြောင်းအမျိုးမျိုးပြပြီး
ငြင်းဆန်တတ်ကြတဲ့
အပေါ်ယံသမားတွေကို
သင်ခန်းစာ​ကောင်းကောင်းယူပြီး
ဖဲကြဥ် ပြုံးပြ အသုံးချမခံလေနဲ့တော့။**

-ကိုလေး ( Black_sheep )

1 year ago

မာန"ကြီးတယ်ပဲပြောပြော
အတ္တ"ကြီးတယ်ပဲ ပြောပြော
မင်း"ကလွဲ ဘယ်သူ့မှ
ဂရုမစိုက်နိုင်ပါ....။

# Sai

1 year ago

မောင့်ကမ္ဘာမှာလေ
မမဆိုတဲ့ ပန်းလေးရှိရင်
ပြည့်စုံပါပြီ။

နေညို။။။
ကဗျာမမည်သောချစ်ခြင်းအပိုင်းအစ

1 year ago

နက်ရှိုင်းလှတဲ့.....

ကျွန်မရဲ့ အချစ်ကြိုးတွေက

အစ်ကိုတစ်ယောက်တည်းကိုပဲ

ရစ်ပတ်နှောင်ဖွဲ့ထားတာပါ

ဒီနှောင်ကြိုးတွေက ထာဝရမြဲလိမ့်မယ်

အစ်ကိုရဲ့အချစ်တွေလည်း

ကျွန်မတစ်ယောက်တည်းကိုပဲ

ရစ်ပတ်နှောင်ဖွဲ့ပေးပါနော်

ဒီချစ်ခြင်းမေတ္တာတွေနဲ့တစ်ယောက်ကို
တစ်ယောက်ရစ်ပတ်ရင်း

ပျော်ရွှင်စရာကောင်းတဲ့ နှစ်ယောက်တစ်ဘဝ

ကမ္ဘာလေး တည်ဆောက်ကြရအောင်။

_Nan Kyawt Nadi ??

1 year ago

လွင့်ရှားပြိုကွဲခဲ့သော နေ့ရက်များ

မိုးစက်တွေ တဖျောက်ဖျောက်ကျနေတဲ့
တံစက်​မြတ်မှာ ငေးလို့ကြည့်ရင်း
အေးစက်သွားတဲ့ နှလုံးသားတစ်စုံ

ဘယ်အရပ် ဘယ်နေရာ ရောက်ရောက်
ငါမင်းကို သတိတရစိတ်နဲ့ နွေးနေတုန်းပါပဲ
လက်ဖျားတွေကတော့ အေးစက်နေလေရဲ့

သတိရတယ်ဆိုပြီး အရင်လို
ပြေးတွေ့ခွင့် မလွယ်တော့တဲ့ အရပ်ဒေသမို့
အခုလို ရာသီဥတုအေးတဲ့ရက်တွေမှာ
ငါရှိတဲ့အရပ်က ခြုံတဲ့ဆောင်လေး
မင်းရှိတဲ့အရပ် နွေးပါစေဆိုပြီး ဆုတောင်းလိုက်တယ်

တစ်ဆောင်းသစ်ပြန်ပြီ ကောင်မလေးရေ
မင်းကတော့ မင်းသက်ဆိုင်သူရဲ့
ရင်ခွင်မှာပဲဖြစ်ဖြစ် စကားခပ်နွေးနွေးလေးနဲ့
နွေးနေမှာပေါ့

ငါကတော့ ဒီနှစ်ဆောင်းမှာ
နာကျင်မှုနဲ့နွေးနေရသလို
အလွမ်းကိုခြုံထားရပါတယ်ကွယ်

လွင့်လွင့်ကလေး လွင့်ပါးသွားလိုက်တာ
ငါမင်းနဲ့ ပြန်မတွေ့ကြတော့သည်အထိ

မင်းရော မင်းမမြင်ချင်တဲ့
လူတစ်ယောက် မတွေ့ရတော့လို့
စိတ်တွေ ပန်းလိုလန်းနေမလား

ငါကတော့ အလွမ်းပန်းလေးတွေ
နွမ်းကြွေခဲ့ရပြန်ပြီပေါ့

အသက်ပါပါ ရယ်မောပါ
အသက်ပါပါ ပြုံးပါ
ဟန်ချက်ညီတဲ့ အလွမ်းတွေနဲ့
ရင်ခုန်သံခြင်းထပ်တူကြပါစေ ကောင်မလေးရေ

ငါမင်းကို မပြောပြခဲ့ဖူးတဲ့စကားလေးရှိတယ်
ဘယ်သူကမှ မပေးကြပေမဲ့
ငါစိတ်ထဲကနေ ကမ္ဘာမှာအလှဆုံး အလှဘုရင်မတစ်ပါးပေါ့

သိပ်ပိုတယ် ထင်သွားလား...

ဘယ်သူတွေက ဘာပဲပြောပြော
ငါ့နတ်သမီးလေးလှတာ ငါပဲသိတယ်လေ
ဒီလိုစိတ်တွေနဲ့ ဖြစ်တည်လာခဲ့တာ
မင်းအနားက လွင့်ပါးသွားသည့် အထိပါပဲ

ပြန်တွေ့ရမလားလို့လဲ မမျှော်လင့်သလို
ပြန်ဆုံပါစေ ဆိုပြီးတော့လည်း ဆုမတောင်းတော့ဘူး
ကံကြမ္မာက သူ့အလုပ်သူလုပ်ပါလိမ့်မယ်

ငါတောင်းတဲ့ ဆုတိုင်း
လွဲခဲ့ရသလို မပြည့်ခဲ့ရဘူးလေ
ဆုတောင်းတာထက် မျက်ရည်ပဲထိုင်လည်နေတော့တယ်

ငါ တို့ တ ကယ် ဝေး သွား ပြီ ကိုး

ဆွေးမြေ့ရီဝေစွာ ငေးရင်း
တိမ်တွေမှာ အိမ်မရှိဘူးလို့တွေးတယ်
ဘယ်ငှက်တွေက ဘယ်ကိုင်းမှာမှ ကြာကြာမနားဘူးတဲ့
ငါ့ရဲ့ ငှက်မလေးက နားနေလိုက်တဲ့ သစ်ကိုင်းမှာ
ငှက်ရုပ်လေးဖြစ်တဲ့အထိပဲ...

အဲဒီလို
အတွေးတွေလွင့်ဖြာရင်း
တောင်စဥ်မရေရာစဥ်းစားရင်းပါပဲ

နီးဖို့ကြ
အားအင်လျော့နည်းသလောက်
ဝေးဖို့ကြ အားအင်ကသိပ်ကြီးမားစေတာ
မင်းနဲ့ငါတဲ့

ကဲ ငါဘယ်တရားနဲ့ဖြေရမလဲ

ရူးသွပ်ချောက်ချားဖွယ်ရာ
လွင့်ရှားပြိုကွဲရတဲ့ နေ့ရက်များကို
ရင်ဝယ်ပိုက်ပြီး ခရီးတွေဆက်နေလိုက်တာ
ပြန်လှည့်ကြည့်မှ မင်းနဲ့ဝေးရာရောက်နေပြီပဲ

ဝေးကွားခြင်း အပိုင်းအစထဲမှာ
အချစ်ရဲ့ အမှတ်တရအကြောင်းရာတွေမပါဘူးတဲ့
အမှတ်တရဆိုတာ အနာတရတွေဖြစ်ဖို့ဆိုတာ
ငါဘယ်ထင်ခဲ့ပါ့မလဲ

အလွမ်းနဲ့မျက်နာသစ်ပြီး
နာကျင်မှုနဲ့နိုးထတဲ့ မနက်ခင်းတွေပါပဲ
မြူတွေဆိုင်းတဲ့ ဆောင်းမနက်ခင်းမှာ
နာကျင်မှုကို လှုံရင်း အလွမ်းနဲ့နွေးနေရတယ်

ဘယ်နေရာကိုကြည့်ကြည့်
ရီဝေလွမ်းမောစွာ ငေးနေတက်တာလွဲရင်
ငါကျန်တာ အဆင်ပြေပါတယ်
အဲဒီလို မျက်ရည်လည်စွာ ဖြေခဲ့ဖူးတယ်

ဘယ်လိုမေးခွန်းမေးမေး
အဖြေမဲ့ခဲ့ရတဲ့ အိပ်မက်ရင်ကွဲရခြင်းများစွာထဲက
သတိရတိုင်း ရင်ကို စူးကနဲ နာသလိုပါပဲ
လက်ချင်းချိတ်တဲ့ နှစ်ယောက်တွဲ အပုံလေး
မင်းတင်လိုက်တော့
ရွှေရောင်အဆိပ်တစ်စက် ငါ့နှလုံးသားပေါ့်ကို
ကျလာသလို လေးမှိုင်းထုံကျင်သွားတယ်

အဲဒီအချိန်လေးအတွင်းမှာ
အရာရာကို ခေါင်းငုံပြီးနေလိုက်တော့တယ်
ဘယ်အရာကိုမှ လိုချင်တပ်မက်မှု မရှိတော့ဘူးဆိုတဲ့ အတွေးနဲ့

မင်းကို ဆုံးရှုံးခဲ့ပြီးချိန်က စပြီး
ကျန်ဆုံးရှုံးမှုတွေဟာ ငါအတွက် အချည်းနည်းပဲ

စိတ်ကို ခဏအနားပေးလိုက်တယ်
တိတ်ဆိတ်စွာနေလိုက်တယ်
ဒိုင်အိုဂျီးနီးစတိုင်လ်နဲ လွတ်လပ်စွာ
ငါ့ကိုယ်ငါ ခဏအနားပေးလိုက်ခြင်းပါ

ပြီးတော့ ဒီကဗျာကို ဆက်ရေးတယ်
မကြည်မနူးပြုံးတယ်

မင်းကတော့ မင်းဆိုင်သူနဲ့
တွေ့တဲ့အချိန်ပဲဖြစ်ဖြစ်
စာတိုလေးတွေနဲ့ ပြောတဲ့ အချိန်ပဲဖြစ်ဖြစ်
မျက်ဝန်းတွေက အစ ပြုံးတယ်

ခြောက်အပ်အပ် ရယ်မောတက်လာတာကလွဲရင်
အဆင်မပြေတဲ့ အကြောင်းကို
ဘယ်သူ့ကိုမှ ဖွင့်ဟမပြောချင်တော့ဘူး
လူဆိုတာ ကိုယ့်ဒုက္ခနဲ့ကိုယ်ပဲလေ
ကိုယ့်နာကျင်မှုမှ နာတယ်ထင်ကြတာကိုး

အရင်ကလိုလဲ
စိတ်ထိခိုက် နာကျင်လာတိုင်း
စိတ်လွတ်ကိုယ် ဂစ်တာလဲ မတီးဖြစ်တော့ဘူး

စိတ်တွေ အုံမှိုင်းပြာရီဝေရင်း
ပက်ကြားအက်သွားတဲ့ နေ့ရက်တွေပါပဲ
ဘယ်နေရာကို ငေးလို့ကြည့်ကြည့်
လိမ်းရိပ်တွေ ညို...လို့

အခုတလော
တွေဝေငေးမောလာတက်တယ်
ဘယ်အရာနဲ့ ဖျော်ဖျော်
မပျော်တော့တက်တဲ့အကြောင်း
ငါ့ ဒဏ္ဏာရီရဲ့ ၁၆ မျက်နာလောက်မှာ ရေးထားတယ်

မြောက်ပြန်လေတွေနဲ့
ငါမင်းဆီကို အလွမ်းတွေ လမ်းကြုံပါးလိုက်တယ်
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါစေပေါ့

ဒီလောက်ပဲတက်နိင်တော့တယ်လေ
လေစီးထဲကနေ ညီးထွားသံကြားရတဲ့အခါ
ထိထိခိုက်ခိုက် နာကျင်နေတက်တဲ့ သူတွေပေါလာတယ်

ဒီလိုပါပဲ
လူတွေသေရင် ကြယ်တွေဖြစ်သွားတယ်တဲ့
ငါကတော့ မင်းအတွက် မြေခဖို့အသင့်ဖြစ်နေတဲ့
ကြယ်လေးပဲဖြစ်ချင်တော့တယ်

မဖြစ်တော့ဘူး
ဒီကဗျာကို
ဒီနေရာမှာဘဲ အဆုံးသတ်လိုက်တော့တယ်

#ခန့်ထည်

1 year ago

မမခိုင်(မမခိုင်5)

ညကလမင်းနဲ့ကျွန်တော်
မျက်နှာချင်ဆိုင်စကားပြောတော့မမခိုင်အကြောင်းလဲပါတယ်မမခိုင်
သောင်းရင်းမြစ်ရဲ့ဒီဖက်​​ခြမ်းကအလင်းရောင်ကောင်းသလောက်ဟိုဘက်ချမ်းမှာမှောင်နေကြောင်း
ကူရာမဲ့ငိုသံတွေကြားလမင်းတောင်မျက်နှညိှုးခဲ့ကြောင်းတွေပေါ့
လမင်းကိုမေးကြည့်သေးတယ်မမခိုင်ဟိုဘက်ခြမ်းကသောကအချို့လမင်းကတဆင့်ပို့လို့သိရပါတယ်စက်သေနတ်သံကြားညဟာကောင်းကောင်းမလှပကြောင်းလေယာဥ်သံတွေကြား
အိပ်စက်ရလို့အအိပ်ပျက်ခဲ့ရကြောင်းကျွန်တော်ကောင်းကောင်းကြားပါရဲ့
နှစ်ဦးသားစကားပြောရင်း
လမင်းကညှိုးငယ်ကျွန်တော်ကငိုတယ်မမခိုင်ကိုယ်တိုင်မကြုံရပေမဲ့ကြုံရသူတွေရဲ့သောကလမင်းကတဆင့်လာရိုက်တော့
ကျွန်တော်မှာငိုရပြီပေါ့မမခိုင်
ဓမ္မသည်သာအောင်နိုင်ရာမို့
ခဏတော့တောင့်ထားပါမမခိုင်

#လွမ်းသူ

1 year ago

ချန်နယ်က အက်မင်တောင်းယူထားကြသော
အက်မင်တို့ စာလေးလဲ တင်ပေးကြပါအုံးဗျ
အက်မင်တွေများသလောက် စာတင်တဲ့အက်မင်က
တယောက် နှစ်ယောက်လောက်ပဲရှိတယ်
စာမတင်ပေးနိုင်ရင် ထွက်နိုင်ပါတယ်...

(အမြဲတမ်းစာတင်ပေးတဲ့ ဆရာများလဲ
ကျေးဇူးတင်ပါတယ် နောက်နေ့မှ ဖုန်းဘေလ်
လွှဲပေးပါမယ် )

1 year ago

ကျနော်တို့ချန်နယ်ရဲ့gpမှာ 18+များလာပို့တဲ့
လူ့ငနွားများ $သိတရားလေးထားကြပါ
မိန်းကလေးတွေရှိတဲ့အတွက်ကြောင့် လာမပို့နဲ့
ထမင်းစားပြီး လူလိုနားမလည်ကြတဲ့$ကောင်တွေ
မိမဆုံးမ ဖမဆုံးမသားများ
လိုင်းကသိပ်မတက်အားတာနဲ့မကြည်မိတာ
နောက်ခါလာမပို့မိစေနဲ့( ကမကလ) ?

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 11 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 11 months, 2 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 9 months, 3 weeks ago