တပ်သားလေး ဖိုးထောင် (စစ်မြေပြင်သတင်းမှန်) ???

Description
အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ ???
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
1 year, 1 month ago

လျှပ်စစ် ထုတ်ပြန်မှု ကွဲလွဲချက်

6 - 1 - 2025 ထုတ်ပြန်ချက်

ရေအားစက်ရုံ ၃၀. မှ ၃၂၃၂
သဘာဝဓာတ်ငွေ့ ၂၆ မှ ၃၂၆၈
ကျောက်မီးသွေး ၂ မှ ၁၃၈
နေရောင်ခြည် ၈ မှ ၂၄၀
-----------------------------------------------------
Total. ၆၈၇၈
--------------------------------------------------------
အမှန်တကယ်ထုတ် ၄၀၀၀

ဓာတ်အား ၁၄ လိုင်းပျက် ၁၀၀၉
သဘာဝဓာတ်ငွေ့လျော့ ၂၉၁
ရာဂီ ပေါင်းလောင်းပျက် ၁၄၀
-----------------------------------------------------------
Total. ၁၄၄၀
-------------------------------------------------------------

ယခုကာလ တနေ့ ၂၂၀၀ မဂ်ဂါဝပျ ထွက် ။ ပြထားတဲ့ စာရင်းအရ...
ထွက်ရှိ ၄၀၀၀
ပျက်ဆီး ၁၄၄၀
------------------------------------
လက်ကျန် ၂၅၆၀
ဖြန့်ဝေ ၂၂၀၀
----------------------------------------
ပျောက်ဆုံး ၃၆၀

ကဲ ဒါက မနေ့က ထုတ်ပြန်တဲ့ စာရင်းအရ ကွာဟနေမှု ။ OK ပါ အရင် ထုတ်ပြန်ချက် ပြန်ကြည့်ကြပါစို့ ။

5 - 11 - 2024 ( ထုတ်ပြန်ချက်)

စုစုပေါင်း ထွက်ရှိ ၇၂၄၈

KV လိုင်းဖျက်ဆီး ၁၄၈၇
သဘာဝဓာတ်ငွေ့လျော့ ၂၂၇
ရာဂီကြောင့် လျော့ ( ပမာဏ မဖော်ပြ)

အသားတင်ထုတ် ၂၈၀၀ ကျန် တဲ့ ။

လိုအပ်မှု ၅၄၈၃ မှာ ၂၈၀၀ သာ ဖြန့်ဝေနိုင်လို့ 51 % သာ ရရှိမည်ဖြစ်၍ တနေ့ ၈ နာရီ မီးဖြတ်မည်လို့ ကြေညာခဲ့တယ် ။

၂ လ ခန့် ကွာတဲ့ ဒီကြေညာချက် ၂ စောင်ကို ပြန်ချုပ်ကြည့်ပြီး နှိုင်းယှဥ်လေ့လာကြပါစို့ ။

ထုတ်နိုင်စွမ်း ၄၀၀၀ မဂ်ဂါဝပျ
( နောက်ဆုံး 6-1-2025 ကြေညာချက် အတည်ယူပါတယ်)

KV ဖျက်
5 - 11 - 2024 1487
6 - 1. - 2025. 1009
-------------------------------------------------
ပိုထွက်လာမယ့်လျှပ်စစ် 478

သဘာဝဓာတ်ငွေ့လျော့နည်း
5 - 11 -2024. 227
6 - 1 - 2025. 291
----------------------------------------------------
လျော့နည်းသွားမည့်လျှပ်စစ် 64

ရာဂီကြောင့် ပျက်ဆီးမှု မှာ မူလအတိုင်းထားပါ ။ ၂ လ အတွင်း တိုးလာရမယ့် လျှပ်စစ်ဓာတ်အားအမှန်က...

478 _ 64 = + 414 ဖြစ်နေပါပြီ ။

ကဲ အမှန်ဆိုရင် လွန်ခဲ့တဲ့ ၂ လက တနေ့ ၂၈၀၀ မဂ်ဂါဝပျ ထုတ်နိုင်ခဲ့တယ် ။ ယနေ့ကာလမှာ ၂ အတွင်း KV လိုင်းပြင်တာ နဲ့ သဘာဝဓာတ်ငွေ့ လျော့နည်းခြင်း ပမာဏ နှိုင်းယှဥ်ချက်အရ. 414 မဂ်ဂါဝပျ တိုးကို ထုတ်နိုင်ရမှာ ဖြစ်ပါတယ် ။

ဒါကြောင့် ယနေ့ 2800 + 414 ( 3214 ) မဂ်ဂါဝပျ ထွက်ရှိရပါ့မယ် ။ သဘာဝဓာတ်ငွေ့ 64 မဂ်ဂါဝပျ လျှော့နည်းသွားတာ အကြောင်းပြုပြီး ယနေ့ တရက်ကို 2200 မဂ်ဂါဝပျသာ ထွက်ရှိကြောင်း ယုတ္တိဗေဒ ကင်းမဲ့စွာ ထုတ်ပြန်လာတာ စီစစ်တွေ့ရီနေရပါပြီ ။

အရေးကြီးတဲ့ လိုအပ်ချက် လျှပ်စစ် မဂ်ဂါဝပျ 1014 ဘာကြောင့် ကွာဟ နေရသလဲ ဆိုတာ လူကြီးမင်းတို့ အပြင်းအထန် ဘက်မလိုက်စတမ်း အားမနာစတမ်း စစ်ဆေးကြည့်ရပါ့မယ် ။

နစက အနေနဲ့ အများပြည်သူရဲ့ နေ့စဥ် စားဝတ်နေရေးအတွက် အရေးပါတဲ့ လျှပ်စစ်ကဏ္ဍကို ဟန်ပြ ကော်မရှင်နဲ့ ဟန်ပြလုပ်နေရင်တော့ ဆူပူမှု ထပ်ဖြစ်ကြပါလိမ့်မယ် ။

နေပြည်တော် လျှပ်စစ်ရုံးဌာနတွင်းမှာကိုပဲ ရဲရဲတောက်တွေ ရာခိုင်နှုံး 80 % လောက်ရှိကြောင်း သတင်းရထားပါတယ် ။ သူတို့က နစက ပြုတ်ကျရေးပဲ ဦးတည်ဆောင်ရွက်နေကြတာ ကြာပါပြီ ။ CDM မွေးမြူရေး အောင်မြင်နေတဲ့ သဘောပေါ့ဗျာ ။

ယခု အချက်အလက်များဟာ မြန်မာ့လျှပ်စစ် တာဝန်ရှိသူများ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်များသာ ဖြစ်ပါတယ် ။ သဘာဝ မကျသော ကွဲလွဲချက်များအား မြင်သာထင်သာ ရှိစေရန် တင်ပြထားခြင်းသာ ဖြစ်ပါတယ် ။

နစက အလိမ်အညာ ခံရတာ ပြည်သူနစ်နာမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ် ။ အမြန်ဆုံး စီစစ်ဖို့ အရေးကြီးနေပါပြီ ။

ကိုရွှေမျိုးဝင်း

1 year, 1 month ago

ဒုံးတပ်ဖွဲ့တွေလည်း ရောက်လာ
ကားကြီးတွေနဲ့ နေရာချကြ ပြင်ကြဆင်ကြဆိုတော့
ကျုပ်တို့လဲ အားရှိတာပေါ့ဗျာ….

ဆယ့်လေးငါးရက်နေတော့
အကုန်သိမ်းပြီး ပြန်ဖို့ပြင်ကြရောဗျ….

ကျုပ်တို့မှာ
မျက်လုံးလေး ကလယ်ကလယ်နဲ့
ဘာလို့ပြန်ကြတာလဲလို့သွားမေးတော့…

ရန်သူက နီးနေပြီ
အဲ့လောက်ထိ ကပ်နေရင်
ဒုံးနဲ့ပစ်မရတော့ဘူးလို့ပြောတယ်….

နို့..အဲ့ဒါဖြင့်
ဝေးတုန်းက ဘာလို့မပစ်တုန်းဆိုတော့….

မမြင်ရလို့တဲ့….
.
.
.
.
ရခိုင်ဘက်က
ပြန်ရောက်လာတဲ့သူပါဗျာ….

သူပြောတာနားထောင်ပီး
ကျုပ်မယ် ငိုရမလို ရီရမလိုနဲ့ …..

?????

1 year, 1 month ago
မိဘနဲ့ တစ်ဂိုဏ်းထဲထားပြီး ရခိုင်ကျွန်ခံနေရတဲ့ ဗမာဆောင်းခ။

မိဘနဲ့ တစ်ဂိုဏ်းထဲထားပြီး ရခိုင်ကျွန်ခံနေရတဲ့ ဗမာဆောင်းခ။

ဗမာတွေ မညီညွတ်လို့ ငယ်နိုင်တွေ ခေါင်းပေါ်တက်နေကြတာ တွေးကြည့်တိုင်း စိတ်ပျက်စရာပါ။

https://t.me/privatephoehtaung

1 year, 1 month ago
1 year, 1 month ago

စစ်ဘယ်လိုတိုက်နေလဲ

ခုခေတ်တပ်ရင်း၁ရင်းစစ်ထွက် ၁၀၀တောင်မရှိ ဒီနေ့တပ်ရင်းမှူးတယောက်နဲ့တွေ့လို့မေးကြည့်တာ စစ်ထွက်၆၀ကေျာ်လေးပဲရှိတယ်တဲ့ ဘယ်လိုစစ်တိုက်ကြမလဲ ခဲယမ်းဘယ်လိုသယ်မလဲဆိုတော့ ရင်းမှူးလဲ ကိုယ့်ကျောပိုးအိတ်ကိုယ်လွယ် လက်ဖြောင့် ၁ယောက် လောက် လနက ကလည်း BA 100 လောက်နဲ့ 81 မပါ . 5မပါနဲ့ ဘယ်လိုစစ်တိုက်နေကြလဲမသိ ..
လှုပ်ရှားစစ်ဆင်ရေးမလုပ်နိုင်တော့တာ အာ့ကြောင့်-

1 year, 1 month ago
အာဏာထိန်းမှု တစ်ခု လိုအပ်နေပါပြီ။

အာဏာထိန်းမှု တစ်ခု လိုအပ်နေပါပြီ။

ပြည်ဖျက် NLD ဆီက အာဏာထိန်းမှု ၄ နှစ်ပြည့်လာတဲ့အခါ တိုင်းပြည်က အဖက်ဖက် ယိုယွင်းလာတာ မြန်မာတစ်နိုင်ငံလုံးအသိပါပဲ။ တပ်ချုပ်လုပ်သူရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် တိုင်းပြည်တင်မက တပ်မတော်တစ်ခုလုံးပါ ယိုင်နဲ့လာတာ အငြင်းပွားစရာတောင်မလိုပါ။

ဒီခေါင်းဆောင်မှုပုံစံနဲ့ ရှေ့ဆက်နေရင် တိုင်းပြည်ရော တပ်မတော်ပါ ပြိုလဲတော့မှာ အနှေးနဲ့အမြန်ပါပဲ။ ယခုတပ်ချုပ်လုပ်ကိုင်နေတာတွေက အချိန်ဆွဲရုံသာ စွမ်းဆောင်နိုင်ပါတယ်။

ဒီစာက တပ်မတော်သွေးကွဲစေဖို့ စည်းလုံးရေးပျက်စီးစေဖို့ ရေးတာမဟုတ်ပါ။ ကမ္ဘာတည်သရွေ့ တပ်မတော် တည်မြဲစေဖို့ အစွမ်းအစရှိတဲ့ ခေါင်းဆောင်တစ်ဦးလိုအပ်နေတာ အမှန်တရားတစ်ခု ဖြစ်နေပါပြီ။

တပ်မတော်ဆက်လက်တည်တံ့ဖို့ အာဏာထိန်းမှုတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။

ဖိုးထောင်

https://t.me/privatephoehtaung

1 year, 1 month ago
ကျုပ်တို့ငယ်စဥ်က

ကျုပ်တို့ငယ်စဥ်က
ရန်သူ့လက်ကိုသေနတ်...တစ်လက်
နှစ်လက်ပါသွားရင်တောင်အရေးယူခံရ...ရာထူးမတက်အောင်အလုပ်ခံရ...အနည်းဆုံးအထင်သေးအမြင်သေးမျက်လုံးများနဲ့အကြည့်ခံရ...အလှောင်ပြောင်ခံရ.....စစ်ကျောင်းတွေမှာအမှားသရုပ်ပြအဖြစ်သင်ခန်းစာပို့ချပြီးအရှက်ခွဲခံရ...ယူနီဖောင်းချွတ်ပြီးနယ်ဘက်ကိုအပို့ခံရနဲ့...ဘဝတခုပျက်သွားအောင်...ပြောင်းလဲသွားအောင်..
အရှက်တကွဲအကျိုးနည်းဖြစ်သွားအောင်ကိုအရေးယူခဲ့ကြတာခံခဲ့ကြရပါတယ်။

အခုလို
သေနတ်ဆိုတောင်ပုံရာပုံ....ခဲယမ်းဆိုပစ်မကုန်အောင်အစုလိုက်အပြုံလိုက်...
အမြောက်တွေ...ဒုံးယာဥ်တွေ....သံချပ်ကာကားတွေ...အလှူပေးခဲ့တဲ့တာဝန်ရှိသူအဆင့်ဆင့်ကိုဘယ်လိုအရေးယူကြမှာလဲဆိုတာသိချင်နေမိတယ်ခင်ဗျာ။
(တာဝန်ရှိသူအဆင့်ဆင့်ဆိုတာအကုန်ပါပါတယ်
လက်နက်တွေကိုရန်သူ့လက်..မကျရောက်အောင်ဖျက်စီးခဲ့ဖို့ တိကျတဲ့အမိန့်မပေးခဲ့သူများပါ...ပါပါတယ်ခင်ဗျာ)

စစ်သတင်း

https://t.me/privatephoehtaung

1 year, 1 month ago

ပြည်သူရေးတဲ့ အညတြ စာလွှာ
? တိုင်းပြည်အတွက်ရဲဝံ့စွာနဲ့တိုက်ပွဲတွေဝင်ခဲ့ပြီးအသက်တွေပေးခဲ့ကြတယ်

ကျဆုံးစစ်သည်တွေရဲ့ခံစားခွင့်တွေ ၁နှစ်ကျော်တော့စာရွက်ကလေးတွေကျလာတယ် သက်ဆိုင်ရာမြို့နယ်ဘဏ်တွေမှာသွားထုတ်ကြရမယ်တဲ့

ဘဏ်သွားတယ် စာရွက်ကလေးတွေတင်ပြလို့ပေါ့

ရပ်ကွက်ထောက်ခံစာလိုတယ်တဲ့
ထောကိခံစာလုပ်ပြီးတစ်ပတ်နေမှပြန်လာခဲ့ပါတဲ့ တစ်ပတ်ကြာသွားတယ်
ထောက်ခံစာလေးနဲ့ဘဏ်ကိုပြန်သွားတယ်

နောက်တစ်လထက်စောင့်ရမယ်တဲ့

ဌာနဆိုင်ရာဝန်ထမ်းတွေအလုပ်မလုပ်ကြတာလား ရှေ့တန်းမှာအသက်ပေးပြီးမှရလာတဲ့နောက်ကမိသားစုတွေရဲ့ခံစားခွငိ့တွေကနှစ်နဲ့ချီစောငိ့ပြီးငွေထုတ်ရမယ်ဆိုတော့ဘဏ်ကရွေ့ပြန်တယ်

အသက်တွေပေးထားပြီးရလာတဲ့ခံစားခွင့်တွေအတွက်အဲ့လောက်တောင်ခက်ခဲနေကြလားလို့မေးချင်ပါတယ်ဗျာ

အဲကွန်းခန်းထဲမှာအလုပ်လုပ်နေကြသူတွေကအရမ်းပင်ပန်းနေကြတယ်ထင်ပါတယ်

နိုင်ငံတော်အတွက်ပေးဆပ်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့မိသားစုဝင်တွေက အသက်လဲသေကြရတယ် ရပိုင်ခွ့င်ကြတော့ ဆင်လီးခွေးမျော်နေရသလိုပဲ အောက်ခြေရဲဘော်တွေရဲ့အသက်တွေနဲ့ဘဝတွေကသေတာတောင် ဘောင်မဝင်သလိုပဲနော်

1 year, 4 months ago
အမ်း နပခ ကျသွားနိုင်လား ရန်သူက စခန်းတစ်ခု၊ မြို့တစ်ခု …

အမ်း နပခ ကျသွားနိုင်လား ရန်သူက စခန်းတစ်ခု၊ မြို့တစ်ခု သိမ်းတော့မယ်ဆိုရင် အမြဲသုံးတဲ့ ဗျူဟာတစ်ခုရှိပါတယ်။ အဖက်ဖက်ပိတ်ဆို့ပြီးမှ သိမ်းတာပါ။ စခန်းထဲ ရိက္ခာ၊ ခဲယမ်း၊ ဆေးဝါးပြတ်လတ်အောင် ပိတ်ဆို့ပြီး စိတ်ဓာတ်ကျတဲ့အချိန်တက်သိမ်းပါတယ်။ လေကြောင်းက ရိက္ခာချပေးပေမဲ့…

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago