Infinity Group

Description
ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ်

သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် –
ကိုအနန္တ @iggp21
ကို​ရွှေကြာ @shwekyarinfinitygroup
ရင်ငြိမ်းမိုး @iggp23
ကိုဉာဏ်ဇင် @nzigp
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 12 months ago

7 months, 4 weeks ago

၁၆.၁၂.၂၀၂၄ ရက်​နေ့က ကန့်ဘလူ​​မြောက်ခြမ်း မန်ကျည်းကုန်းရွာတိုက်ပွဲအတွင်း ​သေဆုံးခဲ့​သော ပျူ​စောထီး ၁၁ ဦး၏ရုပ်အ​လောင်းများအား သက်ဆိုင်ရာ​ကျေးရွာအသီးသီးတွင် ယ​နေ့(၁၈.၁၂.၂၀၂၄)သင်္ဂြိုလ်မည်။

#infinitygroup

10 months, 2 weeks ago

ကန့်ဘလူ​၊ကျွန်းလှနဲ့​ကောလင်းနယ် ​လေ​ကြောင်းအန္တရာယ် အထူးသတိပြု​စေလို

စက်တင်ဘာ ၃၀ ၊ ၂၀၂၄

ဒီရက်ပိုင်း ကျ​နော်တို့ ကန့်ဘလူနယ်နဲ့ ​ကောလင်းနယ်ထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်​ရေးပစ်မှတ်မဟုတ်တဲ့ ​နေရာ​တွေကို စစ်​ကောင်စီက ဗျူဟာ​မြောက်အစီအစဥ်တရပ်အ​နေနဲ့ ​လေ​ကြောင်းက​နေ ပစ်ခတ်​နေပါတယ်။

စက်တင်ဘာ ၂၉ ရက်​နေ့မှာတင် ကန့်ဘလူနယ်ထဲက ပင်းတည်းရွာ၊မန်ကျည်းကုန်း(​မြောက်)ရွာက ​တောရ​ကျောင်း နဲ့ ​ကောလင်းနယ် ​ပေတပင် ရွာသစ်ရွာကို ဂျက်တိုက်​လေယာဥ်​တွေအသုံးပြုကာ ​လေ​ကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီ​နေ့ စက်တင်ဘာလ ၃၀ ရက်​နေ့မှာလည်း ​ကောလင်းနယ် ဥက္ကံရွာကို ​ဂျက်တိုက်​လေယာဥ် ၂ စီးနဲ့ လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ထား​ကြောင်း သိရပါတယ်ခင်ဗျာ။

စက်တင်ဘာလ ၂၉ ရက်​နေ့ကလည်း ကန့်ဘလူ​မြောက်ခြမ်း၊ကျွန်းလှနယ်နဲ့​ကောလင်းမြို့နယ်အစပ်ကို တ​နေကုန်နီးပါး Y12 ​စစ်​ထောက်ပို့လေ​ယာဥ်ပျံဝဲထားခဲ့​ကြောင်း သိရပါတယ်။Y12 ​စစ်​ထောက်ပို့လေယာဥ်ပျံဝဲခဲ့​သော ဧရိယာအတွင်း​နေပြည်သူများ ​လေ​ကြောင်းအန္တရာယ် အထူးသတိပြုနေထိုင်ကြပါခင်ဗျာ။

#infinitygroup

10 months, 3 weeks ago

အရပ်သားပြည်သူနဲ့မိမိတို့လုံခြုံ​ရေး NUG တာဝန်ခံ​တွေ အ​လေးထား​ပြုမူ​နေထိုင်သင့်

စက်တင်ဘာ ၂၆ ၊ ၂၀၂၄

တိုတိုတုတ်တုတ်​ပြောချင်ပါတယ်။အရပ်သားပြည်သူ​တွေနဲ့မိမိတို့ကိုယ်တိုင်ရဲ့လုံခြုံ​ရေးအား​ကောင်းဖို့ဆိုရင် NUGတာဝန်ခံ​တွေအ​နေနဲ့ အသွားအလာ၊အ​နေအထိုင်ကို အ​လေးထားပြုမူ​ဆောင်ရွက်သင့်ပါတယ်။ဒီ​နေရာမှာ မျက်စိဆံပင်​မွှေးစူးစရာကိစ္စရပ်​တခုကို ရှင်းရှင်းလင်းလင်းပဲ တည့်တည့်​​ပြောချင်တာပါ။

NUGတာဝန်ခံ​တွေထဲမှာ လက်ရှိဖြစ်​ပေါ်​နေတဲ့စစ်​ရေး၊နိုင်ငံ​ရေးနဲ့ပတ်သက်လို့ အများပြည်သူအကျိုးအတွက် အ​မြော်အမြင်ရှိရှိနဲ့ ဆင်ဆင်ခြင်ခြင်​နေထိုင်တဲ့ပုဂ္ဂိုလ်​တွေရှိ​နေ​ပေမယ့် တချို့ ဆယ်လီရူး​ရောဂါဖြစ်​နေပုံရတယ်လို့ထင်တယ်။ဒီ​လောက်ဆက်သွယ်​ရေးခက်ခဲ​နေတဲ့ကာလမှာ တခုခုဆို ​ဖေ့စ်ဘုတ်​ပေါ်တင်လိုက်ရမှ၊​ဖေ့စ်ဘုတ်​ပေါ် တက်ယွလိုက်ရမှ အာသာ​ပြေတဲ့အုပ်စုကို​ပြောချင်တာပါ။

ဥပမာဆိုကြပါစို့ ကိုယ်တိုင်က စစ်ဘက်​ရေးရာမှာ မြို့နယ်တာဝန်ခံတ​ယောက်ဖြစ်​နေချိန် ကိုယ်ဘာလုပ်​နေလဲဆိုတာအများသိ​စေဖို့ ကိုယ်​ရောက်တဲ့​နေရာကို မှတ်တမ်းရယူပြီး ​ဖေ့စ်ဘုတ်​ပေါ်တင်တာ၊ကိုယ်သွား​လေရာခရီး ​ချော့​မွေ့ခြင်း ဒါမှမဟုတ် အခက်အခဲဖြစ်ခြင်းကို အများသိ​စေဖို့ ​​ဖေ့စ်ဘုတ်မှာ မျှ​ဝေပြတာ ဒါ​တွေဟာ အပိုကိစ္စ​ရပ်တွေပါ။​

တော်လှန်​ရေးသမားတ​ယောက်ဟာ အခက်အခဲ​တွေကိုအမြဲလိုလို ကြုံရတယ်ဆိုတာ ဦး​နှောက်ရှိတဲ့လူတိုင်း သိနိုင်တာမို့ ဒါမျိုး​တွေကို အွန်လိုင်းမှာမျှ​ဝေတာမျိုး လုပ်ပြဖို့​တောင်မသင့်ဘူးလို့ ကျ​​နော်က​တော့မြင်တယ်။မဟုတ်ရင် ရန်သူက ခင်ဗျားတို့လိုစစ်​ရေးတာဝန်ခံ​တွေ ဘယ်​နေရာသွားတယ်၊ဘာလုပ်တယ်၊ဘယ်လိုသက်​ရောက်မှုရှိလာနိုင်တယ်ဆိုတာမျိုး တွက်ဆနိုင်တာမို့ သတိပြုဆင်ခြင်သင့်ပါတယ်။

​နောက်ဥပမာတရပ်အ​နေနဲ့ ကိုယ်တိုင်က ကျန်းမာ​ရေးတာဝန်ခံ၊ပညာ​ရေးတာဝန်ခံ၊ဆက်သွယ်​ရေးတာဝန်ခံ၊အမျိုးသမီး၊လူငယ်နဲ့က​လေးသူငယ်အ​ရေး​ဆောင်ရွက်​နေတဲ့တာဝန်ခံ သို့မဟုတ် လူ့အခွင့်အ​​ရေးတာဝန်ခံတ​ယောက်ဖြစ်​နေပါလျက် ​သေနတ်ကြီးတကားကားလွယ်ပြီး အလှပုံရိုက်တင်တာမျိုး​၊ နောက် ကိုယ်​ရောက်ရှိ​နေတဲ့ ရုံးစိုက်ရာ​နေရာ၊စစ်​ရှောင်စခန်း​နေရာ​တွေ၊စာသင်​ကျောင်း​တွေက ကိုယ့်ရဲ့လုပ်​ဆောက်ချက်​တွေကို ​ဖေ့စ်ဘုတ်မှာ ချပြတယ်ဆိုတာ​တွေဟာ လုံးဝမအပ်စပ်ဘူးလို့မြင်တယ်။

ကိုယ်၌က လက်နက်ကိုင်ထားတဲ့အရပ်အဝန်းကမဟုတ်လို့ ​သေနတ်ကိုင်ပြီးအွန်လိုင်း​ပေါ်တင်လိုက်တယ်ဆိုတာမျိုးဟာ အထက်ကရေးရာတာဝန်ခံ​တွေရဲ့ ​နေထိုင်ရမယ့်ပုံစံမဟုတ်ဘူးလို့မြင်မိတယ်။​နောက် ကိုယ့်ရဲ့ Activity ​တွေကို ​ဖေ့စ်ဘုတ်မှာချပြတာမျိုး​တွေဟာ ကြည့်ရတဲ့လူ​တွေသိလည်းဘာမှမထူးတဲ့အပြင် မိမိ​ရောက်ရှိတဲ့​နေရာကအစ အန္တရာယ်ရှိတယ်လို့မြင်တယ်။ဒါ​တောင် ကျ​နော်​ပြောတဲ့အထဲ လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်လို​နေရာမျိုး​တွေမပါ​သေးဘူး​​နော်။

တခြား​ပေးစရာဥပမာ​တွေလည်း အများသားပဲကျန်​သေးတာမို့ ​ရေးရင်လည်းကုန်နိုင်မယ်မထင်ပါ။​​တော်လှန်​ရေးကာလမှာ စိတ်ထွက်​ပေါက်တခုအ​နေနဲ့ ဖေ့စ်ဘုတ်လို ဆိုရှယ်ပလက်​ဖောင်းမှာ ​ကဗျာတို စာတိုလိုမျိုးပိုစ့်​တွေတင်တာ၊အချင်းချင်းစကြ​,နောက်ကြတာဟာ အပြစ်​ပြောစရာမဟုတ်​ပေမယ့် တာဝန်ခံလုပ်​နေတဲ့ခင်ဗျားတို့လိုလူ​တွေအ​နေနဲ့ လုံခြုံ​ရေးစည်းမ​ပေါက်​စေဖို့ မိမိတို့ရဲ့ Activity ​တွေကို အွန်လိုင်းပလက်​ဖောင်း​တွေမှာ ​ပေါ​ပေါပဲပဲတင်လိုက်တာမျိုးဟာ လုံးဝမသင့်ဘူးလို့မြင်မိတာအမှန်ပဲ။

ဒီလိုဆို လူ့ဂွစာအုပ်စုက ​ပြောလာမှာတခုရှိတယ်။ဒို့ ဒီလိုလုပ်​နေတာကို အများသိ​အောင်ပြမှ အများရဲ့ယုံကြည်မှုကိုရနိုင်မယ်လို့ ​ပြောလာနိုင်တယ်။တကယ်တမ်းကမဆိုင်ဘူး။ခင်ဗျားတို့တကယ်အလုပ်လုပ်တယ်မလုပ်ဘူးဆိုတာကို ​​ခင်ဗျားတို့ကတိုက်ရိုက်ချပြမှ ဖေ့စ်ဘုတ်​ပေါ်ကလူ​တွေကအသိအမှတ်ပြုတာမျိုးမဟုတ်ဘူး။

ခင်ဗျားသာ တကယ်အလုပ်မလုပ်တဲ့လူဆို ​ဖေ့စ်ဘုတ်မှာ ခင်ဗျားတို့ဘာတင်တင် လူ​တွေက Like တချက် အားနာနာနဲ့​ပေးရင်​ပေးသွားမယ်၊စိတ်ထဲမှာ​တော့ ခင်ဗျားကို မျက်စိဆံပင်​​မွှေးစူးစရာလူလို့ မြင်လာမယ်။ခင်ဗျားသာ တကယ်အလုပ်လုပ်တယ်ဆို ခင်ဗျားတို့နဲ့အနီးစပ်ဆုံး အမှန်တကယ်မြေပြင်မှာရှိတဲ့ ပြည်သူ​တွေက​နေတဆင့် အဲ့ဒီ​​ဖေ့စ်ဘုတ်သုံး​နေတဲ့လူ​တွေဆီ အလိုလိုပြန့်သွားမှာဖြစ်တယ်။

ဒီလိုမှမဟုတ်ပဲ ကိုယ်သွား​လေရာ​နေရာ၊​ရောက်​လေရာအရပ်၊လုပ်​နေတဲ့ Activity တိုင်း ​ဖေ့စ်ဘုတ်​ပေါ်တင်​နေ​သေးတယ်ဆို တာဝန်ခံတ​ယောက်ဖြစ်တဲ့ခင်ဗျားဟာ ​​​ဖေ့စ်ဘုတ်ဆယ်လီရူး​ရောဂါကျွမ်း​နေပြီလို့ ဆိုရမှာဖြစ်တယ်။​​တော်လှန်​ရေးမှာ ​ခြေသံလုံသည်ထက်လုံဖို့ သတိပြုဆင်ခြင်နိုင်ပါ​စေခင်ဗျာ။

ကိုအနန္တ​ရေးသည်

#infinitygroup

10 months, 3 weeks ago

ကန့်ဘလူနယ် ပြည်သူ့ပေးစာကဏ္ဍ (၁/၂၀၂၄)

စက်တင်ဘာ ၂၁ ၊ ၂၀၂၄

Admin တို့ရေ ကန့်ဘလူခရိုင်ရဲ့ ဆက်သွယ်ရေး ကဏ္ဍနဲ့ ပက်သက်ပီး ပြည်သူသိအောင်ပြောစေချင်တာလေး​တွေရှိပါတယ်။ပြည်သူတွေ ဆက်သွယ်ရေး အဆင်ပြေဖို့အတွက် star link ကို အသုံးပြုခွင့်ပေးနေပါပီ။

ကန့်ဘလူခရိုင်မှာလည်း နီးစပ်ရာ ကာကွယ်​ရေးအဖွဲ့​တွေကို မေးကြည့်မိပါတယ်။ဒီကိစ္စတွေဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်ပါဘူးလို့ ငြင်းချက်ထုတ်ထားတာကိုလည်း ကြားမိပါတယ်။

တကယ်ဆိုရင် MOCIT သို့မဟုတ် ပအဖ ဆက်သွယ်ရေးတာဝန်ခံတွေက တာဝန်ယူပီး သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်များနဲ့ ညှီနှိုင်းပီး ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ မြင်မိပါတယ်။သို့ပေမယ့်လည်း ထိုသူတွေက စစ်ရေးသတင်းပေါက်ကြားမှာကိုအကြောင်းပြပီး ခေါင်းရှောင်နေတယ်လို့ မြင်မိပါတယ်။

တကယ့်အရေးကြီး စစ်ဆင်ရေးရဲ့ သတင်းပေါက်ကြားမှုဟာ ပြည်သူဆီက မဟုတ်ဘဲ အတွင်းလူကြောင့်လို့ဘဲ ကျနော်မြင်မိပါတယ်။ဆက်သွယ်ရေး အဆင်မပြေတဲ့ အတွက်ကြောင့်မို့ လူငယ်တွေရဲ့ အသိပညာဖွံ့ဖြိုးရေး ၊ လုပ်ငန်းများရဲ့ နှောင့်နှေးမှုတွေ ဖြစ်စေတယ်လို့ ကျနော်မြင်မိပါတယ်။

တကယ်တော့ အင်တာနက်ဆိုတာ အပျော်သက်သက်အတွက် မဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး သိထားကျပီးသားပါ။ အင်တာနက် Network ကျယ်ပြန့်လာခြင်းနဲ့အမျှ ပြည်သူရဲ့ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေးတို့လည်း ပိုပီးကျယ်ပြန့်တယ်ဆို မြင်မိပါတယ်။

ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုဘဲမဟုတ်လားဗျာ။ဒါကို ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပြည်သူ့အတွက် အခွင့်အရေးမပေးဘူးဆိုတာ ပြည်သူကို မျက်စိပိတ် နားပိတ်ထားချင်တဲ့ သဘောမျိုးများဖြစ်မနေဘူးလား။ပြည်သူရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ခံစားမိပါတယ်။

တစ်ခါတုန်းက ဝန်ကြီးဌာန အစည်းအဝေးတစ်ခုကို online ကနေတက်ရောက်တဲ့ ZOOM meeting တစ်ခုမှာ ပြောသံကြားလိုက်ပါတယ် ။ဒါတွေက ပြည်သူကို အသုံးပြုခွင့်ပေးကို ပေးရမှာပါတဲ့။ ဒါကိုမှ ခရိုင်တာဝန်ခံတွေက စစ်ရေးကို လွှဲချပီး ပြည်သူကို မျက်စိပိတ် နားပိတ်ထားနေတာ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။

မှတ်ချက်။ ။အထက်ပါစာသားအားလုံးသည် Infinity Group ၏ အာ​ဘော် လုံးဝမဟုတ်ဘဲ ပြည်သူတဦးမှ ​ပေးပို့လာသည့် ပြည်သူ့​ပေးစာစစ်စစ်သာဖြစ်ပါသည်။

သူ​ပေးပို့လာသည့်စာအရ အခြား​သောမြို့နယ်များလို ကန့်ဘလူမြို့နယ်အတွင်းရှိပြည်သူများကို အင်တာနက်ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်​စေချင်သည့် အ​ကြောင်းအရာဖြစ်​ကြောင်း ကျ​နော်တို့ Admin Team မှ နားလည်မိပါသည်။

#infinitygroup

11 months ago

သဖန်းဆိပ်ဆည်​အောက်ပိုင်း​နေပြည်သူများ သိရှိရန်

စက်တင်ဘာ ၁၅ ၊ ၂၀၂၄

ဒီရက်ပိုင်း မြန်မာနိုင်ငံ​အောက်ပိုင်း​ဒေသ​တွေမှာ မိုးကြီး​ရေလျှံတာ၊မြို့ရွာ​တွေ​ရေကြီးနစ်မြုပ်တာ၊လူအ​သေအ​ပျောက်များ​တာ စတဲ့သတင်း​တွေကြောင့် သဖန်းဆိပ်ဆည်​အောက်ပိုင်း အထူးသဖြင့် မူးမြစ်ကမ်း​ဘေး​နေထိုင်သူတွေကြားမှာ သဖန်းဆိပ်ဆည်က​နေ ​ရေ​တွေဒလ​ဟော​ဖောက်ချ​နေတယ်ဆိုတဲ့ သတင်းမှား​တွေပျံ့​နေပီလို့ ပြန်ကြားရပါတယ်။

လက်ရှိ ကျ​နော်တို့စုံစမ်းသိရှိရသမျှအချက်အလက်​တွေ၊​သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်အနီး​နေထိုင်တဲ့ ဒေသခံ​တွေရဲ့​ပြောကြားချက်​တွေအရ သဖန်းဆိပ်ဆည်က​နေ ​ရေ​တွေ​ဒလ​ဟော​ဖောက်ချ​နေတာမရှိ​သေးသလို သဖန်းဆိပ်ဆည်ထဲမှာလည်း စိုးရိမ်​ရေမှတ်​ကျော်တာမရှိ​သေးပါ။လက်ရှိအချိန်ထိ သဖန်းဆိပ်ဆည်ရဲ့ ပင်မ​ရေလွှဲ​ပေါက်က​နေ ပုံမှန်အ​နေအထားအတိုင်း ​ရေလွှတ်ထားတာပဲရှိပါ​သေးတယ်။

သဖန်းဆိပ်ဆည်ရဲ့​အောက်ဖက်က ကင်းတပ်ဆည်မှာ​တော့ ရွာဘင်း​ချောင်းရေစီးဝင်တာ၊သဖန်းဆိပ်ဆည်ပင်မ​ရေလွှဲ​ပေါက်ကလွှတ်ထားတဲ့ မူး​မြစ်ရေတိုးလာတာ​ကြောင့် ဆည်ထဲ​ရေပြည့်​နေပြီး Emergency Spillway (အ​ရေး​ပေါ် ​ရေလွှတ်​ပေါက်) က​နေ ​ရေလျှံ​နေပါတယ်။ဒါ​ကြောင့်မို့ ဒီရက်ပိုင်းမှာ ပုံမှန်မိုးတွင်းကာလများလိုပဲ မူးမြစ်​ရေအနည်းငယ်တိုးလာနိုင်ပါတယ်။

ဒီရက်ပိုင်း​နေရာအနှံ့မိုးများတာ​​၊​ချောင်း​ရေနဲ့မူးမြစ်​ရေတိုးလာတာ စတာ​တွေကြောင့် သဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်ကြားက ပုံမှန်​ရေတက်​နေကျ ကုန်းမြင့်ပိုင်း​တွေထိ ​ရေတက်​နေတာကလွဲလို့ ဆည်နှစ်ခု​အောက်ပိုင်းက မူးမြစ်ကမ်း​ဘေး​ကျေးရွာများနဲ့ကင်းတပ်​‐ရွှေဘိုမူး​ဘောင်​ဘေး​ကျေးရွာများ ​ရေ​ဘေးအန္တရာယ် စိုးရိမ်စရာအ​ခြေအ​နေမရှိပါခင်ဗျာ။

ဓါတ်ပုံက​တော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ​အောက်တိုဘာလတုန်းက ကင်းတပ်ဆည် ​Emergency spillway မှ ​ရေလျှံ​နေတဲ့အ​ခြေအ​နေဖြစ်ပါတယ်

#infinitygroup

11 months, 3 weeks ago

ကန့်ဘလူနယ် သတင်း​ကောင်း​တွေရှိမယ်ဗျို့။

11 months, 3 weeks ago

ယောကျ်ားတိုင်း အသက်အရွယ်ခြွင်းချက်မရှိ စစ်မှုထမ်းရ​တော့မည့်အန္တရာယ်

ဩဂုတ် ၂၆ ၊ ၂၀၂၄

ပီးခဲ့တဲ့ရက်ပိုင်းက " ပြည်သူ့လုံခြုံ​ရေးစနစ် " ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ စစ်​​ခေါင်း​ဆောင်က မြို့​ပေါ်မှာရှိတဲ့ရပ်ကွက်​တွေမှာ အသက် ၃၅ နှစ်က​နေ ၆၀ ကြားရှိတဲ့ အမျိုးသား​တွေကို ကင်း​စောင့်ရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီမတိုင်ခင်ကလည်း အသက် ၁၈ က​နေ ၃၅ နှစ်ကြားအရွယ် လူငယ်၊လူလက်ပိုင်း​တွေကို " ပြည်သူ့စစ်မှုထမ်းဥပ​ဒေ " ပြဌာန်းပီး ​ယောကျ်ား၊မိန်းမ မ​ရွေး ​စစ်မှုထမ်းဖို့ ဥပ​ဒေ ပြဌာန်းထားပါတယ်။

တနိုင်ငံလုံး စစ်​ရေးအရှိန်ပြင်းထန်ချိန် အကြီးအကျယ်စစ်ရှုံး​နေတဲ့ စစ်အုပ်စုဟာ ဘယ်သူသ​ဘောတူတူမတူတူ ​နိုင်ငံ​ရေးအရ ​အောက်ကြို့ပီးစေ့စပ်ညှိနှိုင်း​ရေးလမ်းစဥ်ကို​တောင် မ​ရွေးချယ်​တော့ပဲ တိုင်းပြည်တခုလုံး ပျက်စီးရာပျက်စီး​တဲ့လမ်းစဥ်ကို​ရွေးချယ်ပီး အ​သေထွက်ထွက်ဖို့ပြင်​ဆင်နေတဲ့အ​ခြေအ​နေပါ။

ဒီ​တော့ အရင်ကလည်း စစ်မှုထမ်းဥပ​ဒေပြဌာန်းပီး အသက် ၁၈–၃၅ နှစ်ကြားအရွယ်​တွေကို စစ်မှုထမ်းခိုင်းသလို အခုလည်း အသက် ၃၅–၆၀ နှစ်ကြားအရွယ်​တွေကို ပြည်သူ့လုံခြုံ​ရေးအ​ကြောင်းပြပီး စစ်မှုထမ်းခိုင်းတာ​ကြောင့် အရွယ်​ရောက်ပီးသူ အသက် ၁၈ နှစ်က​နေ ​သေခါနီး ၆၀ အရွယ်ကြားက ​ယောကျ်ားတိုင်း စစ်မှုထမ်းရ​တော့မှာပါ။

ရပ်ကွက်ထဲမှာ ကင်း​စောင့်ရုံတင်မကပဲ ​အခန့်မသင့်ရင် ​ရှေ့တန်းစစ်မျက်နှာပြင်အထိ ပို့ခံရမယ့်အန္တရာယ်​တွင်းထဲကို မြန်မာပြည်တွင်းက လူငယ်၊လူလက်၊လူကြီးပိုင်း အမျိုးသား​တွေအကုန် မကြာခင်မှာ ကျ​ရောက်တော့မှာဖြစ်တာမို့ စစ်​ကောင်စီတပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်​တော်လှန်တဲ့လမ်းစဥ်ကိုသာ ​ရွေးချယ်ကြဖို့ တိုက်တွန်းနှိုး​ဆော်လိုက်ရပါတယ်။

#infinitygroup

11 months, 4 weeks ago

​ရွှေဉာဏ်​​တော်စူး​ရောက်​သော ​ဘောမများ

တရက်​သောအခါက

​ဘောမချန်နယ်တခု​တွင် ရေးတင်ထား​သော စစ်​ရေးသတင်းကို ကြည့်မိရာ

" အကြမ်းဖက်​တွေက မိမိတို့....ရွာပြည်သူ့စစ်စခန်းကို ​လေယာဥ်လာပစ်ချိန်မှာ မတိုက်ပဲ ပုန်း​နေပြီး ​လေယာဥ်ပြန်သွားချိန်မှ ပုန်း​နေရာကထွက်ပီး တိုက်​ကြောင်း " အစီရင်ခံထား​​သောပိုစ့်အား ဖတ်ရသည်။

မိမိမှာ ပြုံးစိစိဖြင့် အထက်ပါပိုစ့်​အောက်တွင် မန့်ထား​သော ကွန်းမန့်များအား အစဥ်လိုက်ထပ်မံကြည့်ရှုရာ

" အကြမ်းဖက်​တွေက အခုလိုမျိုး ​လေယာဥ်သံကြားချိန် ပုန်း​နေလိုက် ​လေယာဥ်သံ​ပျောက်သွားချိန် ပုန်းရာကထွက်တိုက်လိုက် လုပ်​နေတယ်ဆိုရင်ဖြင့် မိမိတို့စခန်းမှာ ​လေယာဥ်သံကို အသံဖမ်းထားပြီး အကြမ်းဖက်​တွေလာတိုက်ချိန်မှ ​လော်စပီကာဖြင့် ဖွင့်ထားရင် မ​ကောင်း​ပေဘူးလား " ဟူ​​သော ​ဉာဏ်ကြီးရှင်တဦး၏ မန့်တခုအား မြင်​တွေ့လိုက်ရ​လေသည်။

#infinitygroup

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 7 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 10 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 12 months ago