Why Pay for Entertainment? Access Thousands of Free Downloads Now!

THE BLOSSOMS

Description
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago

1 week, 5 days ago

Hello Babies Blossoms .. 🌸🌸
We have an imperative announcement for you guys >~< 💫🫶🏻

The Blossoms ကနေ audience တွေအတွက် General Knowledge တိုးပွားစေဖို့ Topic ပေါင်းစုံကနေ research တွေပြုလုပ်ရင်း အသိပညာတွေဖြန့်ဝေပေးနေတာ အသိပဲဖြစ်ကြမှာပါနော်။🫶🤍

ယခုဆိုရင်လည်း ကဏ္ဍအစုံ၊ထောင့်စုံကနေလိုက်လံကြည့်ရှုပြီး ပြောင်းလဲဆန်းသစ်တဲ့ပုံစံတစ်ခုကို ချပြဖို့စီစဉ်ခဲ့ကြပါတယ်။ ဒါကတော့ Organization တစ်ခုမှာ အရေးပါလှတဲ့ Logo ကို ပိုပြီး attractive ဖြစ်ဖြစ်နဲ့ လှပ‌သေသပ်အောင် ပြင်ဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။

အဖူးအပွင့်လေးတွေက မြင်သူတိုင်းရင်ထဲမှာ ကြည်နူးမှုဖြစ်စေသလိုမျိုး ပတ်ဝန်းကျင်နဲ့ လူအများအတွက် ကောင်းကျိုးများနဲ့ အကျိုးပြုနေကြတဲ့ The Blossoms ရဲ့ Volunteers လေးတွေကိုရည်ရွယ်ပြီး နှစ်သက်ဖွယ်ဖြစ်အောင် ဆွေးနွေးတိုင်ပင်ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အသေးစိတ်ဂရုတစိုက် စိတ်နှစ်လုပ်ခဲ့ကြတာမို့ New Logo လေးကို ကြည့်ရှုခံစားပေးကြပါဦးရှင် >< 🤍🌸

ယနေ့မှစပြီး New Logo လေးကိုပဲ အသုံးပြုသွားတော့မှာဖြစ်ပြီး ယခင် Logo လေးနဲ့ တွဲမှတ်မိနေသူတွေကလည်း ယခုပုံစံလေးကို ပြောင်းပြီးမှတ်ပေးကြပါရှင်။

နောက်ထပ်အသစ်သစ်သော ပြောင်းလဲမှုတွေအတွက်လည်း ဆက်လက်စောင့်ကြည့်ပေးကြဖို့ပြောရင်း Logo ပြောင်းလဲကြောင်း Announce လုပ်လိုက်ရပါတယ်ရှင်။ 🎉🤍

(ယခင် Logo နှင့်​တစ်​ကွ တင်ပြခဲ့သော Post များသည်လည်း The Blossoms Organization ပိုင်ဆိုင်သောကြောင့် Social Platform များတွင် ကူးယူးဖော်ပြခြင်း သည်းခံပါ။)

#TheBlossoms
#theblossoms100
#NewLogo
#Content_By_EaintCM

2 weeks ago

အပူချိန်တိုးသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာစေမယ့် အချက်(၅)ချက်

ယခုရာသီဟာ နွေရာသီဖြစ်တဲ့အလျှောက် ကျွန်တော်တို့တစ်တွေဟာဖြင့်တစ်နေ့တခြားတိုးလာတဲ့အပူဒဏ်ကိုခံစားကြရပါတယ် ။ ဒီလိုအခြေနေမျိုးမှာ ကျွန်တော်တို့ဟာ အပူဒဏ်သက်သာစေမယ့် အလုပ်တွေ၊နေရာတွေမှာပဲ လုပ်လို၊နေလိုကြပါတယ် ။ ဒါတွေကအထူးအဆန်းတော့မဟုတ်ပါဘူး ။ အဓိကက အပူချိန်တိုးလာတာနဲ့ပဲ ကျွန်တော်တို့လုပ်နိုင်စွမ်းအားတွေလျော့မသွားဖို့ပါ ။ လုပ်နိုင်စွမ်းအားနဲ့ယုံကြည်မှုဘယ်လိုဆက်စပ်နေလဲမေးရင်တော့ တိုက်ရိုက်ကိုအချိုးကျနေပါတယ် ။ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကိုစမလုပ်ခင် ငါဒီအလုပ်ကိုလုပ်ကိုလုပ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိရင် သေချာပေါက်ကို တစ်ဝက်လုပ်ပြီးနေပါပြီ။

ဒါကြောင့်အပူချိန်တိုးသလို ယုံကြည်မှုတိုးလာစေမယ့် အချက်(၅)ချက်ကိုကြည့်လိုက်ကြရအောင် ။

(၁) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ ။

သင့်ရဲ့ ကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမားရေးကိုပါဂရုစိုက်ဖို့ကတော့အခြေခံအကျဆုံးအချက်ပဲဖြစ်ပါတယ် ။ ဥပမာအနေနဲ့ လေ့ကျင့်ခန်းလုပ်ပေးခြင်း ၊ အစားအစားကိုသင့်တင်မျှစွာစားသုံးခြင်း ၊ လုံလောက်စွာအိပ်စက်အနားယူခြင်း ၊ တရားထိုင်ခြင်း ကဲ့သို့သော အပြုသဘောဆောင် လုပ်ငန်းတွေကိုပြုလုပ်ပေးခြင်းက ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းနှင့်အတူ ယုံကြည်မှုပိုပြီးရှိလာစေဖို့ မြှင့်တင်ပေးပါတယ် ။

(၂) သေးငယ်တဲ့ရည်မှန်းချက်တွေချမှတ်ပြီး ပြီးမြောက်အောင်လုပ်ပါ ။

သင့်ရဲ့ကြီးမားတဲ့ရည်မှန်းချက်ကို သေးငယ်တဲ့ရည်မှန်းချက်တွေအဖြစ် အပိုင်းပိုင်းခွဲလိုက်ပြီး စနစ်တကျပြီးမြောက်အောင်ဆောင်ရွက်ပါ ။ ထိုကဲ့သို့သေးငယ်တဲ့ရည်မှန်းချက်တွေပြီးမြောက်ခြင်းဟာ ကြီးမားတဲ့ရည်မှန်းချက်ဆီရောက်ဖို့လက်တစ်လှမ်းအကွာမှာရှိနေပြီး ကိုယ့်ကိုယ်ကိုယ်ပိုပြီး
ယုံကြည်မှုတိုးလာစေဖို့လည်းထောက်ပံ့ပေးပါတယ် ။

(၃)မိမိကိုယ်ကိုအကောင်းမြင်ပါ ။

သင့်ရဲ့အရာရာကိုအဆိုးမြင်တတ်တဲ့စိတ်ကို အကောင်းမြင်တတ်တဲ့စိတ်နဲ့အစားထိုးရပါမယ် ။ သင့်မှာရှိတဲ့အားသာချက်တွေ ၊ အောင်မြင်မှုတွေ ၊ လုပ်နိုင်စွမ်းအားတွေကို သတိတရတွေးပေးခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာအောင်လုပ်နိုင်ပါတယ် ။

(၄) ပညာရပ်တစ်ခုခုကိုဆုံးခန်းတိုင်အောင်သင်ယူပြီး ကျွမ်းကျင်အောင်ပြုလုပ်ပါ ။

ပုံမှန်စာသင်ကြားရေးတွင်သာမက စာဖတ်ခြင်း ၊ ဝါသနာအသစ်ရှာခြင်းတို့မှာပါ ပညာရပ်တစ်ခုခုကိုရှာဖွေပြီး ဆုံးခန်းတိုင်အောင်သင်ယူရပါမယ် ။ ထိုသင်ယူခြင်းမှာစိတ်ပါဝင်စားပြီး ပညာရပ်ကိုကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတာကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာစေပါတယ် ။

(၅) သက်တောင့်သက်သာဖြစ်နေတဲ့ အခြေအနေမှရုန်းထွက်ပါ ။

သင်သိပ်ပြီးသဘောမကျတဲ့၊ခက်ခဲ့တဲ့ အလုပ်တွေနဲ့ မလုပ်ဆောင်ဖူးသေးတဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖို့ စိန်ခေါ်ရပါမယ် ။ အကယ်လို့သင်ထိုအလုပ်တွေကိုပြီးမြောက်အောင်လုပ်ပြီးအောင်မြင်မှုရရှိခဲ့ရင် သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေဟာ ၂ဆတက်လာမှာဖြစ်ပြီး မအောင်မြင်ခဲ့ရင်တောင် ထိုအလုပ်လုပ်တွေပြီးမြောက်အောင်လုပ်နိုင်ခြင်းရဲ့ အတွေ့အကြုံကနေပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးလာစေဖို့ ကူညီပေးမှာပဲဖြစ်ပါတယ် ။

#TheBlossoms100
#Contentbyshui
#Graphicbyoliver

2 weeks, 3 days ago

Childhood Trauma ကိုဘယ်လို overcomeလုပ်ကြမလဲ?🤔

📌Journaling ရေးပါ။

📌ကောင်းကောင်း အနားယူပါ။Social break လေးလုပ်ကြည့်ပါ။
📍workout လုပ်ကြည့်ပါ။
📍mindfulness ရှိအောင် လေ့ကျင့်ပါ။
📍မိမိဝါသနာပါတာလေးတွေအတွက် အချိန်ပေးကြည့်ပါ။

📌learn to forgive and letting go. ကိုယ့်ကို နာကျင်စေခဲ့တဲ့အရာတွေကို လွှတ်ချဖို့ကြိုးစားကြည့်ပါ။
📍တစ်ချို့ trauma တွေဟာ skip and letting go လုပ်နိုင်ရပါမယ်။

📌counseling session ယူခြင်းဟာeffective ဖြစ်တဲ့နည်းလမ်းတစ်ခုပါ။mental health counselor တွေဟာကိုယ့်ရဲ့ thoughts တွေ၊feelings တွေကို judgeမလုပ်ဘဲဆွေးနွေးပေးနိုင်တဲ့safe space တစ်ခုပါ။

ဒီလောက်ဆိုရင် childhood trauma ဆိုတာ ဘာလဲ။ဒီtraumaကို ဘယ်လို overcome လုပ်ရမလဲ အစရှိတဲ့အကြောင်းအရာလေးတွေကို ရှင်းလင်းသွားကြမယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲ ကောင်းမွန်တဲ့ lifestyle လေးတွေ build up လုပ်နိုင်ကြဖို့မျှော်လင့်ပါတယ်။

How to overcome childhood trauma?🤔

📍Journaling can be a powerful tool for processing and reflecting on one's experiences. It provides a private space for individuals to express their thoughts and feelings without fear of judgment, allowing them to relax and explore their emotions.

📍Learn to forgive and let go of past grievances. Holding onto resentment only prolongs suffering. Don’t try to stay in past. Learn to forgive and letting go.
📍It's okay to skip or let go of activities or people that trigger traumatic memories.
📌Counseling sessions with mental health professionals can be highly effective in providing a safe space for individuals to explore their thoughts and feelings, without fear of judgment. Counselors can offer guidance and support in processing traumatic experiences and developing coping strategies.
These approaches can help individuals heal from childhood trauma and move forward towards a healthier and happier life.

2 weeks, 5 days ago

✌️အဓိကအားဖြင့်ကတော့ခံတွင်းသန့်ရှင်းရေးကိုသေချာ လုပ်ပေးတာတို့၊ နူးညံ့တဲ့သွားတိုက်တံကိုအသုံးပြုတာတို့၊ ကိုယ့်ရဲ့ stress ကိုလျှော့ချပေးတာတို့၊ ဆေးလိပ်သောက်တာ ကွမ်းယာစားတာတွေကိုလျှော့ချနိုင်မယ်ဆိုရင်ကျန်းမာလှပတဲ့ Pinky Gums (အပန်းရောင် သွားဖုံး) ကို ပိုင်ဆိုင်နိုင်မှာအမှန်ပါဘဲ။
ဒါကြောင့်မို့သွားဖုံးရောင်တာတို့သွားဖုံးသွေးယိုတာတို့ ဖြစ်လာရင်လျစ်လျူရှုပြီး မနေပါနဲ့။ ဘာကြောင့်လဲဆိုတော့ သွားဖုံးရောင်ရမ်းခြင်း သွေးထွက်ခြင်းကခန္ဓာကိုယ်ထဲသို့ ရောဂါဝင်ရောက်မှုကို
အလွယ်တကူ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွားဖုံးရောင်ခြင်း(Gingivitis) သည် Periodontitisဟုခေါ်သော သွားစိုက်ရာအရိုးများနှင့်အရွတ်များရောင်ရမ်းသော ရောဂါ၏ လက္ခဏာတစ်ရပ်ပင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားဖုံးရောင်ရမ်းနာ ဖြစ်လျှင် သွားကျန်းမာရေး၊ သန့်ရှင်းရေးကို အထူးဂရုပြုရန်လိုအပ်သလို သွားဖုံးရောင်ရမ်းခြင်း၏ အကြောင်းရင်းကို ရှာဖွေကုသပေးရန် ကျွမ်းကျင်သောဆရာဝန်များနှင့်တိုင်ပင်ကုသရန်လည်း လိုအပ်ပါတယ်။

🥰 အားလုံးဘဲ ဆောင်ရန်ရှောင်ရန်တွေကို သိသွားပြီဆိုတော့ ကျန်းမာရေး ဗဟုသုတတွေအပြင် သန်မာလှပတဲ့ Pinky gums လေးတွေကို ပိုင်ဆိုင်သွားကြမယ်လို့ The Blossoms က‌နေမျှော်လင့်ပါတယ်💓

✌️Mainly, by ensuring good oral hygiene, using a softer toothbrush, reducing your stress, decreasing the amount of smoking and betel nut chewing, it’s no secret that you can maintain a set of beautiful healthy pinky gums.

Therefore, you shouldn’t ignore when issues such as gum inflammation and gum bleeding arise. As these issues can cause diseases to easily enter your body. Additionally, Gingivitis can be a symptom of Periodontitis, a disease in which bones supporting the teeth and ligaments around the dental implants are inflamed. So if your have gingivitis, it’s necessary to not only pay special attention to your dental health and dental hygiene, but also to consult with physicians to find out the causes of the disease. 

🥰 Now that everyone knows the do’s and don’ts, The Blossoms hope that you will have the essential health knowledge as well as strong beautiful pinky gums. 💓

2 weeks, 5 days ago

Iron is a must in producing red blood cells and other blood platelets. Therefore, deficiency of iron disturbs the natural occurring blood clotting and makes the blood not flow well to the gum creating bacteria and oral laceration resulting in gum swelling. To prevent it, one should eat spinach, sprouts, shellfish, and red meat.

🌟Leukemia~

Leukemia is a type of blood cancer. When someone is diagnosed with leukemia, the production of various types of blood cells becomes abnormal and produces less platelets and red blood cells which causes continuous gum bleeding as a result. Eating sprouts, a variety of vegetables, fruits, grains, fat free dairy products, olive oil and drinking more water somehow prevent suffering from leukemia.

2 weeks, 5 days ago

🌟Vitamin C ချို့တဲ့ခြင်း~

ဗီတာမင်စီ က သွားဖုံးကြွက်သားများနှင့် သွေးကြောများတွင် အဓိကပါဝင်သော ကိုလဂျင်(collagen)ထုတ်လုပ်မှုတွင်အရေးပါ ပါတယ်။  ဒါကြောင့် ခန္ဓာကိုယ်မှာ Vitamin C အလုံအလောက်မရရှိရင် Collagen အမြောက်အမြား ပျက်စီးဆုံးရှုံးမှုဖြစ်ပြီး သွေးယိုစိမ့်မှုများ ဖြစ်ပွားစေတဲ့အတွက်‌ Vitamin C ချို့တဲ့သူများတွင် သွားဖုံးများ ရောင်ရမ်း ပြီး သွေးယိုစိမ့်မှုများ ဖြစ်ပွားတာကို တွေ့ရတတ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ ( သံပရာ၊ စတော်ဘယ်ရီ၊ လိမ္မော်) စားသုံးပေးခြင်းဖြင့် vit C ချို့တဲ့မှုကို ကာကွယ်နိုင်ပါတယ်။

🌟Vitamin K ချို့တဲ့ခြင်း~

Vitamin K ချို့တဲ့မှုသည်လည်း သွားဖုံးတွင်သွေးယိုစိမ့်မှု ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်ကေ သည် သွေးကြောတွင်း သွေးခဲမှုဖြစ်စဥ်တွင် အရေးပါသောကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ထို့ကြောင့် ယင်း ဗီတာမင်ချို့တဲ့ပါက သွေးကြောများတွင် အနာတရဖြစ်ချိန်၌ ကောင်းမွန်စွာ သွေးခဲမှု မဖြစ်ပေါ်၍ သွေးများယိုနိုင်ပါတယ်။ ဗီတာမင်ကေ ကြွယ်ဝသော အစားအစာများ (ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းများ) စားသုံးပေးခြင်းဖြင့် vit k ချို့တဲ့မှုကို လျှော့ချနိုင်ပါတယ်။

🌟ကိုယ်ဝန်ဆောင်စဥ်သွားဖုံးသွေးယိုခြင်း~
ကိုယ်ဝန်ဆောင်စဥ်တွင် အီစထရိုဂျင် (estrogen) နှင့် ပရိုဂျက်စတီရုန်း (progesterone)  ဟော်မုန်းများ မြင့်တက် ပြောင်းလဲလာသဖြင့် သွားဖုံးများဆီသို့ သွေးလည်ပတ်မှုများလာပါတယ်။ ထို့အပြင် သွားချေးများတွင် နေသော ဘက်တီးရီးယားပိုးများကို ခုခံတိုက်ခိုက်နိုင်စွမ်းကိုလည်း လျော့စေသည်ဟု ယူဆကြပါတယ်။  ထို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် သွားဖုံးရောင်ရမ်းခြင်း သွေးယိုခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သွားဖုံးသွေးယိုခြင်းကို ကာကွယ်နိုင်ရန် အိုမီဂါ-3 fatty အက်ဆစ် ကြွယ်ဝသော အစားအစာများ ( ဆာလ်မွန်ငါး ၊ သစ်ကြားသီး) ၊ Vit C , Vit D , Zinc ဓာတ်ကြွယ်ဝသော အစားအစာများ သုံးဆောင်ပေးနိုင်ပါတယ်။

🌟သံဓာတ်ချို့တဲ့မှု~

Iron(သံဓာတ်) သည် (Red blood cell)သွေးနီဆဲလ်များ နှင့် တခြားသွေးဆဲလ်များ(platelets စသည်) ထုတ်လုပ်မှုတွင် မပါမဖြစ်  ပါဝင်ပါတယ်။  ထို့ကြောင့် သံဓာတ်ချို့တဲ့လျှင် သဘာဝ သွေးခဲမှုဖြစ်စဥ်(Clotting)ကို အနှောင့်အယှက်ပေးသည့်အပြင် သွားဖုံးများဆီသို့ သွေးရောက်ရှိမှုနည်းပြီး ပိုးမွှားများ အနာတရများကိုရရှိဖို့လည်း အားပေးသည့် အတွက်ကြောင့် သွားဖုံးရောင်ခြင်းကို တွေ့ရှိရတတ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ shellfish ၊ red meat တို့ကို စားသုံးပေးနိုင်ပါတယ်။

🌟Leukemia (လူကီးမီးယား)~

Leukemia သည် သွေးကင်ဆာတမျိုးဖြစ်သည်။ သွေးကင်ဆာဖြစ်လျှင် သွေးဆဲလ် အမျိုးအစားအားလုံးထုတ်လုပ်မှုများ မူမမှန်ဖြစ်ပြီး Platelets ဆဲလ်များ၊ သွေးနီဥများ ထုတ်လုပ်မှုကို နည်းပါးစေသဖြင့် သွားဖုံးသွေးယိုစိမ့်မှုကို အဆက်မပြတ် ဖြစ်စေနိုင်သည်။
ပဲပင်ပေါက် နှင့် အမျိုးမျိုးသော အသီးအရွက် ၊ အသီးအနှံ ၊ အစေ့အဆန်များ၊ အဆီဖယ်ထုတ်ပြီးသော နို့ထွက်ပစ္စည်းများ ၊ သံလွင်ဆီ နှင့် ရေ များများ သောက်သုံးပေးခြင်းကလည်း leukemia ဖြစ်ခြင်းကို တစ်ထောင့်‌တစ်နေရာမှ ကာကွယ်ပေးနိုင်ပါတယ်။

🌟Deficiency of Vitamin C~

Vitamin C plays an important role in producing collagen in gum muscles and blood vessels. That’s why, if our body doesn’t have sufficient amounts
Of Vitamin C, there will be a huge loss of collagen and thus resulting in bleeding. Therefore, gums swelling and bleeding is commonly seen in ones whose Vitamin C amount is insufficient. Eating foods which are rich in Vitamin C such as lemon, strawberry, orange can prevent deficiency of Vitamin C.

🌟Deficiency of Vitamin K~

Deficiency of Vitamin K can also cause bleeding in gums. Vitamin K is essential in blood clotting in blood vessels. Thus, if Vitamin K is insufficient, the blood cannot be clotted when the blood vessels are damaged. Foods which are rich in Vitamin K like kale, broccoli, dairy products can increase Vitamin K amount.

🌟Gum bleeding in pregnancy~

During pregnancy, due to the increase of estrogen and progesterone hormones, more blood starts to flow in the gum. Besides, some assume that it also makes the immune system weak and thus can’t fully defend against bacteria in tooth plaque. That’s why, gum inflammation and gum bleeding is quite common in pregnant women. During pregnancy, salmon fish, walnuts and food that are rich in Vitamin C, Vitamin D and omega-3 fatty acid are recommended to consume.

🌟Iron deficiency~

3 weeks, 5 days ago
THE BLOSSOMS
3 weeks, 5 days ago

2024 ရဲ့goals တွေထဲမှာစာဖတ်ဖို့ အလေ့အကျင့်ကိုထည့်ထားတဲ့သူတွေရှိလားရှင့်။ ရှိတဲ့ဆိုရင်တော့ ဒီcontent လေးကအရမ်းကိုအကျိူးရှိမှာပါရှင့် ။စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတ တိုးပွားခြင်း ၊တွေးခေါ်နိုင်စွမ်းအားကောင်းခြင်းနဲ့ အာရုံစူးစိုက်မှုအားကောင်းခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။စာဖတ်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပေါ်လာအောင်လုပ်ဆောင်သင့်တဲ့အချက်အလက်တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင့်📚📖

စာအုပ်ရွေးချယ်ခြင်း 📒

စာအုပ်ရွေးချယ်ခြင်းက စာဖတ်ရာမှာchallange တစ်ခုပဲဖြစ်ပါတယ်။ စာအုပ်တွေအများကြီးရှိတဲ့အတွက်တစ်ခါတစ်ရံစာအုပ်ရွေးချယ်ခြင်းကခက်ခဲစေပါတယ်။ စာအုပ်ရွေးချယ်ရာမှာကိုယ်လေးစားအားကျရတဲ့သူတွေကိုမေးမြန်းနိုင်သလို၊ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်တွေကိုလည်းဖတ်နိုင်ပါတယ်။

စာဖတ်ခြင်းကိုenjoy ဖြစ်အောင်လုပ်ခြင်း

ကိုယ်ကစာတစ်မျက်နှာပဲဖတ်ဖြစ်ခဲ့ရင်လည်းတစ်မျက်နှာဖတ်ဖြစ်ခဲ့တာကိုappreciate လုပ်သင့်ပါတယ်။ စာအုပ်ဖတ်ရာမှာကိုယ်စိတ်ဝင်စားတဲ့စာအုပ်၊ကိုယ်တိုးတက်ချင်တဲ့ skill တွေပါတဲ့စာအုပ်ကိုစပြီးဖတ်သင့်ပါတယ်။ကိုယ်စိတ်ဝင်စားမှုနဲ့ ဆက်စပ်တဲ့စာအုပ်တွေကိုဖတ်ခြင်းဖြင့် စာဖတ်ရမှာအလေ့အကျင့်ရပြီးပျော်ရွှင်လာမှာဖြစ်ပါတယ်။

စာဖတ်တဲ့ အလေ့အကျင့်ပျိူးထောင်ခြင်း 📎

စာဖတ်ခြင်းကိုကျောင်းမသွားခင်နဲ့အလုပ်မသွားခင်အချိန်တွေမှာဖတ်လို့ရပါတယ်။စာဖတ်ခြင်းကိုကိုယ်အကြိုက်ဆုံးနေရာမှာဖတ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ စာအုပ်နဲ့ဘောပင်ကိုအနားမှာထားပြီး စာအုပ်ထဲကကိုယ်ကြိုက်တဲ့အကြောင်းအရာတွေကို note မှတ်ထားသင့်ပါတယ်။ စာစဖတ်ရာမှာ မိနစ် ၂၀ (သို့မဟုတ် )၃၀ မှစပြီးဖတ်ခြင်း ၊ စာမျက်နှာ၂၀ အထိဖတ်ခြင်း ဒီလိုအလေ့အကျင့်တွေကစပြီး လေ့ကျင့်လို့ရပါတယ်။ဒီလိုနည်းလမ်းတွေက အစပိုင်းမှာ နည်းတယ်လို့ထင်ရပေ့မဲ့အချိန်ကြာလာတာနဲ့အမျှကိုယ်ကအများကြီးဖတ်နိုင်တာကိုတွေ့ရမှာပါ။

မနက်ပိုင်းမှာစာဖတ်ခြင်း☀️

မနက်ပိုင်းမှာကိုယ်ရဲ့ စိတ်ကကြည်လင်ပြီး ခန္ဓာကိုယ် ကလည်း လန်းဆန်းနေတာမို့ကိုယ့်ကိုယ်ကိုယ်ရင်းနှီးဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။မနက်ခင်းပိုင်းမှာ စာမျက်နှာ နည်းနည်းပဲ ဖတ်ဖြစ်ရင်လည်းအဆင်ပြေပါတယ်။ ကြီးမားတဲ့ပြောင်းလဲမှုတွေမလုပ်ခင်မှာသေးငယ်တဲ့အရာတွေကစပြီးလုပ်နိုင်ပါတယ်။

ဖတ်ပြီးသမျှ ကိုshare လုပ်ခြင်း👩‍👩‍👧‍👦

စာအုပ်ဖတ်ပြီးရင်ကိုယ်ဖတ်ခဲ့ သမျှကိုမှတ်မီဖို့အလွယ်အကူဆုံးနည်းလမ်း မှာပြန်လည်မျှဝေခြင်းပဲဖြစ်ပါတယ်။ လူတော်တော်များကစာဖတ်ပြီးရင်မေ့သွားတက်ပါတယ် ။ဒါကြောင့်ကိုယ့်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်တွေကိုပဲ ပြန်လည်မျှဝေသင့်ပါတယ် ။ စကားစမြည်ပြောတဲ့အချိန်မှာစာအုပ်တွေထဲမှာပါတဲ့ အကြောင်းအရာတွေ၊စာအုပ်နဲ့ပတ်သတ်တဲ့အတွေးအမြင်တွေကိုပြန်လည်မျှဝေသင့် ပါတယ် ။

စာဖတ်ခြင်းကကိုယ့်အတွက် အကျိုးကျေးဇူး အများကြီးဖြစ်စေတဲ့အတွက် စာဖတ်ခြင်းကိုအချိန်တစ်ခုပေးနိုင်အောင်ကြိုးစားသင့်ပါတယ် ။ဒီနည်းလမ်းတွေကိုသုံးပြီးကိုယ့်ရဲ့စာဖတ်တဲ့လေ့အကျင့် တွေကိုပြောင်းလဲကြည့်ပါ နော်။ ဒီလိုဗဟုသုတဖြစ်စရာအကြောင်းအရာတွေကိုဖတ်ရတာစိတ်ဝင်စားရင်မင်မင်တို့ The Blossoms page ကို like & followလုပ်ဖို့မမေ့ပါနဲ့ရှင့်။🎀📙The Blossoms က update လေးတွေကိုအချိန်နဲ့တပြေးညီသိဖို့ telegram channel လေးကိုjoin ထားလို့ရပါတယ်နော်
https://t.me/theblossoms100

#contentbymay #graphicbysui
#readinghabit #theblossoms

4 weeks, 1 day ago
1 month ago
Japanese N4 free language class လေးအပ်လို့ရပါပြီ

Japanese N4 free language class လေးအပ်လို့ရပါပြီ

https://www.facebook.com/61554809163747/posts/pfbid0Fq3xuw7FW9CaQYkfBTmi3ikQA74zkDppu3ZsahUJzBstv9jXyqX57hpCnGjvLxNTl/?

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 6 days, 12 hours ago

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက ⬇️⬇️
Admin acc @sithuaung2006

https://t.me/+q5t2NMwj5EllYTk9

Last updated 6 days, 12 hours ago