??????? ??????

Description
“Learn to rest,not to quit”

๑ ⋆˚₊⋆────ʚ˚ɞ────⋆˚₊⋆

Ch date time - 27.8.2023
Ch restart date time - 16.1.2024

✩ ✼ 。゚・ ☆ ° 。ㅤ→ ༄ ‧₊˚
˖ ∿ ? ˓ ⊹ ָ࣪ ˓˓ ˒˒ ، ˖ ࣪? ˖ ՚༹ ˙˖
━ ━ ━ ━ ━ ━ ━ ━ ━ ━ ━

Owner - #????
Sce owner - #lale
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 month, 2 weeks ago

Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။

Link - @onichantranslations

Last updated 4 days, 10 hours ago

@vip_admin_3

Last updated 2 months, 4 weeks ago

3 months ago
3 months ago
4 months, 3 weeks ago
*****?*** Quote of The Day ***?*****

*? Quote of The Day ?***

#credit
#quoteoftheday
#Bianca
#????

4 months, 4 weeks ago

လိပ်ပြာလုံတယ်

ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့ အရိုးသားဆုံး နေထိုင်ပါတယ် ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်. . .

အမြင့်ရောက်ဖို့အတွက်ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း ကိုယ့်ပျော်ရွှင်မှု့ကို
မဖန်တီးခဲ့ဖူးဘူး ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

မလာချင်တဲ့သူတွေကို ဘဝထဲ အတင်း မခေါ်ခဲ့သလို မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား

အလိမ်အညာတွေ ခံရဖူးတယ် အ သုံး ချ
ခံ ခဲ့ ရ ဘူး တယ် အထင် အမြင်တွေ
လွဲတာခံရဖူးတယ် စေတနာတွေ စော်ကားခံရဖူးတယ်. . .

မခံမရပ်နိုင်လို့ တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

ဟုတ်ပါတယ် ဘာမဟုတ်တာလေးတွေပါပဲ
ဘာမဟုတ်တာလေးတွေ တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်

အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

အပြုံးလှလှလေးတွေကိုလည်း
မ တပ် မ က် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်

အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး မကြိုက်ရင်
မကြိုက်ဘူး မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ ဟန်ဆောင်ပြီး
ဘာမှ ရင်ထဲက စေတနာမပါပဲ မလုပ်ပါနဲ့

ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ ကိုယ်ဖြစ်ရင်
ကိုယ်ဘဲခံရမှတော့ ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား?♥️

#credit_to_org_writer_fb
#စာပေ
#လိပ်ပြာလုံတယ်
#????

5 months ago

မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာ ညီလေးတစ်ယောက်က မေးတယ်။
အကို ကမ္ဘာမှာ အကောင်းဆုံးကားက ဘာ ကားလဲတဲ့?
အကို့ကားပဲ ညီလေး ဆိုတော့ ဘယ်ကားလဲတဲ့။
အဲဒါနဲ့ ရပ်ထားတဲ့ Vitz လေးကို လက်ညှိုးထိုးပြလိုက်တယ်။
ဟာ အကို့ဟာ Vitz ကြီးလေတဲ့။ ဘယ်လိုလုပ် ကမ္ဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့။
လန်ဘော်ဂီနီတို့ ဖာရာရီတို့က ကမ္ဘာ့အကောင်းဆုံး ကားတွေ မဟုတ်ဘူးလားတဲ့။ Vitz တော့ မဟုတ်လောက်ပါဘူးတဲ့။
ကျွန်တော် သူ့မေးခွန်းကို ထပ် မဖြေသေး ပဲနဲ့ သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်္ကျီမြင်ဖူးလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။
ဒီအင်္ကျီပဲလို့ပြောတော့ သူကမေးတယ်။
ဘယ်လောက်ပေးရလဲတဲ့?
ဘတ် တစ်ရာ ညီလေးလို့။ မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်လို့။
ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတော့ ချာတိတ်က ရယ်သွားတယ်။ ဒီဘဲ ကြီးငါ့ကိုလာစားနေတယ် ထင်သွားပုံရတယ်။
ကျွန်တော် သူ့ကိုထပ်မေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖုန်းကော ညီလေး သိလားဆိုတော့ အကို့ဖုန်းမလားတဲ့။ ပြောပြီးရယ်နေတယ်။
အေး မင်းတော်လာပြီလို့
ပြောရင်းနဲ့ သူ့ကို ပြန်ရှင်းပြဖြစ်တယ်။
ညီလေး လက်မှာပတ်ထားတဲ့ နာရီလေး ဘယ်လောက်ပေးရလဲဆိုတော့ ခြောက်ထောင်တဲ့။ ဝယ်ထားတာ ခုနှစ်လရှိပြီတဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးနာရီပဲလို့။
ဘာဖြစ်လို့လဲဆိုတော့ မင်းပိုင်ဆိုင်ထားပြီး မင်းလက်မှာ မင်းပတ်ခွင့်ရနေလို့ လို့။
ညီလေးလက်က တက်တူးကကော ဘယ်လောက်ပေးရလဲ ဆိုတော့ ဘုရား ပွဲစျေးမှာထိုးတာတဲ့။ တစ်သောင်းကျော် ကျတယ်တဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက်တူးပဲလို့။ ဘာဖြစ်လို့လဲဆိုတော့
မင်းခန္ဓာကိုယ်ပေါ်မှာ ရှိခွင့်ရနေလို့လို့။
ညီလေး စီးထားတဲ့ ဖိနပ်ကော ဘယ်လောက်လဲဆိုတော့ ခြောက်ထောင်တဲ့။ ရေစိုခံလို့ဝယ်ထားတာတဲ့။
အေးအဲဒါလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖိနပ်ပဲလို့။ ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပဲလို့ ဆိုတော့ ကောင်လေး ခဏ ငိုင်ကျသွားတယ်။
နောက်တော့မှ ကျွန်တော်သိပြီတဲ့။ ကျွန်တော် မှာ မရှိတဲ့ အရာထက် ရှိနေတဲ့အရာက ပိုတန်ဖိုးရှိတယ် အကိုပြောတာတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ တဲ့။
ကျွန်တော်တို့တွေရဲ့ ပြသနာအများစုက က ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားပဲ မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ။
ကိုယ်နေတဲ့အိမ်။ ကိုယ်လုပ်နေတဲ့အလုပ်။ ကိုယ်စီးနေတဲ့ကား။ ကိုယ့်ရဲ့လက်တွဲဖော်။ ကိုယ့်မိသားစု။ စသဖြင့်ပေါ့။
အနားမှာရှိတဲ့သူတွေ.. ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ ထက် ကိုယ့်မှာ မရှိတဲ့ အရာတွေ ပေါ် ပိုပြီးအာရုံစိုက်မိနေကြတာ။
ကိုယ့်မိသားစုမှာပြသနာ ရှိပေမယ့် တစ်ခြားလူတစ်ယောက်ရဲ့ ပြသနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့ မိသားစုကို အားကျနေတယ်။
ကိုယ့် မှာရှိနေတဲ့ ဆိုင်ကယ်လေးထက် ပိုပြီး စျေးကြီးပြီး လူကြိုက်များတဲ့ ဆိုင်ကယ်ကိုပို တန်ဖိုးထားမိတယ်။
ကိုယ့်မှာ ရှိနေတဲ့ လက်တွဲဖော်ထက် ပိုချောတယ်လို့ထင်ရတဲ့ သူတစ်ဦးကို ပိုတန်ဖိုးထားမိတယ်။
ကိုယ့် အလုပ်ထက် အဆင်ပိုပြေနေတယ်လို့ထင်နေရတဲ့ သူများအလုပ်ကို ပိုလုပ်ချင်မိတယ်။
လူ့သဘာဝက လူတိုင်းအကောင်းကြိုက်ပါတယ်။
ပိုကောင်းမယ်လို့ထင်ရ တဲ့အရာကိုပဲ ဘယ်သူမဆိုလိုချင်မိကြတာ မမှားပါဘူး။
တစ်ခါတစ်ခါကျတော့ ပိုကောင်းတဲ့ အရာတွေကို အာရုံစိုက်တာ များသွားပြီးရှိနေတာတွေကို တန်ဖိုးမထားမိတာတွေ ဖြစ်တတ်ပါတယ်။
ဒါကိုသတိမထားမိခဲ့လို့ ရှိနေတဲ့အရာတွေပါ ဆုံးရှုံးသွားတဲ့ လူတွေလည်း ဒုနဲ့ဒေး နဲ့ပါပဲ။
ပိုကောင်းတဲ့အရာတွေကို မျှော်လင့်တာ မ မှားပေမယ့် ရှိနေတဲ့ အရာတွေကို လည်း တန်ဖိုးထားဖို့ မေ့နေကြမှာစိုးလို့ မေတ္တာနဲ့ သတိပေးချင်တာပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားက သင်စီး နေတဲ့ ကား ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးစက်ဘီးက သင်ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေး ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူက သင့်အနားမှာရှိတဲ့ သင့်ချစ်သူပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစု က သင့်ကို ချစ်တဲ့ သင့် မိသားစုပါ။
ကမ္ဘာပေါ်မှာ အတော်ဆုံးလူက သင် ကိုယ်တိုင်ပါပဲ။

--------@@@--------
အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။

အားလုံးအတွက်

#credit_to_org_writer_fb
#စာပေ
#????

5 months ago

"စိတ်ငြိမ်းချမ်း​ရေး ​ဖော်မြူလာ ၃ ခု"

? အေးချမ်းတဲ့ ဘဝတစ်ခု ရဖို့ဆိုရင် -

• သိပ်မမျှော်လင့်နဲ့။
• သိပ်မတွယ်ငြိနဲ့။
• လိုချင်တဲ့စိတ် သိပ်မများနဲ့။

ဒီ ၃ ချက် အတော်အရေးကြီးတယ်။

? လူတွေကို ကူညီတဲ့အခါ တုံ့ပြန်မှုကောင်းကောင်းရဖို့ အနည်းနဲ့အများတော့ မျှော်လင့်မိကြတာပဲ။ အနိမ့်ဆုံး ကျေးဇူးတင်စကားလောက်ဖြစ်ဖြစ်ပေါ့။ အဲဒီလောက်ကလေးတောင် ပြန်မရတဲ့အပြင် ကျေးဇူးပါ ကန်းသွားတာတွေ ကြုံဖူးကြပါလိမ့်မယ်။

ဒီလိုနဲ့ စိတ်ပျက်လာတယ်။ လူတွေကို ကူညီချင်စိတ် နည်းပါးလာတယ်။

? အဓိကက မျှော်လင့်မိတဲ့ ပြဿနာပဲ။ လူတွေရဲ့ တုံ့ပြန်မှုဆိုတာ ကိုယ်ထိန်းချုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကိုယ့်လုပ်ရပ်ကိုသာ ကိုယ်ထိန်းချုပ်လို့ရတယ်။

ကူညီစရာရှိတာ ကူညီမယ်။ ဘာမှ ပြန်မျှော်လင့်မထားဘူး ဆိုတာမျိုးကသာ အကောင်းဆုံးပဲ။ သုညအခြေအနေမှာ ထားထားတဲ့အတွက် ရသမျှက အမြတ်ဖြစ်သွားတယ်။ ဘာမှ မရလည်း မခံစားရတော့ဘူး။

? တစ်ခါလည်း ရေးဖူးတယ်။

Expectation – Reality = Stress

မျှော်လင့်ထားတာနဲ့ လက်တွေ့ဖြစ်လာတာ ကြားထဲက ခြားနားချက်ဟာ စိတ်ဖိစီးမှု ဖြစ်တယ်။ ဒါကြောင့် မျှော်လင့်တာကို လျှော့ထားလေလေ၊ လက်တွေ့ဖြစ်လာတာကိုပဲ ကောင်းသထက် ကောင်းအောင် အားထုတ်လေလေ၊ အဲဒီလူရဲ့ စိတ်ဖိစီးမှုဟာ လျော့နည်းလေ ဖြစ်ပါတယ်။

နေ့စဉ်ဘ၀ ဖြတ်သန်းမှု၊ လူမှုရေး၊ အချစ်ရေး၊ နောက်ဆုံး နိုင်ငံရေးအထိ ဒီဖော်မြူလာကို အသုံးချလို့ ရပါတယ်။

? နောက်တစ်ချက်က သိပ်မတွယ်ငြိဖို့။

Buddhism ရဲ့ တကယ့်အနှစ်သာရက အဲဒါပဲ။ သစ္စာ ၄ ပါး၊ ပဋိစ သမုပ္ပါဒ်၊ ဒါတွေက တွယ်ငြိမှုကြောင့် ဆင်းရဲဒုက္ခ ရောက်နေရတာ ဖြစ်တယ်ဆိုတာကို ပြောပြထားတာတွေပါ။

ပုထုဇဉ်တွေမို့ ဘာတွယ်ငြိမှုမှ မရှိတော့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူကို တွယ်မယ်။ ပစ္စည်းဥစ္စာကို တွယ်မယ်။ တိရစ္ဆာန်ကလေးတွေကို တွယ်မယ်။ အတိတ်ကို တွယ်ငြိမယ်။ ရုန်းမထွက်နိုင်၊ မလွတ်မြောက်နိုင် ဖြစ်နေမယ်။ လူတစ်ယောက်ယောက်ကို အမုန်းနဲ့ စွဲငြိချင်လည်း ငြိနေမယ်။ အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေး၊ အပြာကား၊ လိင် စသဖြင့် စွဲလမ်းနေတာလည်း ဖြစ်နိုင်တယ်။

? သေချာတာက ဘာကိုပဲ တွယ်ငြိတွယ်ငြိ၊ တွယ်ငြိမှု အတိုင်းအဆပေါ် မူတည်ပြီး စိတ်ဆင်းရဲရမယ် ဆိုတာပဲ။

လုံးဝကင်းဖို့တော့ မဖြစ်နိုင်လို့ တတ်နိုင်သမျှ လျှော့ချခြင်းဟာ စိတ်ငြိမ်းချမ်းဖို့အတွက် ဒုတိယမြောက် ဖော်မြူလာ ဖြစ်ပါတယ်။

? နောက်ဆုံးတစ်ခုက လိုချင်တပ်မက်စိတ် သိပ်မများဖို့။

ဒီနေ့ခေတ်က ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတယ်။ လိုချင်စရာတွေ များတယ်။ မလိုချင် လိုချင်အောင်လည်း လုပ်နေကြတယ်။ စည်းရုံးနေကြတယ်။ ဆွဲဆောင်နေကြတယ်။ ဝယ်ရ မလွယ်လွယ်အောင်လည်း လျှော့ဈေးအမျိုးမျိုး၊ ငွေချေစနစ်အမျိုးမျိုးနဲ့ ဖန်တီးပေးနေကြတယ်။

အဲဒါတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်နေသရွေ့တော့ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး။ ပစ္စည်းကို လူက သုံးတာထက် ပစ္စည်းက လူကို သုံးတာ ပြန်ဖြစ်သွားလိမ့်မယ်။

? Hedonic Treadmill ဆိုတဲ့အတိုင်း ပျော်ချင်လို့ ဒါတွေဝယ်။ ဝယ်တုန်းခဏပဲ ပျော်ရတယ်။ နောက်တော့ ပျောက်သွားရော။ ဒီအခါ ထပ်ပျော်ချင်လို့ ထပ်ဝယ်။ ခဏပဲ ခံတယ်။ နောက်တစ်ခါ ဝယ်ရပြန်ရော။ ပြေးစက်ပေါ် ပြေးနေရသလို ဘယ်မှရောက်မသွားဘဲ ဒီနေရာက ဒီနေရာပဲ ဖြစ်နေတတ်တယ်။

ဒါကြောင့် ရုပ်ဝတ္ထုတွေကို လိုအပ်သလောက်ပဲ ဝယ်။ ထိတွေ့ကိုင်တွယ်လို့ မရတဲ့အရာတွေကို ပိုပြီး အာရုံစိုက်။ မိသားစုကို အချိန်ပေးတာ၊ အများကို ကူညီတာ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းတာ၊ အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို လုပ်တာ၊ ကိုယ့်ရဲ့ စံတန်ဖိုးတွေအတိုင်း ရပ်တည်နေထိုင်တာ၊ ဒါတွေကသာ တာရှည်ခံတဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။

? လူတွေဟာ မဖြစ်သေးတာကို ကြိုတင်မျှော်မှန်းပြီး နေထိုင်ကြတယ်။ တွယ်ငြိမှုတွေ၊ လိုချင်တပ်မက်စိတ်တွေရဲ့ တွန်းအားနဲ့ ရှင်သန်ကြတယ်။ ဒါတွေသာ မရှိရင် လူသားမျိုးနွယ် တည်တံ့ပြန့်ပွားဖို့ ဆိုတာ မလွယ်ဘူး။ ဆင့်ကဲပြောင်းလဲမှု သဘောအရ လူသားတွေရဲ့ ပင်ကိုယ်ဗီဇစိတ်၊ ပင်ကိုယ်မူလ အမူအကျင့်တွေလို့ ဆိုနိုင်ပါတယ်။ တွယ်ငြိချင်လို့၊ လိုချင်တပ်မက်ချင်လို့ ဆိုပြီး ဘယ်သူမှ တကူးတက လေ့ကျင့်နေစရာ မလိုပါဘူး။

ဒါကြောင့် အဲဒါတွေကို လျှော့ချနိုင်ဖို့ဟာ ရေဆန်ခရီးနဲ့ တူပါတယ်။ သဘာဝရေစီးကို ဆန်ပြီး လှော်ခတ်ရမှာ ဖြစ်လို့ ခက်ခဲတယ်။ ပင်ပန်းတယ်။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့တွေ သိသိကြီးနဲ့ မလုပ်နိုင်ကြတာ ဖြစ်ပါတယ်။ လူတစ်စုလောက်ကိုသာ သူတို့ဘဝကတော့ဖြင့် အေးချမ်းလိုက်တာ ဆိုပြီး အားကျနေကြရတာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၄.၂၀၂၄

#credit_to_org_writer_fb
#စိတ်ငြိမ်းချမ်းရေးဖော်မြူလာသုံးခု
#ဒေါက်တာဖြိုးသီဟ
#????

5 months, 1 week ago

“အချစ်မှာ Communication တော့ ရှိရမယ်”

ကျွန်မမှာ သူငယ်ချင်းအတွဲတစ်တွဲရှ်ိတယ်။
ကောင်လေးရော ၊ကောင်မလေးရော က ကျွန်မရဲ့ သူငယ်ချင်းတွေပါဘဲ။
သူတို့ အတွဲက ဘယ်လိုလဲဆိုတော့ အခြားအတွဲတွေနဲ့မတူဘူး။
နှစ်ယောက်မှာ တစ်ယောက်က အချိန်မပေးနိုင်တာ ပိုများတယ်။
အဲ့တာကလည်းကောင်လေးဖက်ကပေါ့
မအားလို့လားဆိုတော့လည်း မဟုတ်ဘူး
သူ့ရဲ့တစ်နေ့တာမှာ သူ့ကောင်မလေးအတွက် သိပ်ပြီးအချိန်မထည့်ထားဘူး
ကောင်လေးက အလွန် အေးတဲ့ထဲပါတယ်။
အဲ့တာကြောင့်လည်း ပါမယ်လို့ ကျွန်မ အကောင်းဖက်က ဖြည့်တွေးတာပေါ့။
ဒါပေမယ့်လည်း ကျွန်မ‌ကတော့ ဘာမှဝင်မပါခဲ့ဘဲ ငြိမ်နေလိုက်တယ်

သူတို့နှစ်ယောက် အားတဲ့အချိန်က ညှိလို့မရတာများတယ်။
အစပိုင်း တစ်လကျော်လောက်ထိ ကအဆင်ပြေတယ်ပေါ့။
တစ်ခါတစ်လေ အပြင်မှာ Date လုပ်ကြ ပုံတွေတင်ကြနဲ့ပေါ့။
ကျွန်မကိုလည်း အမြဲတမ်းလာလာကြွားပြရတာအမော။
ကျွန်မကလည်း သူတို့ အဆင်ပြေနေတာဆိုတော့ ဝမ်းသာပေးခဲ့တယ်။

ပြဿနာက ဘာလဲဆိုတော့ နောက်ပိုင်းကြာလာတော့ သူတို့က တစ်ပတ်ကို တစ်ခါတောင် ဖုန်းမပြောဖြစ်ကြပါဘူး။
ကောင်မလေးဖြစ်တဲ့ကျွန်မ သူငယ်ချင်းကတော့ စာတွေပို့တယ်။
ဒါပေမယ့် ဟိုကောင်လေး ကျွန်မသူငယ်ချင်းက လည်း လိုင်းကိုလုံးဝ မတက်ပါဘူး။
ကျွန်မသူငယ်ချင်း ကောင်မလေးကလည်း စိတ်တွေပူပြီပေါ့
ဖုန်းလည်းမကိုင်၊စာလည်းမပို့နဲ့ဆိုတော့။
အဲ့တော့ မိန်းကလေးတွေဘက်က ကျွန်မပြောရရင် မိန်းကလေးတွေကတော့ ချစ်ရင် အချိန်လိုချင်တယ်
အမြဲတမ်းကြီးပေးနေရမယ်လို့ ကျွန်မ မပြောဘူးနော်။
နည်းနည်းလေး စာလေးဘဲပို့ထားပေးဦး
လုံးဝ မအားလို့ဆိုတောင်
ဖုန်းလေးခဏခေါ်ပြီး အဆင်ပြေရဲ့လားနေကောင်းရဲ့လားမေးတာမျိုး တော့ လုပ်ကိုလုပ်ရမယ်။

ရည်းစားထားထားတယ်မလား
communication တော့ရှိရမယ်။
ဘယ်သွားလဲ ဘာလုပ်လဲ စတဲ့မေးခွန်းတွေချည်းလည်း မေးနေဖို့ထိ တော့မလိုဘူး
တစ်နေ့တာမှာ ဖြစ်ပျက်တဲ့အကြောင်းအရာတွေကို သူနဲ့နှစ်ယောက်အတူ မျှဝေတက်ရမယိ။
ပြောပြတက်ရမယ်
တိုင်ပင်တတ်ရမယ်။

အဲ့လိုနဲ့ နည်းနည်းလောက်ကြာလာတော့ သူတို့ သတင်းအစအန ကျွန်မ ဘာမှမကြားတော့ စိတ်ပူတာနဲ့ ကိုယ့်သူငယ်ချင်း ကောင်မလေးကိုဘဲ ဖုန်းဆက်လိုက်တယ်။
“ပြတ်သွားပြီ” တဲ့။
ဘာလို့လဲဆိုတော့ သူတစ်ယောက်တည်းကဘဲ ချစ်နေရတယ်လို့ ခံစားရပြီး အမြဲတမ်း အပစ်ထားခံနေရတာမျိုး သူမလိုချင်လို့ပါတဲ့။
သူစိတ်ဒုက္ခရောက်နေတဲ့အချိန်တွေ ဘယ်တော့မှ အနားမှာ မရှိပေးနိုင်တဲ့ကောင်လေးမျိုး သူထပ်မလိုတော့ဘူးတဲ့။
ကျွန်မကတော့ နားဘဲထောင်နေခဲ့တယ်။

ခဏကြာတော့ ကျွန်မကို ကျွန်မသူငယ်ချင်းဖြစ်တဲ့အဲ့ကောင်လေးက စာတွေပို့ပါလေရော။
“သူငယ်ချင်းရယ် ငါဘာတွေမှားသွားတာလဲ ပြောပြပေးပါ”
လားတဲ့။
ကျွန်မကတော့ သူ့ကို ဒီလိုဘဲရှင်းပြခဲ့တယ်။

အချစ်မှာ အသွားအပြန်လည်းရှိရတယ်။
အဆက်အသွယ်လည်းရှိရတယ်။
အဆက်အသွယ်ကို၂၄နာရီလုံး ပေါက်ကရ အရည်မရ အဖတ်မရတွေပြော ခိုင်းနေတာမဟုတ်ဘူးနော်။
ညဖက် အိပ်ခါနီးလေးဖြစ်ဖြစ် တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲတစ်ယောက်ကိုတစ်ယောက်ပြောပြရမယ်။
အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ဖက်သားကို ပင်ပန်းအောင်မလုပ်တာပိုကောင်းပါတယ်။
အချစ်မှာ Communication က အရမ်းအရေးကြီးပါတယ် ။
ဆက်သွယ်ပြောဆိုခြင်းမရှိတဲ့အခါ အရာရာက အေးစက်ခြင်းစီဘဲ ရောက်သွားပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်ချစ်သူကို တစ်နေ့ကို အနည်းဆုံးတစ်နာရီတော့ ပေးထားသင့်ပါတယ်။

-သက်ထားရွှေစင်(THSS)-

#credit_to_org_writer_fb
#စာပေ
#အချစ်မှာcommunicationတော့ရှိရမယ်
#????

7 months ago

✎ᝰ စွဲလမ်းနေသော Social Media သုံးစွဲမှုအားလျော့ချရန်နည်းလမ်း

? ๋࣭ ࣪ ˖ ⋆ ࣪. ˖ ࣪⭑ ˖ ࣪ ٬ ุ๋ ⸱
?Click Here to Read
﹌﹌﹌﹌﹌﹌﹌﹌﹌
•❖°❦•❖°❦•❖°❦•❖°❦•❖°❦•❖°❦•❖

???? ?????? ?? ????ꦿ°⊹ꪆ

#Eric #Forward_only #Knowledge #credit

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 month, 2 weeks ago

Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။

Link - @onichantranslations

Last updated 4 days, 10 hours ago

@vip_admin_3

Last updated 2 months, 4 weeks ago