?⚜???'? ℝ???☛??

Description
ဒီချယ်နယ်မှာကတော့အချစ်၊သရဲဝတ္တုတွေနဲ့ ပုဂံသမိုင်းကြောင်းဆိုင်ရာတွေကိုတင်ပေးသွားမှာပါ။ စာရှည်တွေဖြစ်တဲ့အတွက် မဖတ်ချင်တောင်ရီအက်ပေးဖို့မမေ့ပါနဲ့နော်။ ။
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 2 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 1 month ago

1 year, 12 months ago

အချစ်ဆုံးအရာ မိသားစု။

အမုန်းဆုံးအရာ မိသားစု။

*စိတ်ဒဏ်ရာ အပေးနိုင်ဆုံးအရာ မိသားစု။

ပျော်ရွင်မှု အပေးနိုင်ဆုံးအရာ မိသားစု။*
#???_?????
#??????_????

1 year, 12 months ago

Part 2
*စိတ်ပိုင်း ဆိုင်ရာ ပြဿနာတွေ ဖြစ်ပြီး။

ဆေးလိပ်၊အရက်နဲ့မူးယစ်ဆေး၀ါးတွေ လက်တည့်စမ်းသုံးလာမယ်၊ လက်တည့်စမ်းရင်းက စွဲလမ်းသွားတတ်ပါတယ်။ Alcohol and drug abuse တွေကြောင့် ရန်ဖြစ်တာ၊ suicide လုပ်ရန်ကြိုးစားတာတွေဖြစ်နိုင်ပါတယ်။

"ဆယ်ကျော်သက်အရွယ်လူငယ်ဘ၀ဆိုတာ သိပ်ကို တန်ဖိုးရှိတဲ့ အချိန်တွေပါ။ သစ်ရွက်လှုပ်ရင် ရင်ခုန်တတ်တဲ့အရွယ်၊ ချစ်ခြင်းတရားတွေကို စတင်တွေ့ရှိရမယ်။ အသည်းတွေလည်း ကွဲဖူးရမယ်။ ခက်ခဲပင်ပန်းရတဲ့နေ့ရက်တွေမှာ ရှုံးပွဲချငိုရသလို၊ အားပါးတရ ရယ်မောပျော်ရွှင်နေတာလည်း ရှိရမယ်။ အမှားတွေ၊ တလွဲတွေလည်း လုပ်ဖူးရမယ်။ တစ်ချိန်တည်းမှာပဲ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးတတ်လာရမယ်။ အသက်အရွယ်ကြီးလာတဲ့အခါ မလိုချင်ဘဲ ရတဲ့အပူတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေ သိပ်များမှများပဲ။ အဲ့အချိန်ကျရင် ငါလူငယ်ဘ၀မှာ စိတ်ဒဏ်ရာပေါင်းစုံကို overcome မလုပ်နိုင်ဘဲ အဲ့ဒါတွေအောက် နစ်မြုပ်နေခဲ့ရတာ ပြန်တွေးမိရင် သိပ်နောင်တရနေရလိမ့်မယ်။
အသက်အရွယ်ကြီးလို့ နောက်ပြန်လှည့်ကြည့်ရမယ့် ကိုယ့်ရဲ့ ဆယ်ကျော်သက်အရွယ် လူငယ်ဘ၀ဟာ
ချစ်ခြင်းတရားတွေ၊ လူပီသမှုတွေ၊ အဓိပ္ပာယ်ရှိမှုတွေနဲ့ နောင်တကင်းကင်း လွတ်လွတ်လပ်လပ်
ပျော်ပါးပျော်ရွှင်ခဲ့ဖူးဖို့ပဲ လိုပါတယ်"*။

#??????_????
#???_?????

1 year, 12 months ago

ဆယ်ကျော်သက်အရွယ်ဆိုတာ လူ့ဘ၀ရှင်သန်ကြီးပြင်းရမှုရဲ့ အရေးပါအရာရောက်တဲ့ Stage တစ်ခုဖြစ်ပါတယ်။ *ကောင်းမွန်တဲ့ လူကြီးတစ်ယောက်ဖြစ်လာဖို့ လူတစ်ယောက်ရဲ့ငယ်ဘ၀၊ ဆယ်ကျော်သက်ဘ၀ဟာ အရေးပါလှပါတယ်။ ဆယ်ကျော်သက်ဘ၀ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ကိုယ်လူကြီးဖြစ်လာတဲ့အခါ အရာလာထင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်ဘ၀ဆိုတာ အင်မတန်မှ အရေးကြီးတဲ့အချိန်၊ ဘ၀မှာလှပစွာ ပွင့်ဖူးနိုင်ဖို့ အားယူရတဲ့အချိန်ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ရှင်သန်ကြီးပြင်းရမှုမှာ အခက်အခဲအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေ၊ လေ့လာသင်ယူစရာအသစ်အသစ်တွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ပါ။ သစ်ရွက်လှုပ်ရင် ရင်ခုန်တတ်တဲ့အရွယ်၊ အသစ်အဆန်းတွေကို စူးစမ်းလေ့လာချင်တဲ့အရွယ်၊ သင်ယူလေ့လာမှုအားကောင်းတဲ့အရွယ်၊ ဖျတ်လတ်တက်ကြွတဲ့ ဒီဆယ်ကျော်သက်အရွယ်လေးတွေမှာလည်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနိုင်ပါတယ်။

ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ အများဆုံးဖြစ်လေ့ရှိတဲ့ ပြဿနာကတော့ မိသားစုနဲ့၊ မိဘနဲ့ အဆင်မပြေတဲ့ပြဿနာပါ။ မိဘတွေနဲ့ နားလည်မှုလွဲမယ်၊ ရန်ဖြစ်မယ်၊ စကားများမယ်၊ မိဘတွေက ချုပ်ချယ်လို့၊ နားလည်မှုမပေးလို့ စိတ်ဖိစီးမှုတွေ၊
စိတ်အားငယ်မှုတွေ ဖြစ်ရမယ်။ ကြာလာတဲ့အခါ
အိမ်မှာ မနေချင်တော့ဘူး၊ အိမ်ကထွက်ပြေးချင်စိတ်တွေ ပေါက်လာမယ်။ တစ်ချို့ကလေးတွေမှာတော့
မိဘက ငွေရေးကြေးရေးအဆင်မပြေလို့၊ မိဘချင်း ရန်ဖြစ်စကားများ မိတကွဲဖတကွဲနဲ့မို့ စတဲ့ မိသားစု ပြဿနာတွေကလည်း ငယ်ရွယ်တဲ့ ဆယ်ကျော်သက်ကလေးဘ၀မှာ စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းခက်ခဲစေနိုင်ပါတယ်။

နောက်တစ်ခုကတော့ Academic difficulty တွေပါ။ ကိုယ့်ရဲ့ကျောင်းမှာ၊ ပညာသင်ကြားရေးမှာ အဆင်မပြေမှုတွေရှိနိုင်ပါတယ်။ ဥပမာ-စာမလိုက်နိုင်တာ၊ အဆင့်တွေကျတာ၊ ဆရာ၊ဆရာမတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာမျိုးတွေဟာ ဆယ်ကျော်သက်တွေအတွက် stress တွေဖြစ်စေလာနိုင်ပါတယ်။
ကိုယ့်ရဲ့မိဘက ပညာရေးအပေါ် အတင်းတွန်းအားပေးတာခံရတဲ့ ဆယ်ကျော်သက်ကလေးတွေမှာ ပိုပြီးတော့ စိတ်ဖိစီးမှုများပါတယ်။ အဆင့်ကျရင် ဆူခံရမှာ၊ ရိုက်ခံရမှာ စဖြင့် စိတ်ဖိစီးမှုတွေကတစ်ဆင့် anxiety တွေထိပါရစေနိုင်ပါတယ်။

Personal attack/ Bullying လုပ်ခံရမှုတွေဟာလည်း ဆယ်ကျော်သက်လူငယ်တွေကို mentally breakdownဖြစ်စေတဲ့ အချက်တစ်ချက်ပါပဲ။ ကျောင်းတက်ပညာသင်တဲ့ အရွယ်ဆိုတော့ ကျောင်းမှာအများဆုံးကြုံရနိုင်ပါတယ်။ သူငယ်ချင်းအချင်းချင်း ရုပ်ပိုင်းဆိုင်ရာ ဝေဖန်တိုက်ခိုက်မှုတွေ၊
ချိုးနှိမ်ပြောဆိုခြင်းတွေ၊ နောက်ကွယ်မှာ အတင်းပြောဆိုခြင်းတွေ၊ ပစ်ပယ်ခံရခြင်းတွေဟာ ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာအရာ တော်တော်ထိခိုက်စေပါတယ်။ တစ်ချို့ ဆရာ၊ ဆရာမတွေရဲ့ ဆူပူအပြစ်ပေးမှုတွေ ဥပမာ အတန်းထဲမှာ အရှက်ကွဲအောင် ဆူပူအပြစ်ပေးတာ၊ ရိုက်နှက်တာ၊ ဘောင်းဘီချွတ်ရိုက်တာမျိုးတွေကြောင့် ကျောင်းနေရွယ် ဆယ်ကျော်သက်ကလေးတွေရဲ့ စိတ်မှာ အရှက်ရပြီး
စိတ်ဒဏ်ရာ ဖြစ်သွားစေနိုင်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်မတို့ ဆယ်ကျော်သက်အရွယ် လမ်းပျောက်မှုတွေပေါ့။ ကျွန်တော်တို့ Identity တွေပျောက်ကြတယ်၊ ကိုယ့်ဘ၀ရဲ့ရှင်သန်ရခြင်းအဓိပ္ပာယ်တွေ ပျောက်ကြတယ်၊ Existential Crisis တွေရကြပါတယ်။  ဆယ်ကျော်သက်အရွယ် လူငယ်ဘ၀မှာ ဖြစ်လေ့ရှိကြတဲ့အရာတွေပါပဲ။
ဘာကြောင့်မှန်းမသိ အလိုလို Depression တွေ၀င်မယ်၊ စိတ်အလိုမကျဖြစ်မယ်၊ relationship ပြဿနာတွေရှိမယ်၊ အသည်းကွဲမယ်၊ feel မယ်ပေါ့နော် ပြဿနာလေးတွေရှိတတ်ပါတယ်။

လူငယ်ဆိုတာ လမ်းပြမှုကိုလိုအပ်ပါတယ်။ အထူးသဖြင့်တော့   ဝေဖန်မှုနည်းပြီး နွေးနွေးထွေးထွေးလမ်းပြပေးမှုကို ပိုပြီးလိုအပ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေရဲ့ ပြဿနာတွေကို နီးစပ်ရာ မိဘတွေ၊ ဆရာ၊ ဆရာမတွေက တည့်မတ်ထိန်းကျောင်းပေးရမှာပါ။ ဒီလိုမှမဟုတ်ရင် ကလေးတွေဟာ ကျောင်းမှာရော၊ အိမ်မှာပါ လူမှုဆက်ဆံရေးပြဿနာတွေ ဖြစ်လာမယ်၊ မိသားစုနဲ့ ဖယ်ခွာပြီး သီးသန့်နေလာမယ်၊ သူငယ်ချင်းတွေနဲ့လည်း အပေါင်းအသင်းသိပ်မလုပ်တော့ဘူး၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေများလာမယ်၊  စိတ်ခံစားမှုအပြောင်းအလဲတွေဖြစ်မယ်၊ ကိုယ်နှုတ်အမူရာ ကြမ်းတမ်းခက်ထန်လာမယ် ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။*

#??????_????
#???_?????

2 years ago

"Daffodil Flower" လေးက
ပြန်လည်မွေးဖွားခြင်းနဲ့အသစ်စတင်ခြင်းကို
ကိုယ်စားပြုတဲ့အပြင် March လရဲ့
Birthday Flower လေးလည်းဖြစ်ပါတယ်။
အေးချမ်းခြင်းနဲ့ကံကောင်းခြင်းပန်းလို့လဲခေါ်ဝေါ်ကြပါတယ်။
ထိုပန်လေးရဲ့အဓိပ္ပာယ်က
"မင်းကကိုယ့်ရဲ့ တစ်ယောက်တည်းသောသူပါ"
တဲ့ကွယ်။

**လူ့ဘဝမှာလည်း ဒီလိုပါပဲ
အပြင်ပန်းကကြည့်မိသူအဖို့
နှစ်လိုစရာမကောင်းဖြစ်တတ်သလို
နှစ်သက်သူအဖို့မှာလည်း
ပန်း၏အလှပနှင့် ရနံ့ကြောင့်သာဖြစ်တတ်သည်။ ။

မေတ္တာဖြင့်‌မြတ်နိုးသူအဖို့မှာတော့
ရနံ့ပြယ်ကာ ညိုးနွမ်းပါစေ။
ထိုပန်းဖြစ်နေဖို့ပဲလိုသည်။

မြတ်နိုးဖွယ်ကောင်းလှသည်။ ။
ရှုမောထိုက်ပေစွ.....
#??????
#??????
#???_?????
❗️**

2 years ago
2 years ago
2 years ago

*"သိပ်ချစ်တယ်..."

" မချစ်နဲ့!.. တိူ့ ဘယ်လိုမိန်းမမျိုးလည်း..မင်းမသိလေရော့သလား"

သူမအပြောကြောင့်..ရင်ထဲဆစ်ခနဲနာကျင်သွားရသည်။အမှန်တရားကိုသိသော်ငြား.. မောင်မှမလွန်ဆန်နိုင်ပဲ။ သူမကိုချစ်သည်။ ဘယ်လိုမျိုးဖြစ်နေပါစေ။ မောင်သိပ်ချစ်သည်။

"ဟင့်အင်း...မောင့်ဖို့အဲ့တာတွေမလိုဘူး..မောင်..အန်တီ့ကိုချစ်တယ်"

"မင်း!!...မင်းကွာ.."

အန်တီ့ဆီမှ စကားသံထွက်မလာတော့ ရှိုက်သံသဲ့သဲ့ကိုသာကြားရသည်။အန်တီ့မျက်ဝန်းတို့မှာ မျက်ရည်ကြည်များ တွယ်ညှိနေပြန်သည်။ ခက်ရချည်ရဲ့..။

အန်တီပုခုံးကိုညင်ညင်သာသာကိုင်ကာ မောင့်ကိုကြည့်စေသည်။နှဖူးပြင်လေးကိုအသာနမ်းရှိုက်ကာ ရင်ခွင်ထဲဆွဲသွင်းမိ၏။

"မငိုပါနဲ့..မငိုပါနဲ့အန်တီရယ်..။မောင့်အသည်းနာလွန်းလိူ့ပါ"

"တို့တွေက.. ဖြစ်မှ မဖြစ်နိုင်တာ မောင်ရယ်..မင်းဘဝပျက်ဆီးသွားမှာမျိုး တို့မလိုချင်ဘူး... မချစ်စမ်းနဲ့ကလေးရယ်"

အန်တီ့ကျောပြင်ကိုခပ်ဖွဖွလေးပွတ်သတ်ပေးမိသည်။သို့သော်အန်တီ့စကားကိုတော့မောင်လွန်ဆန်ရလိမ့်မည်။#ZAME မူပိုင်*

2 years ago
2 years ago
**စာဖတ်သူလေးတို့အားလုံးပဲ ကောင်းသောနံနက်ခင်းပါ။***?******?***

စာဖတ်သူလေးတို့အားလုံးပဲ ကောင်းသောနံနက်ခင်းပါ။?*?
နေ့သစ်တစ်နေ့တာကိုပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ကြပါစေ။
?*?**#???_??_ℂ???

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 2 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 1 month ago