ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 20 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 3 months, 2 weeks ago
-
တိုက်ပွဲသတင်း(ငါန်းဇွန်)
စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်းမြို့နယ် ကုလကျေးရွာသို့ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ၎င်းရွာ၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် လမ်းဘယ်ဘက် ၁၀ ပေခန့်အကွာမှ အဝေးထိန်း လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲပြီး အကြမ်းဖက် ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့။
အကြမ်းဖက် ၁ လောင်း
၉၁ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး မိမိထိခိုက်မှုမရှိ။
တိုက်ပွဲသတင်းစုံ
-
+သတင်းမှား+
——————
သတင်းမှားပါ…
လမ်းကြောင်းအခြေအနေအားလုံးအေးဆေးပါ။
တပ်မတော်ထောက်ခံအားပေးနေသူတွေ စိုးရိမ်စိတ်ကြီးမားအောင်လုပ်နေခြင်းပါ။
ရန်သူဘက်မှ မည်သည့်ပိတ်ဆို့မှု၊ နယ်မြေစိုးမိုးမှုမှမရှိပါ။
ကိုခိုင်ဇော်
13:22PM
စက်တင်ဘာ(၁၂)ရက်
၂၀၂၄
နစကအနေနဲ့ရော...စစ်မြေပြင်က...စစ်ပွဲတပွဲရဲ့...
#အလှည့်အပြောင်းကိုဦးဆောင်နိုင်ဖို့...ဘာတွေပြင်ဆင်ထားပြီး
ဘာတွေဆက်ဖြစ်ဦးမလဲ...မှန်းဆရခက်နေဆဲပါပဲ....။
#Htoo_Maung
5.Sep.2024
#တောင်ခမ်းစစ်မြေပြင်မှာ...ဒီနေ့...စက်တင်ဘာ (၅)ရက််မနက်...
နှစ်ဖက်ထိတွေ့မှုရှိနေဆဲဖြစ်ပြီး...တိုက်ပွဲကလဲပြင်းထန်နေဆဲပါပဲ...။
TNLA ဖက်က....တောင်ခမ်းကို...တတိယအကြိမ်စစ်ကူပို့ပေးနေပါတယ်...။
ပြီးခဲ့တဲ့ (၇)ရက်အတွင်းမှာ...
အမြောက်တပ်ရဲ့...လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်...
TNLA + Pdf တွေ...ထိခိုက်သေဆုံးမှုများခဲ့တယ်လို့...
တောင်ခမ်းပတ်ဝန်းကျင်က...ဒေသခံတွေဆီက...သိရပါတယ်...။
အဲဒီ့အတွက်....TNLA တပ်မဟာ (၂)အဖွဲ့တွေသာမက...
ကျောက်မဲက...TNLA တပ်မဟာ (၆)အဖွဲ့တွေပါ...စစ်ကူပို့ထားရပါတယ်...။
အခုလက်ရှိ...တောင်ခမ်းအနီး...
အင်းဖိုရွာမှာ...D30 ဟောင်ဝစ်ဇာ (၂)လက်နဲ့...
သရက်ချိုရွာမှာ...သံချပ်ကာ (၆)စီးရောက်ရှိနေပြီးဖြစ်ပါတယ်....။
မနေ့ကထပ်ရောက်လာတဲ့...TNLAတတိယအကြိမ်စစ်ကူ...
တပ်မဟာ (၆)စစ်ကူအဖွဲ့မှာ...4Wheel (၃)စီး...
TWM -301 Assaulter တင့်ဖျက်ယာဥ် (၁)စိီးနဲ့....
SH-155 mm ယာဥ်တင်အမြောက်စနစ် (၁)ခုပါ...ပါဝင်လာတာတွေ့ရပါတယ်...။
#တောင်ခမ်းကိုသွားတဲ့လမ်းကြောင်း_ဟုတ်_မဟုတ်_စိစစ်ဆဲပါ...။
အဆိုပါ....SH-1 ယာဥ်တင်အမြောက်က...
ကျောက်မဲမှာမဖျက်ဆီးနိုင်ခဲ့ပဲ....အကောင်းတိုင်းအသိမ်းခံရတဲ့...
#ယာဥ်တင်အမြောက်ဖြစ်ပြီး...နစကဖက်က...ပထမဆုံးအနေနဲ့...
ဆုံးရှံးထားတဲ့..စနစ်တခုလို့ဆိုရမှာပါ...။
ဒါဟာ...TNLA ရဲ့တတိယအကြိမ်မြောက်...
စစ်ကူလာရောက်တာဖြစ်ပြီး...တောင်ခမ်းတိုက်ပွဲမှာ...SH-1 ကို...
လက်နက်ကြီးပစ်ကူအနေနဲ့...ပစ်ခတ်နိုင်ဖို့သယ်ဆောင်လာတာပါတယ်...။
အခုလက်ရှိ...အချိန်ထိ...တောင်ခမ်းမှာစစ်ပွဲတွေပြင်းထန်နေပြီး..
နှစ်ဖက်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်...ဒေသခံရွာသားတချို့ကတော့...
နောင်ချိုမြို့နယ်ဖက်ကို...စစ်ဘေးရှောင်နေကြပါတယ်...။
TNLA ကတော့...အခု...
ရွာထဲကအိမ်တွေမှာ....ခိုအောင်းစုဖွဲ့မှုလုပ်နေကြသလို...
တောင်ခမ်းကို...လက်နက်ကြီးပစ်ကူယူ...လူအင်အားဖြည့်တင်းပြီး...
#လူလှိုင်းပုံစံမျိုး_တက်လုံးမယ်လို့...ကြားထားပါတယ်...။
ပြီးခဲ့တဲ့ရက်က.....တောင်ခမ်းတိုက်ပွဲမှာ...
တောင်ခမ်းကလက်နက်ကြီး....ပြင်ဦးလွင်ကလက်နက်ကြီးတွေ...
.#ပေါင်းစပ်ချိတ်ဆက်ပစ်ခတ်မှုကြောင့်..
.TNLA + Pdf ထိခိုက်သေဆုံးမှု...ရာဂဏန်းအထိရှိတယ်လို့...
မြေမြှုပ်ပေးခဲ့ရတဲ့...ရွာသားတွေဆီကသတင်းရပါတယ်...။
ရွာသားတွေဟာ...တခါတလေတထမင်းချက်ပို့ရပြီး...
တခါတလေမှာ...အလောင်းတွေမြေမြှုပ်ပေးရတယ်လို့ဆိုပါတယ်....။
ပြီးခဲ့တဲ့ရက်က...TNLA+PDF ထိခိုက်သေဆုံးသူ (၄၀၀)ကျော်ကို...
ရွှေမုဒ္ဓေါမြောက်ဖက်မှာရှိတဲ့...ကြံစိုက်ခင်းတွေထဲမှာ...
ရွာသားတွေက....#မီးရှို့မြေမြုပ်ပေးခဲ့ရတယ်လို့....သိရပါတယ်...။
၁၀၂၇ တလျှောက်လုံး...Pdf တွေကရှေ့ကဝင်တိုက်ပေးခဲ့လို့
TNLA အနေနဲ့...ထိခိုက်သေဆုံးမှုနည်းခဲ့ပေမယ့်...လက်ရှိတောင်ခမ်း...
တိုက်ပွဲမှာတော့...TNLA+PDF ထိခိုက်သေဆုံးမှုအရေအတွက်...
တော်တော်များနေပြီး...#တချို့ထွက်ပြေးတာတွေရှိလာတယ်လို့...ဆိုပါတယ်...
တောင်ခမ်းကိုစစ်ကူလာတဲ့...ရွာငံက...
#ဓနု_Pdf_DPLA ကလဲ...ပြီးခဲ့တဲ့ရက်က...ရွာခံတွေသတင်းပေးတိုင်ကြားမှုကြောင့်....
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက်...#တောင်ခမ်းကိုမရောက်သေးပါဘူး...။
နစကဖက်က...စစ်ကူအခြေအနေကိုတော့...အသေးစိတ်မသိရှိရပေမယ့်...
တောင်ခမ်းက...#ဗိုလ်လင်းထင်တို့အဖွဲ့တွေ...#စိုးမိုးကုန်းတွေကိုထိန်းထားဆဲဖြစ်ပြီး...
ပြင်ဦးလွင်ကို MRLS ယူနစ် (၂)ခုရောက်ရှိထားတယ်လို့...သိရပါတယ်...။
တောင်ခမ်းဟာ....နစကအတွက်ရော...TNLAအတွက်ပါ...
အရေးပါတဲ့နေရာမှာတည်ရှိနေတဲ့အတွက်...နှစ်ဖက်စလုံးကတော့...
အင်အားဖြည့်တင်းပြီး....#တိုက်ခိုက်လျက်ရှိပါတယ်...။
TNLA ...ကိုတတိယအကြိမ်....စစ်ကူလာတဲ့...ကျောက်မဲစစ်ဦးစီးမှုး
ဒုဗိုလ်မှုးကြီး..တားမဝေါ...နဲ့တပ်မဟာ (၆)တပ်မှုး တာမားရှန်တို့...
စစ်ကူလမ်းကြောင်းကတော့...လူအင်အားအနည်းသာပါရှိပြီး...
လက်နက်ကြီး(၂)လက်သာ...#အဓိထားသယ်ဆောင်လာတာတွေ့ရပါတယ်...။
အကယ်၍...အဲဒီ့စစ်ကြောင်းသာ...
အမှန်တကယ်...တောင်ခမ်းကိုရောက်ခဲ့မယ်ဆိုရင်တော့...
#တောင်ခမ်းအနီး....လက်နက်ကြီး (၄)လက်ရှိနေမှာဖြစ်ပါတယ်...။
ဒါပေမယ့်...SH-1 Self Propelled Howitzer ကတော့...
တောင်ခမ်းစစ်မြေပြင်မှာ...သိပ်ပြီးတော့အံဝင်ဂွင်ကျရှိမှာမဟုတ်ပါဘူး...
ဒါကြောင့်...D-30 နဲ့ TWM-301 (၃)လက်ရဲ့ပစ်အားရှိပါမယ်...။
ဒါ့အပြင်...D-30 တွေကို...#အင်းဖိုရွာမှာဝှက်ထားဆဲလို့သိရပြီး...
နစကဖက်က...လေကြောင်းကင်းထောက်တွေနဲ့... ရှာဖွေနေတဲ့အတွက်...
TNLA ဖက်က...#ထုတ်ပြီးပစ်ခတ်နိုင်ချေနည်းတယ်လို့...ယူဆရပါတယ်...။
အဲဒါ့ကြောင့်မို့လို့...ရွေ့လျားပစ်ခတ်နိုင်တဲ့...
TWM-301 Assaulter ကိုပါ...သယ်ဆောင်လာတာဖြစ်နိုင်ပြီး...
ပြန့်ကျဲနေတဲ့...မြေပြင်က Pdf တွေကို...ပစ်ကူပေးဖို့စီစဥ်ထားပုံရပါတယ်...။
.#တောင်ခမ်း ကို...TNLA ထိုးစစ်ဆင်လာတာ (၂၈)ရက်ဝန်းကျင်ရှိပါပြီ...။
အဲဒီ့အတွက် ....TNLA ကတော့...သိမ်းပိုက်ထားတဲ့..
.ရှမ်းမြောက်တကြောက...လူသူလက်နက်ရိက္ခာတွေကို....
တောင်ခမ်းမှာ...#ပုံအောပြီးဆက်လက်ထိုးစစ်ဆင်နေဦးမှာဖြစ်ပါတယ်...။
-
လက်ရှိမြေပြင် တောင်ခမ်း အခြေအနေ
သတင်းမှန်
Zaw Bhone Hein
( 5 - 9 - 2024 )
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 20 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 months, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 3 months, 2 weeks ago