ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ - ၂

Description
တပ်ဖွဲ့ - ၂ နှင့် ပက်သတ်သည့် အကြောင်းအရာများကို တရားဝင် ထုတ်ပြန်သွားမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated hace 1 año, 1 mes

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 1 año, 4 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated hace 1 año, 5 meses

1 year, 7 months ago

မိဘပြည်သူများခင်ဗျာ...

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများဟာ တစ်နေ့ထက်တစ်နေ့ ပြောင်ပြောင်တင်းတင်းနိုင်လာတာကို မျက်မြင်တွေ့လာကြပြီဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးတပ်ဖွဲ့ (၂)ဟာဆိုရင် ပြည်သူများအပေါ် အမျိုးမျိုးနှိပ်စက်နေသော အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်နေသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပါတယ်။

အခုလို တော်လှန်တိုက်ခိုက်နေကြသည့် ကျွန်တော်တို့ရဲဘော်များမှာ လိုအပ်ချက်များစွာ ရှိ့သည့်ထဲမှ စစ်အသုံးဆောင်ပစ္စည်းများ လိုအပ်လျက်ရှိနေပါတယ် ခင်ဗျာ။

ရဲဘော်များရဲ့ (uniform၊ ဦးထုတ်၊ ခါးပတ်၊ ဖိနပ်၊ လက်အိတ်၊ ဒူးကာ၊ တံတောင်ကာ) အစုံ ၇၀ ၀န်းကျင်၊ ကာလတန်ဖိုးအားဖြင့် တစ်စုံ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ၀န်းကျင် ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ။

ပြည်တွင်းပြည်ပ ပြည်သူများအနေနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေး တပ်ဖွဲ့ (၂) ကို ပါဝင်ကူညီလှူဒါန်းပေးကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ...

? NUG Pay {သို့} နွေဦးဘဏ် တို့ဖြင့်ပါ၀င်လှူဒါန်းနိုင်ပါသည်။

Facebook - https://www.facebook.com/profile.php?id=61558420344077&mibextid=ZbWKwL

? Telegram chatbox - @YGNCOFO2 *?***

#ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး
#တိုက်ခိုက်ရေးတပ်ဖွဲ့(၂)
#peopledefenceforce #pdf
#လိုအပ်ချက်များ #accessories

1 year, 8 months ago

အင်္ဂဘိုရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် မုပ္ပလင်စစ်ဆေးဂိတ်ကို ပူးပေါင်းတိုက်ခိုက်မှု တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ မေလ၊ (၁၈)ရက်နေ့တွင် မွန်ပြည်နယ်
ကျိုက်ထိုမြို့နယ် အင်္ဂဘိုဘိုကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မုပ္ပလင်စစ်‌ဆေးရေးဂိတ်ကို ပြင်းအားမြင့်ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ပါသည်။

အင်္ဂဘိုကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နံနက် ၁၀ နာရီကျော်ခန့်တွင် ပြင်းအားမြင့် ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မုပ္ပလင်စစ်ဆေးရေးဂိတ်ကိုလည်း ညနေ ၄ နာရီခွဲခန့်တွင် ပြင်းအားမြင့် ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ပါသည်။

ကျွန်ုပ်တို့ ပူးပေါင်းတပ်များ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် စစ်ခွေးတွေကို ထမ်းထုတ်သွားတာတွေ ရှိ့ခဲ့ပြီး
ကစဉ့်ကလျားထွက်ပြေးခဲ့ကြသည်။
မုပ္ပလင်စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ပြင်းအားမြှင့်ဗုံးသီးများဖြင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြပါသည်။
အကြမ်းဖက်စစ်တပ်မှ အကျအဆုံးများလည်းရှိခဲ့ပါသည်။

ယခုစစ်ဆင်ရေးကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေး တပ်ဖွဲ့-၁၊ တပ်ဖွဲ့-၂၊ ရန်ကုန်တိုင်း ဒရုန်းတပ်ဖွဲ့နှင့် ERO ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ပူးပေါင်းတပ်များ အနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြပါသည်။

တပ်ဖွဲ့ (၂)
ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့

Facebook - https://www.facebook.com/profile.php?id=61558420344077&mibextid=ZbWKwL

#ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး
#တိုက်ခိုက်ရေးတပ်ဖွဲ့(၂)
#peopledefenceforce #pdf

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated hace 1 año, 1 mes

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 1 año, 4 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated hace 1 año, 5 meses