Karen Information Center -KIC

Description
Media/news company
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 11 months ago

1 Jahr, 5 Monate her

**ကေအဲန်ယူ တည်ထောင်ခြင်း ၇၈ နှစ်ပြည့် အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၌ အောင်မြင်စွာပြုလုပ်ပြီးစီး

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ**

ကရင်လူမျိုးတစ်ရပ်လုံး၏လိုလားချက်များ ပြည့်ဝရရှိရေးအတွက် ဦးဆောင်နိုင်ရန် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တည်ထောင်ခြင်း ၇၈ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်တစ်နေရာတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့သည်။

ကရင်အမျိုးသားနိုင်ငံရေး လိုလားချက်များကိုအကောင်အထည်ဖော်ရာ၌ ကိုယ်စားပြု ဦးဆောင် လှုပ်ရှားနိုင်ရေးအပြင် ကရင့်အမျိုးသားရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းလာရေးအတွက် ရည်ရွယ်၍ ကေအဲန်ယူကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့က တည်ထောင်ခြင်း (၇၈)နှစ်ပြည့်သည့်နေ့လည်းဖြစ်သည်။

အခမ်းအနားသို့ ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ပဒိုစောလှထွန်းနှင့်ခေါင်းဆောင်များအပြင် ကရင်လူငယ်များ၊‌ ဒေသခံများ စုစုပေါင်း (၁၀၀)ဝန်းကျင် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

“ကေအဲန်ယူဟာ ကရင့်အမျိုးသားထုတစ်ခုလုံးသာမက မြန်မာနိုင်ငံမှာတည်ဆောက်ချင်တဲ့ ပြည်နယ်ပေါင်းစုဖက်ဒရယ်ဒီမိုကရေစီအရေးမျှော်မှန်းချက်အောက်မှာ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုနေ့ဟာ ရှေ့ဆက်ကိစ္စရပ်တွေမှာ အတူတကွစည်းစည်းလုံးလုံးနဲ့ ချမှတ်ထားတဲ့လမ်းစဥ်အတိုင်း အကောင်အထည်ဖော်ဖို့ အားပြုယူရမယ့်နေ့လည်းဖြစ်ပါတယ်” ဟု ပဒိုစောလှထွန်းက ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားတွင် ဆိုသည်။

ထို့အပြင် ကရင်လူငယ်များအနေဖြင့်လည်း ကေအဲန်ယူကချမှတ်ထားသည့် မူဝါဒ၊ လမ်းစဥ်အပေါ် သိရှိနား လည်ပြီး ကျရာကဏ္ဍမှပူးပေါင်းပါဝင်မှု လုပ်ဆောင်သင့်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသူ ကရင်လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ကေအဲန်ယူအနေနဲ့ ကရင်တစ်မျိုးသားလုံးဖွံ့ဖြိုးရေးကို လုပ်နေတဲ့နေရာမှာ ချမှတ်ထားတဲ့မူဝါဒကို လူငယ်တွေကလည်း နားလည်အောင်လုပ်ပြီတော့ ကိုယ့်အမျိုးသားရေးဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်လုပ် မလဲဆိုတာ လုပ်ဆောင်သင့်တယ်။ အားရကျေနပ်မှုမရှိတာကို အပြစ်မမြင်ဘဲ ကိုယ်ကိုယ်တိုင်က ဘယ်ကဏ္ဍ ကနေပူးပေါင်းဆောင်ရွက်မလဲဆိုတာ လုပ်ဆောင်သင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အခမ်းအနား အစီအစဥ်အရ တက်ရောက်လာသည့် ခေါင်းဆောင်အသီးသီးမှ ကေအဲန်ယူနေ့ဖြစ်ပေါ်လာပုံနှင့် (၇၈)နှစ်မြောက် ကေအဲန်ယူနေ့အတွက် ဂုဏ်ပြုအမှာစကားများပြောကြာခြင်းအပြင် ပါဝင်ကြသည့် ကရင်လူငယ်များမှ တေးသီချင်းများဖြင့်သီဆိုဂုဏ်ပြုခြင်းတို့ကိုပါ ပြုလုပ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့က နိုင်ငံလုံးကျွတ် ကရင့်အဖွဲ့အစည်းကိုယ်စားလှယ်များ အစည်းအဝေး၌ ကရင့်အဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအသင်း-KNA၊ ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း-BKNA၊ ကရင်ဗဟိုအဖွဲ့ချုပ်-KCO နှင့် ကရင်လူငယ်အစည်းအရုံး-KYO တို့၏သဘောတူညီချက်ဖြင့် ကရင့်လွတ်လပ်ရေး အတွက် စည်းလုံးညီညွှတ်စွာ ပူးပေါင်းတိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူကို ဖွဲ့စည်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ကေအဲန်ယူတည်ထောင်ပြီးချိန်တွင် ဥက္ကဋ္ဌအဖြစ် စောစံဖိုးသင်က တာဝန်ယူခဲ့ပြီး ကရင်အမျိုး သားရေးခေါင်းဆောင် စောဘဦးကြီးက အဖွဲ့ဝင်ဖြစ်လာသည်။ ထို့နောက် ဖဆပလ အစိုးရထံ ကရင်ပြည်ရရှိရေးအပါအဝင် သဘောထား(၆)ချက်အား ကေအဲန်ယူက တင်ပြရာမှ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုကြောင့် ၁၉၄၇ ဧပြီလ (၁၀) ရက်နေ့၏ အရေးပေါ်စည်းဝေးဆုံးဖြတ်ချက်အရ စောဘဦးကြီးက ဥက္ကဋ္ဌ ဖြစ်လာသည်။

ကေအဲန်ယူ တည်ထောင်ပြီးနောက်ပိုင်း ကရင်လူမျိုးတို့၏ နိုင်ငံရေးလိုလားချက်များ ပြည့်မြောက်ရန်နှင့် ကရင်ပြည်ရရှိရေးအပါအဝင် အခွင့်အရေးတန်းတူညီမျှရေးအတွက် သမိုင်းဝင်လူထုလှုပ်ရှားမှုများအား ကေအဲန်ယူက ဦးဆောင်ကာ ပြုလုပ်ခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။

1 Jahr, 5 Monate her
**Photo: KIC**

Photo: KIC

1 Jahr, 5 Monate her

--------------------------------------------

1 Jahr, 5 Monate her

**မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်အပါအဝင် ၂၉ ဦးသေဆုံးပြီး ၂၉ ဦးဖမ်းဆီးရမိ၊ လက်နက် ၄၀ ကျော် သိမ်းဆည်းရမိကြောင်း ကေအဲန်ယူ ထုတ်ပြန်

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ**

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်/တပ်မဟာ(၁) ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာရှိ မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး နှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၂၉)ဦးသေဆုံးခဲ့ရကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ကြီး လက်နက်ငယ် (၄၂) လက်ခန့် သိမ်းဆည်းရမိခဲ့ဟု ကေအဲန်ယူက ယနေ့ ညနေတွင် ထုတ်ပြန်လိုက်သည်။

ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂)မှူး ဗိုလ်မှူးကြီး သက်လွင်ဦးနှင့် အမှတ် (၄၀၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး ဦးစီးသော မဲပလီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ယခုလ ဇန်နဝါရီလ (၁)နေ့မှ စတင်တိုက်ခိုက်ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နေ့လည် (၁၁း၄၂) နာရီအချိန်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး တစ်ဦးနှင့် ဗိုလ်ကြီး တစ်ဦးအပါအဝင် (၂၉)ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီး တစ်ဦး၊ တပ်ခွဲတပ်ကြပ်ကြီး တစ် ဦး၊ တပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ် ငါးဦး၊ ဒုတပ်ကြပ် လေးဦးနှင့်တပ်သား (၁၄) ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းများအနက် ဒဏ်ရာရရှိသူ (၁၃) ဦးပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း (၄၂) လက်နှင့် လက်နက်ကြီး ကျည် (၁၃၃)လုံး၊ လက်နက်ငယ်ကျည်ဆံ (၁၇၂၆၄)ထောင့်အပြင် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း (၃) ဦး ကျဆုံးပြီး (၃၃) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်လည်း ကေအဲန်ယူက ပြောသည်။

ဆက်လက်၍ အဆိုပါ တပ်စခန်း စတင်တိုက်ခိုက်သည့်အချိန်မှ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်သည်အထိ စစ်ကောင်စီတပ်မှ လေယာဥ် Jet Fighter ဖြင့် (၃၃) ကြိမ် Y−12 Drock Bowm ဖြင့် (၁)ကြိမ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ အမှတ် (၃) ခြေမြန်တပ်ရင်းမှ ၁၅၅ မမ လက်နက်ကြီး ဖြင့် (၃) ကြိမ် စစ်ကူပစ်ပေးသည့်အပြင် Y−12 ထောက်ပို့ဖြင့် လက်နက်ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ (၁၂) ကြိမ် လာရောက်ချပေးခဲ့သည်လည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်ကာလအတွင်း အရပ်သားပြည်သူများမှ အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံ့မှုကြောင့် စခန်းအနီးဝန်းကျင်ရှိ ကျေးရွာ (၁၉) ရွာမှ အိမ်ခြေ (၈၀၄) အိမ် လူဦးရေ (၃၉၈၆)ဦးမှာ အိုးအိမ် စည်းစိမ်ကိုစွန့်ခွါပြီး ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေခဲ့ရသည်လည်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

1 Jahr, 5 Monate her
Karen Information Center -KIC
1 Jahr, 5 Monate her
Karen Information Center -KIC
1 Jahr, 5 Monate her
**မဲပလီ စစ်ကောင်စီတပ်စခန်းမှ ကေအဲန်ယူ သိမ်းပိုက်ရရှိသော စစ်လက်လက်များနှင့် ဖမ်းဆီးရမိသော …

မဲပလီ စစ်ကောင်စီတပ်စခန်းမှ ကေအဲန်ယူ သိမ်းပိုက်ရရှိသော စစ်လက်လက်များနှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ - Photo: KNU

1 Jahr, 5 Monate her

----------------------------------------

1 Jahr, 5 Monate her

**ထားဝယ်နှင့် မြိတ်တွင် မြို့တွင်းမြို့ပြင် စစ်ကောင်စီ ဂိတ်တိုးချ စစ်ဆေးမှုများလာ

ဖေဖော်ဝါရီ ၅ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ**

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် မြို့တွင်း၊ မြို့ပြင် စစ်ကောင်စီက စစ်ဆေးရေးဂိတ် များတိုးချထားပြီး စစ်ဆေးဖမ်းဆီးမှုများလာသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်းက ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အများစု သွားတိုက်ပြီးနောက် ယခုလို စစ်ဆေးရေးဂိတ်များ တိုးဖွင့်ကာ စစ်ဆေး ဖမ်းဆီးမှုများလာခြင်းဖြစ်သည်ဟု မြိတ်မြို့ပေါ်နေထိုင်သူ တစ်ဦးက ပြောသည်။

“စစ်နေတာကတော့ ဆိုင်ကယ်တွေကို အဓိကစစ်တယ်။ ဒီရက်ပိုင်းအတွင်းမှာ ဆိုင်ကယ်အများစု ဖမ်းဆီး ခံရတယ်။ မြို့ဆုံလမ်းဂွလိုနေရာတွေမှာ အဓိက ဖမ်းနေတာ။ လုံခြုံရေးကလည်း အရင်ကထက် ပိုပြီးများတယ်။ မိုးလင်းကနေစပြီးတော့ ညပိုင်းအချိန်ထိ တောက်လျှောက်ဖမ်းဆီးစစ်ဆေးတာကို အဓိကလုပ်နေတယ်”ဟု ၎င်းက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး အင်အားယခင်ထက် ပိုမိုတိုးမြှင့်ထားပြီး အရပ်ဝတ်များ ဝတ်ဆင်ထားသည့် ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူများနှင့် ယာဉ်ထိန်းရဲများပါဝင်သည့် ပူးပေါင်းအင်အား ၁၀ ဦး ဝန်းကျင်ဖြင့် ဆိုင်ကယ်များကို စစ်ဆေးခြင်း စသည့်တို့ကို လုပ်ဆောင်နေသည်ဟု မြိတ်ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ထို့အပြင် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရပြီးနောက် ၎င်းဂိတ်များနှင့် နီးစပ် သည့် မြို့ပေါ်ရှိ တည်ခိုးခန်းများနှင့် အဆောက်အဦးနှင့် လူနေရပ်ကွက်များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးမှု များ လုပ်ဆောင်နေသည်ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခု၌ နေထိုင်သူ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြော သည်။

“စစ်ဆေးရေးဂိတ်နဲ့ကလည်းနီးတော့ ဝင်ပစ်ခံရတဲ့နေ့ပြီးနောက်ပိုင်း ရပ်ကွက်ထဲမှာဝင်စစ်တယ်။ အိမ်ထဲထိ ဝင်စစ်တယ်။ ဘယ်သူတွေနေလဲ ကအစပေါ့။ ပြီးတော့ ပြီးခဲ့တဲ့ရက်ကလည်း ရပ်ကွက်ရုံးမှာလူစုခိုင်းတယ်။ အိမ်မှာကလေးကငယ်တော့ စိုးရိမ်မှုတွေတော့ရှိပါတယ်”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ဆေးမှုများလာသည့်အပြင် စစ်မှုထမ်းခေါ်ယူနေမှုများကြောင့် ထားဝယ်မြို့ခံများအနေဖြင့် ညပိုင်း၌ အပြင်ထွက်သွားလာမှု နည်းပါးသွားသည်ဟု မြို့ထံများထံမှ သိရသည်။

1 Jahr, 5 Monate her

(ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပုံ)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 11 months ago