Zin Thaw Naing

Description
တော်လှန်ရေး အကြောင်း ရောက်တတ်ရာရာ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 20 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 3 months, 2 weeks ago

1 week ago

ကရင်နီပြည်၊ လွိုင်ကော်မြို့သို့ ချီတက်လာတဲ့ စစ်ရှုံးကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၄၀ ကျော်သေဆုံးပြီး ၆ ကောင်အရှင်ဖမ်းမိကာ လက်နက် ၂၂ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

1 week, 1 day ago
Zin Thaw Naing
1 week, 1 day ago
Zin Thaw Naing
5 months, 4 weeks ago

ထိုင်းထီ ဝါသနာပါရင် ဒီမှာ အားပေးလို့ ရပါတယ်။ ထီစျေး သက်သာပြီး ဆုငွေနဲ့ ငွေရေး ကြေးရေးပိုင်း အာမခံ နိုင်ပါတယ်။

https://t.me/susuvlog/75

Telegram

Su Su’s Vlog (စုစုဘလော့)

***‼️*** ဇွန် ၁၆ ရက် ထွက်မယ့် ထိုင်းထီ ရပါပြီ ***‼️*** ***💵*** ထီတစ်စောင်ကို ၁၂၀၀၀ ကျပ်ပါ။ ထီထိုးမယ်ဆိုရင် ***🛫*** တယ်လီဂရမ်မှာဆို @Suleatphyu ကို တိုက်ရိုက်ဆက်သွယ်ပြီး ထိုးလို့ ရပါတယ်။ ***📱***Facebook က အပြာခြစ်ပါတဲ့ Su Leat Phyu အကောင့်ရဲ့ မက်ဆင်ဂျာ ကနေ ထိုးလို့ ရပါတယ်။ - ထီပုံ…

6 months ago

ဟိုတနေ့က The 8 Show ဆိုတဲ့ စီးရီးတွဲ တစ်ခု ကြည့်ဖြစ်တယ်။ ဇာတ်လမ်းကတော့ ဖန်တရာတေ Survival Reality Show ပါပဲ။ ဒါပေမယ့် အဲဒီမှာ လူတွေကို အမျိုးအစားခွဲပြီး နိမိတ်ပုံ ၈ မျိုးနဲ့ ပြသွားတာလေး သဘောကျလို့။ ဘယ်လို ခွဲထားသလဲ ဆိုတော့

၁။ အထက်တန်းလွှာ
ဒီလူတွေက ဝင်ငွေ အကောင်းဆုံး လူတန်းစား။ တကယ့် ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ နေရာတွေ၊ ပစ္စည်းတွေကိုပဲ သုံးခွင့်ရတဲ့ အခွင့်ထူးခံတွေ။ ခေတ်တွေ အခြေအနေတွေ ဘယ်လို ပြောင်းပြောင်း စင်ပေါ်မှာ အမြဲနေရာရတဲ့သူ။ လူတိုင်းက အားကျပြီး အလေးပေး ဆက်ဆံရတဲ့သူတွေ။ အာဏာရှိတဲ့ သူတွေနဲ့ ပုလဲနံပ သင့်ပြီး မဟုတ်တာ လုပ်ရင်တောင် အပြစ်မခံရဘဲ ဝိုင်းပြီး ဖုံးဖိကာကွယ်ပေး ခံရသူမျိုး။

၂။ ပညာရှင်
ဒီလူတွေကတော့ ဦးနှောက်သမားတွေ။ နံပါတ် ၁ တွေလောက် ဝင်ငွေ မကောင်းပေမယ့် သူတို့ ပညာနဲ့ ကောင်းကောင်းနေ ကောင်းကောင်း စားနိုင်တယ်။ လူတွေ အပေါ် ဩဇာညောင်းတယ်။ စည်းရုံး သိမ်းသွင်းနိုင်တယ်။ သူတို့က အမှားအမှန်ကို သေသေချာချာ သိပေမယ့် ကိုယ်အနေချောင်မယ့်ဘက်ကိုပဲ ရွေးကြတဲ့ သာကူးတွေ။ တခါတရံ မတရား လုပ်တဲ့သူတွေရဲ့ လက်ကိုင်တုတ် တွေတောင် ဖြစ်လာ တတ်သေးတယ်။

၃။ လူမိုက်
ဒီလူတွေကတော့ အရာရာကို ခွန်အားနဲ့ပဲ ဆုံးဖြတ်ချင်တဲ့ သူတွေ။ တရားတာ မတရားတာ အရေးမကြီးဘူး။ သူတို့ဘဝ ကောင်းစားဖို့ အတွက် ဘယ်သူ့ကိုမဆို အင်အားသုံး အနိုင်ကျင့်ဖို့ ဝန်မလေးတဲ့ သူတွေ။ ကိုယ်ချင်းစာစိတ် မရှိသလို သူတို့ကို မလှန်ရဲအောင် ရက်ရက်စက်စက် လုပ်ပြတတ် ကြတဲ့သူတွေ။ လူအများစုက သူတို့ကို မကြိုက်ကြပေမယ့် သူတို့ အနိုင်ကျင့်တာကို မလွန်ဆန်နိုင်လို့၊ ကြောက်လို့ ခေါင်းငုံ့ ခံကြတာ များတယ်။

၄။ ဂျန်လီး
ဒီလူတွေကတော့ ဘယ်သူတွေ ဘာဖြစ်ဖြစ် ဝင်ပါဖို့ မကြိုးစားဘဲ အလိုက်သင့် နေတတ်တဲ့ သူတွေ။ မတရားတာ မြင်လည်း သူ့ကိစ္စ မဟုတ်သလို မသိချင််ယောင် ဆောင်နေတတ်တဲ့ သူမျိုး။ သူတို့ အတွေး ထဲမှာတော့ သူတို့လောက် စိတ်ထားကောင်းပြီး မြင့်မြတ်တာ သူတို့ပဲ ရှိတယ်။ တကယ် လက်တွေ့မှာ ဘာမှ အသုံးမဝင်တဲ့ သူမျိုး။ တချို့က လူသိမခံတဲ့ မကောင်းမှု တခုခုနဲ့ မွေ့ပျော်နေတဲ့ သူတွေလည်း ဖြစ်လေ့ရှိတယ်။

၅။ ဘောမ
ဩဇာအာဏာရှိတဲ့၊ လုပ်ပိုင်ခွင့် ရှိတဲ့ သူတွေဆိုရင် မှန်မှန်မှားမှား ထောက်ခံပြီး ကိုယ်ကျိုးရှာတဲ့ သူမျိုး။ သူ့အတွက် တရားတာ၊ မတရားတာ ဘာမှ အရေးမပါဘူး။ သူ့အကျိုးစီးပွါး အတွက် ဘယ်သူ့ကို မဆို ဘောမဖို့ ဝန်မလေးတဲ့သူတွေ။ များသောအားဖြင့် ဝင်ငွေနိမ့်တဲ့ အခြေခံ လူတန်းစားက လာတာ ဖြစ်ပေမယ့် အဲဒီ လူတွေနဲ့ မပေါင်းဘဲ ဩဇာအာဏာ ရှိသူတွေ အသိုင်း အဝိုင်းမှာ ကျင်လည်နေရတာ ဂုဏ်ယူတဲ့ သူမျိုး။

၆။ သာမန်လူ
ဒီလူတွေကတော့ ဝင်ငွေကလည်း အရမ်း မကောင်း၊ သူများထက် သာတဲ့ ကိုယ်ပိုင် အရည်အချင်းလည်း မရှိသလောက်နဲ့ သူတွေ။ လောကကြီးမှာ လူမသိ သူမသိ သာမန် ဝန်ထမ်း ဘဝနဲ့ ဖြတ်သန်း နေကြတဲ့သူတွေ။ သူတို့မှာ မတရားတာကို မုန်းတဲ့ စိတ်၊ သူတပါးကို ကူညီချင်တဲ့ စိတ်ကောင်း လေးတွေတော့ ရှိပါရဲ့။ ဒါပေမယ့် အဲဒီ စိတ်ကောင်းလေးတွေ သုံးလိုက်တိုင်း သူတို့ချည်း နစ်နာသွားတဲ့ သူမျိုးတွေ။ ကံရော၊ ဉာဏ်ရောနည်းပြီး ဝိရိယ ဘယ်လောက် စိုက်စိုက် ဟုတ်တိပတ်တိ အကျိုးမခံစားရသူတွေ။

၇။ တော်လှန်သူ
ဒီလူတွေကတော့ မတရားတာကို မုန်းတဲ့သူတွေ၊ အမှန်တရား အတွက် အသက်စွန့်ဖို့တောင် ဝန်မလေးတဲ့ သူတွေ။ များသောအားဖြင့် အခြေခံ လူတန်းစားထဲက ပေါ်ထွက်လာတတ်ပြီး ထက်မြက်တဲ့ အရည်အချင်းတွေ ရှိပေမယ့် သူတို့ ကိုယ်ကျိုးထက် မတရားမှုတွေကို တွန်းလှန်ဖို့ အတွက်သာ အသုံးချလေ့ ရှိလို့ မကြီးပွါး မချမ်းသာ ကြသူတွေ။ သူတပါးကို အနိုင်ကျင့် တတ်တဲ့ အပေါ်က နံပါတ် ၃ လူတန်းစားတွေ အကြောက်ဆုံး လူမျိုးတွေ။

၈။ နင်းပြား
သူတို့ကတော့ ဘဝပေး ကံကြမ္မာက နုံချာလို့ ဆင်းရဲ နိမ့်ကျလှတဲ့ အထဲ လူတိုင်းက ဝိုင်းအနိုင်ကျင့်ကြလို့ ခေါင်းမဖော်နိုင်တဲ့ သူမျိုး။ ခေတ်စနစ် အခြေအနေတွေ ဘယ်လို ပြောင်းပြောင်း ဖြစ်လာသမျှ အကြပ်အတည်းနဲ့ ဒုက္ခတိုင်းကို ဒိုင်ခံ ခါးစည်း ခံကြရသူတွေ။ တုံ့ပြန်ဖို့လည်း အင်အားမရှိလို့ ဘာပဲဖြစ်ဖြစ် ငုံ့ခံ ကြရတဲ့ သူတွေ။ နံပါတ် ၆ နဲ့ ၇ က ဖေးမကြပေမယ့် သူတို့ကလည်း ကိုယ့်ဘာသာတောင် ရုန်းကန် နေရလို့ တောင်မင်း မြောက်မင်း မကယ်နိုင် ဆိုသလို ဖြစ်နေတဲ့ ဘဝတွေ။

သူတို့ကတော့ ရုပ်ရှင်မို့လို့ ကြည့်ကောင်းအောင် ဇာတ်လမ်း ဆင်ထားတာ ဖြစ်ပေမယ့် မသိရင် ကိုယ်တွေနိုင်ငံက လူတန်းစားတွေကို လာကြည့်ပြီး ခွဲထားသလိုပဲ ?

6 months ago

ထိုင်းထီ ဝါသနာပါရင် ဒီချန်နယ်လေး subscribe လုပ်ထားနော်။ ထီစျေး သက်သာပြီး ဆုငွေ စိတ်ချရတယ်။

https://t.me/susuvlog/54

Telegram

Su Su’s Vlog (စုစုဘလော့)

***‼️*** ဇွန် ၁၆ ရက် ထွက်မယ့် ထိုင်းထီ ရပါပြီ ***‼️*** ***💵*** ထီတစ်စောင်ကို ၁၂၀၀၀ ကျပ်ပါ။ ထီထိုးမယ်ဆိုရင် ***🛫*** တယ်လီဂရမ်မှာဆို @Suleatphyu ကို တိုက်ရိုက်ဆက်သွယ်ပြီး ထိုးလို့ ရပါတယ်။ ***📱***Facebook က အပြာခြစ်ပါတဲ့ Su Leat Phyu အကောင့်ရဲ့ မက်ဆင်ဂျာ ကနေ ထိုးလို့ ရပါတယ်။ - ထီပုံ…

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 20 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 3 months, 2 weeks ago