BECA Students Network

Description
NUG ဆယ်တန်း (BECA) စာမေးပွဲ ဖြေဆိုထားသော ကျောင်းသား/သူများ၏ ကွန်ယက် ဖြစ်သည်။ဤ ချန်နယ်အား ကျောင်းသားများသာ ကိုင်တွယ်သည်။ ကျောင်းသားလူငယ်များဖွဲ့စည်းသော အဖွဲ့အစည်းဖြစ်သည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

9 months, 2 weeks ago

🚨🚨🚨 📣📣📣📣📣
BECA (စနစ်ဟောင်း ဒသမတန်း) ပြန်လည်ဖြေဆိုရန် လိုအပ်‌နေသူများထံသို့ သတင်းပို့ အကြောင်းကြားထားပါကြောင်း နှိုးဆော်ခြင်း

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းဖြေဆိုသူများတွင် ဖြေဆိုသူကျောင်းသား/သူ အချို့သည်
မိမိတို့ဖြေဆိုရန်အသုံးပြုသော ဖုန်း/တက်ဘလက်/ကွန်ပြူတာများ၏ ကင်မရာ၊ နည်းပညာ အခက်အခဲကြောင့် ဖြေဆိုစဉ် မှတ်တမ်းများမှာ ရောက်ရှိလာခြင်းမရှိသဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိ ဖြစ်နေပါသည်။

ထိုသို့ ဖြစ်ပေါ်နေသော ကျောင်းသား/သူများကို ပြန်လည်ဖြေဆိုရန် လိုအပ်ကြောင်း အီးမေးလ် ပို့ထားပါသည်။

မိမိတို့ စာရင်းသွင်းစဉ် ဖြည့်စွက်ခဲ့သော အီးမေးလ်များကို စစ်ဆေးပြီး အကြောင်းကြားစာရောက်ရှိနေပါက အချိန်မီပြန်လည်ဖြေဆိုပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

9 months, 3 weeks ago
BECA Students Network
10 months ago

📣 📣 📣 📣 📣
BECA (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုသူများဆိုင်ရာ အသိပေးကြေညာခြင်း
📣 📣 📣 📣 📣

၂၀၀၆ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တွင် မွေးဖွားခဲ့သောကျောင်းသား၊ ကျောင်းသူများသည် အသက်နှင့် အတန်းအရ စနစ်သစ်ကျောင်းသားကျောင်းသူများဖြစ်ရမည်ဖြစ်သဖြင့်

"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နှင့်စပ်လျဉ်း၍  ဖြေဆိုခွင့် လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်တွင် စစ်အာဏာမသိမ်းခင် အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တက်ရောက်ဖူးပြီး ၂၀၂၃ ခုနှစ် အခြေခံပညာ ပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခဲ့ခြင်းမပြုရသေးသူများဖြစ်ရမည်"

ဟူသောသတ်မှတ်ချက်နှင့် မကိုက်ညီနိုင်ကြောင်း ယူဆဖွယ် ရှိပါသည်။

သို့ဖြစ်ပါ၍ စစ်အာဏာမသိမ်းခင်တွင် မည်သည့်တက်ရောက်ခဲ့သည့်အတန်းနှင့်စပ်လျဉ်း၍ စိစစ်အတည်ပြုရန် သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ Registration လျှောက်ထားစဉ်က ဖြည့်ခဲ့သော Email ထံသို့ မေးခွန်းများ ပေးပို့ထားပါသည်။

သတ်မှတ်ချိန်အတွင်း Email ပြန်လည်အကြောင်းပြန် ဖြေကြားခြင်း မရှိ‌သော လျှောက်ထားသူများနှင့်  စစ်အာဏာမသိမ်းခင်က အခြေခံပညာနဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တွင် တက်ရောက်ဖူးကြောင်း အထောက်အထားများ ပြသနိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို
BECA (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့် ပယ်ဖျက်သွားမည် ဖြစ်ပါ‌ကြောင်း အသိပေးနှိုးဆော် အကြောင်းကြားအပ်ပါသည်။

12 months ago
"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration …

"BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် ၏ Registration ပိတ်သိမ်းရန်ကာလ (၅) ရက်အလို ကြိုတင်အသိပေးနှိုး‌ဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည်
(၄.၁၀.၂၀၂၄) ရက်နေ့ မှ (၁၀.၁၁.၂၀၂၄) ရက်နေ့ အထိ ဖြစ်ခြင်းကြောင့်
လျှောက်ထားနိုင်သည့်ကာလ (၅) ရက်သာ ကျန်ရှိတော့ပါကြောင်း ထပ်မံကြိုတင်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စနစ်ဟောင်းဒသမတန်းအတွက် နောက်ဆုံးအကြိမ်ကျင်းပသည့် BECA Registration ကာလဖြစ်သည့်အတွက် (၁၀.၁၁.၂၀၂၄) ‌ရက်၊ ည(၁၂) နာရီ နောက်ဆုံးထား၍ Registration Form ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

BECA Registration လျှောက်ထားရမည့် Link >> (https://mes.moeedu.org)

#NUGMOE
#BECARegistration
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome

1 year ago

? ? ? ? ? ? ?

MES Registration အသစ်ပြုလုပ်ခြင်း၊ Password Reset ပြုလုပ်ခြင်း၊ Certificate ထုတ်ယူခြင်း ‌နှင့် ပတ်သက်၍ အကြောင်းကြားခြင်း

MES System Error ပြင်ဆင်ပြီးကြောင်းအသိပေးအကြောင်းကြားခြင်း (21.10.2024)

MES Site ကို Update ပြုလုပ်ပြီးစီးသောကြောင့်
ကျောင်းသား/သူများအနေဖြင့် MES Registration အသစ်ပြုလုပ်ခြင်း၊ Password Reset ပြုလုပ်ခြင်း၊ Certificate ထုတ်ယူခြင်းများ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စောင့်ဆိုင်းပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်။

1 year ago

MES Registration အသစ်ပြုလုပ်ခြင်း၊ Password Reset ပြုလုပ်ခြင်း၊ Certificate ထုတ်ယူခြင်း ‌နှင့် ပတ်သက်၍ အကြောင်းကြားခြင်း

MES System Error (19.10.2024)

? ? ? ? ? ?

MES အဆင်မပြေခြင်း ဖြစ်ပေါ်နေသည့်အတွက် MES Site ကို Update လုပ်နေပါသောကြောင့်
ကျောင်းသား/သူများအနေဖြင့် MES Registration အသစ်ပြုလုပ်ခြင်း၊ Password Reset ပြုလုပ်ခြင်း၊ Certificate ထုတ်ယူခြင်းများ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ System ပြင်ဆင်ပြီးပါက ထပ်မံကြေညာပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ ID ရပြီးသား BECA ကျောင်းသား/သူများသည် BECA ဖြေဆိုရန် စာရင်းသွင်းခြင်း ဆောင်ရွက်နိုင်ပါသည်။

? ? ? ? ?

1 year, 3 months ago

? ??? ? ?
BECA Complaint Form တင်ထားသည့် Certificate (Valid) ရရှိသော ကျောင်းသား/သူများ အားလုံးထံသို့ Email အကြောင်းပြန်ကြားထားပြီးဖြစ်ပါကြောင်းအသိပေး‌ကြေညာခြင်း
??????

BECA Complaint Form တင်ထားသည့် ကျောင်းသား/သူများ၏ ဖြေဆိုမှုအခြေအနေများကို Complaint Form တွင် ရေးသားဖော်ပြထားသော "ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲ၊ ကျောင်းသားကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်တို့နှင့်" တိုက်ဆိုင်စစ်ဆေးစိစစ်ပြီး

? Valid အဖြစ် ဖြေလျှော့သတ်မှတ်ပေးရန် ကျိုးကြောင်းဆီလျော်သည့် Student ID များ အားလုံးထံသို့

? Valid ဖြစ်ကြောင်းအတည်ပြုချက်နှင့်
Certificate ထုတ်ယူနိုင်ပြီဖြစ်ကြောင်း

?Complaint Form တွင် ဖြည့်သွင်းထားသော Valid Email များအားလုံးထံသို့ အသိပေးအကြောင်းပြန်ကြားထားပြီ ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် ။

သို့သော် Complaint Form တင်ထားပြီး Valid ရလဒ်ရရှိသော ကျောင်းသား/သူအချို့သည် မှားယွင်းဖြည့်သွင်းပေးထားသော Email များသည် အကြောင်းပြန်ကြားမှုကို ရောက်ရှိခြင်းမရှိဘဲ (Address not found) ဖြစ်နေသည်ကို တွေ့ရှိနေရပါသည်။

ထို့ကြောင့် Complaint Form တင်ထားပြီး အကြောင်းပြန်စာ မရရှိသေးသော ကျောင်းသား/သူများအနေဖြင့် စစ်ဆေးပြီးရလဒ်ကို စုံစမ်းလိုပါက

[email protected]

Email ထံသို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲပေးပို့၍ စုံစမ်း‌ကြပါရန် အကြောင်းကြားနှိုးဆော်အပ်ပါသည် ။

(၁) Student ID
(၂) နာမည်
(၃) မှတ်ပုံတင်နောက်ဆုံးလေးလုံး

တို့ကိုပါ ပြည့်စုံမှန်ကန်စွာပူးတွဲဖော်ပြ၍ ပေးပို့စုံစမ်းကြပါရန် နှိုးဆော်အပ်ပါသည်။

1 year, 3 months ago

? ? ? ? ? ?

BECA Complaint Form တင်ထားသောကျောင်းသား/သူများသို့ နှိုးဆော်ချက်

? ? ? ? ?

BECA Complaint Form တင်ထားသော ကျောင်းသား/သူများထံသို့ ပြန်လည်စစ်ဆေးပြီးရလဒ်များကို ဖောင်တွင်ဖြည့်သွင်းပေးထားသော Email များထံသို့ အကြောင်းပြန်ပေးနေပြီ ဖြစ်ပါသည်။

သို့သော် Complaint Form တင်ထားသောကျောင်းသား/သူအချို့၏ မှားယွင်းဖြည့်သွင်းပေးထားသော Email များသည် အကြောင်းပြန်ကြားမှုကို ရောက်ရှိခြင်းမရှိဘဲ (Address not found) ဖြစ်နေသည်ကို တွေ့ရှိနေရပါသည်။

ထို့ကြောင့် Complaint Form တင်ထားပြီး အကြောင်းပြန်စာ မရရှိသေးသော ကျောင်းသား/သူများအနေဖြင့် စစ်ဆေးပြီးရလဒ်ကို စုံစမ်းလိုပါက

[email protected]

Email ထံသို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲပေးပို့၍ စုံစမ်း‌ကြပါရန် အကြောင်းကြားနှိုးဆော်အပ်ပါသည် ။

(၁) Student ID
(၂) နာမည်
(၃) မှတ်ပုံတင်နောက်ဆုံးလေးလုံး

တို့ကိုပါ ပြည့်စုံမှန်ကန်စွာပူးတွဲဖော်ပြ၍ ပေးပို့စုံစမ်းကြပါရန် နှိုးဆော်အပ်ပါသည်။

1 year, 5 months ago

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သက်မွေးပညာကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော

အစိုးရနည်းပညာအထက်တန်းကျောင်းပထမနှစ်သင်တန်း ကို လျှောက်လို့ရပါတယ်။

စနစ်ဟောင်း အဌမတန်း အောင်မြင်ပြီး၊ နဝမတန်းတက်ရောက်ဖူးသည့် CDM ကျောင်းသား ကျောင်းသူများ လျှောက်ထားရန် Link -
https://edu.nugmyanmar.org/edd2ac75

Federal ကျောင်းအသီးသီးမှ စနစ်သစ် Grade 10 အောင်မြင်ပြီးသည့် CDM ကျောင်းသား ကျောင်းသူများ လျှောက်ထားရန် Link -
https://edu.nugmyanmar.org/347c4884

(လျှောက်လွှာ သေချာတင်ကြပါ။ Interview (လူတွေ့စစ်မေးခြင်း) အတွက်လည်း အကောင်းဆုံးပြင်ဆင်ထားကြပါ။ Try your best! Fighting!)

edu.nugmyanmar.org

An official shorten link generator of the education institutions affiliated with National Unity Government

1 year, 5 months ago

ထပ်ဝင်လာကြပါအုံးဗျ။

ခု စတင် ပြောဆိုနေကြပါပြီ??

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago