နိုင်စိုးနှင့် အမျိုးများ

Description
ြဖစ်လေသမျှ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 Monat her

"ခံ"
----

ဒီဇင်ဘာ (၁၄) ရက်ညက ဗမာနှင့်
ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်ခုဖြစ်တဲ့
`Ampho Umphang (အုန်းဖန်မြို့)´
တာ့ခ်ခရိုင်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပ
နေတဲ့ ပွဲတော်ထဲကို ကရင်သူပုန်
အကြမ်းဖက် (KNU) အဖွဲ့ဝင်
နှစ်ဦးမှ လူအုပ်ထဲကို ဗုံးပေါက်
ပစ်ခွဲ သတ်ဖြတ်ခဲ့လို့ မြင်ရတဲ့
မြင်ကွင်းဖြစ်တယ်။

နှစ်ဦးသေ (၄၈) ဦး ဒဏ်ရာရတဲ့
အထဲ တစ်ဦးက (၁၄) နှစ်အရွယ်
ဖြစ်တယ်။

ယပက်လက်တွေလည်း ခံရမှ
မှတ်မယ်။

ဗမာ အကြမ်းဖက် အစုတ်ပလုပ်
တွေကို လက်ခံထားသလို ကရင်
ကလေကချေ အကြမ်းဖက်
သမားတွေကိုလည်း နိုင်ငံသား
ပေးထားတာ အများကြီးပဲ။

အဲ့တော့လဲ ပျော်ပျော်ကြီး ခံ။

(Andrew Soe)
15th Dec 2024

1 Monat her

"ပြောချင်ရာပြောလိုက်တာ"
------------------------------

စိတ်ကူးပေါက်ရာ
ပြောချင်တာ ပြောတာ။

ဆန္ဒရှိရင် နားထောင်၊
မရှိရင် မထောင်နဲ့။

(Andrew Soe)
14th Dec 2024

1 Monat her

"ဘာဖြစ်မှာလဲ"
-----------------

အခုတစ်လော တစ်ကမ္ဘာလုံး
အုတ်အော်သောင်းတင်းဖြစ်နေ
တဲ့ "ဒရုမ်း" ဆိုတာ တကယ်က
တော့ အမျိုးအမည်မသိ ပျံသန်း
နေတဲ့ " ယူဖိုး (UFO)" တွေသာ
ဖြစ်တယ်။

နယူးဂျာစီ၊ နယူးယောက်၊
လန်ဒန်၊ ရုရှ၊ ဘရာဇီးလ် စတဲ့
နိုင်ငံအနှံ့၊ နေရာအနှံ့မှာ ဒီတစ်
ခါ ကျယ်ကျယ်ပျံ့ပျံ့ ထင်သာမြင်
သာ လူအများတွေ့ကြရတာမျိုး
ဖြစ်တယ်။

နယူးဂျာစီကိစ္စမှာ အက်ဖ်ဘီအိုင်
ကို လွှတ်တော်က ခေါ်စစ်ရတဲ့
အထိ ဖြစ်ခဲ့ပြီး သူတို့လည်း
ဘာမှန်း မသိကြသလို ရေရေ
ရာရာ ဘာလဲ၊ ဘယ်ကလဲဆို
တာ သက်သေမပြနိုင်ရှာပါ။

ပညာရှင်အချို့က ကိုယ်ပိုင်
ဒရုမ်းတွေ လွှတ်ပြီး စုံစမ်းခဲ့ကြ
သော်လည်း သူတို့ဒရုမ်းတွေ
သုံးမိနစ်အတွင်း ပြန်ပြုတ်ကျ
လာပါတယ်။

ဂြိုဟ်သားခေါ် အေလီယန်တွေ
ကို မိမိတို့လူသားရဲ့ မတတ်တ
ခေါက် ပညာလောက်နှင့် မရပါ။

မိမိတို့က ကီလိုမီတာ (၁၄) သန်း
သာဝေးတဲ့ အင်္ဂါဂြိုဟ်ကို အခုထိ
မသွားနိုင်သေးသလို မိမိတို့၏
နဂါးငွေ့တမ်း ဂယ်လက်ဆီ
အတွင်းရှိ အနီးဆုံး ကြယ်တာ
ယာ ဂြိုဟ်တစ်ခုကို သွားရောက်
နိုင်ဖို့တောင် နှစ်သန်း (၃၀) ကြာ
ပါမယ်။

သို့သော် သူတို့ကတော့ အဲ့ဒီ
ကနေ (သို့) အခြား ဂယ်လက်ဆီ
တစ်ခုကနေ မိနစ် (၃၀) အတွင်း
ရောက်အောင်လာနိုင်ပါတယ်။

နည်းပညာ အရမ်းကွာနေပါ
တယ်။

အခုလို မကြာခဏ လာနေတဲ့
အေလီယန် အမျိုးအစားက
"မီးခိုးရောင် ဂြိုဟ်သား (Grey
Alien)" ဖြစ်တယ်။ အိုရိုင်ယံ
ခါးပတ်ဂြိုဟ်ကလာတဲ့သူတွေ
ဖြစ်ဖို့များတယ်။

သူတို့ဟာ မိမိတို့ ကမ္ဘာကြီး
ကမောက်ကမ ဖြစ်ခါနီးနှင့် စစ်ကြီး
တွေဖြစ်လျှင် အမြဲမြင်တွေ့ရလေ့
ရှိတယ်။

ပ + ဒု ကမ္ဘာစစ်၊ ကျူးဘား အရေး
အခင်း၊ ချာနိုဗိုင်း ညူကလီးယား ယို
စိမ့်မှု၊ ဖူကူရှီးမား ညူကလီးယား ယို
စိမ့်မှု စသဖြင့် အနီးအနားမှာ အမြဲ
ပျံဝဲ ကိုယ်ထင်ပြလေ့ရှိတယ်။

အခုတစ်ခါ ယခင်နှင့် မတူတာက
တစ်စင်းစ၊ နှစ်စင်းစ မဟုတ်ဘဲ
အုပ်စုလိုက်ကြီးကို ထင်ထင်ရှား
ရှား ဝဲပျံပြနေလို့ လူတွေ အထိတ်
တလန့် ဖြစ်ကုန်ကြတာ။

မိမိ ဒီဂြိုဟ်သားအကြောင်းတွေ
လေ့လာနေတာ နှစ် (၃၀) ကျော်ပြီ
ဖြစ်သလို အများကြီးသိရှိထားပြီး
ဆယ်နှစ်ကျော် ဒီအကြောင်းတွေ
ကို စိုက်လိုက်မတ်တပ် ရေးခဲ့သူ
ပါ။

ဆိုလိုတာ မကြာခင် မိမိတို့
ကမ္ဘာကြီး တစ်ခုခု ဖြစ်တော့
မှာ အလွန်သေချာနေပြီ ဖြစ်
ပါလေတော့သတည်း။

(Andrew Soe)
12th Dec 2024

1 Monat, 1 Woche her

"ဒါရိုက်တာက သူပါပဲ"
-------------------------

တကယ်တော့ အစ္စရေးလ်
ဝန်ကြီးချုပ် နေတန်ယာဟုရဲ့
အော်ပရေးရှင်းအောက်မှာ
အိမ်ကြက်ချင်း အိုးမဲသုတ်
အသုံးချခံတွေ ခနတာ ပျော်
ရွင်နေကြပေမဲ့ ဘာ့ကြောင့်
ဖြစ်လာရတယ်၊ ဘာတွေဖြစ်
လာနိုင်သည်ကို ရှင်းပြနေ
သော `Jeffrey Sachs´။

ဆီးရီးယား နယ်စပ်တလျှောက်
အစ္စရေးလ်တပ်တွေ အလုံးအရင်း
နှင့် တပ်ဖြန့်ချနေတာတွေကို
လည်း သတင်းတွေမှာ မြင်တွေ့
နေရတယ်။

ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ ဒါရိုက်
တာ၊ ဇာတ်ညွှန်းရေးသူ၊ တည်း
ဖြတ်သူကတော့ စတီဗင် စပီးလ်
ဘတ်လို နေတန်ယာဟုသာဖြစ်
ပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံး
မကြာမတင် အချင်းချင်းသတ်ပွဲ
တွေ မြင်ရပါတော့မယ်။

(Andrew Soe)
8th Dec 2024

1 Monat, 1 Woche her

"နိုင်ငံရေး သံဝေဂ"
--------------------

ဆီးရီးယားသူပုန်တွေက
ဒမားစကပ်ကို သိမ်းပိုက်ပြီး
(၂၅) နှစ်နီးပါး ဆီးရီးယားကို
အုပ်ချုပ်ခဲ့တဲ့ `Bashar al-
Assad´ အစိုးရကို ဖြုတ်ချ
လိုက်ပြီလို့ ဒီနေ့မနက်မှာ
ကြေညာခဲ့ပါတယ်။

သို့သော်လည်း လက်ရှိအချိန်
တွင် အာဆတ်သည် မည်သည့်
နေရာတွင် ရှိနေသည်ကို ရှင်းရှင်း
လင်းလင်း မသိရသေးပေ။

အကြမ်းဖက်သူပုန်တပ်ပေါင်းစု
ကြီး ဆီးရီးယားကို ဘယ်နည်း
ဘယ်ပုံ ပြောင်းပြန်လှန်၊ သတ်
ပွဲတွေ ကျင်းပကာ ရောင်းစား
ကြမလဲ ဆက်စောင့်ကြည့်ရ
မယ်။

အင်္ဂလန်တွင် ဆေးပညာ သင်
ကြားယင်း ဆရာဝန် ဖြစ်ချင်လှတဲ့
အာဆတ်တစ်ယောက် အစ်ကို
ဆုံးပါးသွားရတဲ့အတွက် သမ္မတ
မလုပ်ချင်ဘဲ လုပ်ခဲ့ရပြီး၊ အခု
တော့ အမေရိကန် ကစားကွက်
ထဲ ကားယား ကျရှာပြီ။

တစ်လောက ရေးသလို အမေရိ
ကန်က ဆုငွေ (၁၀) သန်း ထုတ်
ထားတဲ့ အကြမ်းဖက် သူပုန်ခေါင်း
ဆောင် ဂျဝါလာနီက အခုတစ်ခါ
အစ္စရေးလ်နှင့် အမေရိကန်တို့၏
အခိုင်းစေခံ ကျွန်တစ်ဦးအဖြစ်သို့
ပြောင်းလဲသွားရပြီး အီရန်ကို
လွတ်လွတ်ကျွတ်ကျွတ် တိုက်ကြ
တော့မည့် နိုင်ငံရေး သံဝေဂကို
ရွာထဲက နစက အစိုးရ သိရှိပုံ
ရတာကြောင့် တရုတ်ကြီးကို
မချစ်သော်လည်း ဇွတ်ကိုအတင်း
ဖက်တွယ်ထားရရှာတာကိုလည်း
ပြေးမြင်မိတယ်။

ဒါ့ကြောင့် နိုင်ငံရေးမှာ အမြဲတမ်း
ရန်သူ မရှိသလို၊ အမြဲတမ်း မိတ်
ဆွေဆိုတာလည်း မရှိဘူးဆိုတာ
သွေးထွက်အောင် မှန်လွန်းလှပါ
လေတော့သတည်း။

(Andrew Soe)
8th Dec 2024

1 Monat, 1 Woche her
"နိုင်ငံရေး သံဝေဂ"

"နိုင်ငံရေး သံဝေဂ"
--------------------

1 Monat, 2 Wochen her

"မှတ်ပါ"
---------

ဘီဒူဝင်တွေအကြောင်းပဲ
ရေးနေပေမဲ့ ရွာထဲမှာ ဟော့
ဖြစ်နေတဲ့ ပေါက်ပန်းသေး
သတင်းတွေကိုလည်း မြင်
ရတယ်၊ ကြားရတယ်။

ကိုယ့်အဆင့်နဲ့ မတန်လို့
ဒါတွေ မရေးပေမယ့် သင်ခန်း
စာ ရစေလိုခြင်း အလို့ငှာနှင့်
ဉာဏ်မရှိ တုံးလွန်းလှချည်
လား၊ မြင်မိလို့ အခုလို
အနည်းငယ် ရေးခြင်း
ဖြစ်တယ်။

ရွာပြင်၊ ရွာထဲက မီဒီယာ
အစုတ်ပလုတ်တွေနဲ့ တွေ့ဆုံ
စကားပြောခြင်းဟာ.....

၁)။ မင်းကိုယ်၌ ကျပ်မပြည့်ခြင်း။
စာမတတ်ခြင်း။ ဗမာစာ ရေးတာ
တောင် လဲနှင့် လည်းကို မှန်အောင်
မသုံးတတ်ခြင်း။

၂)။ လက်ရှိ အခြေအနေ
ကာလံ ဒေသံ အဂ္ဃံ ဓနံကို
မသိခြင်း။

၃)။ ဘွဲ့၊ ရာထူး၊ ဂုဏ် အရှိန်
အဝါ ရှိသော်လည်း အချောင်
ရရှိထားသူ ဖြစ်နေခြင်း။

၄)။ မပြုံးလို မတန်မရာ၊ အရောင်
မထွက်၊ အရှက်မရှိ မပြည့်တဲ့အိုး
ဘောင်ဘင်ခတ်ချင်သူ ဖြစ်နေခြင်း။

၅)။ လူ့အန္ဓ လက်သုံးချောင်း
ထောင် ဖြစ်နေခြင်း။

၆)။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ
အရည်မရ၊ အဖတ်မရ နေ့စဉ်
မိမိကိုယ်၌ စောက်တစ်လွဲတွေ
လုပ်နေတာကို လူအထင်ကြီး
စေချင်တဲ့ စိတ္တဇ ဝေဒနာသည်
လို တင်ပြနေခြင်းနှင့် တုတ်စာ၊
အဖုတ်စာလောက်သာသိသော
အောက်တန်းစား အတွေးအခေါ်
ရှိသူတွေ ဖြစ်နေခြင်း။

အစရှိတဲ့ သူတွေသာ မီဒီယာ
အစုတ်ပလုတ်တွေနှင့် ဗျူးလေ့
ရှိတယ်။

ဆိုလိုတာ မီဒီယာတိုင်းကို
ပြောတာ မဟုတ်ဘူးဆိုတာကို
တော့ ထည့်ပြောစရာ မလိုဘူး
ထင်တယ်။

(Andrew Soe)
1st Dec 2024

1 Monat, 2 Wochen her
"မှတ်ပါ"

"မှတ်ပါ"
---------

1 Monat, 2 Wochen her
နိုင်စိုးနှင့် အမျိုးများ
1 Monat, 3 Wochen her

"ကြည့်တတ်အောင်ကြည့်ပါ"
-------------------------------

(John Travolta, Uma Thurman, Bruce Willis, Samuel L. Jackson)' စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ၁၉၉၄ \- ခုနှစ်က ဒါရိုက်တာQuentin
Tarantino´ ရိုက်ထားသော `Pulp
Fiction´ ကို ကြည့်တတ်ရင် မင်းဟာ
လူလားမြောက်ပြီ၊ လူလို တွေးခေါ်
တတ်ပြီ၊ ဆင်ခြင်တတ်ပြီ၊ ဘဝကို
နားလည်ပြီ၊ လူ့အသိကိုရပြီ၊ လူလိမ်
တွေ လက်က လွတ်ပြီ၊ နောင်ဘဝ
ကူးပါ ကောင်းပြီ။

အရေးအကြီးဆုံးက ဗမာပေါကား၊
ကိုရီးယား၊ တရုတ်၊ ကုလားကား
အစုတ်ပလုပ်တွေ ကြည့်ခြင်းမှလည်း
လွတ်မြောက်ပြီ။

ဒီဇာတ်ကားကို လူငယ် အရွယ်မှာ
ငါကြည့်ခဲ့ရတုန်းက ဘိုလို စာတန်း
ထိုးတောင် မပေါ်သေးပါ။

အခု ဗမာ စာတမ်းထိုးတာကိုမှ
မကြည့်တတ်ရင် ကိုယ်ဘယ်လောက်
ညံ့နေသလဲ ပေါ်လွင်မယ်။

လူညံ့တစ်ယောက် မဟုတ်ကြောင်း
သက်သေပြတဲ့အနေနှင့် ကြည့်ပါ။

နောက်တစ်ခုက `Quentin
Tarantino´ ရိုက်သည့် ဇာတ်ကား
တိုင်းကိုကြည့်ပါ။ မင်းဘဝခွန်အား
တစ်ခုခု အမြဲ ရမယ်။

သူသည် ရွာထဲက ဆရာ မင်းသိင်္ခ
စာပေတွေလို ညဏ်အလင်း ခွန်အား
ပေးနိုင်သူဖြစ်တယ်။

(Andrew Soe)
24th Nov 2024

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago