ဆီမီးခုံသတင်း

Description
သတင်းနှင့်မီဒီယာ၀ဘ်ဆိုက်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year ago

ဖေဖော်ဝါရီ ၂၇ ရက်

နံနက် ၈နာရီ ခန့်က ဆီမီးခုံမြို့ထဲမှ စခ၊ ရခ များ မြို့လယ် ရွှေစည်းခုံဘုရား တောင်ဘက် လမ်းမပေါ်မှာ စစ်ဆေးများပြုလုပ်ခဲ့။

၂၆ နေ့ည ၇နာရီ ၃၀မိနစ် ခန့်က စခ၊ ပျုများ ငါ့နန်းရွာ တောင်ဘက်အဝင်မှာ ကင်းပုန်းဝပ်နေစဉ် ရွာထဲမှ ထွက်လာသော ပြည်သူ သားအမိ ၂ ဦးကို ပစ်ခတ်ခဲ့ရာ သားဖြစ်သူသေဆုံးသွားပြီး မိခင်ဖြစ်သူမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ ၄င်း သားအမိ ၂ ဦးမှာ ယောက်ျားဖြစ်သူအိမ်မှပျောက်သွား၍ ရွာအပြင်ဘက်သို့ လိုက်လံရှာဖွေစဉ် စခ ကင်းပုန်းများမှပစ်ခတ်ခဲ့ခြင်းဟုသိရ။

ဆီမီးခုံသတင်း

1 year ago

ဖေဖော်ဝါရီ ၂၄ ရက်

နံနက် ၇ နာရီ ခန့်က ဆိီမီးခုံမြို့တောင်ဘက်တကြော ကျေးရွာများမှလာသော ခရီးသွားကားများကို မြို့ထဲမှာ စခ၊ရခများမှ တားဆီးစစ်ဆေးခဲ့ပြီး ပြန်လှည့်ခိုင်းခဲ့ဟုသိရ။

ယနေ့နံနက်ပိုင်းက မြို့ထဲမှာ စခ၊ရခများ ခြေရှုပ်နေပြီး ပါတ်ကင်းများလှည့်‌နေ။

နံနက် ၉ နာရီ ခန့်က ငါန်းမြာကြီးရွာ မှ စခများ မိုးတောင်ရွာ နှင့် ငါန်းမြာကြီးရွာ ကြား ဆေးရိုးစက်မှာရောက်ရှိနေပြီး မိုးတောင်ရွာ ထဲဝင်၍ ဘုန်းကြီးကျောင်းမှ ကား ၁ စီး ကို မောင်းယူသွား။

ဆီမီးခုံသတင်း

1 year ago

ဖေဖော်ဝါရီ ၂၀ ရက်

ညနေ ၃ နာရီ ၃၀ မိနစ် ခန့်က ဆီမီးခုံရေနက်ဆိပ်ကမ်း ရေတပ်သို့ မြစ်အထက်ပိုင်းမှ စုန်ဆင်းလာသော စစ်သင်္ဘော ၁ စီး ဆိုက်ကပ်သွားဟုသိရ။

ဆီမီးခုံသတင်း

1 year, 2 months ago

ဇန်နဝါရီ ၃ ရက်

နံနက် ၇ နာရီ ၄၅ မိနစ် ခန့်က မြို့သာစက်မှု့ဇုံထဲမှ အနောက်သို့ မောင်းနှင်လာသော စခ ကား ၃ စီး တောင်အောက်ရွာ နှင့် ကောင်းဇင်ရွာ ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စခများမှ လမ်းဘေးတစ်လျောက် သေနက်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ဟုသိရ။

နံနက် ၉ နာရီ ခန့်မှာ ကောင်းဇင်ရွာ ထဲသို့ စခများ ရောက်ရှိသွား။

နံနက် ၁၁ နာရီ ခန့်မှာ ကောင်းဇင်ရွာ မှ စခများ ရွာသာအေးရွာ ဘက်သို့
ရောက်ရှိလာဟုသိရ။

ဆီမီးခုံသတင်း

1 year, 2 months ago

ဇန်နဝါရီ ၂ ရက်

နံနက် ၆ နာရီခန့်မှ စပြီး မင်းနေကုန်းရွာရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့။

နံနက် ၈ နာရီ ၃၀ မိနစ် ခန့်မှာ တံတားဦးလေတပ်မှ ပျံတက်လာသော ဂျက်ဖိုက်တာ ၁ စီး မင်းနေကုန်းစခန်းတစ်ဝိုက်သို့ ဗုံးသီးကျဲချကာ စက်လက်ဖြင့်ပစ်ခတ်သွား။

ဆုံရွာ မှ ပျုများ နံနက် ၈ နာရီ ခန့်က သေနက်များ ပစ်ဖောက်နေခဲ့။

ဆီမီးခုံသတင်း

1 year, 2 months ago

ဒီဇင်ဘာ ၁၈ ရက်

နံနက် ၉ နာရီ ခန့်က ဆုံရွာ မှ ပျု နှင့် စခ များ ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံ လမ်းမပေါ် ငါ့နန်းရွာ နှင့် ဆုံရွာ ကြား တာဘောင် အနီးတစ်ဝိုက်ရှိ လမ်းဘေးတွင် စပါးရိတ်နေသော ပြည်သူများ ချောဆွဲ၍ငါ့နန်းရွာ နှင့် ဆုံရွာ ကြားရှိ လမ်းမကြီးဘေး ခြုံနွယ်ပင်များကို ရှင်းလင်းခိုင်းနေ ၁၁ နာရီ ခန့်မှာ ပြည်သူများကို ပြန်လွှတ်လိုက်ပြီးယခု ၁၁ နာရီ ၃၀ မိနစ် ခန့်အထိ တာဘောင်အနီး ပျု နှင့် စခ များ ကင်းပုန်းဝပ်နေဆဲဟုသိရ။

ဆီမီးခုံသတင်း

1 year, 3 months ago

ဒီဇင်ဘာ ၃ ရက်

နံနက် ၉ နာရီ ခန့်က ဆုံရွာ မှ စခ နှင့် ပျု များ ကျောက်တိုင်ရွာ၊ ဖက်ပင်အိုင်ရွာ မြောက်ဘက် ယာတောထဲတွင် ကင်းပါတ်ထွက်ပြီး သေနက်များလည်းပစ်ဖောက်သွားဟုသိရ။

ယခုည ၈ နာရီ ခန့်မှ စပြီး မြင်းခြံမြို့ ခမရ-၁၅ ထဲမှ ဟောင်ဝစ်ဇာအမြောက်ဖြင့် တောပုရွာ၊ မရိုးကုန်းရွာ၊ ကျောက်ကုန်းရွာ၊ ရသာရွာ များဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေ။

ယခုည ၇ နာရီ ခန့်က ဆုံရွာ၊ ဆီမီးခုံမြို့ ရှိ စခ၊ ပျု များမှ သေနက်များပစ်ဖောက်နေ။

ဆီမီးခုံသတင်း

1 year, 3 months ago

နိုဝင်ဘာ ၂၇ ရက်

ဆီမီးခုံရေနက်ဆိပ်ကမ်းတွင် မနေ့ညက ဝင်ရောက်ဆိုက်ကပ်ထားသော စခ စစ်သင်္ဘော ၁ စီး ယနေ့နံနက် ၈ နာရီ ၁၅ မိနစ် ခန့်က မြစ်အထက်ပိုင်းသို့ ပြန်လည်ဆန်တက်သွား မတ္တရာဘက်မှ ထိခိုက်ဒဏ်ရာရလာ‌သော စခ ၊ ပျု များကို ဆီမီးခုံဆိပ်ကမ်းသို့လာရောက်ပို့ဆောင်ခြင်းဟုသိရ။

ဆီမီးခုံသတင်း

1 year, 3 months ago

နိုဝင်ဘာ ၂၆ ရက်

ယခုည ၇ နာရီ ၃၀ မိနစ် ခန့်က ဆီမီးခုံရေနက်ဆိပ်ကမ်းသို့ မြစ်အထက်ပိုင်းမှ စုန်ဆင်းလာသော စခ စစ်သင်္ဘော ၁ စီး ဆိုက်ကပ်သွား စခ အင်အားအပြည့်ပါလာသည်ဟုသိရ။

ည ၇ နာရီ ၅၅ မိနစ် ခန့်မှာ ပေါက်တောချောင်ရွာ အနောက်ဘက် သောင်ခုံပေါ်သို့ လက်နက်ကြီးဖြင့် စခ စစ်သင်္ဘောမှ ရမ်းသမ်းပစ်ခတ်နေ။

ဆီမီးခုံသတင်း

1 year, 4 months ago

အောက်တိုဘာ ၂၂ ရက်

ဂွေးကုန်းရွာ ဘက်မှ လာသော စခ ကား ၅ စီး နံနက် ၇ နာရီ ခန့်က ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံ လမ်းအတိုင်း အနောက်သို့ မောင်းသွား။

နံနက် ၈ နာရီ ခန့်က ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံ လမ်းမပေါ် ရွာသာအေးရွာ အနီးမှာ ပစ်ခတ်သံများကြားနေရ ဆုံရွာ ဘက်မှလည်း သေနက်များ ပစ်ဖောက်နေ။

နံနက် ၁၀ နာရီ ခန့်မှာ ကြာကန်ရွာ၊ သရက်ချိုပင်ရွာ များသို့ စခ များ ဝင်ရောက်လာပြီး ရွာထဲဝင်မွှေနေဟုသိရ။

ဆီမီးခုံသတင်း

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago