Lovely clover studio

Description
Lovely clover studio channel မှ ကြိုဆိုပါတယ်။
အသစ် အသစ်သော ဇာတ်လမ်းကောင်းများကိုတင်ဆက်နိုင်အောင် ကြိုးစားသွားပါမယ်

2023.10.16
Tags
We recommend to visit

📣 OPEN CHAT @chitchat6890
🔷 X/Twitter : x.com/_Opposite6890_
🔷 IG : Instagram.com/opposite6890.recon
🔷 NON SIBI SED PATRIAE
🔷 TUNTASKAN KM50

Last updated 9 months, 2 weeks ago

Last updated 10 months, 1 week ago

Pembeli tf ke pihak Rekber-Dana di Tahan pihak Rekber - Penjual memberi pesanan pembeli - Setelah transaksi selesai pihak Rekber tf dana ke penjual.

Base promote @PROMOTTELEGRAM @TRANSAKSIJUALBELI

REKBER WA
081944499333

Username Admin ;
@GOBLOK_LU

Last updated 11 months, 3 weeks ago

2 years, 1 month ago

ဇန်နဝါရီ ကုန်သွားတယ်
ဖေဖော်ဝါရီ ကုန်သွားတယ်
ဒီဇင်ဘာ ရောက်လာတယ်
ပြတင်းပေါက်တွေ ဖွင့်တယ်
တစ်နေ့တည်း
ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက် ဖြဲပစ်တယ်
၂၀၀၁ ရောက်လာတယ်
၂၀၀၂ ရောက်လာတယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
ရောက်ရှိလာတော့လည်း အမှောင်
အသက်ရှိသူအဖြစ် ဟန်ဆောင်တွေ့ဆုံလို့
❛ ဒီမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရတာ
❛ ဟိုမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရမှာ
❛ ကျွန်မ ရန်ကုန် သွားမယ်
နင့်အဖေ မျက်နှာကို မြင်ချင်ရင်
နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့်
ရန်ကုန်ကို ဘာထင်နေသလဲ
လွယ်လွယ်နဲ့ အသက်ရှင်လို့ မရဘူး
ရန်ကုန်ဟာ စစ်မြေပြင်။

ငါတို့က ဘဝနဲ့သာ တွေ့ခဲ့ရတာ ဆိုတော့
အရူးရူးသက်သက်နဲ့ စလို့မရဘူး
မင်းက ဝေးကွာခြင်းကို စတင်မယ် ဆိုရင်
ငါက ဝေးကွာခြင်းကို ချဲ့ထွင်မယ်
ပခုံးပေါ်က လက်ကို ဆွဲဖြုတ်ဖို့ စိတ်မကူးနဲ့
အဲဒီ ချောက်ကမ်းပါးက ကျရင် မပေါ်တော့ဘူး
မင်း ရှေ့မှာ ငါ ရပ်နေရင်း
မင်း အနောက်ကို ငါ ရောက်ရောက်သွားတာ မြင်ရ
မင်း လက်ကို ဆုပ်ကိုင်ထားရင်း
ဆုပ်ကိုင်ထားတဲ့လက် သွေးဆုတ်သွားတာ မြင်ရ
နှစ်ယောက်တည်းပဲ ရှိနေတာ
ပြောလက်စ စကားကို ဖြတ်ချလို့
မင်းက အမြဲတမ်း နောက်လှည့်လှည့် ကြည့်နေ
တော့တာပဲ။

အခုတော့ လိုနေတဲ့ အရောင်တစ်ရောင်နဲ့
အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား
စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ
ငါဟာ လမ်းများသူပါကွာ
ပြန်လည်တွေ့ဆုံမှုဟာ
တကယ် ချစ်ခဲ့တာ မဟုတ်ဘူး ငြင်းမလို့လား
ဘဝကို လောင်နေတဲ့မီးမှာ
မင်းက ဘယ်တော့မှ မစွဲလောင်ဘူး
အလင်းရောင်ကိုပဲ ယူတယ်
ငါ့အချစ်ကလည်း အသက်မစွန့်ရရင် မပျော်ရွှင်ဘူး
သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ် ။   ။

Part 3

#သင်ယူရမယ့်လမ်း
#စိုင်း၀င်းမြင့်
#Ŧulip by yaw
#crd

2 years, 1 month ago

ငါ့အနားမှာ မင်း ရှိရုံနဲ့
မလုံလောက်သေးဘူး
ငါက လောဘအရမ်းကြီးတာပဲ
မင်းကို မရရင် ဘာမှမယူဘူး

ငါ တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ
မီးရှို့ဖို့ ငရဲဆီသွားတဲ့ လမ်းဆိုလည်း
မင်း နှုတ်ခမ်းတွေကို နမ်းချင်တယ်

ရေဝင်ပေါက်လေး တစ်ပေါက်နဲ့
သင်္ဘောကို မနစ်မြုပ်စေနဲ့
ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုပ်ထွေးနေပေမဲ့
သူ့သွေးနဲ့ သူ စီးဆင်းတယ်

မင်း သူငယ်ချင်းတွေကို
မင်း ပြောခဲ့တယ်ဆို
❛ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ
❛ ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ
ကျွန်မတို့ ••
ကျွန်မတို့ •• ။

Part 2

#Ŧulip by yaw
#crd
#စိုင်း၀င်းမြင့်

2 years, 1 month ago

❝ သင်ယူရမယ့်လမ်း ❞ - စိုင်းဝင်းမြင့်

မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ် ။

မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ
တစ်နေရာရာမှာ ပျက်ကျတော့တာပဲ။

မင်းက
ဆယ့်ငါးမိနစ် တစ်ခါ
တကယ်ချစ်ရဲ့လား မေးပြီး
ငါးမိနစ် တစ်ခါ
❛ ပြန်မယ် ၊ ပြန်မယ်  ပြောလို့
ပျံသန်းခြင်း အတတ်ပညာကို
မင်းဆီက သင်ယူနေရတာ
ငါက မစဉ်းစားဘဲ အော်ဟစ်နေသူလား
မင်း ဘယ်တော့မှ မမှားဘူး။

ငါ့ရဲ့ အမှားက တအားထက်လို့
ဘာမဆို ငါ့ကိုထိရင် ပြတ်လို့
စိတ်ရူးပေါက်ခဲ့စဉ် အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးခဲ့ဖူးတယ်။

Part 1

#Ŧulip by yaw
#စိုင်း၀င်းမြင့်
#crd

2 years, 1 month ago
2 years, 1 month ago

subက 39.40 အဲ့ကမတက်တော့ဘူး ထင်ရဲ့နော် 39.ဖြစ်လိုက် 40 ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ 38တောင် ဆင်းသွားသေးတယ်။
ကျမကလည်း လူမခေါ်တက်ဘူးရှင် အက်မင်တွေကူကြပါဉီးလို့

#owner

2 years, 1 month ago

ဒါလေး အုံနာရဲ့ မန်ဘာလေးchမို့ အုံနာeditorများ သွားချင်သွားလို့ရပါတယ် တစ်ချို့တစ်စုံတစ်လူရေ ကိုယ့်ဘာသာပျင်းတာကို တစ်စုံတစ်ဘွားကို လွဲမချပါနဲ့ ကျေးဇူး??

#owner

2 years, 1 month ago

Happy Thadingyut~

ပျော်ရွှင်စရာသီတင်းကျွတ်ဖြစ်ပါစေဗျ
????????? 

?   ?‍?   ??   ?

လိုအင်ဆန္ဒအပေါင်းလည်းပြည့်ဝလာပြီး ကြွယ်ဝချမ်းသာမှုအပေါင်းတို့လည်း ခညောင်းလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ    ?

#Ŧulip by yaw #HappyThadingyut

2 years, 1 month ago
Lovely clover studio
2 years, 1 month ago
Lovely clover studio
2 years, 1 month ago
Lovely clover studio
We recommend to visit

📣 OPEN CHAT @chitchat6890
🔷 X/Twitter : x.com/_Opposite6890_
🔷 IG : Instagram.com/opposite6890.recon
🔷 NON SIBI SED PATRIAE
🔷 TUNTASKAN KM50

Last updated 9 months, 2 weeks ago

Last updated 10 months, 1 week ago

Pembeli tf ke pihak Rekber-Dana di Tahan pihak Rekber - Penjual memberi pesanan pembeli - Setelah transaksi selesai pihak Rekber tf dana ke penjual.

Base promote @PROMOTTELEGRAM @TRANSAKSIJUALBELI

REKBER WA
081944499333

Username Admin ;
@GOBLOK_LU

Last updated 11 months, 3 weeks ago