ရဲဘော်စိုးအောင်

Description
အကြမ်းဖက်နီပိန်းပဒက်နှိမ်နှင်းရေး
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago

1 year ago
ရဲဘော်စိုးအောင်
1 year ago
ရဲဘော်စိုးအောင်
1 year ago
ရဲဘော်စိုးအောင်
1 year, 3 months ago

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပျဉ်းမနားမြိုနယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး တွေ့ဆုံစဉ် ပြောကြားချက်များ

“သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်ရှားလိုမရဘူး ပေါ့ဗျာ၊ တကယ်တော့ စိတ်မကောင်းဘူးပေါ့လေ၊ နိုင်ငံတော်ရဲ့ ဆုံးရှုးမှုဆိုတဲ့ဟာထဲ မှာလည်း ခင်ဗျားတိုရဲ့ပိုင်ဆိုင်မှုများပါသလို၊ နိုင်ငံတော်ကတည်ဆောက်ထားတဲ့ လမ်း တို၊ တံတားတို အဆောက်အဦတွေ၊ စက်ရုံအလုပ်ရုံတွေ၊ လျှပ်စစ်ဓာတ်ပေးဝေရေး လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဒါတွေလည်း နိုင်ငံတော်ရဲ့ဆုံးရှံးသွားတာပဲ၊ ခင်ဗျားတိုလည်း ခင်ဗျားတို ပိုင်ဆိုင်မှုတွေဆုံးရှုးသွားတာပဲ၊ ခုနက ကျွန်တော်မေး တယ်၊ ဘာတွေ ရခဲ့လဲဆိုတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုတည်းလို ဖြေတဲ့သူလဲပါ တယ်၊ တစ်ချိုလည်း ရတဲ့ဟာတွေ ကောက်ဆွဲလာရတာတွေပါတယ်၊ တစ်ချိုလည်း နောက်ဆုံးတော့ သွားနေကျ ဈေးခြင်းလေးပါလာတယ်၊ ဘာပစ္စည်းမှမပါဘူး၊ လူက အဲ့အချိန်မှာ ထူပူနေကြပြီကိုး၊ ဆွဲမိဆွဲရာဆွဲလာတာပေါ့၊ တော်သေးတယ်၊ ကလေးတွေ ပါလာလို၊ ကျွန်တော်တို ဟိုဘက်မှာဆို ကလေးတွေပါသွားတာ ရှိပါတယ်၊ စိတ်လည်း မကောင်းပါဘူး၊ အတတ်နိုင်ဆုံးခင်ဗျားတို မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို ကူညီပေးပါမယ်၊ သေဆုံးမှုအတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာန ကနေပြီးတော့ လျော်ကြေးတွေပေးတယ်၊ နောက်ဒဏ်ရာရတဲ့သူတွေကိုလည်း၊ နောက်တစ်ခါ ဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးသလို၊ ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက်လည်း အခုကျွန်တော်တို တွက်နေပါတယ်၊ လုံးဝပျက်သွား တဲ့အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်းပျက်သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ လုံးဝပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုး အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တစ်ထပ်အိမ်ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ် အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင်သလောက် ကျွန်တော်တိုပေးပါမယ်၊ ဖြစ် နိုင်သလောက် ဒေသနဲ့ကိုက်ညီတဲ့ဟာမျိုးတော့ ကျွန်တော်တိုစဉ်းစားပါတယ်၊ နောက် ကျောင်းနဲ့ပတ်သက်တာပေါ့၊ ဒီလကုန်အထိ ကျောင်းတွေဖွင့်ဖိုကြိုစားနေပါတယ်၊ အကြောင်းကြောင်းကြောင့် ကျောင်းတွေ ပိတ်ရတယ်ဆိုရင်လည်း စနေ၊ တနင်္ဂနွေမှာ အစားထိုးပြန်တက်ဖို၊ သီတင်းကျွတ်ပြီးသွားရင်တော့ စနေ၊ တနင်္ဂနွေဖြစ်မှာပေါ့၊ ဝါမကျွတ်ခင်ကတော့ တနင်္ဂနွေပိတ်ရက် ရှိတယ်၊ ဒီတနင်္ဂနွေပိတ်ရက်ကိုတော့ ကလေး တွေ ကျောင်းတက်ကောင်း တက်ရလိမ့်မယ်၊ သိုသော် စာမေးပွဲဖြေရမယ့်အချိန်မှာ သူသင်ပြီးတဲ့ဘာသာရပ်အတိုင်းပဲ ကျွန်တော်တို စာမေးပွဲစစ်ပေးပါမယ်၊ ကျန်တဲ့အချိန် တွေမှာတော့ ကျောင်းတော့ပြန်တက်ရမယ်လို သဘာဝဘေးအန္တရာယ်ကြောင့် ပိတ် ထားရတဲ့ကျောင်းတွေကို ဒီလိုစီစဉ်ထားပါတယ်၊ ဒါကြောင့် ခင်ဗျားတို ကျောင်းတွေ လည်း ကလေးတွေ ပြန်လွှတ်ပေးဖို ပြောလိုပါတယ်၊ ပြန်လွှတ်ပေးပါ၊ စာတတ်လိုရှိရင်၊ ပညာတတ်လိုရှိရင် နောင်တစ်ချိန်အတွက်၊ သူတိုဘဝအတွက် အများကြီး အထောက် အကူရတယ်၊ မဟုတ်ဘူးဆိုရင်တော့ တစ်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်၊ ခင်ဗျား တို၊ ကျွန်တော်တို လူကြီးတွေကတော့ ပညာသင်ကြားလိုမရတော့ဘူး၊ ခင်ဗျားတို ကျွန်တော်တို ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ လက်ရှိအခြေအနေမှာ ကျွန်တော် တိုရှိတယ်၊ နောင်ကျလိုရှိရင် ကျွန်တော်တို ကလေးတွေက ကျွန်တော်တိုထက်သာ အောင်လုပ်ပေးရမယ်၊ ကျွန်တော်တိုခေတ်ထက် သာအောင် လုပ်ပေးရမယ်၊ ဒါတစ် ကယ် မိဘပီသပါတယ်"

“လက်ရှိအချိန်အခြေအနေမှာတော့ ဒုက္ခသုက္ခ ရောက်နေတာကိုတော့ ကိုယ်ချင်းစာပါတယ်၊ စိတ်လည်းမကောင်းပါဘူး၊ ကျွန်တော်တို တတ်နိုင်သလောက် နိုင်ငံတော်ပိုင်းကလည်း လုပ်ပေးပါမယ်၊ ကျွန်တော်တိုနိုင်ငံတင် မဟုတ်ပါဘူး၊ ကျွန်တော်တို အာရှတင်ပဲလားဆိုတော့မဟုတ်ဘူး၊ ဟိုဥရောပနိုင်ငံတွေ လည်းရေကြီးနေကြတာပဲ၊ သဘာဝကြီးကဖြစ်လာတာဖြစ်ပါတယ်၊ သဘာဝဘေး အန္တရာယ် တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တိုက ကြံ့ကြံ့ခ့ပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံလ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆို လိုရှိရင် တော့ ကျွန်တော်တိုကျော်လွှားလိုရမယ် ဆိုတာလေး ပြောချင်ပါတယ်၊ ဒီအတွက် မလျှော့တဲ့ဇွဲလုံလနဲ့ ဆက်ပြီးလုပ်သွားကြဖိုလည်း အားမွေးသွားကြဖိုလည်း ပြောလို ပါတယ်၊ ဒီမှာ အားမွေးသွားကြပါ၊ ပြန်ရောက်လိုရှိရင်လည်း ထိုက်သင့်တဲ့ နေဖိုထိုင်ဖို စားဖိုသောက်ဖို ကျွန်တော်တို ထောက်ပံ့ပေးပါမယ်၊ ကျွန်တော် ပြီးပြီးရော မလွှတ် ပါဘူး၊ အကုန်လုံးစီစဉ်ပေးပါမယ်။”

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago