lashio thar

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

8 months, 3 weeks ago
lashio thar
8 months, 3 weeks ago
lashio thar
8 months, 4 weeks ago

ကိုယ်တွေ အရွယ်ပေါက်စပဲပြောပါတော့။ ကိုနေအောင်တို့၊ ကိုညွှန့်ဝင်းတို့ ရိုက်ခဲ့ကြတဲ့ ဝါးခသစ်(ကော့မှူးရာ)စခန်းသိမ်း တိုက်ပွဲကြီးလို စစ်ဆင်ရေး ဇာတ်ကားလောက် ခုနောက်ပိုင်း တပ်မတော် ဇာတ်ကားတွေက သိပ်ပြီး ရင်ထဲမရောက်တော့ဘူး။
-----
ပြောချင်တာက ဒီဘက်ခေတ် ဇာတ်ကားတွေက ကိုနေအောင်တို့လောက်တော့ မာန်မပါ တော့တာ တွေ့ရတယ်။ နိုင်ငံရေးနွယ်ပြီး ငြိမ်းချမ်းရေးအတွက် ငြိငြင်ခံရမှာ စိုးလို့တူပါရဲ့။ စောင်နီလေး တထည်မှာတောင် တိုက်ဆိုင်မှု ရှိရင် နားလည်ပေးဖို့ အနူးအညွှန့် တောင်းပန်စာက ကြိုထိုးထားခဲ့ပြီမဟုတ်လား။ တကယ်ဆို KIA ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗိုလ်ဇော်မျိုးထက်ဆိုတဲ့ ကလေးကလည်း ကတယ့် ဖြစ်စဉ် အမှန်တရားပဲမဟုတ်ဘူးလားပေါ့။
----
ထားပါတော့။ စစ်သားပီပီသသ တိုက်ခဲ့တဲ့ ဇာတ်ကားအကြောင်းပဲ ဆက်တာပေါ့။ အဲ့ဇာတ်ကား ထဲမှာတော့ ကိုနေအောင်က တပ်မ ၂၂ တပ်မမှူး၊ ကိုညွှန်းဝင်း က တပ်မ ၄၄ တပ်မမှူး ဖြစ်မယ်ထင်တယ်။ ဗျူဟာမှူးနေရာမှာ ကိုထွန်းထွန်းဝင်းတို့ပေါ့။ မ (၁၁၈)ရဲ့ ယာယီ ရင်းမှူး သီဟသူရ ဘွဲ့ရခဲ့တဲ့ ဗိုလ်မှူး သန်းဆွေ ရဲ့ နေရာမှာ ပရဟိတ ခေါင်းဆောင်ဖြစ်တဲ့ ကျော်သူတို့ကလည်း သရုပ်ဆောင်ခဲ့ကြသေးတာပဲ။ ရင်နာစရာတော့ ကောင်းပါတယ်။ အသက်သွေးချွေးတွေနဲ့ တိုက်ခဲ့ရတဲ့ ပြည်ထောင်စုရဲ့ အစိတ်အပိုင်း နယ်မြေတစ်ခုက ခုတော့ ရွှေကုက္ကိုလ်မြို့ သစ် စီမံကိန်းနဲ့ ဘေးခြင်းယှဉ်လို့။
-----
နောင်တချိန်မှာ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲတွေအကြောင်းပြောကြရင်းနဲ့ တောင်ခမ်း အကြောင်းကိုလည်း မဖြစ်မနေ ပြောဖို့ လိုလာလိမ့်မယ်လို့ ထင်တယ်။ တနေ့က ကိုခိုင်ဇော်တို့ ရေးတဲ့ အထဲမှာ တောင်ခမ်းက စစ်သည်တွေအတွက် ကျပ်သိန်း ၅၀၀ ဆိုတာ လေးမြင်မိတယ်။ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒီတိုက်ပွဲကို စိတ်ဝင်စားကြတဲ့သူတွေ ကသာ ဦးဆောင်ကြရင် ကျပ်သိန်း ၅၀၀ ဆိုတာ ဘာမှမဟုတ်တဲ့ အနေအထားကြီးပါ။ ခုချိန်ထိ မြေပြင်မှာ တိုက်နေတဲ့ စစ်သည်တွေ မိုတီရဖို့ ကိုယ်တွေဘက်က ဘာလို့ နှောင့်နှေးနေကြတာလဲ ဆိုတာ တွေးမရဘူး။
----
ခုလက်ရှိ ဗန်းမော် မှာ တိုက်နေကြတဲ့ စစ်သည်တွေကိုလည်း လေးစားမိတာ အမှန်ပဲ။ ဗန်းမော်ကိုသာ ကိုယ်တွေဘက်က ထိန်းချုပ်ပြနိုင်ရင်…နောက်ပိုင်းအခြေအနေ ကောင်း သွားလိမ့်မယ်။ တောင်ခမ်းလည်း အလားတူပဲ။ သင်္ကြန်မရောက်ခင် နောင်ချိုလောက် ပြန်ရရင် ပြင်ဦးလွင်လည်း အလိုလို ဆေ့ဖြစ်သွားလိမ့်မယ်။ ၁၀၂၇ စစ်ဆင်ရေးစဖြစ်တော့ ကိုးကန့်တွေ သုံးသွားတဲ့ ဖျက်အားပြင်း ဗုံးသီးတွေကို ပြန်ပြီး လေ့လာကြည့်စေချင်တယ်။ စစ်မြေပြင်မှာ တပ်မတော်သား အတွက် တကယ်လိုအပ်တာက လက်နက်ပဲ။ ဒီလက်နက်တွေကို ရန်သူ့ထက် ပိုပြီး အဆင့်မြင့်တာ သုံးစေချင်တယ်။ ပေါပေါသီသီ သုံးစေချင်တယ်။ ပျက်စီးသွားရင် ချက်ချင်း ပို့ပေးမယ်ဆိုတဲ့ အုပ်ချုပ်ထောက်ပံ့မှုမျိုးလို တယ်။ တကယ်တော့ အသက်ခြင်းထပ်ရတဲ့ တိုက်ပွဲမှာ စစ်နိုင်ဖို့ကသာ အဓိက ပါပဲ။ နောင်တချိန် တပ်မတော်နေ့ ဇာတ်ကားတွေမှာ ငြိမ်းချမ်းရေးနဲ့ NCA ငဲ့ပြီး ရိုက်ရ တာမျိုးထက် ပြည်ထောင်စု မပြိုကွဲဖို့ တပ်မတော်သားတွေအနေနဲ့ ဘယ်လို အသက်ပေး ကာကွယ်ခဲ့ရသလဲဆိုတဲ့ စစ်သားဆန်တဲ့ ဇာတ်ရုပ်မျိုးပဲ ကြည့်ချင်ပါတယ်။

(နရီမိုး)

11 months, 1 week ago
***❗️******❗️******❗️******❗️******❗️******❗️******❗️***

❗️❗️❗️❗️❗️❗️❗️

ICC ဆိုပြီး ပြောလိုက်တာနဲ့ ICJ နဲ့ မှားလေ့မှားထရှိပါတယ်။ တကယ်တမ်းတော့ ICC ဆိုတာ ၂၀၀၂ ခုနှစ်မှာ ရောမစာချုပ်နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက နိုင်ငံပေါင်း ၆၀ ထောက်ခံရင်ဖွဲ့စည်းခွင့်ရမယ်ဆိုပြီး မဲဆန္ဒကောက်ယူဖွဲ့စည်းခဲ့ရာမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ထိပ်ဆုံးက ကန့်ကွက်ခဲ့တဲ့ နိုင်ငံကြီးများကတော့ အမေရိကန်၊ တရုတ်၊ အီရတ်၊ လစ်ဗျား စတဲ့ နိုင်ငံတွေ ပါပါတယ်(ဒါဟာငြင်းမရတဲ့ အမှန်တရား)။
-
ICC အနေနဲ့ တရားစွဲဆိုခြင်းဆိုင်ရာလမ်းကြောင်းကို လေ့လာကြည့်တဲ့အခါမှာတော့ ICC မှတဆင့် တရားစွဲဆိုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အိုင်စီစီရဲ့ တင်ပြဆွဲဆိုချက်ကို ကြားနာမယ်။ ကြားနာပြီးရင် အနည်းဆုံး ၁၅ နိုင်ငံထောက်ခံမှသာ ဒီစွပ်စွဲချက်သည်အတည်ဖြစ်ပါမယ်။
-
ချွင်းချက်အနေနှင့် ဗီတိုအာဏာ အသုံးပြုခွင့်ရှိတဲ့ နိုင်ငံကြီးများထဲမှ တစ်နိုင်ငံမှ (ဥပမာ-တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ) ဗီတိုအာဏာသုံး ပယ်ချခဲ့ရင် ဒီစွပ်စွဲချက်သည် ပစ်စာသာသာဖြစ်သွားမယ်။ ICC စွပ်စွဲချက်များသည် ခုချိန်ထိ သက်ဝင်လှုပ်ရှား အရေးယူခံရသူတစ်ဦးတစ်ယောက်မှမရှိပါ။
-
လေ့လာတွေ့ရှိရသလောက်ကတော့ ICC သည် သာမန်မျှသာ ဖြစ်ပြီး မည်သည့်နိုင်ငံ့ခေါင်းဆောင်များကိုမှ အရေးယူနိုင်ခြင်းမရှိခဲ့ဘဲ ပေါ်ပင်တစ်ခုနှင့် မိုတီအတုဖန်တီးနိုင်ရုံမျှလောက်သာဖြစ်ပါတယ်။

KT

11 months, 1 week ago
စစ်ကျွန်ပညာရေး မသင်ကြနဲ့လို့ လှုံ့ဆော်နေတဲ့ နီပိန်းလေးတွေကို အခု အသစ်ဖွင့်လိုက်တဲ့ …

စစ်ကျွန်ပညာရေး မသင်ကြနဲ့လို့ လှုံ့ဆော်နေတဲ့ နီပိန်းလေးတွေကို အခု အသစ်ဖွင့်လိုက်တဲ့ Naypyitaw State Polytechnic University က eSport Room ကို မြင်စေချင်တယ်။

စစ်ကျွန်ပညာရေး မသင်နဲ့ဆိုပြီး nug က ကောင်းမွန်ပျော်ရွှင်ရတဲ့ ပညာရေးစနစ်ကို လမ်းခင်းပေးခဲ့လား။ nug က ဖွင့်တဲ့ အွန်လိုင်း သင်တန်းတွေမှာရော  nug ကလူကြီးတွေရဲ့ သားသမီးတွေ မြေးတွေကို ထားလား။  သူတို့သားသမီး နဲ့ မြေးတွေက နိုင်ငံခြားမှာတက်နေကြတာနော်။

nug စကားယုံခဲ့ပြီး တောထဲရောက်လို့  ပညာရေးတစ်ပိုင်းတစ်စဖြစ်နေတဲ့ လူငယ်တွေ  အမြင်မှန်ရပြီး ကျောင်းပြန်တက်ချင်ကြရင် ကျုပ်တို့ အစွမ်းကုန် ကူညီပေးမယ်။ လူငယ် ကျောင်းသားဘဝကို ကျောင်းထဲမှာ ပျော်ပျော်ရွှင်နဲ့ ဖြတ်သန်းကြပါ။ ပညာတတ်အောင်လုပ်ကြပါ။ ပညာတတ်မှ နိုင်ငံနယ်ပယ် လွှတ်တော်ထဲ ဝင်ပြီး တပ်မတော်ကို နိုင်ငံရေးနယ်ပယ်က ထွက်သွားအောင် အစွမ်းကုန်ဆန့်ကျင်ပြီး  အစွမ်းပြ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။ 

ကျုပ်ခုလို ပြောတာ တန်ဖိုးရှိတဲ့ လူငယ်တွေရဲ့ အသက်မဆုံးရှုံးကြဖို့နဲ့  လူငယ်တွေရဲ့ အနာဂါတ် မပျောက်ဆုံးကြရဖို့ပါ။ ကျုပ်တို့ စေတနာကို ရင်ဘတ်နဲ့ ခံစားသိမြင်ကြရင် ပြန်လာကြပြီး ကျောင်းပြန်တက်ကြပါ။

11 months, 1 week ago

တောင်ခမ်းဘက်ကစစ်မျက်နှာမှာတော့ TNLA တို့ လေသံပျော့ပျော့ပဲ ကျန်ပါတော့တယ်။

သူပုန်လော်ဘီ တပ်ပြေး ဇင်ယော်တစ်ကောင်လည်း ပေါက်ကရတွေလျှောက်တင်ရင်း ခုတော့ အမွှေးနှုတ်ခံရဖို့ကိန်းဆိုက်နေပါပြီ။

တောင်ခမ်းကိုကျပြီပြောလိုက် ဝိုင်းနေပြီပြောလိုက်နဲ့ စာအရှည်ကြီးတွေနဲ့တင်တက်တဲ့ ဇင်ယော်တစ်ကောင် တောင်ခမ်းအကြောင်းပို့စ်တောင် သိပ်ဟဟမတင်နိုင်ကတည်းက TNLA တို့ ဘယ်လောက်တောင် ပွဲပျက်နေလဲ ခန့်မှန်းလို့ရပါတယ်။

နောက်ဆုံးရတဲ့သတင်းတွေအရဆို TNLA ဘက်က တောင်ခမ်းတဝိုက်ကို ထိုးစစ်ထပ်ဆင်ဖို့နေနေသာသာ သိမ်းထားတဲ့ နေရာတွေကိုတောင်ဆက်မထိန်းနိုင်တော့ဘဲ ဆုတ်ခွါနေတာကိုတွေ့ရပါတယ်။

တပ်မတော်ဘက်က ဒရုန်းတွေကို ပိုမိုအသုံးပြုလာပြီးတော့ အမြှောက်တပ်ပစ်အားကိုလည်း တိုးချဲ့အသုံးပြုတိုက်ခိုက်နေတာကြောင့် TNLA တို့အနေနဲ့ ခြေကုပ်တွေကနေပြီး စွန့်ခွါထွက်ပြေးနေရပါတယ်။

ကျဆုံးမှုတွေလည်းရှိနေပြီး အလောင်းပုံတွေကိုတော့ တပ်ဘက်က တယ်လီချန်နယ်တွေမှာ တွေ့ရပါတယ်။ ဒီပုံအတိုင်းဆိုရင်တော့ နှစ်မကူးခင် နောင်ချိုကို တပ်ဘက်ကပြန်သိမ်းနိုင်လောက်တယ်လို့ ခန့်မှန်းရပါတယ်။

11 months, 2 weeks ago

မူဆယ် ၁၀၅မိုင် ဂိတ်က တရုတ်ဘက်က ဖွင့်လိုက်တာပါ။
ဘိမ်းစား သုံးဖွဲ့ကို ဖွင့်ပေးဖို့ တရုတ်ဘက်မှ တောင်းဆိုခဲ့ခြင်း မရှိ။
ဒါ့အပြင် အ၀င် ကုန်စည်များသာ လက်ခံ၍ အထွက် ကုန်စည် မရဟု သိရ။
တရုတ်က အထိနာနေလို့ ၁၀၅မိုင်ဂိတ်ကို ဖွင့်ခိုင်းတယ် ဆိုပဲ?
ဒါ့အပြင် ယခု ပိတ်ဆို့ထားတဲ့ နယ်စပ်ဂိတ်များကို၊ အေးချမ်းတဲ့ အချိန်မှ
ပြန်ဖွင့်ပေးဖို့ စစ်တပ်ဘက်မှ လျာထား။
တရုတ်ဘက်မှလည်း၊ စစ်တပ်ကို ကူညီရေး လက်တလော ပိတ်ဆို့ထားတဲ့၊
နယ်စပ်ဂိတ်တွေ ဆက်လက် ပိတ်ဆို့ထားမည်ဟု ကတိပြုထား။
#SittNwayOo

11 months, 2 weeks ago

ရှမ်းတောင် မှ ရှမ်းမြောက်
စက်သုံးဆီတွေ စီးဆင်းဆဲ

၂၂-၁၁-၂၀၂၄ ရက်နေ့
ရပ်စောက်-လွယ်ဆင်-ရေပြာတိုး
ဟွေး-နားခဲကြီး-နားခဲလေး-နမ်းဟူ
နမ်းဆန်-ကျိုင်းခမ်း အင်တော-ကျောက်ဂူလမ်းအတိုင်း ဆီပေပါ တိုင်ကီများ အပြည့်တင်ထားသော ၁၂ ဘီးယာဉ် ၃စီး
ရှမ်းမြောက်ဘက်ကို တက်သွားပါတယ်။

ဗထူး မင်းကြီးသုံးပါးဂိတ်ကို
ရှောင်ကွင်း၍ သယ်တာဖြစ်ပါတယ်။

SSPP ရှမ်းစိမ်း အဖွဲ့များနှင့် ဆက်စပ် သယ်ဆောင်ကြတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာကို သတင်းပို့ထားပါတယ်။

ဆီကားတွေ ကတော့ နည်းမျိုးစုံနဲ့
ထွက်နေဆဲပါ။

ပိုမို တင်းကြပ်သင့်ပါတယ်။
#TZO

11 months, 2 weeks ago
11 months, 3 weeks ago
တန်ဆောင်းမုန်းလပြည့်ည ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ လွယ်ဘုရားတောင်၌ တည်ထားကိုးကွယ်ထားသော အောင်တော်မူစေတီတော်ဘုရား၏ …

တန်ဆောင်းမုန်းလပြည့်ည ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့၊ လွယ်ဘုရားတောင်၌ တည်ထားကိုးကွယ်ထားသော အောင်တော်မူစေတီတော်ဘုရား၏ ရောင်ဝါထွန်းလင်း သပ္ပါယ်ကြည်ညိုလှသည့် နေ့နှင့်မခြား ညပုံရိပ် သပ္ပါယ်မှုများအား အဝေးရောက်ဒေသခံများအတွက် ဖူးမျှော်ကြည်ညို သဒ္ဓါတရားပွားများနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်...
ညအခါမှာတောင် နေ့နှင့်မခြား ရိုက်ကူးပေးပို့ခဲ့သည့် ဒေသခံမိတ်ဆွေအားလည်း ကျေးဇူးတင်မိပါတယ်...
မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်ညလေး ဖြစ်ပါစေ... 

#ဦးဦးပိုင်ဦး

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago