Smile

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

11 months, 1 week ago
Smile
11 months, 1 week ago
.

.

☯️

ဆီရီးယားမှာ အစ္စရေးတင့်ကားတွေ အတွင်းပိုင်းကို ထိုးဖေါက်ဝင်ရောက်နေရာယူလာကြတယ်၊

ပထမမှာ ဂိုလန်တောင်ကုန်းပါတ်လည်ကိုနေရာချဲ့လိုက်ကြပြီး၊ နောက်ဆုံးမှာတော့ ပုံပါအတိုင်း ဆီရီယားကို အမေရိကန်၊ တူရကီနဲ့ အစ္စရေးတို့က ခွဲယူသွားကြမဲ့ Plan ပါပဲ။

အဲ့ဒီအခြေအနေမှာတော့ တူရကီနဲ့ အစ္စရေးတို့ထိတ်တိုက်တွေ့ကြပါလိမ့်မယ်၊ ထရမ့်လက်ထက်လောက်မှာ တူရကီနဲ့ အစ္စရေးတို့ နယ်မြေလုပွဲ ခပ်ပြင်းပြင်း ဖြစ်အောင် အစ္စရေးဖက်က ဖန်တီးယူမဲ့သဘောရှိတယ်၊ အဲ့ဒီလို ခပ်ပြင်းပြင်းဖြစ်လေ အစ္စရေးဖက်နယ်မြေပိုလာလေဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်၊

☯️
Crd

11 months, 2 weeks ago

ယာယီသမ္မတ၊ နစက ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်တစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အကြမ်းဖက်တိုင်းရင်းသားသောင်းကျန်းသူ သူပုန်ကို ဘက်ယက်ခေါ်တာကို ပျက်ရယ်ပြုနေကြတဲ့ အကြမ်းဖက်နဲ့ထောက်ပို့၊ အားပေး တွေကို မကြာမီ ခေါင်းမထောင်နိုင်အောင် ဆော်တော့မယ်ဟု သိရ။

11 months, 2 weeks ago
Smile
11 months, 2 weeks ago
Smile
11 months, 2 weeks ago

10.12.2024 (1:15 pm )

( အင်္ဂါနေ့ )

အကယ်ဒမီ - အခေါက်ရွှေ

အရောင်း ? 6,130,000 ကျပ်

အဝယ် ? 6,110,000 ကျပ်

? World Gold?2667$ ?

?? USD? 4450$ ??

11 months, 3 weeks ago
မြောက် ၃ ကောင်ထဲက နှစ်ကောင်ကတော့ တရုတ်နဲ့တိုက်ရိုက်ခ်ျတ်ဆက်နေတဲ့အတွက် မဖြစ်မနေ …

မြောက် ၃ ကောင်ထဲက နှစ်ကောင်ကတော့ တရုတ်နဲ့တိုက်ရိုက်ခ်ျတ်ဆက်နေတဲ့အတွက် မဖြစ်မနေ ငြိမ်းချမ်းရေးစကားဟလာပြီ။
သေဆုံးခဲ့တဲ့တပ်မတော်သားနဲ့ မိသားစုအပါအဝင် နိုင်ငံဝန်ထမ်းအများအပြားနဲ့ ပြည်သူလူထုထိခိုက်နာကျင်မှုအတွက် ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလည်း သိချင်မိတယ်။
စကားလေးတစ်ခွန်းတည်းနဲ့ ပြည်သူလူထုက နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကိုတောင် ပြန်ကျေးဇူးတင်ရမလိုဖြစ်နေပြီ ကျေးဇူးရှင်ကြီးတို့။
နစက ဘယ်လိုစီမံဆောင်ရွက်မလဲ။
သူပုန်အကြမ်းဖက်ကတော့ နယ်မြေရထားပြီးပြီဖြစ်တဲ့အတွက် အင်အားပြန်တည်ဆောက်ပြီး ၁၀၂၇ ဖြစ်စဉ်မျိုး ထပ်ပြီး ဖြစ်လာအုံးမယ်ဆ်ုတာ ပြေးကြည့်စရာမလိုဘူး။ တွေးကြည့်ရုံနဲ့ သိသင့်တယ်။
တိုင်းပြည်ဟာ ဦးမင်းအောင်လှိုင်နဲ့ နစကအဖွဲ့ဝင်တွေပေါ်မှာပဲ မူတည်တော့တယ်။ သူပုန်ကတော့ အင်အားဖြည့်ပြီး ပြန်တိုက်အုံးမှာပဲ နောက် ၅နှစ်အတွင်းလား။ ၁၀ နှစ်အတွင်းလား။
သုပုန်အကြမ်းဖက်အဖွဲ့ကို နယ်မြေပေးလိုက်ရင် နစက မဟာအမှားကြီးကျုးလွန်လိုက်တာပဲ။

မြန်မာပြည် ထာဝရအေးချမ်းသာယာပါစေ။

အမေ့သားကိုမျိုး
https://t.me/motherkomyo

11 months, 3 weeks ago
11 months, 3 weeks ago

ဘီးလင်းနောက်ဆက်တွဲသတင်းပါ

3.12.2024

မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင် ၊ ဘီးလင်းမြို့နယ် ၊ ဇုက္ကလိကျေးရွာအုပ်စုအတွင်းရှိ သောင်းမြေများတွင် pdfအကြမ်းဖက်သမားဖိုးဇော်လတ်မှာ သောင်းမြေများအားလက်ဝါးကြီးအုပ်၍ ရောင်းစားနေကြောင်းသိရသည်။ ဇုက္ကလိကျေးရွာပိုင်း သောင်းမြေများအား ဇုတ်သုတ်ကျေးရွာရှိ NlDပါတီအမာခံများမှာ တရားမဝင်ဝယ်ယူကြပြီး pdf အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနေကြကြောင်းသိရသည်။ pdf အကြမ်းဖက်သမား စိုးထိုက်သူ ၊ အောင်ဘုန်း နှင့် ဇုတ်သုတ်ကျေးရွာ ရွာကြီးပိုင်းရှိ NlD ပါတီဝင်အမာခံများသည် ဘီးလင်းမြို့နယ် ညောင်ထောက်ကျေးရွာတွင် အခြေချနေထိုင်လှုပ်ရှားနေကြကြောင်းသိရသည်။ဇုတ်သုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဉာဏ်ထွန်း နှင့် pdf အကြမ်းဖက်သမား စိုးထိုက်သူ ၊ ဖိုးဇော်လတ် ၊ အောင်ဘုန်းတို့သည် တရားမဝင်သောင်းမြေများရောင်းချခြင်း ၊ ဇုတ်သုတ်ကျေးရွာရှိ လယ်မြေများအားအကွက်ရိုက်ရောင်းချခြင်းများလုပ်ဆောင်၍ အကြမ်းဖက်သမားများဝင်ငွေရရှိအောင်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ယနေ့အချိန်အထိ ဇုက္ကလိကျေးရွာ သောင်းမြေများအား သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူဆောင်ရွက်ပေးနိူင်ခြင်းမရှိကြပဲ ၎င်းတို့ကိုယ်တိုင်ပါဝင်ပက်သက်နေကြကြောင်းသိရသည်။

ဘီးလင်းမြို့နယ်သောင်မြေကိစ္စနဲ့အကြမ်းဖက်များရောင်းဝယ်ဖောက်ကား၊အခြေပြုနေထိုင်နေခြင်းကို ၂၀၂၃ ခုနှစ်မှာချန်နယ်ကတင်ပေးသော်လည်း ထိရောက်စွာဆောင်ရွက်ပေးခဲ့ခြင်းမရှိတာကြောင့်၊ယနေ့အချိန်ထိ NLD အစိုးရလက်ကျန် အုပ်ချုပ်ရေးမှုးများရဲ့ လုပ်ကွက်များကြောင့်အကြမ်းဖက်များက ကျေးရွာတွေမှာအခြေပြုနေထိုင်နေသလို၊အကြမ်းဖက်ပပျောက်မှုထက်၊ပိုမိုများပြားလာတာတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်၊

အကြမ်းဖက်ပုံ၊သောင်မြေတွေနဲ့ဆက်လက်တင်ပေးသွားမည်ဖြစ်ပြီး၊အကြမ်းဖက်တို့အခြေပြုနေရာဖြစ်တာမို့ စစ်ဖက်ဆိုင်ရာများဆောင်ရွက်နိုင်ရေး၊တပ်မတော်စစ်ရုံးသို့ ပေးပို့တိုင်ကြားသွားမှာဖြစ်ပါကြောင်း။
Crd

12 months ago

ထွက်နေတဲ့ အပုပ် နံ့

မတ္တရာအနောက်ဖက်ခြမ်းကို စစ်ကြောင်းထိုးရှင်းရာမှာ တပ်မတော်က ခြေလျှင်စစ်သည် ၂၀၀ ပဲ သုံးပြီး ရှင်းခဲ့တာ နယ်မြေတခုလုံး တံမျက်စည်းလှဲသလို ရှင်းနိုင်ကြသတဲ့ ။

အံ့သြစရာကောင်းတာက အယ်လ်ဖာ စက်ရုံ နဲ့ ဖယောင်းတောင် သတ္တုတွင်းကို အခုချိန်ထိ ဘာကြောင့် မရှင်းတာလဲဆိုတဲ့ မေးခွန်းပဲ ။ ကျကျနန လေ့လာကြည့်တော့ ဒီ အချက်တွေ တွေ့လာရပါတယ် ။

အယ်လ်ဖာ စက်ရုံဘေးနားက ဗောဓိခြေရာတော် လှိုဏ်ဂူရှိတယ် ။ အဲဒီလှိုဏ်ဂူထဲမှာ PDF တွေ အခြေပြုနေကြတယ် ။ စက်ရုံ နဲ့ သတ္တုတွင်းထိ ဖြောင့်နေတဲ့ ကားလမ်းရှိတယ် ။

ဖယောင်းတောင် သတ္တုတွင်းက ရွှေတွေ အများကြီးထွက်ပါတယ် ။ အဲဒီမှာ TNLA က နေရာယူပြီး ညတိုင်း ဘက်ဟိုး တွေနဲ့ ရွှေတူးနေကြပါတယ် ။ ယခုဆိုရင် အယ်လ်ဖာစက်ရုံလည်း ပြန်လည်ပြီး ဘိလပ်မြေထုတ်နေတယ်လို့ ကြားရပါတယ် ။

အနီးဆုံးက ဒဟတ္တောကျေးရွာရှိတယ် ။ စက်ရုံနဲ့ အနီးဆုံး တပ်မတော်လုံခြုံရေးအဖွဲ့တွေက လမ်းပိတ်ထားတယ် ။ ဒီတော့ ရွာသားတွေလည်း အဲဒီ စက်ရုံနားက သူတို့ လယ်ယာမြေတွေဆီကို မသွားရလို့ လုပ်စားမရဖြစ်နေတယ် ။

အဲဒီ စစ်တပ်က စက်ရုံကိုသိမ်းဖို့ ၊ မြန်မာပြည်ရဲ့ ဒုတိယအကောင်းဆုံး ရွှေထွက်ရာ ဖယောင်းတောင်ရှိ TNLA တွေ ကို တိုက်ဖို့ မပြောနဲ့ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်တွေပဲ လုပ်နေပါတယ် ။

စက်ရုံနားက PDF တွေက လောင်စာဆီ နဲ့ ရိက္ခာတွေကို ဖယောင်းတောင်က TNLA ဆီ ပို့တယ် ။ TNLA က စွန့်ကြဲတဲ့ ရွှေတိုရွှေစ ပြန်ယူပြီး ကျည်ဆံဝယ် ဗုံးဝယ် လုပ်နေကြတယ် ။

ဒါတွေသိရဲ့နဲ့ အထက်အမိန့်မရလို့ မတိုက်ကြတာလား ဘာလား ပေါ့လေ ။ စောက်လုပ် မလုပ်ကြတာတော့ သေချာပါတယ် ။ ညတိုင်းကြားနေရတဲ့ ရွှေတူးသံတွေ ၊ စက်ရုံလည်ပတ်သံတွေကို ဂီတသံလို့ ယူဆနေကြမှာပေါ့လေ ။

အဲသလို လုပ်ရမယ့် အလုပ်သာ မလုပ်ကြတာဗျ ။ ကွန်ပျူတာတက္ကသိုလ်အရှေ့ဖက်က အစိုးရပိုင်မြေ ( အငှားချ)တွေရော တောင်သူပိုင် မြေတွေရော ရှိသမျှ သရက်ခြံ ငှက်ပျောခြံ အကုန်ခုတ်ပစ်ကြတာလည်း အဲဒီ စစ်တပ်ကပဲ ဗျ ။

သရက်ပင်တွေကို ထင်းလုပ်ဖို့ ဖောကားတစီးနဲ့ တသိန်း နဲ့ ရောင်းစားနေတာလည်း အဲဒီလုံခြုံရေးယူထားတဲ့ စစ်တပ်ပဲ ။ ငှက်ပျောခြံပိုင်ရှင်တွေလည်း ရူးကြောင်ကြောင် ဖြစ်နေတယ် ကြားပါရဲ့ဗျာ ။

ပြီးတော့ အဲဒီ ခြံတွေရှင်းထားတဲ့ မြေမှာ သူတို့နဲ့ အဆင်ပြေတဲ့ ဒဟတ္တောရွားသားတွေကိုပဲ ကုလားပဲ နဲ့ သခွားစိုက်ဖို့ သီးစားချပြီး စိုက်ခိုင်းပြန်သတဲ့ ။ လုပ်စားနေတာ မြက်မကောင်းဘူးဗျ ။ တိုင်းပြည်ပျက်နေတာ ပိုပျက်အောင် လုပ်နေတဲ့ တပ်ဖြစ်နေပါတယ် ။

ဒီလောက်နဲ့ လောဘနခမ်းမသပ်ဖူးဗျ ကွန်ပျူတာတက္ကသိုလ်ဝန်းထဲက ကျွန်းပင်တွေပါ ခုတ်ရောင်းနေတာလည်း အဲဒီ စစ်တပ်ပဲဗျ ။ PDF နဲ့ TNLA ကို လွှဲချမယ်ပေါ့လေ မဟုတ်ဖူး အဲဒီ လောက်ကောင်တွေ လုပ်နေကြတာပါ ။

အရေးကြီးတဲ့ ဆည်တော်ကြီး ရှိပါသေးတယ် ။ ပုသိမ်ကြီးမြို့နယ်အတွင်းက လယ် ဧက တသောင်းကျော် ရေပေးနေတဲ့ ဆည်ပေါ့ဗျာ ။ အဲဒါကို ကျောက်တံတားရွာ မြောက်ဖက်မှာ မြောင်းပိတ်ထားသတဲ့ ( ဒါကတော့ PDF လား တပ်ကလား မသိပါဘူး)
အဲဒါ ၄ လ ကျော်ပြီး ။ ဧက တသောင်းကျော် စပါးစိုက်မရတော့ဘူး ။

OK ပါ အစက ပြန်ကောက်ကြပါစို့ ။ မတ္တရာ အနောက်ဘက်ခြမ်းကို ကြည်း ရေ လေ သုံးပြီး အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးတာတောင် ပြောင်သလင်းခါသွားရင် အခု အင်မတန် အရေးပါတဲ့ ဆည်တော်ကြီး နဲ့ ရွှေအများအပြား နေ့စဥ်ထွက်နေတဲ့ ဖယောင်းတောင် ၊ မန္တလေးနဲ့ နီးနီးလေးကို လပခ ဘာကြောင့် ထွက်မရှင်းတာလဲ မေးစရာဖြစ်လာပါပြီ ။

ကျနော်တို့ တိုင်းပြည်မှာ ကိုယ်ကျိုးရှာ စစ်အတ္တသမားတွေ ရာထူးယူ လုပ်ပိုင်ခွင့် ရှိနေမှတော့ ဒီလောက်ပဲ ပျက်ဆီးနေတာ ကံကောင်းတယ်လို့ ယူဆရမှာပါပဲ ။

နစက အနေ နဲ့ လည်း ဒီလောက် အသေးစိတ်တော့ဖြင့် သိနိုင်မှာမဟုတ်ပါဘူး ။ သူတို့ကြားလည်း ဒီလိုပဲ သမရိုးကျ နယ်ခံ အရာရှိတွေဆီ '' ဟေ့ ကောင် ဒီ သတင်းကြားတယ် စီစစ်စမ်း ပြန်ပြီး အမြန်သတင်းပို့ '' ဒါပဲ ခိုင်းမယ် ။ အောက်က နယ်ခံ အရာရှိကလည်း ထိုင်ရာမထ ဂေါက်ရိုက်ရင်း သင့်တဲ့အချိန် '' မဟုတ်ပါဘူး အဘ '' နဲ့ ပဲ ပြီးသွားနိုင်ပါတယ် ။

သမရိုးကျ မဟုတ်ပဲ ဒဟတ္တောရွာသား တဦးခြင်းကို သီးသန့်မေးမြန်းစုံရင် အခုတင်ပြတဲ့ သတင်း ဟုတ် မဟုတ် အမှန်တိုင်း သိရပါလိမ့်မယ် ။

ဒီလို ဖော်ထုတ်လို့ မင်းက တပ်ကို သိက္ခာကျစေဖို့လို့လား မမေးနဲ့ ဗျ ။ တပ်မတော်ကို ဂုဏ်သိက္ခာမြင့်မားပြီး စွမ်းရည်ပြည့် တပ်မတော်အဖြစ် နေ့ခြင်းညခြင်း ပြောင်းလဲတိုးတက်စေချင်လို့ ဆိုတာ သိဖို့ ။

ကိုရွှေမျိုးဝင်း

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago