Unlock a World of Free Content: Books, Music, Videos & More Await!

MT News _ Myanmar Transparency

Description
MT News _ Myanmar Transparency
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 5 days, 16 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 5 days ago

9 часов назад
MT News _ Myanmar Transparency
9 часов назад
MT News _ Myanmar Transparency
9 часов назад
MT News _ Myanmar Transparency
6 дней, 19 часов назад
ကွမ်းယာရောင်းနေသည့် ရာအိမ်မှူးအား PDF ၂ ဦးက ပစ်ခတ်သတ်ဖြတ်မှု …

ကွမ်းယာရောင်းနေသည့် ရာအိမ်မှူးအား PDF ၂ ဦးက ပစ်ခတ်သတ်ဖြတ်မှု လှိုင်သာယာတွင် ဖြစ်ပွား

    1. ၂၀၂၄
      Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁ ရက် ညနေ ၆ နာရီထိုးပြီးစ အချိန်ခန့်က ကွမ်းယာရောင်းနေသူရာအိမ်မှူးတစ်ဦးအား PDF ၂ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အမှတ် (၃)ရပ်ကွက် သာယာကုန်းရွာတွင် နေထိုင်သော အသက် ၃၈ နှစ်ခန့်အရွယ် ရာအိမ်မှူး ကိုထွန်းထွန်းဦးသည် ၎င်း၏ ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းနေစဥ် PDF လူငယ် ၂ ဦးမှ ဘေးတွဲဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသောသေနတ်ဖြင့် ၂ ချက်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုထွန်းထွန်းဦးမှာ အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး တာဝန်ရှိသူများလာရောက်စစ်ဆေးစဥ် လျူဂါပစ္စတိုကျည်ခွံ ၂ ခုကို တွေ့ရှိခဲ့ရကြောင်းနှင့် လှိုင်သာယာမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုပြုခဲ့သော်လည်း တရားခံ ၂ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=68502

#လှိုင်သာယာ #PDF #ရာအိမ်မှူး #MT #mtnews

6 дней, 20 часов назад
အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းက ဗီယက်နမ်နှင့် …

အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းက ဗီယက်နမ်နှင့် ဇူလိုင် ၁၈ ရက် စတင်ယှဥ်ပြိုင်မည်

MT News
၂. ၆. ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းသည် အုပ်စု(ခ)၌ ဗီယက်နမ်အသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည် ဖြစ်သည်။

ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့တွင် ဇူလိုင် ၁၇ ရက်မှ ၂၉ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အုပ်စု သုံးစုခွဲထားကာ အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

အုပ်စု (A) တွင် အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့ ကျရောက်နေပြီး အုပ်စု (C) တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ ကျရောက်နေသည်။

မြန်မာယူ-၁၉ အသင်း အနေဖြင့် ဇူလိုင် ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဗီယက်နမ်၊ ဇူလိုင် ၂၁ ရက် ည ၇ နာရီတွင် လာအို၊ ဇူလိုင် ၂၄ ရက် နေ့လယ် ၂ နာရီခွဲတွင် ဩစတြေးလျ အသင်းတို့နှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=68499

#Myanmar #မြန်မာ
#MFFMYANMAR
#Vietnam #Laos
#MTsport #mtsports
#MTEntertainment

6 дней, 21 час назад
MT News _ Myanmar Transparency
2 недели назад

ကိုယ့်အလုပ်ကိုလည်း နားလည်ပေးပြီး တန်ဖိုးထားတဲ့သူ တကယ့်အချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူမှ အသက်ကြီးပြီး အိုမင်းသွားတဲ့အထိ လက်တွဲလို့ရမှာဆိုတဲ့ မေမြင့်မိုရ်

၂၅.၅.၂၀၂၄
ရိုက်ကူး/ တည်းဖြတ် - သန္တာ ၊ အနိုင်

“မေက ဘယ်လိုကြီး ပေးနိုင်မှ ကိုယ့်ကို ဘယ်လိုကြီးလုပ်နိုင်မှလို့ မဟုတ်ပါဘူး။ မေက အဓိကတော့ ကိုယ်ကိုယ်တိုင်ကလည်း အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတော့ ကိုယ့်ဝင်ငွေလည်း ကိုယ်ရှာနိုင်တယ်ပေါ့။ အဲလိုပြောရမှာပေါ့။ ကိုယ့်ကို ဘယ်လောက်ထောက်ပံ့နိုင်မှ အဲလိုမျိုးကြီးဆိုတာထက် ကိုယ့်ကို တကယ်ချစ်ပေးနိုင်တာ။ ကိုယ့်ရဲ့ မိသားစုနဲ့လည်း အဆင်ပြေနိုင်မှ။ ပြီးတော့ မိသားစုဆိုလည်း အဖေအမေလည်း Respect ရှိတဲ့သူမျိုး။ ကိုယ့်အလုပ်ကိုလည်း နားလည်ပေးနိုင်တဲ့သူ တန်ဖိုးထားတဲ့သူ ပိုပြီး သဘောကျတယ်။ တခြားအရာတွေထက် တကယ့် အချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူ ပိုကြိုက်တယ်။ ဒါမှ အသက်ကြီးပြီး အိုမင်းသွားတဲ့အထိ လက်တွဲလို့ရမှာ” မေမြင့်မိုရ်

#မေမြင့်မိုရ်
#MayMyintMo
#MyanmaeActress
#ကင်းရုပ်ရှင်ဇာတ်ကား
#MTEntertainment

2 недели назад
MT News သတင်းဌာနကို Facebook က ဆက်တိုက်ဖျက်ချနေပေမဲ့ …

MT News သတင်းဌာနကို Facebook က ဆက်တိုက်ဖျက်ချနေပေမဲ့ ၁၈ ခုမြောက် သတင်း Page ကို ထပ်မံဖွင့်လှစ်ထားလို့ MT News သတင်းတွေကို Facebook မှာလည်း Like & Follow လုပ်ပြီး ဖတ်ရှုပေးဖို့ ထပ်မံ ဖိတ်ခေါ်ပါရစေ....

https://www.facebook.com/profile.php?id=61560084447398&mibextid=ZbWKwL

2 недели назад

MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

MT News
၂၅. ၅. ၂၀၂၄

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်းတင်ဆက်ပေးမယ့် သတင်းတွေကတော့

ရဲတပ်ဖွဲ့ဝင်ဟောင်းဦးဝင်းနိုင်ကို မုံရွာပလဖအဖွဲ့က ဖမ်းဆီးသွားပြီး ကျပ်သိန်း ၂၀၀ မပေးပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတယ်လို့ ဇနီးဖြစ်သူပြောတဲ့သတင်း

USDT အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးတွေ အသုံးပြုပြီး ဟွန်ဒီလုပ်ငန်းလုပ်ဆောင်နေမှုတွေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှစ်ခုနဲ့ အရေးယူနေတဲ့သတင်း

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခုမှာ ရေကြီး‌ရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်လာနိုင်လို့ မိုခါမုန်တိုင်းနည်းတူ ကြိုတင်ပြင်ဆင်ထားဖို့ SAC ဒုဥက္ကဋ္ဌ သတိပေးတဲ့သတင်း

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုနဲ့ လမ်းချော်နေတာကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု ရပ်တန့်ထားရတဲ့သတင်း

နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း အကြမ်းဖက်သူတွေက မီးရထားလမ်းကွန်ရက်တစ်ခုလုံးကို ဗုံးထောင် မိုင်းခွဲဖျက်ဆီးမှု ၄၁၂ ကြိမ် ကျူးလွန်တဲ့သတင်း

ဘန်ကောက်မြို့ရှိလူအုပ်ကို ဓားနဲ့ဝင်ခုတ်ခဲ့တဲ့ မြန်မာလူငယ်ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးတဲ့သတင်း

လူငယ်ဘောလုံးဖွံဖြိုးရေး မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မယ့်သတင်း

မကွေးမြို့ ကန်သာမင်္ဂလာကန်မှာ ငါးကောင်ရေ ထောင်ချီ သေဆုံး၊ စားသုံးဖို့နဲ့ ရောင်းချဖို့ လာယူနေလို့ ချက်ပြုတ်စားသောက်ဖို့မသင့်ဘူးလို့ တားမြစ်နေရတဲ့သတင်း

ကမ္ဘာ့အပူဆုံးမြို့တွေစာရင်းမှာ ပါဝင်ခဲ့တဲ့ မကွေးတိုင်းအတွင်း အပူရှိန်လျှော့ချ‌နိုင်ဖို့ ကျေးရွာတစ်ရွာ သစ်တောသစ်ပင် ၂ ဧကစီ စိုက်ပျိုးဖို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့သတင်း

မုံရွာမြိုနယ်ပလဖအဖွဲ့က ခမရ (၉၂၅) မှ ဒုတပ်ကြပ်တစ်ဦးကို မုံရွာမြိုပေါ်တက် ထပ်မံဖမ်းဆီးပြန်တဲ့သတင်းနဲ့

ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမ အမွေလုရာခြံကို ကျပ် ၃၁၅ ဘီလျံမှ ၂၈၅ ဘီလျံသို့ ပြောင်းလဲဖို့တင်ပြ၊ နောက်တစ်ပတ်အတွင်း အတည်ပြု၊ မပြု သိရမယ်ဆိုတဲ့သတင်းတွေကို တင်ဆက်ပေးသွားဖြစ်ပြီး

MT News ရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာပါ။

#ပွင့်လင်းမြန်မာ #mtnews_entertainment
#mtnews #myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ

2 месяца, 2 недели назад

မန္တလေး ကမ္ဘောဇဘဏ်ကို လူသုံးဦးက နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်ပြီး ကျပ်သိန်း ၂၀၀၀ ကျော်လုယက်

    1. ၂၀၂၄
      Written by Thettant

မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားက ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်မွန်းမတည့်ခင်အချိန်မှာ လူသုံးဦးက ဓားပြတိုက်သွားပြီး ကျပ် သိန်း ၂၀၀၀ ကျော်ကို လုယက်သွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ ဒီနေ့ မတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်အချိန်မှာ ဘဏ်ထဲကို ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး Mask တပ်ထားတဲ့လူ ၃ ဦးဝင်လာပြီး ဘဏ်ဝန်ထမ်းတွေနဲ့ ဘဏ်ဆီလာတဲ့ ပြည်သူတွေကို သေနတ်နဲ့ခြိမ်းခြောက် ထောင့်တစ်ခုမှာစုထိုင်ခိုင်းပြီး ဘဏ်ထဲက ငွေအပုံလိုက်ကို တန်ဖိုးကြီးပိုက်ဆံတွေပဲရွေးပြီး ဆာလာအိတ်အစိမ်းရောင်နှစ်အိတ်ထဲ အကုန်သိမ်းကြုံးထည့်နေတာကို တွေ့ရတာပါ။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး CZI ဆိုင်ကယ်နှစ်စီးနဲ့ နေ့ခင်း ကြောင်တောင် လာရောက်လုယက်သူအမျိုးသားသုံးဦးက လွတ်မြောက်သွားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပြီး လုယက်သွားတာက ကျပ်သိန်း ၂၀၀၀ ကျော်လို့ ကနဦးသိရသလို MT News သတင်းဌာနအနေနဲ့ ဆက်လက်အတည်ပြုနေပြီး ထပ်မံသိရှိရတာ ဆက်လက်ဖော်ပြပေးပါမယ်။

ကမ္ဘောဇဘဏ်ဟာ မကြာခဏဓားပြတိုက်ခံနေရတဲ့ ဘဏ်ဖြစ်ပြီး PDF တွေနဲ့ ဆက်နွှယ်တဲ့ K Pay တွေ၊ ဘဏ်အကောင့်တွေ အပိတ်ခံရမှုဖြစ်စဥ်တွေအပြီးမှာ အရင်ထက်ပို မကြာခဏဗုံးခွဲခံရ လုယက်ခံနေရတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=58309

#ကမ္ဘောဇဘဏ် #Kbz #KBZ_Pay #ဓားပြတိုက် #မန္တလေး #mtnews #mandalay #NUG #ပကဖ #myanmar_transparency_news

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 5 days, 16 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 2 weeks, 5 days ago