Why Pay for Entertainment? Access Thousands of Free Downloads Now!

MT News _ Myanmar Transparency

Description
MT News _ Myanmar Transparency
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month, 2 weeks ago

မန္တလေး ကမ္ဘောဇဘဏ်ကို လူသုံးဦးက နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်ပြီး ကျပ်သိန်း ၂၀၀၀ ကျော်လုယက်

    1. ၂၀၂၄
      Written by Thettant

မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားက ကမ္ဘောဇဘဏ်ကို ဒီနေ့မနက်မွန်းမတည့်ခင်အချိန်မှာ လူသုံးဦးက ဓားပြတိုက်သွားပြီး ကျပ် သိန်း ၂၀၀၀ ကျော်ကို လုယက်သွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ ဒီနေ့ မတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်အချိန်မှာ ဘဏ်ထဲကို ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး Mask တပ်ထားတဲ့လူ ၃ ဦးဝင်လာပြီး ဘဏ်ဝန်ထမ်းတွေနဲ့ ဘဏ်ဆီလာတဲ့ ပြည်သူတွေကို သေနတ်နဲ့ခြိမ်းခြောက် ထောင့်တစ်ခုမှာစုထိုင်ခိုင်းပြီး ဘဏ်ထဲက ငွေအပုံလိုက်ကို တန်ဖိုးကြီးပိုက်ဆံတွေပဲရွေးပြီး ဆာလာအိတ်အစိမ်းရောင်နှစ်အိတ်ထဲ အကုန်သိမ်းကြုံးထည့်နေတာကို တွေ့ရတာပါ။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး CZI ဆိုင်ကယ်နှစ်စီးနဲ့ နေ့ခင်း ကြောင်တောင် လာရောက်လုယက်သူအမျိုးသားသုံးဦးက လွတ်မြောက်သွားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပြီး လုယက်သွားတာက ကျပ်သိန်း ၂၀၀၀ ကျော်လို့ ကနဦးသိရသလို MT News သတင်းဌာနအနေနဲ့ ဆက်လက်အတည်ပြုနေပြီး ထပ်မံသိရှိရတာ ဆက်လက်ဖော်ပြပေးပါမယ်။

ကမ္ဘောဇဘဏ်ဟာ မကြာခဏဓားပြတိုက်ခံနေရတဲ့ ဘဏ်ဖြစ်ပြီး PDF တွေနဲ့ ဆက်နွှယ်တဲ့ K Pay တွေ၊ ဘဏ်အကောင့်တွေ အပိတ်ခံရမှုဖြစ်စဥ်တွေအပြီးမှာ အရင်ထက်ပို မကြာခဏဗုံးခွဲခံရ လုယက်ခံနေရတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=58309

#ကမ္ဘောဇဘဏ် #Kbz #KBZ_Pay #ဓားပြတိုက် #မန္တလေး #mtnews #mandalay #NUG #ပကဖ #myanmar_transparency_news

1 month, 2 weeks ago

စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင် မြန်မာသုံးယောက်တွဲဆိုင်းနဲ့ ရင်ခုန်သံမြန်ရဦးမဲ့ One Fight

    1. ၂၀၂၄
      Written by Thettant

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကကျင်းပတဲ့ One Friday Fight-52 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ ပွဲစဉ်တွေ ပထမဆုံး ပါဝင်လာပြီး One Championship က အပတ်စဥ်ကျင်းပတဲ့ One Friday Fight မှာ ပထမဆုံး မြန်မာဖိုက်တာနှစ်ဦးကို ထည်သွင်းထိုးသတ်စေတာဖြစ်တဲ့အပြင် မြန်မာဖိုက်တာနှစ်ယောက်ဟာ Underdog (နိုင်ခြေနည်းဖိုက်တာ) အဖြစ် သတ်မှတ်ခံရပေမဲ့လည်း ပြိုင်ဘက်တွေကို အလဲထိုးအနိုင်နဲ့ ဘတ် ၃၅၀၀၀၀ စီ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ဒီတစ်ပတ်သောကြာမှာ ပြုလုပ်မဲ့ One Friday Fight-57 ပြိုင်ပွဲမှာတော့ စိုးလင်းဦး၊ သန့်ဇင်အပြင် မိုးထက်အောင်က သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ပါဝင်လာသလို သန့်ဇင်ဆိုရင် သူ့ထိုးသတ်ပုံနဲ့ မြန်မာ့လက်ဝှေ့ကျော်တွေထဲ ပထမဆုံးသော ခမာဖိုက်တာကို အနိုင်ယူခဲ့သူဆိုတဲ့ မှတ်တမ်းတွေကြောင့် ဒုတိယမြောက်ပွဲမှာတင် ဒုခေါင်ပွဲကို ရခဲ့တာ တွေ့ရပါတယ်။

ဒီတစ်ပတ် One Fight မှာ စိုးလင်းဦးက Fabio Sensational Reis လို့ အမည်ပြောင်ရထားတဲ့ ဖေဘီယိုနဲ့ ထိုးသတ်ရမှာပါ။ ပေါ်တူဂီနိုင်ငံသား ဖေဘီယိုဟာ One ရဲ့မှတ်တမ်းတွေမှာတော့ သူက နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ရထားပေမဲ့လည်း သူနိုင်ခဲ့တဲ့ပွဲတွေက အလဲထိုးနဲ့ဖြစ်ပြီး သူရှုံးခဲ့တာတွေက အမှတ်နဲ့ဖြစ်လို့ One မှာ လက်စွမ်းကောင်းတဲ့ ဖိုက်တာလို့ ပြောရမဲ့အပြင် အသက်ကလည်း ၂၆ နှစ်အရွယ်သာရှိသေးပြီး စိုးလင်းထက် တစ်လက်မလည်းပိုမြင့် မာဂုဏ်လည်းရှိတဲ့ ဖိုက်တာတစ်ယောက်ဖြစ်လို့ Man of Steel လို့ One က ပထမဆုံးပွဲတင် အမည်ပေးခံရတဲ့ ၃၂ နှစ်သား စိုးလင်းဦးအဖို့ ရုန်းကန်ရနိုင်ပါတယ်။

One မှာ ပထမဆုံးစထိုးမဲ့ မိုးထက်အောင်ကတော့ သူ့လိုပဲ One မှာ ပထမဆုံးစထိုးမဲ့ ဂျပန်နိုင်ငံသား Tomoya Maruyama နဲ့ ရင်ဆိုင်တွေ့မှာဖြစ်ပါတယ်။ ဝမ်ချိုင်းရဲ့ တပည့်ကျော် ပြည်တွင်းမှာ ကစားပေါက်ကောင်းတယ်ဆိုပြီး နာမည်ကျော်တဲ့ မိုးထက်အောင်အဖို့ စိုးလင်းဦးတို့ သန့်ဇင်တို့လို ပထမဆုံးပွဲတင် ပြိုင်ဘက်ကို အလဲထိုးပြီး ဘတ် ၃၅၀၀၀၀ ဆုကြေးရမလားဆိုတာတော့ သောကြာညမှာ သိရပါမယ်။

ဒုခေါင်ပွဲထိုးသတ်ရမဲ့ သန့်ဇင်နဲ့ ပြိုင်ဘက်ကတော့ ထိုင်းနိုင်ငံသား Tai Sor Jor Peik Uthani ပါ။ သူကတော့ One မှာ နှစ်ပွဲထိုးပြီး နှစ်ပွဲရှုံးထားသူဖြစ်ပြီး သူအမှတ်နဲ့ ရှုံးခဲ့တာက မြန်မာနိုင်ငံသားလက်ဝှေ့ကျော် ဆွန်ရက်ကိုဖြစ်ပြီး သူအလဲထိုးနဲ့ ရှုံးထားတာက ဂျိုဟန်ဂါဇလီကိုပါ။ ရှေ့မှာ မွေထိုင်းပွဲသုံးပွဲထိုးထားပြီး နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်လည်း တွေ့ရပါသေးတယ်။ ဒီလိုမျိုး မှတ်တမ်းမကောင်း One မှာလည်း နှစ်ပွဲထိုး နှစ်ပွဲစလုံးရှုံးတဲ့ထိုင်းလက်ဝှေ့သမားနဲ့ သန့်ဇင်ကို ဘာကြောင့် ဒုခေါင်ပွဲတည်သလဲတွေးစရာဖြစ်ပေမဲ့လည်း အရေးကြီးတာကတော့ အစ်ကိုထွန်းလွင်မိုး မျက်လုံးခွဲဖို့နဲ့ မိသားစုအတွက် ပေးဆပ်ကစားနေတဲ့ သန့်ဇင်နိုင်ဖို့ပဲ မြန်မာနိုင်ငံသားတွေက ဆုတောင်းကြမှာပါပဲ…။ သေချာတာကတော့ One ဟာ ထိုင်းနိုင်ငံသားနဲ့ပွဲတည်တိုင်း သူ့နိုင်ငံသား အနိုင်ရဖို့ ဘက်လိုက်တတ်တဲ့အကျင့်ရှိတာကြောင့် သန့်ဇင်က Tai ကို အလဲထိုးနိုင်မှပဲ နိုင်မယ်ဆိုတာပါပဲ….။

https://www.mtnewstoday.com/?p=58304

#One Fight #One Friday Fight
#သံမဏိစိုးလင်းဦး #သန့်ဇင် #ခမာဖိုက်တာ
#ပွင့်လင်းမြန်မာ #mtnews #mtnewsagency

Myanmar Transparency News - Daily Hot News

စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင် မြန်မာသုံးယောက်တွဲဆိုင်းနဲ့ ရင်ခုန်သံမြန်ရဦးမဲ့ One Fight - Myanmar Transparency News

၂၅. ၃. ၂၀၂၄Written by Thettant ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကကျင်းပတဲ့ One Friday Fight-52 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ ပွဲစဉ်တွေ ပထမဆုံး ပါဝင်လာပြီး One Championship က အပတ်စဥ်ကျင်းပတဲ့ One Friday Fight မှာ ပထမဆုံး မြ…

စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင် မြန်မာသုံးယောက်တွဲဆိုင်းနဲ့ ရင်ခုန်သံမြန်ရဦးမဲ့ One Fight
1 month, 2 weeks ago
ယူကရိန်းအစိုးရက စစ်ပွဲတွင် အမေရိကန်လုပ် ဓာတုလက်နက်များသုံးစွဲဟု ရုရှားအစိုးရပြောကြား

ယူကရိန်းအစိုးရက စစ်ပွဲတွင် အမေရိကန်လုပ် ဓာတုလက်နက်များသုံးစွဲဟု ရုရှားအစိုးရပြောကြား

၂၅.၃.၂၀၂၄
Translated by Htwe Ko Tun

နယ်သာလန်နိုင်ငံ၊ သည်ဟိ့ဂ်မြို့ရှိ ဓာတုလက်နက်များသုံးစွဲမှုတားမြစ်ရေးအဖွဲ့အစည်း OPCW သို့ ရုရှားအစိုးရ၏ အမြဲ တမ်းကိုယ်စားလှယ် ဗလာဒီမာတာရာဘင်က ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်ပွဲဥပဒေကို ချိုးဖောက်ကာ ရုရှားနှင့်ယူကရိန်းစစ်ပွဲတွင် ဓာတုလက်နက်များသုံးစွဲလာနေကြောင်း Izvestiya မီဒီယာနှင့် တွေ့ဆုံမေးမြန်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အထူးစစ်ဆင်ရေးအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်များက အမေရိကန်လုပ် ဓာတုစစ်လက်နက်ပစ္စည်းများ သုံးစွဲနေသည်ကိုတွေ့ခဲ့ရကြောင်း၊ လစ်တာ ၂၀၀ ရှိ ဓာတုပစ္စည်းစည်များကို တင်ချစဉ် ယူကရိန်းတပ်ဖွဲ့ဝင်လေးဦး ပြင်းထန်စွာဓာတုလောင်ကျွမ်းကာ အဆိပ်သင့်ခဲ့ကြောင်းလည်း တာရာဘင်က ပြောခဲ့...

ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=58301

#Russia #american #ယူကရိန်း #ဓာတုလက်နက် #သုံးစွဲ
#ပွင့်လင်းမြန်မာ #mtnewsagency #mtnews

1 month, 3 weeks ago
MT News _ Myanmar Transparency
1 month, 3 weeks ago
မတ်လ ၂၀ ရက်ကနေ ၂၃ ရက်နေ့အတွင်း လေပြင်းတိုက်ပြီး …

မတ်လ ၂၀ ရက်ကနေ ၂၃ ရက်နေ့အတွင်း လေပြင်းတိုက်ပြီး မိုးထစ်ချုန်းရွာသွန်းမှုဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် စိုက်ဆင်းလေပြင်း အန္တရာယ် သတိပြုဖို့ လို

  1. ၃.၂၀၂၄
    Written by Hey Mar

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသအချို့မှာ မတ်လ ၂၀ ရက်ကနေ ၂၂ ရက်အထိ လေပြင်းတိုက်ပြီး ထစ်ချုန်းမိုးရွာနိုင်တဲ့အခြေအနေ ဖြစ်ပေါ်နိုင်ကာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေနဲ့အတူ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ စိုက်ဆင်းလေပြင်း အန္တရာယ်ကိုလည်း သတိပြုကြဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။

၂၀ ရက်နေ့မှာ အရှေ့တောင်ဘက်ကနေလေပြင်းတိုက်ခတ်မှုဖြစ်စဥ်က တစ်နာရီကို ၁၀ မိုင်ကနေ ၂၅ မိုင်ခန့်အထိရှိနိုင်ကာ မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်းသိရပါတယ်။၂၁ ရက်နဲ့ ၂၂ ရက်တွေမှာတော့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လေတိုက်ခတ်မှု မပြင်းထန်ပေမဲ့ မိုးရေချိန်၂၀ မီလီမီတာခန့်အထိ ရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်မှာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်းက တိုက်ကြီး၊ မှော်ဘီ၊ ရန်ကုန်မြို့၊ ခရမ်း၊ သုံးခွ၊ ဒါးပိန်နဲ့ ပဲခူးတိုင်းတောင်ပိုင်း ပဲခူးမြို့၊ ဝေါ၊ ကဝ စတဲ့ မြို့နယ်တွေမှာ ၂၀ ရက်နေ့က စပြီး စိုက်ဆင်းလေပြင်းအန္တရာယ်ကို သတိထားကြစေချင်ပါတယ်၊ (၁)အချက်က အပူရှိန်ပြင်းနေရင်၊(၂) အချက်က မိုးတိမ်တောင်တွေဖြစ်လာပြီးရင် ဘယ်နေရာမဆို စိုက်ဆင်းလေပြင်းဖြစ်သွားနိုင်...

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=57548

#မိုးလေဝသ #မိုးဇလ #လေပြင်း #စိုက်ဆင်းလေပြင်း #mtnews #myanmar_transparency_news

1 month, 3 weeks ago
MT News _ Myanmar Transparency
2 months ago
ငွေကြေးဈေးကွက်နှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် Money Changer များကို …

ငွေကြေးဈေးကွက်နှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် Money Changer များကို ဗဟိုဘဏ် ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အ‌ရေးယူမှုများ ဆောင်ရွက်နေ

    1. ၂၀၂၄
      Written by Ye Kyaw

နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer လေးခုအား အရေးယူဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ...

ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=56727

#moneychanger #ဗဟိုဘဏ် #ငွေလဲလှယ်နှုန်း
#myanmar_transparency_news #mtnews

2 months ago
တရုတ်နိုင်ငံမှာ ကျောက်မီးသွေးမိုင်းတွင်းနှစ်ခု မတော်တဆဖြစ်ပွားခဲ့ရာက လူ ၁၂ ဦး …

တရုတ်နိုင်ငံမှာ ကျောက်မီးသွေးမိုင်းတွင်းနှစ်ခု မတော်တဆဖြစ်ပွားခဲ့ရာက လူ ၁၂ ဦး သေဆုံးခဲ့ရ

    1. ၂၀၂၄
      Written by Pan Ei

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သီးခြားကျောက်မီးသွေးမိုင်းတွင်းနှစ်ခု မတော်တဆမှုတွေ ဖြစ်ပွားခဲ့ရာမှာ လူ ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သလို အဆိုပါ ဖြစ်စဉ်တွေဟာ မကြာသေးမီက အစိုးရက မိုင်းတွင်းဘေးကင်းရေးဥပဒေကို ပြန်လည်ပြင်ဆင်ပြီးနောက် စက်မှုလုပ်ငန်းကို ထိခိုက်စေခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်တွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ် ဇွန်ဂျန် စီရင်စုရှိ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ မြေအောက်ကျောက်မီးသွေးကျင်းတစ်ခု တနင်္လာနေ့ သန်းခေါင်ယံမတိုင်မီက ပြိုကျခဲ့ရာ လူငါးဦး သေဆုံးပြီး နှစ်ဦး...

ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=56724

#china #ကျောက်မီးသွေးမိုင်းတွင်း #တရုတ် #မတော်တဆ
#myanmar_transparency_news #mtnews

2 months ago
MT News _ Myanmar Transparency
2 months, 1 week ago
ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှုကို အရေးကြီးကုန်စည်ဥပဒေဖြင့် ထိန်းကျောင်းနိုင်ရေး ဗဟိုဘဏ်ကြိုးပမ်း

ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှုကို အရေးကြီးကုန်စည်ဥပဒေဖြင့် ထိန်းကျောင်းနိုင်ရေး ဗဟိုဘဏ်ကြိုးပမ်း

လက်ဝတ်ရတနာအဖြစ် ဝယ်ယူသူများ သက်ရောက်မှုမရှိဘဲ ရွှေကို ငွေကြေးအဖြစ် တိုက်ရိုက်အသုံးပြု ဈေးကစားသူများကို ထိန်းကျောင်းရန် လုပ်ဆောင်

    1. ၂၀၂၄
      Written by Ye Kyaw

ရွှေကို အရောင်းအဝယ်ပြုကာစျေးကစားနေသူများကို ဥပ​ဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရန်အတွက်
ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှုများကို အရေးကြီးကုန်စည်ဥပဒေဖြင့် ထိန်းကျောင်းနိုင်ရေး ဗဟိုဘဏ်က ကြိုးပမ်းနေသော်လည်း ရွှေကို သာမန်ပြည်သူများက လက်ဝတ်ရတနာအဖြစ် ဝယ်ယူမှုအပေါ် သက်ရောက်မှုမရှိဘဲ ရွှေကို ငွေကြေးအသွင် တိုက်ရိုက်အသုံးပြု ဈေးကစားသူများကို ထိန်းကျောင်းရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ရွှေဈေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေး ယူသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင် အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန် လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်...

Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=56193

#ရွှေ #ဒေါ်လာ #အရေးကြီးကုန်စည် #ဗဟိုဘဏ် #mtnews #myanmar_transparency_news

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago