Unlock a World of Free Content: Books, Music, Videos & More Await!

Global News - နိုင်ငံတကာသတင်းစုံ

Description
Global News - နိုင်ငံတကာသတင်းစုံ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month, 1 week ago
**၆ မိနစ်နီးပါးကြာ ပါးစပ်ထဲကနေ ရေ ဆက်တိုက်လွှတ်ထုတ်ပြခဲ့ပြီး ဂင်းနက်စ်စံချိန်သစ် …

၆ မိနစ်နီးပါးကြာ ပါးစပ်ထဲကနေ ရေ ဆက်တိုက်လွှတ်ထုတ်ပြခဲ့ပြီး ဂင်းနက်စ်စံချိန်သစ် တင်———————————————————
တရုတ်အမျိုးသားတစ်ဦးဟာ ပါးစပ်ထဲကနေ ၆ မိနစ်နီးပါးကြာ ရေကို ဆက်တိုက် လွှတ်ထုတ်ပြနိုင်ခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ပါးစပ်ထဲကနေ ရေ ပန်းထုတ်ပြနိုင်တာ ၁၇ ရာစုကတည်းက ခေတ်စားလာတဲ့ လှည့်ကွက်တစ်ခုဖြစ်ပါတယ်။ ရေအများကြီး သောက်ထားပြီး ကြွက်သားထိန်းချုပ်မှုနဲ့အတူ ပါးစပ်ထဲကနေ ရေကို ပန်းထုတ်ပြတာပါ။ ဒါပေမဲ့ လူတိုင်း လုပ်နိုင်တဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး။
အသက် ၃၅ နှစ်အရွယ်ရှိတဲ့ မာဟွေဟာ ၅ မိနစ်၊ ၅၁.၈၈ စက္ကန့်ကြာအောင် ပါးစပ်ထဲကနေ ရေ ပန်းထုတ်နိုင်ခဲ့တာပါ။ မာဟွေဟာ ရေ ၄.၅ လီတာ သောက်ခဲ့ပြီး ပါးစပ်ထဲကနေ တဖြည်းဖြည်းချင်း ရေကို ပြန်ထုတ်ပြခဲ့တာပါ။
မာဟွေဟာ ယခင်စံချိန်ဟောင်းထက် ၅ မိနစ်နီးပါး အသာစီးယူပြီး စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်စံချိန်ဟောင်းကတော့ အီသီယိုးပီးယားနိုင်ငံသား ကီရူဘယ်ယီမာဖြစ်ပြီး ၅၆.၃၆ စက္ကန့်ကြာ ပါးစပ်ထဲကနေ ရေ ပန်းထုတ်နိုင်ခဲ့တာပါ။

https://t.me/globalnews247

1 month, 1 week ago
**ဆော်ဒီအာရေဗျမှာ တည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်**————————————————————

ဆော်ဒီအာရေဗျမှာ တည်ဆောက်မယ့် ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်————————————————————
ဂျပန်စီးရီး Dragon Ball ရဲ့ ပရိသတ်တွေက အခုဆို စီးရီးထဲက အကြိုက်ဆုံးစွန့်စားခန်းတွေကို လူကိုယ်တိုင်တွေ့ကြုံခံစားနိုင်တော့မှာပါ။ ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်ကို ဆော်ဒီအာရေဗျမှာ တည်ဆောက်တော့မှာဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Qiddiya ရဲ့အကြီးမားဆုံးခရီးသွားလုပ်ငန်းပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီအပန်းဖြေဥယျာဉ်က မြေဧရိယာစတုရန်းမီတာ ၅၀၀၀၀၀ ကျော်ရှိတဲ့ ဧရိယာ ၇ ခုပါဝင်မှာဖြစ်ပါတယ်။ ဒါဟာ စင်ကာပူမှာရှိတဲ့ Universal Studios အပန်းဖြေဥယျာဉ်ရဲ့အရွယ်အစားထက် နှစ်ဆကျော်ပါတယ်။
ဒီအပန်းဖြေဥယျာဉ်မှာ အထင်ကရနေရာ ၃၀ ကျော် ရှိမှာဖြစ်ပြီး ရိုလာကိုစတာတွေထဲက တစ်ခုက စီးရီးထဲက Shenron နဂါးဖြစ်ကာ ၇၀ မီတာ မြင့်မှာဖြစ်ပါတယ်။ ဒီပရောဂျက်အတွက် ပြီးစီးမယ့်ရက်စွဲကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ Dragon Ball အပန်းဖြေဥယျာဉ်တည်ဆောက်မယ့်ဆိုတဲ့သတင်းက Dragon Ball Manga ကို ဖန်တီးသူ အာခီရာတိုရီယာမာ ကွယ်လွန်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ထွက်ရှိလာခဲ့တာပါ။

https://t.me/globalnews247

1 month, 1 week ago
Global News - နိုင်ငံတကာသတင်းစုံ
1 month, 2 weeks ago
Global News - နိုင်ငံတကာသတင်းစုံ
1 month, 2 weeks ago

၄ နှစ်သားကလေးငယ်က ဇာတ်ကားထဲမှ တိုက်ခိုက်တဲ့ပုံစံအတိုင်း အစ်မရဲ့ခေါင်းကို ကက်ကြေးနဲ့ထိုး———————————————————————
ထိုင်းနိုင်ငံမှာ ၄ နှစ်အရွယ် ကလေးငယ်က ဇာတ်ကားထဲမှ တိုက်ခိုက်တဲ့ပုံစံအတိုင်း အစ်မဖြစ်သူရဲ့ ခေါင်းကို ကက်ကြေးနဲ့ ထိုးခဲ့လို့ ဆေးရုံတင်ခဲ့ရပါတယ်။ မတ်လ ၂၃ ရက်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်မှာ နွိုင်လို့ အမည်ရတဲ့ ၄ နှစ်သား ကလေးငယ်နဲ့ ဖာဆီလို့ အမည်ရတဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တို့ အိမ်အပြင်ဘက်မှာ ကစားနေတုန်း အခုလို ဖြစ်ခဲ့တာပါ။
မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောကြားချက်အရ ဖာစီက နွိုင်ကို သူ့ နားမလာဖို့ ခဏခဏ ပြောနေတာကြောင့် နွိုင်က စိတ်တိုလာပြီး ကက်ကြေးနဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။ မိန်းကလေးငယ်ရဲ့ အော်သံကြားရလို့ အဘိုးဖြစ်သူ ထွက်ကြည့်ချိန်မှာ ဦးခေါင်းကို ကက်ကြေး စိုက်နေတာ မြင်ရလို့ ဆွဲနုတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် Satuek ဆေးရုံထံ ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှုလုပ်ဖို့ ပစ္စည်းကိရိယာ မစုံလင်တာကြောင့် ဘူရီရမ်ဆေးရုံကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ကက်ကြေးက ဦးခေါင်းထဲကို ၂.၅ စင်တီမီတာအထိ စိုက်ဝင်သွားခဲ့တာပါ။ အာရုံကြောနားကို ထိုးမိခဲ့ပေမဲ့ ဦးနှောက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို မထိခဲ့ပါဘူး။ ဆရာဝန်တွေက ကက်ကြေးကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ပြီး မိန်းကလေးငယ် ဖာဆီလည်း ဆေးရုံကလည်း ပြန်ဆင်းနိုင်ခဲ့ပါပြီ။

https://t.me/globalnews247

Telegram

Global News - နိုင်ငံတကာသတင်းစုံ

Global News - နိုင်ငံတကာသတင်းစုံ

**၄ နှစ်သားကလေးငယ်က ဇာတ်ကားထဲမှ တိုက်ခိုက်တဲ့ပုံစံအတိုင်း အစ်မရဲ့ခေါင်းကို ကက်ကြေးနဲ့ထိုး**———————————————————————
1 month, 2 weeks ago
**ကားဘီးအဝိုင်းပေါက်ထဲ ခေါင်းညပ်နေတဲ့ခွေးတစ်ကောင်ကို မီးသတ်သမားတွေ ကယ်တင်**—————————————————

ကားဘီးအဝိုင်းပေါက်ထဲ ခေါင်းညပ်နေတဲ့ခွေးတစ်ကောင်ကို မီးသတ်သမားတွေ ကယ်တင်—————————————————
အရန်ဆောင်ထားတဲ့ ကားဘီးလုံးထဲမှာ ခေါင်းညပ်နေတဲ့ ခွေးတစ်ကောင်ကို နယူးဇီလန်နိုင်ငံတောင်ပိုင်းမှ မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ၁၁ လသားအရွယ် လက်ဘရာဒေါခွေးလေး ဒိုင်စီဟာ ကားဘီး အဝိုင်းပေါက်ထဲကို ခေါင်းဝင်ရင်း ပြန်ထုတ်မရ ဖြစ်နေခဲ့တာပါ။
အစပိုင်းမှာ မီးသတ်သမားတွေက ဆပ်ပြာနဲ့ရေ သုံးပြီး ဒိုင်စီရဲ့ခေါင်းကို ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့သလို ဟင်းသီးဟင်းရွက်ဆီ သုတ်လိမ်းတာလည်း မရခဲ့ပါဘူး။ ဒိုင်စီရဲ့လည်ပင်းကို ပလတ်စတစ်အိတ်နဲ့ပတ်ပြီး ဘီးထဲကနေ ဆွဲထုတ်တာလည်း အလုပ်မဖြစ်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သံဖြတ်ကတ်ကြေးယူပြီး ကားဘီး အဝိုင်းပေါက်ကို ဖြတ်တောက်ခဲ့ပါတယ်။ ကားဘီးအဝိုင်းပေါက်ကို ဖြတ်တောက်နေချိန်မှာ ဒိုင်စီ မထိခိုက်စေဖို့ သူ့လည်ပင်းကို ရေစွပ်ထားတဲ့ စောင်တစ်ထည်နဲ့ ပတ်ပေးထားခဲ့ပါတယ်။ ကားဘီးအဝိုင်းပေါက်ကို ဖြတ်တောက်နိုင်ချိန်မှာတော့ ဒိုင်စီရဲ့ခေါင်းကို ပြန်ထုတ်ပေးနိုင်ခဲ့တာပါ။

https://t.me/globalnews247

1 month, 3 weeks ago
Global News - နိုင်ငံတကာသတင်းစုံ
1 month, 3 weeks ago

မြစ်ထဲမှာ သတ္တုရှာရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်းဓားတစ်ချောင်း တွေ့ရှိ———————————————————————
ဗြိတိန်နိုင်ငံမှ သတ္တုရှာဖွေရေးသမားတစ်ဦးဟာ မြစ်ထဲမှာ သတ္တုရှာဖွေရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်း(Viking) ဓားတစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။ ထရီဗာပန်နီနဲ့ သူငယ်ချင်းတစ်ဦးဟာ အောက်စဖို့ဒ်ရှိုင်းယားကောင်တီရဲ့ မြစ်ထဲမှာ သံလိုက်ဆွဲပြီး သတ္တုရှာဖွေနေတုန်း သံချေးတက်နေတဲ့ ဓားတစ်ချောင်း တွေ့ခဲ့တာပါ။
ဒီဓားရဲ့ ရာဇဝင်ကို သိရှိနိုင်ဖို့ အောက်စဖို့ဒ်ရှိုင်းယားကောင်စီထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးကြည့်ချိန်မှာတော့ ၈ ရာစု သို့မဟုတ် ၉ ရာစုကတည်းက ဒိန်းမတ်စစ်သူတော်တစ်ဦး ကိုင်ဆောင်အသုံးပြုခဲ့တဲ့ ဓားဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဗိုက်ကင်းတွေဟာ ပန်းပဲအတတ်ပညာ အားနည်းသူတွေဖြစ်ပြီး ဥရောပမှာ လုပ်တဲ့ဓားတွေနဲ့နှိုင်းယှဉ်ရင် ဗိုက်ကင်းဓားတွေမှာ ချော်ပြာပါဝင်မှု ပိုများလို့ တိုက်ပွဲတွေမှာ ဓားကျိုးမှု ပြဿနာတွေ မကြာခဏကြုံရလေ့ ရှိပါတယ်။ အဲဒီအတွက် သက်တမ်းရင့်တဲ့ ဗိုက်ကင်းဓားတစ်ချောင်းကို အကောင်းပကတိအတိုင်း ရှာဖွေတွေ့ရှိခဲ့တာဟာ ထူးခြားရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
အေဒီ ၈၆၅ ခုနှစ်မှာ စကင်ဒီနေးဗီးယန်းတပ်သားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဗိုက်ကင်း ဧရာမတပ်တော်က အင်္ဂလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့ဖူးပြီး အဲဒီကာလမှာ ကျန်ရစ်ခဲ့တဲ့ ဓားဖြစ်မယ်လို့ ယူဆကြပါတယ်။

https://t.me/globalnews247

Telegram

Global News - နိုင်ငံတကာသတင်းစုံ

Global News - နိုင်ငံတကာသတင်းစုံ

**မြစ်ထဲမှာ သတ္တုရှာရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်းဓားတစ်ချောင်း တွေ့ရှိ**———————————————————————
1 month, 3 weeks ago
**အသံထက်မြန်သည့် AGM-183 ဒုံးကျည်ကို အမေရိကန်လေတပ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့** …

အသံထက်မြန်သည့် AGM-183 ဒုံးကျည်ကို အမေရိကန်လေတပ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ —————————————————————————
အမေရိကန် လေတပ်သည် အသံထက်မြန်သော AGM-183 ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ပစိဖိတ်သမုဒ္ဒရာ ဂူအမ်ကျွန်းရှိ အမေရိကန် အန်ဒါဆန် လေတပ်အခြေစိုက်စခန်းမှ ပျံသန်းခဲ့သည့် B-52 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်မှနေ၍ အဆိုပါဒုံးကျည်ကို မတ်လ ၁၇ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစမ်းသပ်မှုသည် ဒုံးပျံ၏ “တန်ဖိုးရှိသော ထိုးထွင်းသိမြင်နိုင်စွမ်း” ကို တိုးတက်လာစေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်လေတပ်သည် စမ်းသပ်ပစ်လွှတ်မှုအသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း နှင့် အသံထက်မြန်သော လက်နက်စမ်းသပ်မှုအစီအစဉ်များစွာကို ထပ်မံပြုလုပ်ရန်လည်း ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။
မတ်လ ၁၇ ရက်က စမ်းသပ်ပစ်လွှတ်မှုသည် AGM-183 ရှေ့ပြေးပုံစံ ဒုံးကျည်ကို ပဉ္စမအကြိမ်မြောက် စမ်းသပ်ခြင်းဖြစ်သည်။

https://t.me/globalnews247

1 month, 4 weeks ago
Global News - နိုင်ငံတကာသတင်းစုံ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago